မြန်မာတို့ရဲ့စေတနာသဒ္ဒါတရား ထက်သန်မှုဟာ
အလွန်ဂုဏ်ယူ ဝမ်းမြောက်စရာ ကောင်းလှသလို
စိတ်ထားမြင့်မြတ်မှုကိုလည်း ယနေ့ဖြစ်ရပ်ကိုကြည့်ပြီး
တန်ဖိုးထား လေးစားမိပါတယ်ဗျာ။
လွန်ခဲ့သောလေးငါးရက်ကစပြီး ရပ်ကွက်အလှူ ရှင်သုံးလေးဦး၏
မတည်ငွေလေးဖြင့် ပျက်စီးနေတဲ့ သစ်သားတံတားကို
အမာခံကွန်ဂရစ်တံတား အဖြစ် ကိုယ်ထူကိုယ်ထစနစ်ဖြင့်
ပြန်လည် တည်ဆောက်နေခဲ့ပါတယ်။
လုပ်ဆိုလို့တာ လုပ်လိုက်ကြတယ်။
အစက အစီအစဉ် စနစ်တကျမရှိ။
တံတားဟောင်းအစုတ်ကို ဖျက်သူက ဖျက်
မြေတူးသူကတူးနဲ့ စုပေါင်းပြီး ပြင်ဆင်ရေးလုပ်ငန်း
စတင်လုပ်လိုက်တယ်။
တံတားကို ပြန်လည်တည်ဆောက်နေစဉ် တည်ဆောက်ရေး
ဦးဆောင်နေသူများမှာ ဆက်တာလုပ်နေရပေမဲ့ မျက်ခုံးက
တလှုပ်လှုပ်ဖြစ်ရသလို မျက်ဖြူ ကလည်း ဆိုက်ချင်ပြီ။
အကြောင်းမှာ ငွေကြေးပြည့်စုံမှုမရှိသလို
ကိုယ်ရဲ့ စီးပွားရေးကိုယ်ခံအားနည်းမှု လည်းပါတယ်။
ကိုယ့်ရှိတာလေးနဲ့ မလောက်ငှပါက ဆောက်လက်စ တံတား
တန်းလန်းကြီးဖြစ်နေရင် ဒုက္ခပေါ့။
ရပ်ကွက်ထဲ ရှက်စရာကြီး မျက်နာဘယ်ပြရပါ့နော်၊၊
ဤတွင် stee platform နှင့်ပါတ်သက်၍
social media ၏ အသုံးဝင်ပုံများအား တွေတောရင်း
စိတ်ကူးဝင်လာရပါသည်။ အခြားမဟုတ်ပါ ။
Facebook ၏ အသုံဝင်ပုံ အများအပြားရှိရာတွင်
အလွန်အကျိုးများသော အရာတခုမှာ
အလှူ ခံရာတွင်ဖြစ်ပါသည်။
ပြု ပြင်နေတဲ့ တံတားကို ဓာတ်ပုံရိုက် ။
ပြီးအလှူ ရှင်စာရင်းဘောမှာရေး လမ်းဘေးမှာ ထောင် ။
ကျွန်ုပ်တို့ ဒီလို ဒီလိုလုပ်နေပါတယ် ။
ပြီးတော့ facebookကနေ
😭😭ကျူ းမီးယား ကျူ းမီးယား 😭😭လို့ အော်လိုက်တယ်။
အို ဘာပြောကောင်းမလဲ
ဆိုင်ကယ်စီးပြီး အရှိန်နဲ့စီးသွားတဲ့ ခတ်ချောချော ကောင်မလေးကလည်း
ပြန်လှည့်လာပြီး ရော့ အလှူငွေ ၂၀၀၀၀ိ/တဲ့ 🥰🥰
ပန်းရံလုပ်နေတဲ့ သူ့ရည်စားဟောင်းကို နဂါးမျက်စောင်း
