ရေခဲမှတ်အောက်မှ သံယောဇဉ်
feeling down.
ရေခဲမှတ်အောက်မှ သံယောဇဉ်
   ‌တချိုသံယောဇဉ်တွေက
အချိန်ကြာလာတာနဲ့အမျှ ပိုနွေးလာမယ်ထင်ခဲ့တယ်။
တကယ်တမ်းမှာတော့…
မမြင်ရတဲ့ ရေခဲအလွှာတစ်ခုအောက်မှာ တဖြည်းဖြည်း 
အေးခဲသွားတတ်ကြတယ်။
မိသားစုဝမ်းရေးဆိုတဲ့ စကားလုံးက
အဖေ့ကို မွေးရပ်မြေကနေ ခွဲထုတ်သွားခဲ့တယ်။
သားသမီးတွေ ပညာတတ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း
ညီအစ်ကိုတွေကို တမြို့တနယ်စီ ဝေးကွာသွားစေခဲ့တယ်။
တချိန်က....
အိပ်ယာပေါ်မှာ ခေါင်းချင်းဆိုင်ပြီး
ရယ်မောခဲ့ဖူးတဲ့ ညီအစ်ကိုတွေဟာ…
အခုတော့
တစ်ယောက်တစ်မြို့စီမှာ
ကိုယ့်ဘဝကိုယ် ထမ်းပြီး ရှင်သန်နေကြရတယ်။
ဒီလိုနဲ့
နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားခဲ့တယ်။
“ဒီနှစ်တော့ အိမ်ပြန်ဆုံကြရအောင်…”
အမေရဲ့အသံက
ဖုန်းလိုင်းတစ်ဖက်ကနေ နွေးနွေးထွေးထွေး
 ရောက်လာခဲ့တယ်။
အလုပ်က ခွင့်ယူရခက်တဲ့သူက ခွင့်ယူခဲ့တယ်။
စာမေးပွဲနီးနေတဲ့သူက အချိန်ညှိခဲ့တယ်။
ခရီးဝေးသူက ညကားစီးပြီး ပြန်လာခဲ့တယ်။
အဲဒီနေ့အတွက်
အမေက မနက်အစောကြီးကတည်းက ဈေးသွားတယ်။
သားတွေကြိုက်တဲ့ ဟင်းတွေ…
ငယ်ငယ်တုန်းက လုစားခဲ့ဖူးတဲ့ ဟင်းခွက်တွေ…
တစ်ယောက်ကြိုက်တာတစ်မျိုးစီကို မှတ်မိနေသေးတဲ့ အမေက
အိုးတွေ တလုံးပြီးတလုံး မီးဖိုပေါ်တင်ရင်း 
တိတ်တိတ်လေး ပြုံးနေခဲ့တယ်။
“ဒီနေ့တော့ အိမ်မှာ စည်စည်ကားကား ဖြစ်တော့မယ်…”
အဖေကလည်း ထမင်းဝိုင်းအတွက် 
စားပွဲကုလားထိုင်တွေ ပြန်စီရင်း
ပီတိဖြစ်နေခဲ့တယ်။
နှစ်ပေါင်းများစွာ မမြင်ရတဲ့ မြင်ကွင်းတစ်ခု…
မိသားစုထမင်းဝိုင်း စုံစုံညီညီ။
ဒါပေမယ့်…
တကယ်တမ်း ထမင်းစားကြတဲ့အချိန်မှာတော့
အမေ မျှော်လင့်ထားတဲ့ ရယ်သံတွေ မကြားရဘူး။
အဖေ မြင်တွေ့ချင်တဲ့ မြင်ကွင်း‌ကပေါ် မလာဘူး။
“ဟေ့ကောင်… မင်းမှတ်မိသေးလား…”
ဆိုတဲ့ စကားတွေ မရှိဘူး။
ငယ်ငယ်တုန်းကလို
ဟင်းလုစားတာတွေ မရှိဘူး။
တစ်ယောက်နဲ့တစ်ယောက်
အပြုံးပါးပါးလောက်ပဲ ဖလှယ်ကြပြီး 
ခေါင်းငုံ့ကာ ထမင်းစားနေကြတယ်။
ထမင်းဝိုင်းထဲမှာ ဇွန်းနဲ့ပန်းကန် ထိခတ်သံကလွဲပြီး
ဘာသံမှ မကြားရတော့ဘူး။
ထမင်းစားပြီးတဲ့နောက်…
သားတစ်ယောက်က TV သွားဖွင့်ကြည့်‌နေတယ်။
တစ်ယောက်က စာအုပ်ယူဖတ်နေတယ်။
တစ်ယောက်က ဖုန်းကိုပဲ ငုံ့ပွတ်နေတယ်။
အဖေက
သားတွေမျက်နှာကို တစ်ယောက်ပြီးတစ်ယောက် ကြည့်နေတယ်။
အမေကတော့ ထမင်းဝိုင်းသိမ်းဆည်းရင်း
တစ်ခုခုကို နားလည်သွားသလို တိတ်ဆိတ်သွားတယ်။
အိမ်တစ်အိမ်တည်းမှာ ရှိနေကြပေမယ့်
တစ်ယောက်နဲ့တစ်ယောက် မရောက်ကြတော့တဲ့ ကမ္ဘာတွေထဲမှာ
အသီးသီး ရှင်သန်နေကြသလိုပဲ။
တကယ်တော့
အဝေးကြီး ခွဲခွာခဲ့တာက လူချင်းအကွာအဝေးပဲ မဟုတ်ဘူး။
နှလုံးသားချင်း အကွာအဝေးတွေလည်း ဖြစ်နေခဲ့တာပါ။
တချို့သံယောဇဉ်တွေက
မပျက်သွားကြဘူး…
ဒါပေမယ့်
အချိန်ဆိုတဲ့ အအေးဒဏ်အောက်မှာ
တဖြည်းဖြည်း အေးခဲသွားတတ်ကြတယ်။
အဲဒီညက
မိသားစုဝင်အားလုံး စုံစုံညီညီရှိနေခဲ့ကြပေမယ့်…
နွေးထွေးမှုတချို့ကတော့
ရေခဲမှတ်အောက်ကို ရောက်နေခဲ့ပြီ။
              (28-10-2016 နေ့ မိသားစုတွေ့ ဆုံခြင်း အမှတ်တရ)
ဇာတ္တူသား
ဇာတ္တူသား
========
အရက်ဝိုင်းတခုတွင် ဖေါက်ထွင်းဝိဇ္ဇာ သူခိုးနှစ်ဦးသည် စားသောက်ရင်း စကားပြောနေသည်။
"ဟေ့ကောင်..နေပြည်တော်မှာ ကျက်စားနေတဲ့ ပျံလွှားဆိုတဲ့ကောင် မမြင်တာကြာပါပြီလား"
"မမြင်ဆို အဲဒီကောင်က ညက ဖေါက်တယ် မနက်ကြ ရဲ မိသွားပြီး ဝင်လိုက် ထွက်လိုက်နဲ့ ဂျေး ထဲမှာဘဲ နေထိုင်ရတာကိုဗျ "
" ဒီကောင် တော်တော် မပိရိတာဘဲ ဘယ်လိုအိမ်တွေ ဖေါက်သလဲကွ"
"ဒီကောင်က အရာကြီး အရာခံ ကြီးအိမ်တွေမှ ရွေးဖေါက်ခိုးတာဗျ "
"ဟေ ! ဒီကောင် သူခိုး သစ္စာတော်တော် မဲ့တာဘဲ -"
" ဘာဆိုင်လို့လဲဗျ "
" ဟ ဇာတ်တူသား စားမှတော့ မိတာ နည်းတောင် နည်းသေးတယ်"
         စေ့စေ့တွေးမှ ရေးရေးပေါ် ဟာသအမြင်လေးဖြင့်သာ ပျော်ရွှင်နိုင်ကြပါစေကုန်-  တိုဟူး
Promotion
Promotion
မနီ = ဟဲ့ ... မချို ညီး ရုံးကအပြန်
မျက်နာလည်း မကောင်းပါလား ...ဘာဖြစ်လို့လဲ?
