ဗိုက်ပြဿ နာ နှင့် နံရံကပ်စာစောင်

ဗိုက်ပြဿ နာ နှင့် နံရံကပ်စာစောင်

==================  မောင်ဦး

အကျင့်ဆိုတာ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလွယ်တကူ ဖြေဖျောက်ရခက်တယ်။

ယခုအကြောင်းအရာက ကောင်းတဲ့ အကျင့်လား ဆိုးတဲ့ အကျင့်လား မပြောတတ်ဘူး။

မွေးရာပါအကျင့်လိုတော့ ဖြစ်နေသည်။

သူများ အကျင့်ကို မပြောပါဘူး။

ကျုပ် အကျင့် ကျုပ်ပြောမှာပါ။

တနည်း ကျုပ်ရဲ့ ဗိုက်ပြဿဿ နာ ကျုပ် ရှင်းတဲ့ အကျင့်ပေါ့။

အရှက်မရှိ လို့တော့ မပြောနဲ့နော်။

ပြီးတော့ ရိုင်းတယ်လို့ မထင်စေချင်ဘူး။

ကျုပ်က သန့်စင်ခန်းသွားမယ်ဆိုရင် ဖတ်စရာ စာစောင်တခုခုကို ယူသွားပြီး အိမ်သာ တက်လေ့ရှိတယ်။

ဖတ်စရာ မပါဘူးဆိုရင် အိပ်ထောင်ထဲပါတဲ့ ဘောင်ချာ စာရွက်ဖြစ်ဖြစ် အပေါင် စာရွက်ဖြစ်ဖြစ် ပါလာသည့်စာကို ဖင်ပြန် ခေါင်းပြန် ဖတ်နေလေ့ရှိတယ်။

တခါတလေ ကိုယ်စိတ်ဝင်စားသည့် အကြောင်းအရာဖြစ်နေပြီဆိုရင် စွဲစွဲမြဲမြဲ ဖတ်ပြီးမှ သန့်စင်ခန်းက ထွက်လေ့ရှိတယ်။

အဲဒီလို အိမ်သာတက်ရင်းနဲ့ စာကို အငမ်းမရ ဖတ်တတ်တဲ့ ကျပ်ရဲ့အကျင့်က စည်းစိမ်ယူတယ်ပြောရမလား...ဒါမှမဟုတ် ထွက်ပေါ်လာတဲ့ ရနံ့ပေါင်းစုံကို အာရုံ လွှဲတယ် ဆိုရမလား မသိဘူး။

သေချာတကတော့ အိမ်သာတက်ရင်းနဲ့ ကုန်ဆုံးရတဲ့ အချိန်ကို အကောင်းဆုံး အသုံးချတယ်လို့ ဆိုရမယ်။

ဟဲဟဲ ဒါက ကိုယ့်ဖက်ကို ကိုယ်ယက်ခြင်းပြောခြင်းပေါ့။

ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အိမ်သာထဲဗိုက်ပြဿ နာရှင်းရင်းနဲ့ ဖတ်လိုက်ရတဲ့ အကြောင်းအရာတိုင်းဟာ ခေါင်းထဲမှာ စွဲမြဲနေလေ့ရှိပြီး မှတ်မိနေတာ ပါဘဲ။

တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမို့ အာရုံမပြန့်တာလည်း ပါတာပေါ့။

တခါတလေများဆို အိမ်သာတက်ရင်းနဲ့ စာဖတ်ကောင်းလွန်းလို့ အိမ်သာထဲ သေနေပြီးလားလို့ ပြောသူကပြော--
 
ဒီလောက်စားနေတာ မဝသေးဘူးလားလို့ ဆိုသူကဆို--
 
တံခါးကို တဒိုင်းဒိုင်းထုပြီး ငှက်ဆိုးထိုးသံနဲ့ သံကုန်ဟစ်လာပြီဆို အိမ်သာတက်ခြင်းရဲ့ စည်းစိမ်ပျက်ပြီပေါ့။

