February 12, 2018
"Benefactors birth mother"
===============
Dear mother...
Now my mother hear...!
She separated less than two years.
However, I still think like yesterday.
I can understand her value to his death.
First I lost the legal right to call.
Second mother sweet voice was not heard from.
Third-lost true love can.
I could not replace my mother.
A good mother in heaven forever.
Dear son: To Hu
"မောင်ဦး-ကောလင်း-ရင်တွင်းဖြစ် စာပေအက္ခရာများနှင့် ဘ၀အမှတ်တရ မှတ်တမ်းများ"(2015-june)
"Benefactors birth mother"
February 12, 2018
"Benefactors birth mother"
===============
Dear mother...
Now my mother hear...!
She separated less than two years.
However, I still think like yesterday.
I can understand her value to his death.
First I lost the legal right to call.
Second mother sweet voice was not heard from.
Third-lost true love can.
I could not replace my mother.
A good mother in heaven forever.
Dear son: To Hu
ကိုလူချော
"
သား ကိုလူချောအတွက် အမှတ်တရ"
တိုဟူး 10.2.2019
စာရေးဆရာကြီး ဆရာဦးအောင်သင်းရဲ့ ဟောပြောချက်တခု ကျ ု ပ် ရင်ထဲမှာ မှတ်မှတ်ထင်ထင် စွဲနေတာလေးရှိတယ်။ "မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်.. မင်းတို့ရဲ့ဘဝကို မင်းတို့မိဘတွေထက် ပိုသာလွန်တဲ့ဘဝ ဖြစ်အောင်ကြိုးစားရမယ်-- မင်းတို့ရဲ့သားသမီးတွေကို မင်းတို့ဘဝတွေထက်ပိုပြီး ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်တဲ့--" ဆိုလိုတာက ဘဝရဲ့ဆင့်ကဲဖြစ်စဉ်တိုင်းမှာ တိုးတက်မှုဟာ သာလွန်ရမည့်ပေါ့။ ကြုံတုံးပြောရဦးမယ်။ ကြွားတယ်လို့လည်း မထင်နဲ့။ မပြောပဲလည်း မနေနိုင်လေတော့ ပြောရမှာပဲ။ ပြောပြန်တော့လည်း ကိုယ့်ဂုဏ်ကို ကိုယ်ဖေါ် မသူတော် ခုနှစ်ပါး ထဲက လူဖြစ်ရမှာလည်း စိုးပါရဲ့။ ဟိုးးးး ငယ်စဉ် ပြန်မရတဲ့ အတိတ်က မြို့ပြနဲ့ဝေးလွန်းလှတဲ့ တောခေါင်ခေါင် ရွာဇနပုဒ်မှာ ကျုပ်မိဘများက ကျုပ်ကိုမွေးဖွားခဲ့တယ်။ မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ပေါ့။ ကျုပ်တို့ရွာ တစ်ရွာလုံးမှာ လူဦးရေ နှစ်ရာကျော်ရှိတယ်။ လူနှစ်ရာကျော်မှာ ကျောင်းသားက