သူများတွေ

သတ်မယ် ဖြတ်မယ် ရန်ဘက်ကို မီးလောက်တိုက်သွင်းပြီး 
တတိယ ကမ္ဘာစစ်ကြီးအထိ ဆွဲသွင်းခံရနိုင်တဲ့ 
ကမ္ဘာ့ရန်ဘက်သူတော်ကြီး အမေရိကန်သမ္မတ Donald Trump နဲ့ 
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့
သမိုင်းဝင် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို 
မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှစပြီး စင်္ကာပူ နိုင်ငံမှာ 
ကျင်းပနေပါတယ်။

အဲဒီအချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ TVလိုင်းတွေက
 Breaking News အနေနဲ့တိုက်ရိုက် ထုတ်လွှင့် နေပြီး 
ကျုပ်တို့ tvလိုင်းတွေကတော့ လင်ခန်း မယားခန်းလုတဲ့ 
ကိုရီးယားအချစ်ရေးဒဿ န မှာပဲနှစ်မျှောရင်းနဲ့ 
အချိန်ကုန်  သာယာနေဆဲပဲ။

ဒါကြောင့်လည်း ကမ္ဘာ မှာ အဆင်းရဲဆုံးနဲ့
ပြည်တွင်းစစ် အရှည်ကြာဆုံးတိုင်းပြည်ရယ်လို့ 
ခေါ်သွင်ခံနေရတာ မဆန်းပါဘူးနော်

#စိတ်ကိုထွေပြားစေသူ



ဂါရဝတောစ နိဝါတောစ ဂုဏ်ပြုအပ်သူကို ဂုဏ်ပြုကြတာ
 
မင်္ဂလာတရားတော်နဲ့အညီဖြစ်တာမို့ မပြားစိန် ကို 

ဤပိုစ့်နဲ့ ဂုဏ်ပြုပါရစေ ခင်ဗျာ...

ရှေးသူဟောင်း စကားပုံများ၊ အဆိုအမိန့်များဟာ တခါတလေ 

သင်ခန်းစာယူစရာ ကောင်းသလို သံဝေဂ ရစရာလည်း ကောင်းတယ်ဗျို့။

ဒါက ကိုယ့်တွေ့နော်။

ပထမ ဆိုရိုးတခုက အသားလိုလို့ အရိုးတောင်းတဲ့ အဖြစ်ပြောရမလား မသိဘူး။

ဒီနေ့ညနေမှာပေါ့ဗျာ...

ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေးအတွက်  လမ်းလျှောက်နေစဉ် 

ကျွန်တော့ ရှေ့ ကားတစ်စီး ရပ်လာပြီး အမျိုးသမီးတစ်ယောက် ဆင်းလာတယ်။

အရွယ်မငယ်တော့ဘူး ဆိုရပေမဲ့ အသက်အကြီး ကြီးလည်းပြောမရဘူး။

လက်ကျန်စိုစိုပြေပြေရှိဆဲပေါ့။

လူရွှင်တော် ကိုမော့ပြောသလို ပြောရရင် ရိုရိုသေသေ 

ကိုင်တွယ်ရင် လေးငါးနှစ် အေးအေးဆေးဆေးပေါ့။

ဟဲဟဲ နောက်တာပါ အတည်ပါ။

အဲဒီအမျိုးသမီးက ကျုပ်ဆီလာပြီး တခုတ်တရ လာနှတ်ဆက်တယ်။

"ဦးလေး နေကောင်းလား နေပြည်တော်က ပြန်ရောက်လာမှ 

ပိုနုနေတယ်နော်"  တဲ့။

သူစ နှတ်ဆက်ဆက်ချင်း ပထမတော့ ကိုယ့်ကိုဘဝင်
 လေဟတ်သလိုလိုနဲ့ ကြောင်သွားတယ်။

အကြောင်းက သူနဲ့ ကျုပ် တမြို့ထဲသားချင်း 

တစ်ရပ်ကွက်သားချင်းမို့ ကောင်းစွာ သိရှိနေသော်လည်း 

ရင်းရင်းနှီးနှီး ခေါ်ခေါ်ပြောပြော မရှိပါဘူး။

ဒါပေမဲ့ မစိမ်းလို့ဆိုရမယ်။

သူ့နာမည်က ရပ်ကွက်အခေါ် ငယ်ငယ်က ပျားရည်ရောင်းစားသူမို့

"ပြားစိန်မ" မပျားစိန်လို့ခေါ် ပါတယ်။

ကျုပ်တို့အခေါ် ပျားစိန်မ ဟာ ပထမ ရိုးရိုးအေးအေးရှိခဲ့သော်လည်း 

အိမ်ထောင်ကြယောက်ျားရပြီး စီးပွားရေး အဆင်ပြေလာတော့ 

အချိုးတွေ ပြောင်းလာတယ်။

သူ့ကိုသူ စိန်စိန်..စိန်စိန်နဲ့ မာနရှင် ဒေါ်စိန်စိန် ဖြစ်လာပါပေရော။

ပြားစိန်မ ကို ရပ်ကွက်ထဲ မကြာခဏ 

ဆုံဖြစ်သော်လည်း သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွားနဲ့ 

စကားပြောဖို့ နေနေသာသာ နှတ်ပင် မဆက်မိပါဘူး။

ကိုယ်တင်ပဲလားဆိုတော့မဟုတ်ဘူး။

မာန တခွဲသားမို့ ရပ်ကွက်ထဲက လူတော်တော်များများကလည်း

သူနဲ့ဆက်ဆံရေးကြဲကြတယ်။

ထားပါ။ကျုပ်ကို နှတ်ဆက်တာပြောမယ်။

ပထမတော့ ပြားစိန်မ ငါ့ကိုနှတ်ဆက်တာမှ 

ဟုတ်ရဲ့လားလို့ နောက်လှည့်ကြည့်မိတယ်။

နောက်မှာ လည်း လူတစ်ယောက်မှ မရှိဘူး။

ဟုတ်ပါပြီ ငါ့ကိုနှတ်ဆက်တာပဲဆိုပြီး

" အော် အင်း ကောင်းပါ့ဗျာ ကောင်းပါ့ဗျာ"

လို့ ပြန်နှတ်ဆက်ရတာပေါ့။

ဒီလိုနဲ့သူကို တခဏတာ စကားပြန် ပြောပြီး လမ်းခွဲခဲ့တယ်။

ဒီနေ့ ဘယ်တုန်းကမှ စကားမပြောဖူးသူက 

ကျုပ်ကိုအရေးအယူ ထူးထူးခြားခြား 
နှတ်ဆက်လာတော့ ထူးဆန်းနေမိသည်။

စိတ်ထဲလည်း မတင်မကျ။

လမ်းလျှောက်ရင်းနဲ့ စဉ်းစားမရ။

ပြားစိန်မ တစ်ယောက်ဟာ မုဆိုးမဖြစ်တာမှ မကြာသေးဘူး 

ထူးထူးခြားခြား ငါ့များ လာကြွေနေရော့လားလို့ 

ပေါက်ကရ တွေးနေမိတယ်။

ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကြည့်ရတာပေါ့။

မဖြစ်နိုင်။ ကျုပ်မှာလည်း    သားနဲ့  မယားနဲ့။
သူ့မှာလည်း သားနဲ့ ...သမီးနဲ့။

ဒါဖြစ်ရင် ဘာလဲ ဘယ်လိုလဲ ဘာသဘောလဲ.ပေါ့,,,။.