ကဲ အဲဒါက ကျုပ်ရဲ့ထုံးစံ။ ကျုပ်အကျင့်။

ဒီအကျင့်က ကျုပ်အိမ်ကျုပ်ဆို ပြဿ နာ မရှိပေမဲ့ တခြားနေရာဆို ပြဿ နာကြုံရလေ့ရှိတယ်။

တခါကဆို ငိုရမလို ရယ်မလို ဒုက္ခကြုံရပုံများ ပြောကို မပြောချင်ဘူး။

တရက် ရုံးသွားနေစဉ် ဗိုက်ပြဿ နာက စလေပြီ။

စားထားသည့်မနက်စာများကို အစာအိမ်က လက်မခံချင်၍လား မသိ။

ဗိုက်ထဲမှာ အော်ကျ ဟစ်ကျနဲ့ တိုက်ပွဲကစပြီ။

ရုံးရောက်သည်နှင့် နီးစပ်ရာ သန့်စင်ခန်းကို သုတ်ခြေတင် ပြေးရလေတာပေါ့။

လက်ထဲမှာ ဘာစာစောင် မှ မယူခဲ့ရဘူး။

စာဖတ်ပြီး ဇိမ်ယူတတ်သည့် ကျုပ် ဒီနေ့ဖြင့် ဇိမ်ယူခွင့်မရတော့ပေ။

ကံကောင်း ချင်တော့ အိမ်သာဝင် ထိုင်ထိုင်ချင်း ကျုပ်မျက်နာခြင်းဆိုင် တံခါးနံရံတွင် မြေဖြူဖြင့် ရေးသားထားသော စာများတွေ့ရလေပြီ။

ကျွန်ုပ်အတွက် နံရံကပ်စာစောင်လို သဘောထားပြီး ဖတ်နေမိသည်။

အမည်မသိ ကလောင်ရှင်အားလည်း ကျေးဇူးတင် မိလိုက်သေးသည်။

''ဟေ့လူ သတိ မထိုင်ခင် သင့် ဘယ်ဘက်နံရံမှ စာကို အရင်ဖတ်ပါ '' တဲ့။

စာကနိုးတစ်notice ပေးတဲ့ စာပါလား။

ဒါနဲ့ ကျုပ်လည်း စာပါအကြောင်းအရာ အတိုင်း သူညွှန်းဆိုတဲ့ ဘယ်ဘက် လှည့်ကြည့် လိုက်တယ်။

စာက ဆော့ပင်အပြာလေးနဲ့ ရေးထားတာများ လက်ရေးလေးကို ဝိုင်းလို့ဗျ။

မိန်းခလေး လက်ရေးလေးလားမသိ လှမှလှ။

''သင့် နောက်ကပို အရေးကြီးတယ် " တဲ့။

ကျုပ်လည်း ပိုအရေးကြီးသည်ဆိုတဲ့ နောက်ကို လှည့်ပြီး ကြည့်ရတော့တာပေါ့။

အရေးထဲ နံကပ်စာစောင် ဖတ်နေရတာနဲ့ ဗိုက်ထဲက ကျေးဇူးရှင်တွေက ပေါက်ကွဲချင်လာပြီ။

ရေးထားတဲ့ စာက
"ထိုင်ချင်ရင်အောင့်မနေနဲ့ ဖွင့်ချလိုက်ပါ ပြီးလျှင် သင့်ညာဘက် မှာရှိသော စာကို ဖတ်ပါ" တဲ့။

ကျပ်လည်း သူပြောသည့်အတိုင်း ဗိုက်ထဲက ကျေးဇူးရှင်တွေကို စတင် ထွက်ခွာခွင့် ပေးလိုက်တယ်။

ပြီး သူညွှန်းဆိုသော ညာဘက်နံရံဘက် လှည့်ကာ စာကို ဆက်ဖတ်လိုက်မိကာမှ ကျုပ် မျက်လုံးပြူးသွားရပါ တော့သည်။

သေချင်းဆိုး မထိုင်ခင် ကတည်းက ဒီဘက်က အရေးကြီးဆုံးဆိုတဲ့ စာကို ညွှန်းပါရော့လား။

လက်ထဲမှာ စာစောင်မပါတဲ့နေ့မှ ဒုက္ခ ကောင်းကောင်း ကြီးတွေ့ရပြီဗျာ။

ရေးထားတဲ့ စာလုံးကလည်း မှန်ဘီလူးနဲ့ ချဲ့ကြည့်ရမတတ်။ဘာတဲ့...

" သင် အရူး... စာပဲဖတ်နေတယ် ရေမလာဘူး စက္ကူ ကုန်နေတယ်"့တဲ့။

ကဲ အဲဒါတွေမရှိ ဘယ်လို လက်စ သတ်ရပါ့။

                                                                              မောင်ဦး  တိုဟူး 

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...