မချို = ဟုတ်တယ် အန်တီ....
သမီးအမျိုးသားက သမီးကို ရာထူး တိုးပေးမယ်ပြော လို့ပါ့။
မနီ = ဟဲ့ ရာထူးတိုးပေးမယ်
ပြောတဲ့ဟာ ညီးက ဘာဖြစ်လို့ မျက်နာပျက် နေရတာလဲ ..
 ဘာလည်း ငါတို့ ကို မုန့်ကျွေးရမှာစိုးလို့လား...
မချို = မဟုတ်ပါဘူး အန်တီရဲ့
            အခု ဟာက မယားကြီး ရာထူး ရှင့်.....
                                                  တိုဟူး
မျက်နာလည်း မကောင်းပါလာ့း ဘာဖြစ်လို့လဲ?
မချို = ဟုတ်တယ် အန်တီ့
သမီးအမျိုးသား MDက သမီးကို ရာထူး တိုးပေးမယ်ပြော လို့ပါ့။
                                                  တိုဟူး
မမ" ရဲ့အင်၈ျင်နီယာကြီးကိုပြာလောင်
မမ" ရဲ့အင်ဂျင်နီယာကြီး ကိုပြာလောင်"
====================မောင်ဦး-(တိုဟူး)
" ပြစမ်းပါဦး ရှင့် အသုံးစာရင်းတွေ--ဒီတခါ မဟုတ်တာတွေ သုံးစွဲလာရင် ရှင်နဲ့ ကျမ တွေ့မယ်"
 အငယ်တန်း အင်ဂျင်နီယာ ကိုပြာလောင် တယောက်  အိမ်ရောက်ရောက် ခြင်း ချစ်ဇနီးသည် မမ ၏ ဆီးကြို ဟောက်သီးကျွေးသံကြောင့် မျက်နာတချက် ပျက်သွားတယ်။
ဒီနေ့ ရုံးမှာ လက်အောက်ငယ်သား တွေကို ဆူပူကြိမ်းမောင်းခဲ့လေ သမျှ အိမ်ပြန်ရောက်သည်နှင့် ချက်ခြင်း ဝဋ်လည်ပြီးလို့ စိတ်ထဲ တွေးနေမိတယ်။
ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတဲ့ မြတ်ဗုဒ္ဓ တရား က ကိုပြာလောင် အတွက် ကွက်တိ ဖြစ်နေပါရောလား။
ကိုပြာလောင် တယောက် လုပ်ငန်းခွင်မှာ ခြင်္သေ့လို ဟိန်းဟောက် နိုင်ပေမဲ့ အိမ်မှာ ကြွက်ကပင် ဂရုမစိုက် တဲ့ ကြောင်အိုပြောရမလား မသိ။
မမ ၏ ရှေ့၌ မခုတ်တတ်သည့် ကြောင်အလား အမြီးပင် မနံ့ရဲပေ။
မမ ကို အရမ်းကြောက်သလားလို့ မေးလျှင် ချစ်လို့ အလိုလိုက်ထားတာပါလို့ အရှက်မရှိ စပ်ဖြဲဖြဲ ဖြေဆို လေ့ ရှိသည်ကို တွေ့ရပါသည်။
အခုလည်း ချစ်ဇနီးသည် မမ က ငွေကြေးကိစ္စ ကို လေသံ မာမာဖြင့် မေးလေသည်နဲ့ ကိုပြာလောင် မျက်နာ ဇီးရွက်ခန့်ရှိတော့သည်။
" ဟီး ဘာမှ ပိုမသုံးပါဘူး မိန်းမရယ်"
ငွေစာရင်း စာအုပ်ကို မမ ထံ ထိုးပေးပြီး သွား ၃၂ချောင်းပေါ်အောင် ဖြဲပြနေတဲ့ ကိုပြာလောင်ရဲ့ မျက်နာက မနားတမ်း ဝါးထားသည့် ကွမ်းယာကြောင့် သွေးစုတ် ဖုတ်ကောင် မြင်ရသလိုပင် အကြည့်ရ ဆိုးလိုက်ပါဘိ။
ဘုတ်အုပ်ကို ဆောင့်အောင့် ဆွဲယူပြီး မျက်စောင်း တချက်ပြစ်လိုက်သည့် ဇနီးသည် မမ ရဲ့ အကြည့်ကြောင့် ကိုပြာလောင် ရင်ထဲ လျှပ်စစ်ဗို့အား ဝပ်တစ်ထောင် အတို့ခံရသလို ပါဘဲ။
ချွေးများပင် ပျံလာတယ်။
ချွေးပျံနေသော မျက်နာကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပါတယ်။
ကိုပြာလောင် တစ်ယောက် ဒီနေ့မှ ချွေးပိုထွက် နေသလားမသိ။
 လက်ကိုင်ပုဝါ ဖြင့် ထပ်ခါ ထပ်ခါ ပွတ်နေမိတယ်။
ဟုတ်ပါတယ် ။
ဒီနေ့ ကိုပြာလောင် တိုင်းရုံးမှ လုပ်ငန်းသုံးငွေ ထုတ်လာ ပြီး  လုပ်အားခများ ပေးစရာရှိတာပေး ရှင်းစရာ ရှိတာ ရှင်းပြီး ပိုလာသည့် ငွေကို အိမ်ပြန် သယ်လာခြင်းဖြစ်သည်။
 အိမ်ပြန် အရောက်မှာ ချစ်ဇနီး မမ ၏  စာရင်းရှင်းလင်းပွဲကို တက်ရသည် ဆိုပါတော့။
 စာရင်းရှင်းလင်း သည်ဆိုသည်ထက် မမ ၏ အထူးစုံစမ်းစစ်ဆေးခြင်းခံယူရခြင်း ဖြစ်တယ်လို့ ပြောရင်   ပိုမှန်ပါတယ်။
 ငွေထုတ် လာတိုင်း ဇနီးသည် မမ ၏ နုတ်ခမ်း တဆူဆူဖြင့် မေးတငေါ့ငေါ့ဖြင့် စုံစမ်း မေးမြန်း ခံရသည် မှာ ထုံးစံ လိုဖြစ်နေပါသည်။
 အစစ်အဆေးခံမည့်သူနဲ့ စစ်ဆေးရေးဝင်သူပါ မျက်နာထားများက  မကောင်း။
"ထုတ်ငွေ က ဟုတ်ပါပြီ အသုံးစာရင်းကော"
ဇနီးသည် မမ၏ အသံက မာသည် ဆိုရမလား။
ပြတ်သည် ဆိုရမလား။
အစာ မကျေလည် သည်မှာ သေချာသည်။
မမ မျက်နာထားက အိမ်စာ မလုပ်ခဲ့ သည့် မူလတန်းကျောင်းသားကို ရိုက်တော့မည့် ဆရာမ ဒီဇိုင်း။
လက်ထဲတွင် ဒုတ် မကိုင်ထားသည်က ကံကောင်းပေသည်။
ကိုပြာလောင် ၏ တုံးတိတိ အသံက ညောင်နာနာ။
ရက်ရှည် လများ ထမင်းမစားရသည့် လေသံအလား။
"percent (ရာခိုင်နှန်းဖြတ်ငွေ)ထုံးစံအတိုင်း ဟုတ်ပါပြီ သင်္ကြန်ကြေးဆိုတာက ဘာလဲ?"