တချက်ပြစ်လိုက်သေးတယ်။😅😅
အလုပ်က ပြန်လာပြီး ကွမ်းယာ ပလုတ် ပလောင်း ဝါးနေတဲ့
မီးရထားလမ်းဗိုလ်ကြီး ကလည်း လက်ကလေး နှစ်ချောင်းထေါင်ပြတယ်။
သဘောက ၂၀၀၀၀ိ/တဲ့။
အခုတော့ မပါဘူး။ အကြွေး နောက်နေ့မှယူတဲ့။🤪🤪
လခွီးတဲ့ လမ်းဗိုလ်ကြီးရယ်- ဝမ်းသာနေတာ အပြည့်အဝ မသာလိုက်ရဘူး။😇😇
နောက် ကလေးထိန်းရင်း လမ်းလျှောက်လာတဲ့
ကလေးအမေကလည်း သူ့ယောကျ်ာမသိအောင်
နှစ်လုံးသုံးလုံး ထိုးဖို့ယူလာတဲ့
ဘတ်ငွေ ၁၀၀၀၀ကို ပက်ကနဲပေါ့။😍😍
ရထားစက်ခေါင်းပေါ်က စက်ဗိုလ်ကြီး ကလည်း စိမ်းပြာပြာ ၂ရွက် ပြစ်ချလိုက်တယ်။
အခါမကောင်းပေမဲ့ စေတနာကတော့ အပြည့်သားနော်။😘😘😘
ပညာတံခွန်ကိုယ်ပိုင်ကျောင်းနားက လူတစ်ယောက် ကလည်း ဖုန်းဆက်တယ်။
မနက်ဖြန်ကျောင်းလာခဲ့ပါတဲ့။
ဘာသဘောခေါ်သလဲ မသိချေ။🧐🧐
ကောလင်းမြို့ လှူ တဲ့တန်းတဲ့နေရာမှာ ထိပ်ကဆိုတော့
ရိုက်မလွှတ်ဖူးလို့တော့ ထင်တာပါပဲ။😀😀
ခရီးသွားစရာရှိလို့ အိမ်ကို လှူ ဖို့ မှာထားမယ်။
ဆက်ဆက်လာပါတဲ့။
အလုပ်မအားသည့်ကြားက ဖုန်းဆက်တာလို့ပြောသေးတယ်။
ပြီး ဟို ကော်တရာ ကပ်စီနည်း သိန်းကားပစ္စည်း
ဆိုင်ကလည်း ၃၅၀၀၀ိ/တဲ့။🚗🚗
အဖွားကြီး တစ်ဦးကလည်းပထမ တစ်သိန်း နောက်ထပ် တစ်သောင်းငါးထောင်တဲ့။🍇🍇🍓
နောက်လိုရင် ဆက်လှူ မယ်တဲ့။
မာနကြီးတခွဲသားနဲ့ အပိုဂျီး(အပျိုကြီး)ကလည်း
ကောင်လေးတွေရှေ့ယောင်ပေ ယောင်ပေလာပြီး
ဟန်ရေးပြနေတယ် ထင်တာ ၁၀၀၀၀ိ/တစ်ရွက် ပက်ကနဲ🌺🌺🌺
Ktv မာဆပ်ကြတော့ သိန်းချီသုံးနေတဲ့ ဟိုငမူးကတော့
သူ့ဇနီးအစစ်ပါလာလို့လားမသိဘူး။
နောက်နေ့မှတဲ့🤪🤪မရရင်တော့
ဒင်းမိန်းမ အကုန်သိစေမယ်၊၊
လှူ သူတွေ အကြောင်း ပြောရရင်တော့ မကုန်ပါဘူး။
👎👎စည်ပင်က လူကြီးလာတယ်၊၊
အားကိုးလို့ မရဘူး။ငိုပြသွားတယ်😭😭😭
🇲🇲🇲🇲တံတားတစ်လုံးဆက်လုပ်မယ်။🇲🇲🇲🇲
🇲🇲🇲🇲တံတားတစ်လုံးဆက်လုပ်မယ်။🇲🇲🇲🇲
