"မောင်ဦး-ကောလင်း-ရင်တွင်းဖြစ် စာပေအက္ခရာများနှင့် ဘ၀အမှတ်တရ မှတ်တမ်းများ"(2015-june)
အမှတ်တရ
#သားဦးကလေး
သူပုန်ဝင်စီးခံရချိန်
#ကောလင်းမြို့ သူပုန်ဝင်စီး
ဒီညနေ တွေ့မြင်ရတဲ့ နောက်ဆုံး သတင်းလေးပါ။
အမြဲတမ်း အေးချမ်းသာယာတဲ့ ကောလင်းမြို့သည် ယနေ့ညနေပိုင်း မှောင်ရီဖြိုးစ အချိန်မှစပြီး ဟိုဖက်ရပ်ကွက် ဒီဖက်ရပ်ကွက် ပေါက်ကွဲသံတွေ ဆက်တိုက်ကြား နေရပါတယ်။
ရှမ်းကုန်းဘုန်းကြီးကျောင်း ဖက်ကလည်း အဆက်မပြတ် ပေါက်ကွဲသံ ကြားရပါတယ်။
ဟွန်းရှည်ဆွဲမောင်းသွားတဲ့ နာရေးကားသံလည်း သဲ့သဲ့ကြားရပါတယ်။
တချက် တချက် စူးရှတဲ့ မီးကျဉ်များလည်း ကောလင်းမြို့ မိုးကောင်းကွင်မှာ လင်းထိန်နေပါတယ်။
ဒီနေ့ အိမ်တွင်ုးပုန်းနေမည်ဟု ဆုံးဖြတ်ထားပါမှ ထူးခြားဖြစ်စဉ်ဆိုသိချင်စိတ်က အစိုးမရလေတော့ အိမ်ပြင် ပြေးထွက်ကြည့်မိတယ်။
လမ်းတလျှောက် ယမ်းနံ့နှင့် မီးခိုးတွေ မွန်ထူနေတာပါဘဲဗျ။
ခတ်လှမ်းလှမ်းမှ ပေါက်ကွဲသံတွေကလည်း နားကွဲလုမခန့် အဆက်မပြတ် ကြားရဆဲပင်။
ခတ်ပြင်းပြင်းမောင်းသွားတဲ့ ဆိုင်ကယ်တွေလည်း တစ်စီးစ နှစ်စီးစ တွေ့ရတယ်။
ကြောက်လန့်ပြီး အမှောင်ထဲက ပြေးထွက်လာတဲ့ ခွေးတစ်ကောင်ကိုလည်း မနည်းရှောင်လိုက်ရတယ်။
ရက်ကွပ်ထိပ်ရောက်တော့ ကိုယ့်အနားကပ်ပြီးကျလာတဲ့ ပေါက်ကွဲသံပြင်းပြင်း တချက်ကြောင့် အရမ်းထိတ်လန့်သွားမိတယ်။
ရောယောင်ြ့ပီးခန္စာကိုယ်ကို မြေကြီးပေါ် ဒိုင်ဗင်ထိုးမိတော့ မလိုလိုဖြစ်မိတယ်။
နှလုံးရောဂါသည် ဆိုလျှင် တချက်တည်း ဂန့်ပေမည်။
ရှေ့တန်းတိုက်ပွဲကြား ယဉ်ပါးခဲ့သူမို့ တော်ပါသေးသည်။
တော်တော်တော့ ကြောက်စရာ ကောင်းပေသည်။
အနားရောက်လာတဲ့ လူနှစ်ယောက်က ဦးလေး တော်တော်လန့်သွားသလား မေးနေသေးသည်။
စတိတ်ရှိုးကနေတဲ့ ဈေးတောင်ဖက်မှာဆို ဒီထက် ဆိုးသေးတယ်ဟုဆက်ပြောတယ်။
သူပြောတာနဲ့ အခြေအနေမကောင်းဘူး ဆိုပြီး အိမ်ပြန်လစ်ခဲ့မိတယ်။
ဟိုနေရာကလည်း ဖုန်း ဒိုင်း--ဒိုင်း-- ဒီနေရာလည်း ဖုန်းဒိုင်း --ဒိုင်းးးး--နဲ့ ကောလင်း ဝါကျွတ်ရက်ကလည်း မြို့သူပုန်ဝင်စီးသလို ဖြစ်နေပါလားကွယ်။
#အတ်တသမား
##ပညာရေး
#ပညာရေး နိမ့်ကျတယ်ပြောတယ်----
သံပုရာသီးများ
သံပုရာသီးများသို့
နွေဦးနေ့တွေ☝
ဒီလို နွေဦးနေ့တွေ☝
သစ်ရွက်ခြောက်တွေကြားမှာ
ခြေသံလေးတွေ
ပြန်ကြားမိလိုက်ရသလို
အရည်ပျော်သွားချင်မိတယ်
ဒီဒဏ်ရာလေး မင်းပေးခဲ့တယ်
ဒီနေရာလေးမှာ အဓိပ္ပါယ်တွေနဲ့
ဘာကို ဆုံရှုံးသွားတယ်
မပြောပြတတ်ပါ
လေဟာနယ်မှာ အတ္တများနဲ့
အတိတ်တွေဆီ ပြေးသွားနေတဲ့
အတွေးရထားလေးတစ်စင်း ခုတ်မောင်းနေဆဲ
သာယာကြည်နူး မူးယစ်နေဦးမယ့်
ငါစိတ်ကူးများထဲက မနိုးနိုင်ခဲ့ဘူး