ဇနီးသည် မမ ၏ ပထမဆုံးမေးခွန်းကြောင့် ကိုပြာလောင် ခဏတွေဝေသွားသည်။ပြီးမှ
"သင်္ကြန်ကြေးဆိုတာက ရုံးချုပ်က စာရေးမတွေ သင်္ကြန်ရေကစားဘို့ ပေးရတဲ့ငွေ-အဲအဲ--လှူတဲ့ ငွေပါ"
ဟု တလုံးချင်းဖြေလိုက်တယ်။
မမ မှာ ကိုပြာလောင်၏ ဖြေရှင်းချက် ကို သဘော မကျသော်လည်း ဘာမှပြန်မပြောဘဲ
မေးခွန်း ၂ ကို ဆက်ထုတ်တယ် ။
"ဂါငွေ ဆိုတာဘာလဲ"
"ဂါငွေဆိုတာ အဘကို ဂါဝရ ပြုတာ  ကန်တော့တဲ့ငွေကိုပြောတာပါ "
"ရှင်--ရှင့်အဘ လည်း ဆုံးတာကြာပြီ ကျမ အဘလည်းမရှိဘူး --ဘယ်က ပထွေး အဘလဲ?"
 ဇနီးသည် မမ၏ နောက်ဆက်တွဲ မေးခွန်းက မကျေနပ်သော လေသံ။
" အဘ ဆိုတာ ရုံးချုပ်က ဆရာ့ ဆရာကြီးတွေ ကို ခေါ်တာလေကွာ--ဒါလေးတောင် မသိဘူးလား"
ကိုပြာလောင်တစ်ယောက် အရဲစွန့်ပြီး တချက်ကွန့် ဖြေလိုက်တယ် ဆိုရင်ဘဲ ဇနီးသည်မမ ရဲ့ မျက်စောင်းထိုးအကြည့်က ကိုပြာလောင်အပေါ်  ဒုတိယ အကြိမ် ကျလာတယ်။
နဂါးဆို ကိုပြာလောင် မီးလောင် ပြာကျလောက်ပြီ။
" မသိလို့ မေးတာပေါ့ရှင့် -- သိရင် လေကုန်ခံ မေးမနေဘူး --ထားပါ--ခေါစာပြစ် -- ငွေ ဆိုတာက ဘာလဲ"
လာပြန်ပြီ တတိယ မေးခွန်း။
"ခေါ်စာပြစ်ငွေ" တဲ့
ကိုပြာလောင်တယောက် ကိုယ့် အဓိပ္ပါယ် ကိုယ့်ဘန်း  စကားဖြင့် စာရင်းသွင်း ထားသည်ကိုက မှားလေပြီ။
 မတတ်နိုင်ပါဘူး။
မမ နားလည်အောင် ရှည်လျားစွာ ထုချေ ရှင်းပြလေမှ ကိုယ်ပြာလောင် သက်သာရာ ရပေလိမ့်မည်။
" ဒို့ရွာမှာ ဓလေ့ တခုရှိတယ် ဆိုတာ မင်းသိမှာပါ မကောင်းဆိုးဝါး သရဲ တစ္စေ ပြိဿာ မှင်စာတွေက ကိုယ့်မိသားစု ( သို့မဟုတ်)ကိုယ့်ကလေး ကို  အန္တရာယ်မပေးအောင် ဘေးရန်ကင်းအောင် ဆိုပြီး ဖက်ရွက်လေးပေါ်မှာ ထမင်းဟင်းလေးပုံ   ရွာခြံစည်းရိုးဘေးမှာချ --လာပါ -- စားပါ ဆိုပြီး သရဲ တစ္ဆေ တွေကိုကျွေးတာကို ခေါစာပြစ်တယ် လို့ ခေါ်တယ်ကွ--အခုလည်း ငါတို့ အလုပ်လေး အဆင်ချောအောင် --ချောက်(ဂျောက်)မတွန်းအောင် လူကြီးရဲ့ ပြာတာ တို့ -ဒါရိုင်ဘာတို့-ထမင်းချက်တို့ စာရေး စာချီတို့ကို ပေးတဲ့ ငွေကို ခေါစာပြစ်ငွေ လို့ပြောတာပါ မိန်းမရယ်"
ကိုပြာလောင်၏ စကားအဆုံးတွင် ချစ်ဇနီးသည်မမ မှာ မရယ်(  ရီ ) မိအောင် မနည်း စိတ်ကို ထိန်းချုပ်လိုက်ရလေ သလား မသိ။
စာအုပ်ဖြင့် မျက်နာကို ကွယ်ကာ တဖက်သို့ လှည့်သွားသည်။
ပြီးမှ မေးခွန်း နံပါတ်လေးဆိုပြီး မရှင်းသည်ကို ဆက်မေးပြန်သည်။
" ရှင်--ဘုရား တရား မလုပ်ဘဲ --ဗေဒင်ယောင်ယောင် နတ်ကတော် ယောင်ယောင် အလုပ်တွေ လုပ်နေတာလား--ယစ်ပူဇော်ငွေ ဆိုတာဘာလဲ ? "
မမ ၏ စကားအဆုံးတွင် ကိုပြာလောင်မှာ ပြာသလဲလဲဖြင့် လက်ကာပြကာ
" မဟုတ်ရပါဘူး မိန်းမရယ်-- ဟိုဆရာကြီးကို ပေးရတဲ့ ငွေကိုပြောတာပါ--အရက်မူးပြီး ဉာည့်နက် သန်းခေါင်  ဖုန်းဆက်ဆက်ပြီး လှမ်းလှမ်း ရစ်တဲ့ ဆရာကြီးတို့ လုပ်ငန်းခွင်မှာ အပြစ်မရှိ အပြစ်ရှာ ရစ်တဲ့ ဆရာကြီးတို့ကို ပေးရတဲ့ငွေ ယစ်ပူဇော်ငွေလို့ ပြောတာပါ"
ဇနီးသည်မမ မှာ လင်တော်မောင် ကိုပြာလောင် အား အရက်မူးသမားဆရာ၏ မကြာခဏ ရစ်ပတ် ဆူဆဲခံရခြင်း အချိန်မရှိ အချိန်ရှိ  စာရင်းဇယား အမျိုးမျိုးတောင်း ပညာပြ ခံ နေရသည်ကို သိရှိထားလေသဖြင့်
" အင်း သူတို့လည်း ယစ်ပူဇော် ရမှာ ပေါ့လေ"
  'မမ '၏ စာနာတတ်သော မချိတင်းကဲ လေသံကြောင့် ကိုပြာလောင် အားရှိသွားတယ် ။
 ဒါနဲ့တင် ဇနီးသည် မမရဲ့  အင်ကွာရီက အဆုံး မသတ်နိုင်သေးဘူး--
"ဘောမ --ငွေ --ဘောမ ငွေဆိုတာက ဘာလဲ"  တဲ့။