ဆယ်ယောက်- ဆယ်ယောက်မှာမှ တစ်ယောက်တည်း ဆယ်တန်းအောင်တဲ့ ကျုပ်ကို ဝမ်းသာအားရ ပြောခဲ့တဲ့ အမေ့စကားတခွန်းကို ယနေ့တိုင် မှတ်မိသေးတယ်။ "ငါ့သား မင်းက အမေတို့ရဲ့ဗိုလ်ကြီး ကိုလူချော ဖြစ်သွားပြီတဲ့" အဲဒီမှာ ရွာထဲ မနာလိုသူတွေ တီးတိုး တီးတိုးနဲ့ ပြောကြတာရှိတယ်။ အနူတောက ကိုလူချောတဲ့။ အစတော့ အဲဒီဆိုလိုချက်ကို သဘော မပေါက်ခဲ့ဘူး။ နောက်မှ စဉ်းစားမိတာက ရွာမှာ မူလတန်းကျောင်းပဲ ရှိတယ်။ ရှေးရိုးဆန်တဲ့ ရွာလူတွေ အသိတရားက လေးတန်းအောင်ရင် ကျောင်းထွက် သေစာရှင်စာ ရေးတတ်တော်ပြီ ပြီး မိဘရိုးရာ တောင်သူလုပ် ပေါ့။ မိန်းခလေးတွေဆို ကျောင်းပင်မထား။ အဲဒီလို ပတ်ဝန်းကျင်မှာ လူဖြစ်ခဲ့ရတဲ့ ကျုပ်အမေဟာ စာလုံးဝမတတ်ဘူး။ အဖေက ခုနှစ်တန်းအဆင့် ပဲရှိတယ်။ အစ်ကိုနဲ့ အစ်မကြီးနှစ်ယောက်က လေးတန်းထွက် ။ ရွာက တောခေါင်ခေါင်ဖြစ်ရသည့်အထဲ ရွာထဲမှာ မြို့တက်ပြီး ဆယ်တန်းအောင်သူ ဆိုလို့ မှတ်မှတ်ရရ ကျ ု ပ် အရင် သုံးယောက်ပဲရှိတယ်။ ဘွဲ့ရသူက ကျုပ်တစ်ယောက်ထဲပဲရှိတယ်။ ကျန်တာ ဘုန်းကြီးကျောင်း သင်ပုန်းကြီးထွက်နဲ့ မူလတန်းထွက်။ ကဲ အဲဒီလို ရွာပညာရှင်ကြားမှာ ကြီးပြင်းပြီး မြို့တက် ဆယ်တန်းအောင်လေတော့ ကျုပ်က အနူတောထဲမှာ ကိုလူချော ဖြစ်ရတာပေါ့။ ယခုတော့ အနူတောက ကိုလူချောက ကိုယ့်ထက်သာတဲ့ မျိုးဆက်သစ်ကိုလူချော သုံးယောက်ကို ထပ်ဆင့် မွေးထုတ်လိုက်ပါပြီဗျာ။ အဲဒီထဲမှာမှ ယနေ့ ကိုလူချောရဲ့ ဘဝက ရိုးရှင်းတယ်လို့ထင်ခဲ့ပေမဲ့ ဆူးညောင့်ခလုတ်တွေနဲ့ ပြည့်နှက်နေတဲ့ကြားက သူရဲ့ရည်မှန်းချက် ... သူ့ရဲ့ပန်းတိုင် ... သူ့ဘဝ တစ်ဆစ်ချိုးတစ်ကွေ့ကို အောင်မြင်စွာ ကျော် ဖြတ်နိုင်ခဲ့ပြီလို့ ဆိုရမှာပေါ့။ လေးစားဂုဏ်ယူပါတယ် သား ကိုလူချောရယ်---
တိုဟူး 11.:20pm
Subscribe to:
Posts (Atom)
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...
-
*အတုံ့အလှည့်* တခါတလေ... ဖုန်းကို ကိုင်ပြီး Contact ထဲမှာ missed call များ ဝင်ထားလေမလားလို့ ကြည့်နေမိတယ်။ "မရှိ..." Message လေ...
-
မေတ္တာစစ် ဆိုသည်မှာ… ဆိုတဲ့ အက်ဆေးလေးတပုဒ်ကို မူရင်း ရေးသားသူမသိပါဘူး။ ကျွန်တော့်ရင်ထဲထိသွားလို့ ကျွန်တော့ဆိုဒ်ထဲယူလာတ...
-
ဟိုး တချိန် တရံရော အခါက ပေါ့ကွယ်။ မောင်ဘူးတစ်ယောက်ရဲ့အဖြစ်အပျက်ပေါ့။ အရှက်ကွဲခံပြီး ပိုစ့်လည်းတင်ခဲ့ဘူးပါတယ်။ ဒီအကြောင်းလေးကို မနေနိုင်လိ...