စွဲလမ်းမှုရဲ့ ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ် ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများနဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့ အတွေးနဲ့
ယဥ်ယဥ်လေးငါ ရူးခဲ့သူပေါ့
မင်းအတွက်ပွင့်တဲ့ တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာ နင်လွှတ်ချခဲ့တဲ့
လက်တစ်ဖက်ဟာ အရင်လို
Ho ho ho ho ho
Huu huu
ဆိုးတူကောင်းတူ ဘဝကို
မျှဝေဖြတ်သန်းချိန်
ဝင်ရောက်လာခဲ့
မင်းဘက်က အကြောင်းပြချက်လေးတွေ
ချစ်တဲ့စိတ်နဲ့ မျက်စိစုံမှိတ်ကာ ယုံထားမိ
ဒီလိုနဲ့ဝေးကြဖို့အထိ ဆိုတာမသိ
ပုစ္ဆာရှိနေလည်း အဖြေမဲ့နေခဲ့ခြင်းရယ်
ရှေ့ဆက်ဖို့ရာ မဖြစ်တော့ပြီ
လမ်းခွဲမယ် ဖွင့်ဟတဲ့အချိန်
နင်ကျေနပ်ပါစေ
အတွေးတွေနဲ့ ငါနှုတ်ဆိတ်လို့
မငြင်းရက်ခဲ့ဘူးလေ
စွဲလမ်းမှုရဲ့ ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ် ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများနဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့ အတွေးနဲ့
ယဥ်ယဥ်လေးငါ ရူးခဲ့သူပေါ့
မင်းအတွက်ပွင့်ခဲ့တဲ့ တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာ နင်လွှတ်ချခဲ့တဲ့
လက်တစ်ဖက်ဟာ
အမှတ်တရဆိုတာ
ဖြတ်မရတဲ့ ကြိုးမို့
နက်ရှိုင်းစွာ ငြိတွယ်ဖူးခဲ့တယ်
နှုတ်ခမ်းထက် အနမ်းတွေကို
တစ်သက်မက သိမ်းချင်တယ်
ပြောတဲ့မင်းကို တမ်းတလို့မျှော်ဦးမယ်
အေးစက်နေတဲ့ မင်းလက်တွေနဲ့
စိမ်းကားတဲ့ အကြည့်တို့ကြား
မျက်ဝန်းတွေ ကျရှုံးခဲ့
စွဲလမ်းမှုရဲ့ ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ် ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများနဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့ အတွေးနဲ့
ယဥ်ယဥ်လေးငါ ရူးခဲ့သူပေါ့
မင်းအတွက်ပွင့်ခဲ့တဲ့ တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာ နင်လွှတ်ချခဲ့တဲ့
လက်တစ်ဖက်ဟာ အရင်လို
စွဲလမ်းမှုရဲ့ ပုံဆောင်ခဲ
နှလုံးသားတစ်ခုအဖြစ် ထုဆစ်ခဲ့ဖူးတယ်
မျှော်လင့်ခြင်းများနဲ့ ဖက်တွယ်
ပိုင်ဆိုင်ရမယ်ဆိုတဲ့ အတွေးနဲ့
ယဥ်ယဥ်လေးငါ ရူးခဲ့သူပေါ့
မင်းအတွက်ပွင့်တဲ့ တံခါးချပ်လေးတွေ
ဟောင်းနွမ်းလို့ ဆွေးမြေ့လည်း
နွေးထွေးစွာ ကြိုနေပါ့မယ်နော်
မကြင်နာ နင်လွှတ်ချခဲ့တဲ့
လက်တစ်ဖက်က
အရင်အတိုင်း
မေတ္တာစစ် ဆိုသည်မှာ…
အပျိုကြီးဖြစ်ရသော အကြောင်းအရင်း

-အပျိုကြီးဖြစ်ရသော အကြောင်းအရင်း
သူများ မကောင်းကြံ ကိုယ်သာခံ
ယုံကြည်မှု
-
ကျေးဇူးရှင်အမေ
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ
(မောင်ဦး)
"နောင်တ" ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့
အချိန်မှာသာ ရောက်လာတတ်တဲ့ ေ၀ဒနာတမျိုးပါ.....