" ဟဲဟဲ အဲဒါက လူကြီးရဲ့ တောက်တိုမယ်ရလုပ်တဲ့သူ (   သို့ )သူတို့ကို သူတို့ PSO လို့ နာမည်ပေးထားသူကို ပေးရတဲ့ ငွေကို ဘောမငွေလို့ ပြောတာပါကွာ-- အဲ နောက်ပြီး နတ်ဆိုးအတွက် သုံးစွဲငွေ ဆိုတာ တွေ့လား" အဲဒါ စား.. ရင်း... စစ်တဲ့ စာရင်းစစ်ကို ကျွေးမွေး ဧည့်ခံပေးကမ်းတဲ့ ငွေကိုပြောတာကွ-
လူကို ကောင်းကျိုးသာ မပေးနိုင်တာ-- ဆိုးကျိုး ပေးတတ်တာက နတ်ဆိုးဘဲ မဟုတ်ဘူးလား   "
ကိုပြာလောင်၏ စကားအဆုံးတွင်
ဇနီးသည် မမ တယောက်  ပေါက်ပေါက် ရှာရှာ ငွေစာရင်း ခေါင်းစဉ် အမျိုးမျိုးတပ်ထားသည့် လင်တော်မောင် ကိုပြာလောင်ကို စိတ်ထဲက ကြိတ်ချီးကြူးနေသလား မသိ။
မျက်နာက မချို မချဉ်။
" ရှင့် အလုပ်ကလည်း ဆင်သတ်ပြီး အရပ် ဝေနေရတဲ့ အလုပ်ပါလား -- ရှင့်မှာ ဘာကျန်သေးလဲ-- ဒီပုံစံဆို ရှင်ငွေလိုတိုင်း ပြေးပေါင်နှံထားရတဲ့ ကျမ အထည်ပစ္စည်းတွေ ဘယ်လိုလုပ်ရွေးမလဲ"
မမ ၏  နောက်ဆုံးမေးခွန်းကို ကိုပြာလောင် ဘယ်သို့ ဖြေရပါ့။
" ပြောလေ ရှင်မှာ ဘာကျန်သေးလဲ"
"တထောင် တော့ ရှိပါသေးတယ်" 
ကိုပြာလောင်ရဲ့ အရင်းမပါ အဖျားမပါ ယောင်ယောင် မှားမှား ဖြေသံ အဆုံးတွင် ဇနီးသည် မမရဲ့အော်ဟစ် ဆူညံ ပေါက်ကွဲသံကြောင့် ကိုပြာလောင် တယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ညစာပါ ငတ်ကိန်းဆိုက်လေပြီ။
မဟေသီ၏ ကြိမ်းမောင်းသံကို ကြည့်ပါဦး။
" ရှင့် မှာ တစ်ထောင်တံ ဘဲရှိတော့သလို ကျမလဲ  အမေပေးတဲ့ မွေးရာပါ 'လယ်တကွက်' ဘဲရှိတော့တယ်ရှင့် နောက်တခါ အဲဒီ လယ်ကွက်ကြီးပါ ပေါင်ရရင် ရှင် ညစာငတ်ပြီ မှတ်ပါ "  တဲ့။
မှတ်ချက်။    ။ လယ်ကွက် အသစ်များ အပေါင်ခံသည်။
ပျော်ရွှင်ကြပါစေ ကိုရွှေအင်ဂျင်နီယာတို့
EQUALITY
EQUALITY
                         တိုဟူး တိုဟူး
လူ - လူချင်း တူညီကြသော်လည်း ဘဝခြင်း ကွာခြားချက်များသည် 
မညီမျှ မှုဆိုသည်က တရားခံပေလား။
ကြေကွဲစရာတွေ့မြင်ရလျှင် ဖြေသိမ့်စရာက ပိုစ့်တင်ယုံက 
လွဲလို့ အခြားမရှိပါဘူး။
ဒါကြောင့် ---
အချိန်က ညနေ ၄နာရီခန့်။
အမြန်လမ်း မိုင်တိုင် ၂၆၇/၁။
မန္တလေး မှ နေပြည်တော်အပြန်ခရီးမှာပေါ့။
လွယ်အိပ်များ လွယ်ကာ ထမင်းဂျိုင့် ကိုယ်စီကိုင်ထားသည့် ကလေးသုံးယောက်က အရှိန်နှင့်ပြေးလာသော ကျွန်တော့ ကားကို လက်ပြတားတယ်။
သူတို့ပုံစံကြည့်ပြီး ကျောင်းသားလေးတွေဆိုတာ မပြောဘဲနှင့် သိသာတယ်။
အိမ်နှင့်ကျောင်းကို ခုနှစ်မိုင်ခန့် လမ်းလျှောက်သွားပြီး စာသင်နေရသည့် ခလေးတွေပေါ့။
သူတို့လေးတွေကြည့်ပြီး ကျွန်တော့ သားအငယ်ကောင် ကိုသွား သတိရ မိသည်။
ဒီအချိန်ဆို ကျောင်းလာကြိုတဲ့ ဖယ်ရီကားဖြင့် အိမ်ပြန်နေချေပြီ။
ဇနီးသည်က သားငယ် ကြိုက်နှစ်သက်မည့် အစားအစာပြင်ဆင်ကာ စားပွဲဝိုင်းမှ ထိုင်စောင့်နေပေမည်။
သားငယ်ရဲ့ သူငယ်ချင်းက သူ့အမေ ကိုယ်တိုင်မောင်းပြီး လာကြိုသည့် နောက်ဆုံးပေါ် ကားပေါ်တွင် ရေခဲမုန့် စားလျှက် ပြန်နေရော့မည်။
သားတို့ ကျောင်းရှေ့တွင် ကျောင်းကြို ကားကြီး ကားငယ်များ ရှုတ်ရှက်ခတ်နေမည်ကိုလည်း မြင်ယောင်နေမိသည်။
ကျွန်တော် သည် ပေါ်လာသည့် အတွေးမျာကို ဖြတ်ကာ ကားကို လမ်းဘေး ထိုးချပြီး ရပ်ပေးလိုက်သည်။
ရပ်သည့်နေရာက သဲပြင်စပ်စပ်နေရာဖြစ်သည်။
ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးပြီး တက်ကြ တတ်ကြ ဟု 
ကလေးများကိုခေါ်နေမိသည်။
ကားပေါ် မညစ်ပတ်စေရန် ဖိနပ်တွေ ခါတက်- ခါ တက်လို့-ပြောရန် 
သူတို့ခြေထောက်သို့ ကြည့်လိုက်မိသည်နှင့် ကျွန်တော် ပါးစပ် 
ဆွံ့အ သွားသည်။
တွေဝေသွားသည်။
ရင်ထဲမှာပြောမထွက်။
မြင်လိုက်ရသည် မြင်ကွင်းသည်.....