တွေးရင်း ငေးရင်းနဲ့ အိမ်ပြန်ရောက်လာတယ်။


ကျုပ်ဇနီးက စာအိပ်ရှည်လေးတစ်စောင် ပေးလာတယ်။

မပြားစိန်သားမ၈်လာဆောင်တဲ့။  အဖြေပေါ်လာတယ်။

အော် ပြားစိန်မ ခေါ် မစိန်စိန်က ရှေးဟောင်းသူတို့ဆိုရိုးစကားကို

လက်တွေ့ အသုံးချသွားတာပါလား။

အခုဖြစ်က အသားလိုလို့ အရိုးတောင်းတယ် စကားပုံလို့ ပြောရ မလား...
မသိချေ။


သေချာတာကတော့ အခွင့်အရေး ရရန် 

အကြောင်းမမြင်သောအခါ အရေး မစိုက်ဘဲ 

အခွင့်အလမ်းရယူစရာ မြင်လာသောအခါမှ
 
အရေးတယူပြုလာသည့် အဖြစ်မျိုးပါလား။

အော်,,,မပြားစိန် မပြားစိန်,,, 

ကျုပ်စိတ်ကို ထွေပြားသွားအောင် လုပ်ရဲ့ပါပေတယ်နော်,,,။
 



တိုဟူး

ဘာမှားနေလဲ

အားနည်းချက်
လူတွေရဲ့အားနည်းချက်က ကိုယ့်အမှားကို

 ကိုယ်မသိတာပါဘဲ။

 လူတွေက သူများတွေ အမှားတခုခုဖြစ် နေပြီဆို

သူ့ရဲ့အားနည်းချက် တနည်း လိုအပ်ချက်ကို မြင်တွေ့လေ့ရှိတယ်။

သူ့တပါးရဲ့အားနည်းချက်ကိုမြင်တွေ့နေပေမဲ့ ကိုယ့်ရဲ့နေ့စဉ်

 ချွတ်ရှော် မှားယွင်းနေမှုကိုတော့သတိမမူမိကြဘူး။ 

တနည်း ကိုယ့်ရဲ့ နေစဉ်ပြုမူနေသမျှဟာ မှန်ကန်မှုတွေကြီးပဲလို့

ထင်နေကြတယ်။

အဲဒီလို လူများဟာ ကိုယ့်မျက်ချေးကို ကိုယ် မမြင်တဲ့ မျက်ကမ်းသမားတွေပဲ။

အဲဒီဲထဲမှာ ကိုယ်မပါ၀င်စေနဲ့,,,,,,။


ဗိုက်ပြဿ နာ နှင့် နံရံကပ်စာစောင်

ဗိုက်ပြဿ နာ နှင့် နံရံကပ်စာစောင်

==================  မောင်ဦး

အကျင့်ဆိုတာ ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလွယ်တကူ ဖြေဖျောက်ရခက်တယ်။

ယခုအကြောင်းအရာက ကောင်းတဲ့ အကျင့်လား ဆိုးတဲ့ အကျင့်လား မပြောတတ်ဘူး။

မွေးရာပါအကျင့်လိုတော့ ဖြစ်နေသည်။

သူများ အကျင့်ကို မပြောပါဘူး။

ကျုပ် အကျင့် ကျုပ်ပြောမှာပါ။

တနည်း ကျုပ်ရဲ့ ဗိုက်ပြဿဿ နာ ကျုပ် ရှင်းတဲ့ အကျင့်ပေါ့။

အရှက်မရှိ လို့တော့ မပြောနဲ့နော်။

ပြီးတော့ ရိုင်းတယ်လို့ မထင်စေချင်ဘူး။

ကျုပ်က သန့်စင်ခန်းသွားမယ်ဆိုရင် ဖတ်စရာ စာစောင်တခုခုကို ယူသွားပြီး အိမ်သာ တက်လေ့ရှိတယ်။

ဖတ်စရာ မပါဘူးဆိုရင် အိပ်ထောင်ထဲပါတဲ့ ဘောင်ချာ စာရွက်ဖြစ်ဖြစ် အပေါင် စာရွက်ဖြစ်ဖြစ် ပါလာသည့်စာကို ဖင်ပြန် ခေါင်းပြန် ဖတ်နေလေ့ရှိတယ်။

တခါတလေ ကိုယ်စိတ်ဝင်စားသည့် အကြောင်းအရာဖြစ်နေပြီဆိုရင် စွဲစွဲမြဲမြဲ ဖတ်ပြီးမှ သန့်စင်ခန်းက ထွက်လေ့ရှိတယ်။