တစ်ချိန်က...
အချစ်နှစ်ခုကြားမှာ ကျွန်တော် ဗျာများခဲ့ဖူးတယ်။
အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ...
အဲဒီနေ့ကို ပြန်တွေးမိတိုင်း ရင်ထဲမှာ နောင်တတစ်ခု အမြဲပြန်နိုးလာတတ်
တယ်။
တစ်ရက်... ကျွန်တော်တို့မြို့ကနေ ခရီးတစ်ခု ထွက်ခဲ့တယ်။
သွားရမယ့်လမ်းက နှစ်လမ်းခွဲ။
တစ်လမ်းက...
စိုးစံဘော်ဒါမှာ စာသင်ကြားနေတဲ့ သားရှိရာ မေမြို့။
နောက်တစ်လမ်းက...
အိုမင်းမစွမ်းဖြစ်နေတဲ့ ကျွန်တော့်မွေးမိခင်ကြီး ရှိရာ တောရွာသို့။
ဘယ်သူ့ဆီကို အရင်သွားရမလဲ... ဆုံးဖြတ်ရခက်ခဲခဲ့တယ်။
တစ်ဖက်က ကိုယ်မွေးထားတဲ့ သား၊
တစ်ဖက်က ကိုယ့်ကိုမွေးပေးတဲ့ အမေ။
နောက်ဆုံးတော့... လောကသဘာဝ စုန်ရေအရှိန်အတိုင်း
သားရှိရာကိုပဲ အရင်သွားခဲ့မိတယ်။
လမ်းမှာ...
သားကြိုက်တဲ့ မုန့်တွေ့ရင် ဝယ်တယ်။
သားကြိုက်တဲ့ အသီးတွေ့ရင် ဝယ်တယ်။
သားကြိုက်တဲ့ အဝတ်အစားတွေ့ရင်လည်း ဝယ်တယ်။
ကားရပ်နားတဲ့ ဂိတ်တိုင်းမှာ ဝယ်ယူမိလို့ ကားပေါ်မှာ
ပစ္စည်းတွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားခဲ့တယ်။
ကျွန်တော့်ရင်ထဲမှာတော့... "သားနဲ့တွေ့ရင် ဘယ်ကိုသွားမယ်...
ဘာတွေ စားမယ်.. ဘယ်လိုပျော်မယ်...." ဆိုတဲ့
အတွေးတွေနဲ့တင် ကြည်နူးနေခဲ့တာ။
သားရဲ့Out pass နှစ်ရက်တစ်ညတာကို ပျော်ပျော်ကြီး
နေထိုင်ပြီးတော့မှ... အမေရှိရာကို ဆက်သွားခဲ့တယ်။
ဒါပေမယ့်... အမေ့အတွက် လမ်းမှာ ဘာမှ အထူးတလည် မဝယ်ဖြစ်ခဲ့ဘူး။
အမေအတွက် ပါသွားတာက...
အင်ရှူးဝါးတစ်ဗူးရယ်...