သုံးယောက်ပေါင်းမှ-- တစ်ဦးတည်းတွင်သာ--ဖိနပ် တစ်ရံတည်း။
မိုးကအေးအေး တေးသွားက ဆွေးဆွေး အရှိန်နှင့်ပြေးနေသည့် ကား
နောက်မှာ အတွေးများက အဝေးမှာ ကျန်ရစ်ခြင်းနှင့် အတူ ကျွန်တော်
ငယ်စဉ် ဘဝလေးသည်လဲ....?။
အလကားလူ -လူပို
အလကားလူ -လူပို
==========
ဒီနေ့ ရုံးမှာ ခရီးဝေးမှ ပြန်ရောက်လာလို့ ကားပေါ်က မဆင်းရသေးဘူး
" ဘယ်က လာတာလဲ" လို့ အဖိုးကြီးတစ်ယောက်က  မေးတယ်။
ကျုန်ပ်လည်း "မသိဘူး" လို့ ယဉ်ယဉ်ကျေးကျေးကျေး ပြန်ဖြေမိပါတယ်။
အဖိုးကြီး သာဓု သုံးကြိမ်ခေါ်တယ်။
ကျွန်ုပ်နှင့်အတူပါလာသော ကျွန်ုပ်မိတ်ဆွေက "ရန်ကုန်ကပါ"ဆိုပြီး ကြားဖြတ်ဝင်ဖြေတယ်။
အဖိုးကြီး သူ့အဖြေ ကြားလိုက်သည်နင့် လက်ကာပြတယ်။
ပြီး အဖိုးကြီးက ကျွန်ုပ်ကို စိုက်ကြည့်ပြီး "ဘယ်သွာမှာလဲ" လို့ ဆက်မေးတယ်။
ကျွန်ုပ်က ယဉ်ယဉ်ကျေးကျေးဘဲ "မသိဘူး" လို့ တိုတိုတုတ်တုတ် ဖြေလိုက်တယ်။
အဖိုးကြီး ဒုတိယ အကြိမ် သာဓုသုံးကြိမ် ဆိုပြန်သည်။
ကျုန်ုပ် မိတ်ဆွေမှာ ကျွန်ုပ်၏ အဖြေကြောင့် ကျွန်ုပ်အား ဘုကြည့်ကြည့်ကာ မကျေနပ်လေသည်လား မသိ။
"ရန်ကုန်ကပြန်ရောက်လို့  ရုံးပေါ်သွားမှာ အဖိုးကြီး" ကြားဖြတ်ဝင် ဖြေလေသည်။
အဖိုးကြီး မှ ဒုတိယ အကြိမ် သူ့အား လက်ကာပြပြန်သည်။
ကျွန်ုပ်မိတ်ဆွေ မှာမူ သူ့အဖြေအပေါ် အဖိုးကြီးမှ သာဓု မခေါ်သည့် အပြင် လက်ကာပြနေသဖြင့် အောက်သက်သက် ဖြစ်ပုံရသည်။
နှတ်ခမ်းကြီးဆူနေသည်။
အဖိုးကြီးသည် ကျွန်ုပ်ဖက်လှည့်ပြီး " ဘယ်တော့ သွားမှာလဲ" ဟုဆက်မေးပြန်သည်။
ကျွန်ုပ်မှ ယခုမေးခွန်းကိုလည်း " မသိဘူး"ဟု တခွန်းတည်း ဖြေလိုက်သည်။
အဖိုးကြီး သာဓု သုံးကြိမ် ခေါ်ပြန်သည်။
ကျွန်ုပ် မိတ်ဆွေမှ အခုသွားမှာလေ အဖိုးရဲ့ ဟုကြားဖြတ် ဝင်ဖြေပြန်သည်။
အဖိုးကြီး မှာ သူ့အဖြေကြားသည်နှင့် လက်ကာပြပြန်သည်။
ကျွန်ုပ်၏ မိတ်ဆွေမှာ အဖိုးကြီး နှင့် ကျွန်ပ်တို့ ၏ အပြုအမူကြောင့် ကျေနပ်ဟန် မရှိ။
အဖိုးကြီးသည် ကျွန်ပ်အား ပြုံးရွှင်စွာ ကြည့်ကာ "သွားရမှာကော သိသလား" ဆက်မေးပြန်သည်။
ကျွန်ုပ်မှ နောက်ဆုံးမေးခွန်းကိုဘဲ သွားရမှာသိပါတယ် အဖိုးရယ် လို့ ဖြေလိုက်သည်နှင့် အဖိုးကြီးမှ သာဓု သုံးကြိမ် ခေါ်ပြန်သည်။
ဘေးမှာ မကျေမနပ်နှင့် ရပ်နေသည့် ကျွန်ုပ် မိတ်ဆွေမှ ကျွန်ုပ်အား လက်ညှိးထိုးပြီး " ဒီလူက အလကားပါ အဖိုး ရာ သွားရမှာ မသိပါဘူးဗျာ ခရီးထွက်ခါနီးမှ သိတာပါတဲ့။
အဖိုးကြီး သည် သူ့အဖြေ မဆုံးမှီ လက်ကာပြပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ကျွန်ုပ် မိတ်ဆွေမှာ အဖိုးကြီးအား မကျေမနပ်ဖြင့် အဖိုးကြီးရှေ့သွားရပ်ကာ မေးလေသည်။
"နေပါဦး အဖိုးရဲ့ သူ့ကျတော့ မသိဘူး သိတယ်ဖြေယုံနဲ့ သာဓု ခေါ်တယ်။ ကျုပ်ကကျတော့
-ဘယ်က လာလဲမေးလို့ ရန်ကုန်ကလာတယ် ။
-ဘယ်သွားမှာလဲ မေးလို့ ရုံးပေါ်သွားမယ် ။
- ဘယ်တော့ သွားမလဲ မေးလို့ အခုသွားမယ်။
-သွားရမှာ သိသလား မေးလို့ မသိဘူး ဖြေတယ်
အဲဒါ မမှန်ဘူးလား သူကျတော့ သာဓုခေါ်ပြီး ကျုပ်ကျတော့ လက်ကာပြတယ်။ အဲဒါ ဘာသဘောလဲ"
ဟု မကျေမချမ်းဖြင့် မေးလေသည်။
အဖိုးကြီးသည် ကျွန်ုပ်မိတ်ဆွေအား တချက်စိုက်ကြည့်ပြီး ဟားတိုက်ရယ်လေသည်။
ဟားဟား ....မင်းက သူကျတော့ အလကားလူတဲ့။
မင်းကမှ တကယ့် အလကားလူကွ အဲဒါကြောင့်လဲ မင်းကလူပိုကြီး ဖြစ်နေတာကွ--
ငါမေးတာက ဘယ်က လာသလဲ မေးတာက မင်း ဘယ်ဘဝက လာသလဲ မေးတာကွ ။
မင်းသိလား။
လူဆိုတာ ဘယ်ဘဝ လာတယ်ဆိုတာ ဘုရားမှအပ မည်သူမှ ကိုယ့်ဘဝကို ဘယ်ကလာမှန်းမသိဘူးကွ။ မှတ်ထား။
ဘယ်သွားမှာလဲ မေးတာက ကိုယ်သေရင် ဘယ်ဘဝရောက်မယ် ဘယ်သွားမယ် ဆိုတာမေးတာကွ။ မင်း သိလား။
ဘယ်တော့ သွားမလဲ မေးတာက ဘယ်ချိန်သေမလဲ ဘယ်တော့ ဘဝတပါးသွား မလဲ မေးတာကွ ။
မင်းသိလား မင်းသေရမည့်အချိန်သိလား ဖြေစမ်း။
သွားရမယ်ကောသိသလား မေးတာက ကံကုန်ရင် သေမယ် ဆိုတာ သိလားမေးတာကွ။
မသိဘူးဆိုရင် မင်းငတုံးဘဲကွ ။
လူဆိုတာ အိပ်စားကာမ သိယုံတင်ဆို လူမဟုတ်ဘူးကွ။
လူ့ပြည်မှာနေတဲ့ လူပိုဘဲကွ။
မင်းကမှ တကယ့် အလကား လူကွ ဟားဟား ဟား.....
