

ကျွန်တော်ရဲ့ နောက်ဆုံးပျိုးပင်တစ်ပင်ပေါ့။ "မောင်ဦး-ကောလင်း-ရင်တွင်းဖြစ် စာပေအက္ခရာများနှင့် ဘ၀အမှတ်တရ မှတ်တမ်းများ"(2015-june)
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ စစ်အစိုးရ တက်လာပြီးနောက်
ပုဂ္ဂလိကပိုင်ပစ္စည်းများကို ပြည်သူပိုင်ပစ္စည်းများ
အဖြစ် သိမ်းဆည်း နေသည့် ကာလတွင်ဖြစ်သည်။
တရက်တွင် ကားအသိမ်းခံရသည့် ပိုင်ရှင်ထံသို့
ကားကို ဦးဆောင်သိမ်းယူသွားသော
ပုဂ္ဂိုလ်ကြီး ဒေါနဲ့မာန်နဲ့ ရောက်လာသည်။
ပိုးလုံချည်၊ ပိုးအင်္ကျီနှင့် ပွဲထိုင်သွားမည့်သူကဲ့
သို့ ဝတ်ဆင်ထားသော်လည်း သူ၏ မျက်နှာမှာ
နီမြန်းနေပြီး ဒေါသထွက်နေဟန် ရှိသည်။
ကားအသိမ်းခံရသည့် ပိုင်ရှင်မှာ ဘာများထပ်မံ
အသိမ်းခံရဦးမလည်း စိုးရိမ်နေမိသည်။
မည်သို့မျှ ဝင်မပြောဘဲ ကြောင် ကြည့်နေမိ၏။
"ဟိုနေ့က ကျုပ်တို့ သိမ်းယူသွားတဲ့ကားက ခင်ဗျား ကားလား ? "
"ဟုတ်ပါတယ် ဗိုလ်ကြီး လာထိုင်ပါ-ထိုင်ပါ ဗိုလ်ကြီး"
ဗိုလ်ကြီးဆိုသူမှာ ထိုင်ရန် ဖိတ်သည်ကို မထိုင်ဘဲ
အသံကျယ်ကျယ်ဖြင့် ဆူပူစကား စပြောလေတော့သည်။
"တနေ့က ဆိုင်ကို သိမ်းတုန်းက ခင်ဗျားအပ်တဲ့
ကားမှာ အပိုဘီးမပါဘူး- ခင်ဗျား ထိန်ချန်ထား
ခဲ့တယ်-
အခု လမ်းမှာ ဘီးပေါက်နေတယ်-
ခင်ဗျား ခိုးထားတဲ့ ဘီးကို အခုအပ်ပါ"
ဟုဒေါနှင့် မောနှင့် ပြောလေသည်။
ကားပိုင်ရှင်က
"ကားမှာ အပိုဘီးပါပါတယ်-
ဘီးငါးဘီး အပ်ခဲ့ပါတယ်- ဒီကားမျိုးက
အပိုဘီးကို နောက်ခန်းမှာ မထားဘဲ
ကားရဲ့ ဖလိန်အောက်မှာ ဘီးအိမ်နဲ့
ထည့်ထားလို့ မမြင်ရတာပါ´ ဟု ရှင်း
ပြသည်။
"ကားကို သိမ်းတုန်းက ဘာလို့ မရှင်းပြတာလဲ.