ကိတ်မုန့်တစ်ထုပ်ရယ်... ဒါပဲ ပါခဲ့တယ်။
အမေဆီမှာ ခဏတဖြုတ်ပဲ နေခဲ့ပြီး ပြန်ခဲ့တယ်။
သားအတွက် ပေးခဲ့တဲ့ အချိန်တွေ၊ ဝယ်လာခဲ့တဲ့ ပစ္စည်းတွေနဲ့
ယှဉ်လိုက်ရင် အမေ့အတွက်က အလွန်နည်းပါးလွန်းခဲ့ပါတယ်။
အဲဒီနေ့ကတော့... အချစ်တွေရဲ့ "ခွဲတမ်းမညီမျှမှု"
ကို ကျွန်တော် သတိမထားမိခဲ့ဘူး။
အခုတော့...
သားကို တွေ့ချင်ရင် တွေ့လို့ရသေးတယ်။
သားကို ကျွေးချင်ရင် ကျွေးလို့ရသေးတယ်။
သားကို ပေးချင်တာတွေ ပေးလို့ရသေးတယ်။
ဒါပေမယ့်...
အမေ့ကိုတော့... ဘာတစ်ခုမှ ပေးလို့ မရတော့ဘူး။
အမေ့လက်ကို ကိုင်ချင်လည်း မရတော့ဘူး။
အမေ့ကို ဖက်ချင်လည်း မရတော့ဘူး။
"အမေ..." လို့ ဘယ်လောက်ပဲ အော်ခေါ်ချင်ပါစေ...
ပြန်ထူးပေးမယ့် အသံ မရှိတော့ဘူး။
အမေက... ထာဝရ ပြန်မလာနိုင်တဲ့ ခရီးကို ထွက်သွားခဲ့ပြီလေ။
အဲဒီအချိန်မှ...
ကျွန်တော့်ရင်ထဲမှာ နောင်တတွေ တစ်လှေကြီး ကျန်ရစ်ခဲ့တယ်။
သားကို ချစ်ခဲ့တာ မမှားပါဘူး။
ဒါပေမယ့်... ကိုယ့်ကို မွေးဖွားကြီးပြင်းစေခဲ့တဲ့ အမေကို
ချစ်ဖို့၊ ဂရုစိုက်ဖို့၊ ပေးဆပ်ဖို့ အချိန်ကို လျှော့မိခဲ့တဲ့ အကျိုးဆက်က
ကျွန်တော့်အတွက် ဒီနေ့အထိ မပျောက်နိုင်သေးတဲ့
နောင်တတစ်ခု ဖြစ်နေဆဲပါ။
-မိဘတွေ အသက်ရှင်နေတုန်းမှာ ချစ်ခြင်းကို ပြသလိုက်ကြပါ။
-ဂရုစိုက်မှုကို ပေးလိုက်ကြပါ။
-ပေးဆပ်ခွင့်ရှိတုန်း ပေးဆပ်လိုက်ကြပါ။
တစ်နေ့မှာ "ပေးချင်တယ်" ဆိုတဲ့ ဆန္ဒသာကျန်ပြီး
"ပေးလို့မရတော့ဘူး" ဆိုတဲ့ ကျွန်တော့်လို နောင်တမျိုးကို
ဘယ်သူမှ မသယ်ဆောင်မိကြပါစေနဲ့...။
တိုဟူး
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...
-
*အတုံ့အလှည့်* တခါတလေ... ဖုန်းကို ကိုင်ပြီး Contact ထဲမှာ missed call များ ဝင်ထားလေမလားလို့ ကြည့်နေမိတယ်။ "မရှိ..." Message လေ...
-
မေတ္တာစစ် ဆိုသည်မှာ… ဆိုတဲ့ အက်ဆေးလေးတပုဒ်ကို မူရင်း ရေးသားသူမသိပါဘူး။ ကျွန်တော့်ရင်ထဲထိသွားလို့ ကျွန်တော့ဆိုဒ်ထဲယူလာတ...
-
ဟိုး တချိန် တရံရော အခါက ပေါ့ကွယ်။ မောင်ဘူးတစ်ယောက်ရဲ့အဖြစ်အပျက်ပေါ့။ အရှက်ကွဲခံပြီး ပိုစ့်လည်းတင်ခဲ့ဘူးပါတယ်။ ဒီအကြောင်းလေးကို မနေနိုင်လိ...