 အဖိုးကြီးသည် ဟားတိုက်ရယ်မောရင် ကျွန်ုပ်အနားမှ ထွက်ခွာ သွားလေသည်။
အရှင် ဒေါက်တာနန္ဒမာလာ ဘိဝံသဆရာတော်၏ တရားကို မှီငြမ်းကိုးကားညွှန်းဖွဲ့သည်။
                                                                            တိုဟူး တိုဟူး
လွမ်းမိပါသည် ငွေတောင်ပြည်
လွမ်းမိပါသည် ငွေတောင်ပြည်
===============    ( တိုဟူး)
ချစ်ဦးသူရဲ့လက်ဖျားလေးကို ထိတွေ့ကိုင်ခွင့်ရသည် first time အချိန်လေးသည် လည်းကောင်း--
ရင်ထဲမှာ ဒိန်းတလိမ်းနတ်ဖမ်းစားသလို ရှိန်းတိမ်း ဖိမ်းတိမ်း ခံစားရသည့် မင်္ဂလာဦးည၏ first time အချိန်လေးသည် လည်းကောင်း--
ဘဝရဲ့ မမေ့နိုင်သော အစိတ်အပိုင်းလေး ရှိခဲ့ဖူးကြမှာပေါ့။
ထိုအပြင် မရောက်ဘူးသောဒေသ မသွားဘူးသောနေရာ ဒေသန္တရ သို့ ပထမဦးဆုံး အကြိမ် ရောက်ရှိပြီး ထိတွေ့မြင်ရသည်မှာ ဖေါ်မပြနိုင်အောင် ဝမ်းသာကြည်နှုးသလို တသက်တာ အမှတ်ရစရာ တခုဆိုလျှင်လည်း လက်ခံမယ်လို့ ထင်ပါတယ်။
ယခင်အပါတ် ခရီးမထွက်ခင် နှစ်ရက် သုံးရက်ခန့်က သွားလာရမည့်ခရီးစဉ်ကို ကြည့်ပြီး တော်တော် စိတ်ပျက်မိသည်။
လူ့စိတ်ဆိုတာကလည်း အခက်သား။
သွားလာဖူးသည့် ဒေသ- မကြာခဏရောက်လေ့ရှိသည့်နေရာ-
ဖြစ်လျှင် မသွားချင် မလာချင်ပေ။
စိတ်ထဲက သွားလာ ရမည်ကို ဝန်လေးနေမိသည်။
ယခုအပါတ် ခရီးစဉ် အဖြစ် စစ်ကိုင်း ကသာ သို့မဟုတ် ပုဂံ ပခုက္ကူ သွားရမည်လို့ အစ ပထမ သိထားတယ်။
ဒီဒေသတွေက ကျနော့်အတွက် ချောင်းပေါက်အောင်သွားလာနေသည့် အရပ်ဒေသ ဖြစ်သည်။
ထို့ကြောင့် သွားလာရမည်ကို စိတ်ထဲ လေးလံနေခဲ့သည်။
မတတ်နိုင်ဘူး။
ဝန်ထမ်းဆိုတော့ သူ့ဆန်စား ရဲမှ ဆိုသလို အချိန်တန်လျှင် စိတ်မပါလည်း သွားရပေမည်။
ဒါပေမဲ့ ဝန်ထမ်းဆိုတဲ့ အတိုင်း အချိန်မရွေးပြောင်းလဲနေသော မိုးတိမ်တောင်လိုဘဲ ခရီးထွက်မည့် နေ့မှ ခရီးစဉ်က ပြောင်းလဲ ထွက်ပေါ်လာတယ်။
ယခုသွားရမည်က ကယားပြည်နယ် လွိုင်ကော်တဲ့။
ကျနော် တသက်နှင့် တကိုယ် မရောက်ဖူးသေး သောဒေသ ဖြစ်နေသည်။
သည်ဒေသသည် ကျနော့် အတွက် first time. ပထမဆုံး အကြိမ်။
မြန်မာနိုင်ငံရဲ့ တိုင်းနှင့် ပြည်နယ်များ၏ မြို့တော် များသို့ သွားရောက်ဘူးသော်လည်း ကယားပြည်နယ် မြို့တော် လွိုင်ကော်သို့ လုံးဝ မရောက်ဖူးချေ။
ငယ်ရွယ်စဉ် ကတည်းက အလည်အပါတ် ရောက်ချင်နေသော ဒေသဖြစ်သည်။
ပြီး ကျနော် အရမ်းတွေ့ချင်နေသော သူနှင့်လည်း တွေ့ရတော့မည်။
ထို့ကြောင့် ကျနော် အရမ်း ပျော်သွားသည်။
နေပြည်တော်မှ လေးနာရီခန့် ကားစီးသွားသည်နှင့် ၁၂၁မိုင်ဝေးသော တောင်ပေါ်မြို့ဖြစ်သည့် ကလောသို့ ညခုနှစ်နာရီ ခန့်ရောက်ပြီး ညအိပ်တယ်။
ကလောမှ မနက် ခုနှစ် နာရီတွင် ၁၀၂.၅၃ မိုင်ဝေးသော လွိုင်ကော်သို့ ဦးတည်ထွက်လာသည်။
လမ်းတွင် ပင်လောင်း ဖယ်ခုံ မိုးဗြဲ စသည်ရှမ်းပြည်နယ်၏ သတ်ရပ်သန့်ရှင်းပြီး စည်ကားဝေစီနေသော တောမြို့ကလေးများကို ဖြတ်သန်းသွားရသည်။
ခေတ်မှီ ကားကြီး ကားငယ်များ ထော်လာဂျီ များ နှင့်အတူ ဆိုင်ကယ်များလည်း ဦးဒဟို သွားလာနေကြသည်ကို တွေ့မြင်ရသည်။
လမ်းခရီးစဉ် တလျှောက်တွင် အညာဒေသကဲ့သို့ ခြောက်သွေ့သွေ့ တောင်ကုန်းများ တဲအို တဲစုတ်များ ပလပ်စတစ်အမှိုက်များ သိပ်မတွေ့ရပေ။
ဗြုံးအုတ်များဖြင့် လေးထောင့် စပ်စပ် တည်ဆောက်ထားသော ရိုးရိုးရှင်းရှင်း နှစ်ထပ် တစ်ထပ် တိုက်အိမ်များကိုသာ သတ်သတ် ရပ်ရပ် အတွေ့ရ များသည်။
အထက်အောက် အနက်ရောင်ဝတ် ပအို့ တိုင်းရင်းသူ အမျိုးသမီးများနှင့် ခေါင်းပေါင်း ဆောင်းထားသော ပအို့ အမျိုးသားများကိုလည်း အတွေ့ရများသည်။
မှို င်းပြပြ မိုးတိမ်တောင် အောက်တွင် တွေ့မြင်ရသော တောင်တန်း တောင်စွယ်များ လှေကားထစ် တောင်ယာစပါးခင်းများနှင့်အတူ တမျှော်တခေါ်သီးနှံ စိုက်ခင်းမျိုးစုံ၏ ရှုခင်းအလှ သည် ပန်းချီဆရာကြီး ပီကာဆို လက်မှိုင် ချလောက်ပါပေသည်။