အဲဒီတုန်းက ရှင်းပြထားရင် ကျုပ် ဒီပြဿ နာ မတက်ဘူး"
" အခု ဘယ်လို ဖြစ်တာလဲ ဗိုလ်ကြီး"
"မင်္ဂဆောင် ဧည့်ခံပွဲသွားဖို့ နောက်ကျနေလို့ မိန်းမက ဆူဆူပူပူလုပ်နေပြီဗျ -"
ဟုအသံကျယ်ကျယ်ပြောကာ အနီးရှိ ခွေခြေခုံကို ခြေဆောင့်ကန် ထွက်သွားလေသည်။
အချိန်တန် အရွယ်ရောက်လာတော့ ဘဝဆိုတာ
တိုတိုလေးပါလားလို့ တွေးရင်း၊ ငေးရင်း၊ ကိုယ့်ကိုယ်
ကို ပြန်လည်ဆန်းစစ်နေမိတယ်။
မပြောမဖြစ် ပြောချင်တာတွေလည်း များပါတယ်။
ဒါပေမဲ့ ပြောရင်းနဲ့ ကိုယ့်အမှားတွေကို ကိုယ်တိုင်
ဖော်ထုတ်သလို ဖြစ်နေမှာစိုးလို့ မပြောချင်ခဲ့ဘူး။
သို့ပေမဲ့ မနေနိုင်ဘူး။ပြောရတော့မယ်။
ငယ်စဉ်က ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး မှားယွင်း
တဲ့ ဆုံးဖြတ်ချက်တွေ၊လုပ်ရပ်တွေကို ဒီနေ့အထိ မမေ့
နိုင်သေးဘူး။
မစဉ်းစားဘဲ လုပ်ခဲ့မိတဲ့ အလုပ်တချို့အတွက် ဆုံးရှုံးခဲ့ရ
တာတွေလည်း ရှိတယ်။
တစ်ခါတုန်းကတော့ လမ်းစဉ်လူငယ်၊ ကြက်ခြေနီ
လူငယ်၊မီးသတ်လူငယ်၊ လုပ်အားပေးလူငယ်…
ဘယ်နေရာမှာမဆို ရှေ့ဆုံးက ပါခဲ့ဖူးတယ်။
ဗမာပြည်ကြီးကို ပြောင်းလဲပစ်မယ်ဆိုတဲ့ အိပ်မက်
တွေလည်း ရှိခဲ့ဖူးတယ်။
ကျောင်းသားဘဝတုန်းက “မိမိကိုယ်ကို ကောင်း
အောင် ကြိုးစားမည်၊
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊
မိမိတိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းအောင်
ကြိုးစားမည်”ဆိုတဲ့ ကတိစကားတွေကို ယုံကြည်ခဲ့
တယ်။
တိုင်းပြည်ဖွံ့ဖြိုးဖို့ ပညာရေးက အဓိကလို့
သင်ယူခဲ့ရတယ်။
ဆရာဝန်ဖြစ်မယ်၊ အင်ဂျင်နီယာဖြစ်မယ်၊ ဆရာဖြစ်
မယ်၊
စစ်ဗိုလ်ဖြစ်မယ်၊ ရဲအရာရှိဖြစ်မယ် ဆိုတဲ့ အိပ်မက်တွေ
လည်း ရှိခဲ့တယ်။
ဒါပေမဲ့ ခေတ်အခြေအနေတွေကြောင့် ကျွန်တော်တို့
မျိုးဆက်ဟာ မဖြစ်ချင်တာတွေ ဖြစ်ခဲ့ရပြီး
ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရဘူး။
ဆရာဝန်တွေ ဆရာဝန်အလုပ်ကို အပြည့်အဝ
လုပ်နိုင်ခဲ့ကြသလား။
အင်ဂျင်နီယာတွေ အင်ဂျင်နီယာအလုပ်ကို
လုပ်နိုင်ခဲ့ကြသလား။
ဆရာတွေ ဆရာအလုပ်ကို လုပ်နိုင်ခဲ့ကြသလား။
လူတိုင်းဟာ ကိုယ့်ကျွမ်းကျင်ရာ အလုပ်ကို ပရော်
ဖက်ရှင်နယ်ဆန်ဆန် လုပ်ခွင့်မရခဲ့ကြတာတွေ
ရှိတယ်။
ကိုယ်ပိုင် တီထွင်ဆန်းသစ်မှု မလုပ်ခဲ့ရဘူး'
ဒါရေး ဒါကျတ်ဘ၀နဲ့ပဲ ကျင်လည်ခဲ့ရတယ်၊၊
အဲဒီအကျိုးဆက်တွေက ဒီနေ့ထိ ဆက်လက်
သက်ရောက်နေဆဲပဲ။
“မင်းကော ဘာဖြစ်ခဲ့လဲ” လို့ မေးလာရင်တော့
မရှက်မကြောက် ဝန်ခံရမှာပါ။
ဘဝတစ်လျှောက် လမ်းလွဲခဲ့တာတွေ၊ ဆုံးဖြတ်ချက်
မှားခဲ့တာတွေ
ရှိခဲ့တယ်။
အခုချိန်မှာ နောင်တရနေလည်း အချိန်က နှောင်းနေ
ပြီ။
နောင်တဆိုတာ နေဝင်ဆည်းဆာအချိန်ရောက်မှ ရလာ
တဲ့ နောင်တဖြစ်နေပြီလေ…”
ဟူး…
မောပါဘိ ...မောင်ဦး ရယ်။

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...