လူကြီးမင်းတို့၏ စေတနာသဒ္ဒါအားဖြင့် ဖြစ်တည်လာသော
တံတားသစ်ပေါ်ဖြတ်သန်း သွားလာပြီး
ပျော်ရွှင်သာယာ ချမ်းမြေ့ကြပါစေဗျာ👩❤️👭👭🚶♀️🚶
********************************
#တံတားအလှူ ရှင်စာရင်း
🤴👸🤴👸
၁။ဒေါ်သန်းကြည် ရှမ်းကုန် ၁၀၀၀၀၀ိ/
၂။ဦးထိုက်+ဦးမြတ်ကျော်ထွန် Formula ရေသန့် ၅၀၀၀၀ိ/
၃။ဦးကျော်စွာထွန်း+ဒေါ်ခင်မြင့်ဦး ရှမ်းကုန်း
ဘိလပ်မြေ ( ၁၂ )အိပ်
၎။ဦးအောင်ဝင်း+ဒေါ်စန်းမြ၀င်း မြတရာကွမ်း
၅၀၀၀၀ိ/
၅။ဦးခင်မောင်ထွေး+ဒေါ်သန်းသန်းဝင်း
ရွှေတောင်နေ၀င်း ၆၀၀၀ိ/
၆။ဒေါ်ဝင်းမြင့် ရှမ်းကုန်း ၅၀၀၀ိ/
၇။မအေးအိအိဖြိုး သန်းကြွယ်ဝင်းကွမ်း ၁၀၀၀၀ိ/
၈။ဒေါ်မြ မိသားစု ရှမ်းကုန် ၅၅၀၀ိ/
၉။ဦးကျော်မိုး မိသားစုရှမ်းကုန်း ၅၅၀၀ိ/
၁၀။ဦးတိုးတိုးဝင်း မိသာစု ရှန်းကုန်း ၅၅၀၀ိ/
၁၁။ဦးကံကြီးမိသားစု ရှမ်းကုန်း ၃၀၀၀ိ/
၁၂။ဒေါ်ကြည်စိန် မိသားစုရှမ်းကုန်း ၆၀၀၀ိ/
၁၃။ဦးသန်းဖေ-ဒေါ်ခင်ကြည် ရှမ်းကုန်း ၁၃၀၀၀ိ
၁၄။ဒေါ်ပို/ဒေါ်သောင်း ရှမ်းကုန်း ၃၀၀၀ိ/
၁၅။မစီတူး အောင်မဂ်လာ ၂၀၀၀ိ/
၁၆။ဦးခင်မောင်ဝင်း သိန်းမိသားစုကား ပစ္စည်းဆိုင် ၃၅၀၀၀ိ/
၁၇။ဦးခင်မောင်ထွေး ရာအိမ်မှူး
ရှမ်းကုန်း ၁၀၀၀၀ိ/
၁၈။ဦးစိုးမြင့်-ဒေါ်အောင်
ရန်ကုန်နာရီဆိုင် ၅၀၀၀ိ/
၁၉။ဦးမြင့်အောင် ဒေါ်သန်းမြ ရှမ်းကုန်း ၅၀၀၀ိ/
၂၀။ဦးဝင်းမောင်ကိုရည်စူး၍ ဒေါ်အောင်မေ
ရှမ်းကုန်း ၆၀၀၀ိ/
၂၁။ဦးစန်လွင် ဒေါ်နွဲ့နွဲ့ ရှမ်းကုန်း ၆၀၀၀ိ/
၂၂။ဦးကျော်တင့်-ဒေါ်ဝင်းဝင်းမာ သား
မောင်ဝင်းသူရဇော် မိသားစုရှမ်းကုန်း ၅၀၀၀၀ိ/
၂၃။ဒေါ်ကျော် မိသားစု ရှမ်းကုန်း ၃၀၀၀၀ိ/
၂၄။ဒေါ်ကြည်ကြည်ဝင်း ရှမ်းကုန်း ၅၀၀၀ိ/
၂၅။ ဦးပြူး မီးရထား ကောလင်း ၂၀၀၀ိ/
၂၆။ဦးတင်ဦး-ဒေါ်သောင်းရီ ရှမ်းကုန်း ၁၀၀၀၀၀ိ/
၂၇။ဦးရဲလင်းအအန၂သံလမ်း မီးရထား ၅၀၀၀ိ/
၂၈။ဦးကံသာဦး-ဒေါ်မြင့်မြင့်ခိုင်