လမ်းတွင် မြင်တွေ့ရသမျှ သည် ကျနော့်အတွက် အသစ်အဆန်းတွေ ကြီးဖြစ်နေသည်။
မြန်မာနိုင်ငံတနိုင်ငံလုံးကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော မိုးဗြဲ ဆည်၏ အလှသည် လာရောက်ကြည့်ရှု့သူ ကင်မရာများ၏ ရိုက်ချက် အောက်တွင် ဆူညံနေသည်။
ကလောနှင့် လွိုင်ကော် ၁၀၂ခန့်သာ ဝေးကွာသော်လည်း တောင်ဆင်း တောင်တက်နှင့် နားနားနေနေ ကားမောင်း လာသဖြင့် ညနေ၃နာရီခန့် အချိန်မှသာ ကယားပြည်နယ်၏ မြို့တော် လွိုင်ကော် သို့ရောက်ပေသည်။
လွိုင်ကော်သို့စတင် ဝင်ရောက်သည်နှင့် ကျနော် ငယ်စဉ် ကတည်းက စွဲလန်းခဲ့ရသော ကိန္နရီ ကိန္နရာ မောင်နှံ၏ အကဖြင့် စီးကြိုျနေသော ရုပ်ထုကို စတင်တွေ့သည်။
ကျနော် မြင်တွေ့လိုသောသူ ကိုလည်း သွားနေရင်း လမ်းဘေးဝဲယာသို့ မသိမသာ ရှာနေမိသည်။
မတွေ့။
မြို့ထဲ စရောက်သည်နှင့် ကိန္နရီ ကိန္နရာ မောင်နှံနှစ်ဖေါ်ကို လမ်းအဝိုင်းပတ် အလည်တွင် ဒုတိယအကြိမ် ထပ်မံ တွေ့မြင်ရပြန်သည်။
ကျနော် ငယ်စဉ် ကတည်းက ပုံပြင်နှင့် ဇာတ်သဘင်များတွင်ကြည့်၍ စွဲလန်းခဲ့ရသော လူ့ခန္ဓာကိုယ်နှင့် ငှက်တောင်ပံပါသော ကိန္နရီငှက်မလေး 'ဒွေးမယ်နော်' လွမ်းစရာ ဒဏ္ဍာရီ ဇာတ်လမ်းလေးသည် အစီအရီ ပေါ်လာသည်။
ထိုပုံပြင်ထဲတွင် ငွေတောင်ပြည်မှ ကိန္နရီငှက်ညီအစ်မ ခုနှစ်ဖော် တို့သည် ငွေတောင်ကြီး၏ ခြေရင်းတွင်ရှိသော တောအုပ်ကြီးအတွင်းမှ ရေကန်ကြီးဆီသို့ နေ့စဉ်
ပျံသန်းကြပြီး ထိုရေကန်ကြီး အတွင်းတွင် မြူးတူးပျော်ပါး ရေဆော့
ကစားလေ့ ရှိကြသည်။
တနေ့တွင် တက္ကသိုလ်မှ ပညာသင်ပြီး ပြန်လာသော ''သုဓနု'' ဆိုသော မင်းသားတစ်ပါးသည် ထိုတောအုပ်ကြီး အတွင်းမှ ဖြတ်သန်းသွားစဉ် ရေကန်ကြီး အတွင်း၌ ရေဆော့ ကစားနေသည့် ကိန္နရီ ညီအစ်မ ခုနှစ်ဖော်ကို တွေ့ရှိသွားသည်။
လူသူမနီးသော တောအုပ်ကြီးအတွင်းမှ ရေကန် ကြီးအတွင်း ဤကဲ့သို့ပျိုမြစ်နုနယ်သော မိန်းမပျိုကလေးများကို တွေ့ရသည့် အတွက် သုဓနုမင်းသားသည်အလွန်အံအားသင့်သွားပြီး လူလော-နတ်လော ခွဲခြားသိစေရန်အတွက် နဂါးကျော့ကွင်းဖြင့် ထောင်ဖမ်းသည်။
 ညီအစ်မ ခုနှစ်ဖော်အနက် အသက် အငယ်ဆုံးနှင့် ချောမောအလှပဆုံး 'ဒွေးမယ် နော်' လေးကို ကျော့ကွင်းဖြင့်ဖမ်းမိပြီး သူ၏တိုင်းပြည်သို့ ခေါ်သွားလေသည်။
သုဓနု မင်းသားသည် ဒွေးမယ်နော်ကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်သဖြင့် လက်ထပ် ထိမ်းမြားကာ နန်းတော်တွင် စည်းစိမ် အပြည့်အဝ အခြွေအရံအပြည့်အစုံဖြင့် ထားသည်။
သို့သော်လည်း 'ဒွေးမယ်နော်'လေးသည် မပျော်ပိုက်ပဲ ဌာနေ ဖြစ်သော ငွေတောင်ပြည်သို့ အမြဲတမ်းလွမ်းနေလေ့ရှိသည်ဟုဆိုသည်။
ကျနော်တို့ ငယ်စဉ်က ထိုပုံပြင်ကို ဇာတ်ကြီးများ နောက်ပိုင်း မင်းသား မင်းသမီးတို့ အဆိုအငို အပြောများက မျက်စိထဲမှ မထွက်။
ကိန္နရီမလေး 'ဒွေးမယ်နော်'ကို သနားခဲ့ပြီး ဒွေးမယ်နော်တို့၏ဌာနေ ငွေတောင်ပြည် ဆိုသည်ကို ရော်ရမ်း၍ မှန်းဆခဲ့ဖူးသည်မှ ယနေ့စတင် ချေချမိပါပြီ။
မြို့အဝင် ဆုတောင်းပြည့် ဘုရားတွင် ဝတ်ပြုပြီး ဆက်အထွက် နာရီစဉ် အဝိုင်းပါတ်တွင် ဒေါသက မထွက်ချင်ဘဲ ထွက်လိုက်ရ သေးသည်။
အဝိုင်းပါတ်နေသည့် ကျနော့ကားကို ဖြတ်ဝင်လာသောကားက မိတ်ဆက်မလိုလို ဖြစ်လိုက်ရသေးသည်။
ယာဉ်စည်းကမ်း နားမလည်လေသော ကိုယ်တော်ချောက ငပြူ း ကပြဲပြနေပြန်သည်။
ကျေးဇူးရှင် ရဲဝင်ရောက်ပြောမှ အမြီးကုတ်ပြီး မျက်နာချိုသွေးကာ ဆောတီးတဲ့။
ဟူး တော်ပါသေးရဲ့။ဘုရား ဘုရား ။
ဘုရား အရင်ဦးခိုက်မိတဲ့ တန်ခိုးတော်ကြောင့် အန္တရာယ်က လွှတ်မြောက်ရပေသည်။
မှန်တိုင်းလည်း မကောင်းပေ။
ကိုယ့်ကိုလည်း ရောမ ရောက်လျှင် ရောမ အတိုင်း ကျင့်ကျန်ရန် သတိပေးမိသည်။