အဲဒီလို အိမ်သာတက်ရင်းနဲ့ စာကို အငမ်းမရ ဖတ်တတ်တဲ့ ကျပ်ရဲ့အကျင့်က စည်းစိမ်ယူတယ်ပြောရမလား...ဒါမှမဟုတ် ထွက်ပေါ်လာတဲ့ ရနံ့ပေါင်းစုံကို အာရုံ လွှဲတယ် ဆိုရမလား မသိဘူး။

သေချာတကတော့ အိမ်သာတက်ရင်းနဲ့ ကုန်ဆုံးရတဲ့ အချိန်ကို အကောင်းဆုံး အသုံးချတယ်လို့ ဆိုရမယ်။

ဟဲဟဲ ဒါက ကိုယ့်ဖက်ကို ကိုယ်ယက်ခြင်းပြောခြင်းပေါ့။

ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အိမ်သာထဲဗိုက်ပြဿ နာရှင်းရင်းနဲ့ ဖတ်လိုက်ရတဲ့ အကြောင်းအရာတိုင်းဟာ ခေါင်းထဲမှာ စွဲမြဲနေလေ့ရှိပြီး မှတ်မိနေတာ ပါဘဲ။

တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာမို့ အာရုံမပြန့်တာလည်း ပါတာပေါ့။

တခါတလေများဆို အိမ်သာတက်ရင်းနဲ့ စာဖတ်ကောင်းလွန်းလို့ အိမ်သာထဲ သေနေပြီးလားလို့ ပြောသူကပြော--
 
ဒီလောက်စားနေတာ မဝသေးဘူးလားလို့ ဆိုသူကဆို--
 
တံခါးကို တဒိုင်းဒိုင်းထုပြီး ငှက်ဆိုးထိုးသံနဲ့ သံကုန်ဟစ်လာပြီဆို အိမ်သာတက်ခြင်းရဲ့ စည်းစိမ်ပျက်ပြီပေါ့။

ကဲ အဲဒါက ကျုပ်ရဲ့ထုံးစံ။ ကျုပ်အကျင့်။

ဒီအကျင့်က ကျုပ်အိမ်ကျုပ်ဆို ပြဿ နာ မရှိပေမဲ့ တခြားနေရာဆို ပြဿ နာကြုံရလေ့ရှိတယ်။

တခါကဆို ငိုရမလို ရယ်မလို ဒုက္ခကြုံရပုံများ ပြောကို မပြောချင်ဘူး။

တရက် ရုံးသွားနေစဉ် ဗိုက်ပြဿ နာက စလေပြီ။

စားထားသည့်မနက်စာများကို အစာအိမ်က လက်မခံချင်၍လား မသိ။

ဗိုက်ထဲမှာ အော်ကျ ဟစ်ကျနဲ့ တိုက်ပွဲကစပြီ။

ရုံးရောက်သည်နှင့် နီးစပ်ရာ သန့်စင်ခန်းကို သုတ်ခြေတင် ပြေးရလေတာပေါ့။

လက်ထဲမှာ ဘာစာစောင် မှ မယူခဲ့ရဘူး။

စာဖတ်ပြီး ဇိမ်ယူတတ်သည့် ကျုပ် ဒီနေ့ဖြင့် ဇိမ်ယူခွင့်မရတော့ပေ။

ကံကောင်း ချင်တော့ အိမ်သာဝင် ထိုင်ထိုင်ချင်း ကျုပ်မျက်နာခြင်းဆိုင် တံခါးနံရံတွင် မြေဖြူဖြင့် ရေးသားထားသော စာများတွေ့ရလေပြီ။

