ကောင်းကင်မေမေ တိုဟူး တိုဟူး

Wednesday, June 12, 2019

တခါလေ ကိုယ်ဖန်တီးတည်ဆောက်ထားတဲ့ အစိတ်အပိုင်းတချို့ကို အပန်းဖြေကြည့်ရှုရတာလည်း အားအင်တွေပြည့်ပြီး လန်းဆန်းလာသလိုပဲ---

အထက်တန်း မကျသော အမျိုးသမီးတစ်ယောက်

ဒီနေ့မနက် မြင်တွေ့ခဲ့ရတဲ့ ကျုပ်တို့မြို့က ကောင်မလေး တစ်ယောက်။ မပြောချင်ပါဘူး။ ဒါပေမဲ့ ရင်ထဲ ကလိကလိ ဖြစ်လာလို့ ပြောတော့မယ်။ သူစီးလာတာက နောက်ဆုံးပေါ် luxury ကား။ ကိုယ်မှာ ဝတ်စားထားက ပလက်တီနမ်အစစ်ဆွဲကြိုး ပလက်တီနမ် စိန်လက်စွပ်နဲ့ သိန်းကျော်တန် ဖက်ရှင်။ ကိုင်ထားတဲ့ဖုန်းက နောက်ဆုံးပေါ် iphone ။ လွယ်ထားတဲ့စလင်းဘက်အိပ်မှာ ငွေအပြည့်ဗျာ။ အဲဒီကောင်မလေး ဒီလိုဝတ်စားထားပေမဲ့ ကျုပ်စိတ်ထဲမှာ အထက်တန်း မကျ ဘူးလို့မြင်တယ်။ ဘာဖြစ်လို့ သူများသားသမီးကို အထက်တန်းမကျ ဘူး လို့ပြောရတာလဲ ဆိုတော့ သူ့အမေက ပြောတယ်-- -- -- -- -- -- -- -- -- -- သူ့သမီး ဆယ်တန်းကို နှစ်ချင်းပေါက် 3Dနဲ့ အောင်တယ်တဲ့။ ဒါကြောင့် အထက်တန်းမကျဘူး ပြောတာ။ မိတ်ဆွေ သမီး pp အတွက်အမှတ်တရ ဂုဏ်ပြုပါတယ်ကွယ်။ တိုဟူး တိုဟူး
တခါလေ ကိုယ်ဖန်တီးတည်ဆောက်ထားတဲ့ အစိတ်အပိုင်းတချို့ကို ကြည့်ရှု့ပြီး အပန်းဖြေရတာလည်း ဘ၀ရဲ့စိတ်သောက ထွက်ပေါက်တွေကို အားအင် ဖြည့်ဆည်းပေးလိုက်ရသလို ခံစားကြရပါတယ် --