ကယားပြည်နယ်၏ မြို့တော် ဖြစ်ပါလျှက် ပေ၁၀၀ကျော်ကျော် အကျယ်ရှိ ဘီလူးချောင်းကို တလမ်းမောင်း တံတားကျဉ်းကြောင့် မီးပွိုင့်စနစ်ဖြင့် တဖက်ပိတ်ပြီး တဖက်သွားလာ စနစ်မှာ မြို့တော်အင်္ဂါရပ် မညီဟု ထင်သည်။
တံတားတိုးချဲ့ရန် စည်ပင်၌ ပိုက်ပိုက်(ငွေ) ခန်းနေသလားမသိ။
တောင်ကွဲစေသည်၏ မတ်စောက်သော အတက် အဆင်းလှေကားများကြောင့် အသည်းတထိပ်ထိပ် ရင်တဖိုဖို ရသကိုလည်း ခံစားရပေသည်။
အသည်းငယ်သော ကျနော်တို့ ကျေးဇူးရှင် ဆရာသမားမှာမှု ကျန်းမာရေးအကြောင်းပြလျှက် တောင်ပေါ် မတက်ဘဲ ရင်ပြင်၌နေရစ်ခဲ့သည်။
တောင်ပေါ်မှ တွေ့မြင်ရသော ကျယ်ဝန်းသော လွိုင်ကော်မြို့၏ နေဝင် ဆည်းဆာ အလှသည် ရှုမငြီးနိုင်ပေ။
ဘုရားပေါ်တွင် ခရီးသွားများဖြင့် စည်ကားနေပြီး ထိုထဲမှ ကျနော်ရှာနေသော သူကိုလည်း မသိ မသာရှာနေမိသည်။
မတွေ့။
ကယားပြည်နယ်သည် မြန်မာ နိုင်ငံ၏ အရှေ့တောင်ဖက်တွင် တည် ရှိပြီး အရှေ့ဘက်တွင်ထိုင်းနိုင်ငံ၊ မြောက်ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် မန္တလေးတိုင်းဒေ သကြီးနှင့် တောင်ဖက်တွင် ကရင် ပြည်နယ်တို့ရှိသည်။
အကျယ်အဝန်း အားဖြင့် ၄၅၁၉မိုင်သာရှိရာ ပြည် နယ်အသီးသီးတွင် အငယ်ဆုံးပြည် နယ်ဖြစ်ပြီး မြန်မာနိုင်ငံအကျယ် အဝန်း၏ ၁.၇၅ ရာခိုင်နှုန်း သာရှိသည်ဟု သိရသည်။
ကယားပြည်နယ်၏ အရှေ့နှင့် အနောက်သည် ၆၅မိုင်ကျယ်ပြီး တောင်နှင့်မြောက်သည် ၁ဝ၅မိုင်ရှိ သည်ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀မှပေ ၆၀၀၀ကျော်ထိ မြင့် မားသော ကုန်းပြင်မြင့်မြေပေါ်တွင် တည်ရှိပြီး ရာသီဥတု သမမျှတသည်ဟု ဒေသခံ ပြောပြချက်အရ သိရသည်။
လွိုင်ကော်နှင့် ဒီမော့ဆိုဝန်းကျင်တွင် သာ လွင်ပြင် အနည်းငယ်ရှိပြီး ကျန် ဒေသများသည် တောင်ကုန်း၊ တောင် တန်း၊လျှိုမြောင်၊ ချောက်ကမ်းပါးများ ဖြစ်သည့်အတွက် လမ်းပန်းဆက် သွယ်မှုခက်ခဲသည် ဟု သိရသည်။
ပြည်နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ ရှိသော် လည်း ပြည်မကြီးနှင့် ဆက်သွယ်ရာ တွင် များသောအားဖြင့် ကလော၊ အောင်ပန်းလမ်းခွဲမှ ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်လမ်းကို အသုံးပြု လေ့ရှိကြသည်။
ရွှေညောင် လွိုင်ကော် ရထားလမ်းဖြင့်လည်း သွားလာနိုင်ပေသည်။
ထို့အပြင် ရန်ကုန်မှလွိုင်ကော်သို့ လေကြောင်း ခရီးစဉ်ဖြင့်လည်း သွားလာနိုင်သည်ဟု သိရသည်။
ကယားပြည်နယ် သည် အခြားပြည်နယ်များကဲ့သို့ လူဦးရေမထူထပ်၊ ကယားတိုင်း ရင်းသားများသာ အနေများသော ပြည်နယ်ဖြစ်သည်။
ကျနော်တို့ ခရီးစဉ်သည် နေပြည်တော်မှ လွိုင် ကော်သို့ ကားဖြင့် သွားရောက် ခြင်းဖြစ်သည်။
လွိုက်ကော်တွင် ရိပ်သာ၌ တညတာတည်းခိုပြီး နောက်ရက် ကလောသို့ ပြန်လာခဲ့သည်။
ကလောမှ မပြန်ခင် ကျွေးမွေးဧည့်ခံ သော ခရမ်းချဉ်သီး ပန်ထွေဖျော်ဟင်းတခွက်သည် ကျနော်တို့ အဖွဲ့အတွက် တသက်စာ မေ့မရနိုင်သော နံနက်စာ တခုဖြစ်ခဲ့ပေသည်။
ဧည့်ခံကျွေးမွေးလေသော တိုင်း၄မှ အပိုကြီး အဲ ဒေါ်ကြည်ထွေးအဖွဲ့ကို အထူးကျေးဇူး တင်မိပါပေသည်။
ကျနော်သွားလာခဲ့သော ယခု ခရီးစဉ်သည် ပထမဆုံးနယ်မြေသစ် ဒေသသစ်ကို first time သွားလာရသဖြင့် စိတ်ထဲတွင် အမှတ်တရဖြစ်ရသလို စွဲလန်းသာယာ စိတ်ချမ်းမြေ့ခြင်းနှင့် အတူ ဒွေးမယ်နော်လေး၏ ငွေတောင်ပြည်သို့ လွမ်းဆွေးမှု ကို စာနာနားလည် မိပါသည်။
သို့သော်-
ကျနော်တွေ့လိုသူကို မတွေ့ရသဖြင့် စိတ်ထဲ မချင့်မရဲ ဖြစ်ရသည်။
သူတို့မှာ -ကျနော်မျက်စိထဲတွင် မြင်ယောင်နေသော ကယားရိုးရာ ဝတ်စုံလေးဖြင့် မြတ်နိုးနိုး ဝတ်ဆင်ထားပြီး တင့်တယ်လှပနေသော ကယားတိုင်းရင်းသူ/သားများပင်ဖြစ်ပါသည်။
(အချက်အလက်များပြောပေးပါသော ရိပ်သာ အဖွဲ့အားအထူးကျေးဇူးတင်ပါသည်)
31.7.2016 လွိုင်ကော်မြို့ရောက် အမှတ်တရ  မောင်ဦး (တိုဟူး)
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...