ကျွန်ုပ်အတွက် နံရံကပ်စာစောင်လို သဘောထားပြီး ဖတ်နေမိသည်။

အမည်မသိ ကလောင်ရှင်အားလည်း ကျေးဇူးတင် မိလိုက်သေးသည်။

''ဟေ့လူ သတိ မထိုင်ခင် သင့် ဘယ်ဘက်နံရံမှ စာကို အရင်ဖတ်ပါ '' တဲ့။

စာကနိုးတစ်notice ပေးတဲ့ စာပါလား။

ဒါနဲ့ ကျုပ်လည်း စာပါအကြောင်းအရာ အတိုင်း သူညွှန်းဆိုတဲ့ ဘယ်ဘက် လှည့်ကြည့် လိုက်တယ်။

စာက ဆော့ပင်အပြာလေးနဲ့ ရေးထားတာများ လက်ရေးလေးကို ဝိုင်းလို့ဗျ။

မိန်းခလေး လက်ရေးလေးလားမသိ လှမှလှ။

''သင့် နောက်ကပို အရေးကြီးတယ် " တဲ့။

ကျုပ်လည်း ပိုအရေးကြီးသည်ဆိုတဲ့ နောက်ကို လှည့်ပြီး ကြည့်ရတော့တာပေါ့။

အရေးထဲ နံကပ်စာစောင် ဖတ်နေရတာနဲ့ ဗိုက်ထဲက ကျေးဇူးရှင်တွေက ပေါက်ကွဲချင်လာပြီ။

ရေးထားတဲ့ စာက
"ထိုင်ချင်ရင်အောင့်မနေနဲ့ ဖွင့်ချလိုက်ပါ ပြီးလျှင် သင့်ညာဘက် မှာရှိသော စာကို ဖတ်ပါ" တဲ့။

ကျပ်လည်း သူပြောသည့်အတိုင်း ဗိုက်ထဲက ကျေးဇူးရှင်တွေကို စတင် ထွက်ခွာခွင့် ပေးလိုက်တယ်။

ပြီး သူညွှန်းဆိုသော ညာဘက်နံရံဘက် လှည့်ကာ စာကို ဆက်ဖတ်လိုက်မိကာမှ ကျုပ် မျက်လုံးပြူးသွားရပါ တော့သည်။

သေချင်းဆိုး မထိုင်ခင် ကတည်းက ဒီဘက်က အရေးကြီးဆုံးဆိုတဲ့ စာကို ညွှန်းပါရော့လား။

လက်ထဲမှာ စာစောင်မပါတဲ့နေ့မှ ဒုက္ခ ကောင်းကောင်း ကြီးတွေ့ရပြီဗျာ။

ရေးထားတဲ့ စာလုံးကလည်း မှန်ဘီလူးနဲ့ ချဲ့ကြည့်ရမတတ်။ဘာတဲ့...

" သင် အရူး... စာပဲဖတ်နေတယ် ရေမလာဘူး စက္ကူ ကုန်နေတယ်"့တဲ့။

ကဲ အဲဒါတွေမရှိ ဘယ်လို လက်စ သတ်ရပါ့။

                                                                              မောင်ဦး  တိုဟူး 

"ဘဝ အတွက်စာ

  ဘဝ အတွက်စာ
===========
                           တိုဟူး တိုဟူး

ဘကုန်ရေ "ဘ"ဝရေ" ဝ"ဘဝ
...စကားလုံးနှစ်လုံးထဲပါဘဲ။

 ဒါပေမဲ့ သာမာန်စဉ်းစားကြည့်ရင် ကျယ်ပြောလိုက်တာနော်။

ဒါဆို ဘဝဆိုတာ ဘာလဲ။

 စာရေးဆရာကြီး ဦးအောင်းသင်း အနက်အဓိပ္ပါယ်ဖွင့်သလို ပြောရရင်

 ဘဝ ဆိုသည်မှာ မွေးခြင်းနဲ့ သေခြင်းကြား အသက်ရှင်ခြင်းကို ခေါ်ပါတယ်။

အဲဒီလိုဆိုရင် မွေးပြီးပြီးချင်း သေသွားလျှင် ဘဝဆိုတာ မရှိတော့ဘူးပေါ့။

သက်ရှိသတ္တဝါအားလုံးတွင်  ဘဝကိုယ်စီ ပိုင်ဆိုင်ကြသည်။

 ထိုထဲမှ လူ့ဘဝကို ပြောချင်ပါသည်။

ဘဝမှာ အရေးကြီးဆုံးက ဘာလဲ တနည်းအားဖြင့်

လူ့ဘဝ ဆိုတဲ့ မွေးခြင်းနဲ့ သေခြင်းကြား အသက်ရှင်နိုင်ဖို့ အတွက် 
အဓိက အရေးကြီးဆုံးက ဘာလိုအပ် ဆုံးလဲ။