အောင်သပြေ ၂၀၀၀၀ိ/
၂၉။ဦးတင့်လွင်-ဒေါ်စိုး ရှမ်းကုန်း ၅၀၀၀ိ/
၃၀။ဦးကျောက်ခဲ မီးရထား ၅၀၀၀ိ/
၃၁။ဦးဝင်းဆန်း-ဒေါ်သူ မီးရထား ၁၀၀၀ိ/
၃၂။ကိုကိုအောင်-မသီတာစိုး မီးရထား ၃၀၀၀ိ/
၃၃။ဦးစောအောင်နှင့်ဇနီး မီးရထား ၁၀၀၀ိ/
၃၄။ဦးတင်လှ-ဒေါ်မြရီ မီရထား ၂၀၀၀ိ/
၃၅။ဦးသိန်းထိုက်နှင့်ဇနီး မီးရထား ၁၀၀၀ိ/
၃၆။ဦးသန်းနိုင် မိသားစုအအန ၁ သံလမ်း
မြန်မာ့မီးရထား ၂၀၀၀၀ိ/
၃၇။ ဦးအောင်ဝင်း မသီတာအေး
စက်ဗိုလ် မီးရထား ၂၀၀၀ိ/
၃၈။ဦးအောင်ဝင်းနိုင်-မဂီတာမာလာ
ရှမ်းကုန်း ၃၀၀၀ိ/
၃၉။ဦးညွန့်ဝင်း မသန်းသန်းဝေ
မိသားစု ရှမ်းကုန်း ၂၅၀၀၀ိ/
၄၀။ဦးမင်းသူ (ကောင်းမြင့်မြတ် ဟိုက်ဒြောလစ် နှင့် ယန္တရား အပိုပစ္စည်းရောင်းဝယ်ရေး)မြို့မ
မြို့ကုန်းရပ် ၃၀၀၀၀ိ/
🌺🌺 ၄၁။ကိုဇော်နိုင်- မယမင်းထွေး မိသားစု
မီးရထား ၅၀၀၀ိ/
🍁🍁 ၄၂။ကိုလှရှိန် -မနွဲ့ မိသားစု
မီးရထား ၁၀၀၀ိ/
💐💐
၄၃။ဆရာမကြီး ဒေါ်ခင်ဇာ ( ငြိမ်း ) ၅၀၀၀ိ/
🍀🍀
၄၄။ဦးတင်မောင် မိသားစု
မီးရထား( ငြိမ်း ) ၁၀၀၀ိ/
🌳🌳
၄၅။ဦးကျော်ထွန်း လုပ်ငန်းအုပ်
မီးရထား ကောလင်း ၂၀၀၀၀ိ/
🌼🌼
၄၆။ဦးစိုးမြင့်အောင် အင်္ဂျင်နီယာမှူး
မီးရထား ရွာထောင် ၁၀၀၀၀ိ/
🌿🌿
၄၇။ဒေါ်နွဲ့နွဲ့ရီ ဆရာမ အထက၁ ၅၀၀၀ိ/
☘️☘️
၄၈။ဦးထွန်းသိန်း AE မီးရထား ၂၀၀၀၀ိ/
💐💐
၄၉။ ဦးထွန်းသိန်း ကို ရည်စူး၍
ဒေါ်မြင့်မြင့် မြောက်အင်း ၅၀၀၀ိ/
🌲🌲
ဤကဲ့သို့ စေတနာရှေ့ထား မေတ္တာပွားပြီးလှူ ဒါန်းရသော အကျိုးအားကြောင့်--
🌷🌷
လူ့လောကမှာ ကြုံတွေ့နေရတဲ့ သောကတွေ ပရိဒေဝတွေ ကို အောင်မြင်စွာ ကျော်
လွှားပြီး
🌺🌺
စီးပွားဥစ္စာ ဒီရေအလား တိုးပွားကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ပြီးပြည့်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ် ခင်ဗျာ
🌹🌹🌹
ငွေစာရင်းရှင်းတမ်း နောက်နေ့မှ ဆက်တင်မယ်။
👩❤️👭👭🚶♀️🚶