ကျန်းမာဖို့လိုပါတယ်။

မကျန်းမာရင် အသက်တိုမယ် ဘဝတိုမယ်။

ကျန်းမာရင် ဘဝရှည်ကြာမယ်။

ဒါကြောင့် ကျန်းမာရေးလို့တာပေါ့။

အဲဒီ အသက်ရှင် ကျန်းမာဖို့ အတွက် အဓိက ဘာလိုပြန်သလဲ။

ပညာလိုပါတယ်။

လူ့ဘဝ ကျန်းမာ စွာနေထိုင်ဖို့အတွက် ဘယ်လို အစာရှာ-ဘယ်လိုစား-ဘယ်လိုနေ- ဘယ်လိုသွား- နေနည်း ထိုင်နည်း စသည်တို့ဟာ ပညာပါဘဲ။

တနည်း ဘဝအသက်ရှင်ပြီး လုပ်ရှားရုံးကန်နိုင်ဖို့ အတွက် သိတတ်ခြင်းဟာ ပညာပေါ့။

 ပညာပြည့်စုံကြွယ်ဝသူဟာ ဘဝကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တယ်။

ဘဝရဲ့ အကြောင်းအကျိုး အကောင်း အဆိုးနဲ့ အမှား အမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြားတတ်တယ်။

ပညာပြည့်စုံနိုင်ဖို့ဟာ အဓိက  ဘာလိုသလဲ။ စာဖတ်ဖို့ လိုပါတယ်။

စာများများဖတ်ရင် အသိပညာ များများရမယ်။

အတတ်ပညာ များများရမယ်။

ပညာနည်းပါးသူဟာ ဘဝကို ခက်ခက်ခဲခဲကျော်ဖြတ်ရတယ်

အသိပညာ အတတ်ပညာ ပြည့်စုံကုံလုံကြွယ်ရင် ဘဝကို သက်တောင့် သက်သာ ဖြတ်သန်းနိုင်မယ်။


ပညာများများတတ်သူဟာ ပညာနည်းပါးသူထက် ဘဝကို ပိုအောင်မြင်တယ်။

 ဒါကြောင့် ပညာများများတတ်အောင်လိုပါတယ်။

ပညာများများတတ်အောင် ဘာလိုမလဲ။

 ရှင်းရှင်းလေးပါ။

စာများများဖတ်ပေါ့။

ဟုတ်တယ်လေ။

စာထဲမှာက ပညာမျိုးစုံက ပြောမကုန် သုံးမကုန်အောင် ရှိတယ်။

 ကိုယ်စာဖတ်ဖို့ပဲ လိုတယ်။

ဒီနေရာမှာ စာဖတ်တတ်ဖို့လည်း လိုတယ်။

စာဖတ်တတ်အောင်
ဘယ်လို စာတွေ ဖတ်မလဲ။
မပူပါနဲ့။


စာများများ ဖတ်လာရင် အမှိုက်နဲ့တူသောစာနှင့် စိန်ရွှေရတနာကျောက်နဲ့တူသောစာရယ်လို့ များများ စားစားခွဲခြားသိလာမယ်။

အဓိက စာများများ ဖတ်ဖို့ လိုပါတယ်။


ဒါကြောင့် အောင်မြင်တိုးတက်သော ဘဝကို ပိုင်ဆိုင်ဖို့ စာများများ ဖတ်ကြပါစို့လို့ ----။

                                          တိုဟူး တိုးဟူး  တိုဟူး တိုးဟူး

                                   2:02pm25-1-2018



















မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...