သူများ မကောင်းကြံ ကိုယ်သာခံ



ဟိုး တချိန် တရံရော အခါက ပေါ့ကွယ်။

မောင်ဘူးတစ်ယောက်ရဲ့အဖြစ်အပျက်ပေါ့။

အရှက်ကွဲခံပြီး ပိုစ့်လည်းတင်ခဲ့ဘူးပါတယ်။

ဒီအကြောင်းလေးကို မနေနိုင်လို့ အခုလည်း အရှက်မရှိ ပြန်ပြောပြရစေ။

မောင်ဘူး ဆိုတဲ့ ကျနော်လူပျိုးသိုးကြီးမှာ လူမှု ဆိုရှယ်ဆိုတဲ့ 
ဖေ့စ်ဘုတ်ကနေတဆင့် ချစ်သူဖြစ်နေတဲ့ ကောင်မလေး 
တစ်ယောက် ရှိခဲ့ဘူးတယ်။

ချစ်သူတွေသာ ဖြစ်နေရတာ၊ တယောက်နဲ့တယောက် အပြင်မှာ
 လုံးဝ မမြင်ဘူးကြပါဘူး။

သူကလည်း သူ့ပရိုဖိုင်းပုံမှာ မင်းသမီးအလန်းစားလေးပုံ တင်ထားတယ်။

အမည်- ယွန်းနဒီလှိုင်း

အလုပ်အကိုင်-facebook

နေရပ်-ရန်ကုန် ဒါပါဘဲ

ကျနော်ကလည်း ကျနော့် ပရိုဖိုင်းမှာ ရှုခင်းပုံ တစ်ပုံတင်ထားတယ်။

အမည်- မောင်ဘူး

အလုပ်အကိုင်-အစုံသုတ်

နေရပ်- တောကြို အုံကြား ကောလင်း ဒီလောက်ဘဲ။

တနေ့တော့ သူနဲ့ ကျနော် အပြင်မှာ နှစ်ဦးသားတွေ့ဆုံဘို့ သဘောတူကြတယ်။

သူမနဲ့ အပြင်မှာတွေ့ဆုံဘို့ ချိန်းတာ ချိန်းရတယ်--

ကျနော့်စိတ်ထဲ ခပ်လန့်လန့်ရယ်ပေါ့။

အပြင်မှာတွေ့လို့ သူမက ရုပ်ဆိုးကြီးဖြစ်နေရင် ဘယ်လို လုပ်ရ မလဲလို့တွေးမိတယ်။

ဒါနဲ့ သူငယ်ချင်း စွယ်စုံရ "မ" ကိုးကျမ်းကျေတဲ့ ကိုမဲလုံးကို
 
အကြံဉာဏ်တောင်းကြည့်တယ်။

သူကပြောတယ်--

"မင်းတို့က ဘယ်မှာ ချိန်းထားတာတုန်း"

"နိုဗိုတယ်က စားသောက်ခန်းမမှာ"

"သူ့ကိုတွေ့လို့ ရုပ်ဆိုးမကြီး ဖြစ်နေရင် ဒီလိုလုပ်"

"ဘယ်လိုလဲ"

"ဗိုက်ကို လက်နဲ့နှိပ်ပြီး ပါးစပ်က အား-- ဗိုက်နာတယ် ဗိုက်နာတယ် လို့ အော်--

 အိမ်သာသွားမလိုလို ဘာလိုလိုနဲ့ နောက်ဖေးပေါက်က လစ်ပြီးပြေးပေါ့ကွ"

"ဟား...အဲဒီအကြံ ကောင်းတယ်ဗျာ"


ဒီလိုနဲ့--

ချိန်းထားတဲ့နေရာကို ကျနော် နည်းနည်းနောက်ကျပြီးမှ 

သွားလိုက်တယ် ဆိုပါတော့။

စားသောက်ခန်းမရောက်လို့ အထဲလှမ်းကြည့်လိုက်တော့

 ချိန်းထားတဲ့ နေရာမှာ ကောင်မလေးတစ်ယောက် 

ရောက်နှင့်နေတာကို တွေ့ရတယ်။

ကျနော် မလှမ်းမကမ်းကနေ လှမ်းအကဲခတ်လိုက်တာ--

အား--လား-- လား

ချော ချော ရေး ပါ ရား ကွယ်ရို့။

ကိုယ် လုံး လှ လှ လေး နဲ့ မျက်နာလေးက 

ဝတ်မှုံရွှေရည် လေး အလား မှတ်ရတယ်။

ကျနော် အိမ်မက်ထဲက နတ်သမီးလေးပါလား။

နောက်ကျသွားတဲ့ အချိန်တွေ နှမျောမိပါရဲ့။

နာ တော့ ပွ ပြီပေါ့ ဟီ ဟိ.......။

ဒါနဲ့ သူရှိရာကို အသာသွားလို့ သူ့အနားမှာ ရပ်လိုက်တယ်--

ပြီးတော့ ကိုယ့်ကိုကိုယ် မိတ်ဖွဲ့လိုက်တယ်--

"ကိုယ်က မောင်ဘူးပါ-ညီမက မယွန်းနဒီလှိုင်း မဟုတ်လားဟင်"

ကောင်မလေးက--ကျနော့်ကို တချက်မော့ကြည့်လိုက်တယ်။

ကျနော့် ရင်ထဲမှာ ရထားဆယ်စင်း ခုတ်မောင်းနေသလို 

ရင်ခုန်လှုပ်ရှားနေမိပါပြီ။

ကျုပ်မျက်နှာကိုလည်း သူ မြင်လေသည်နှင့်

"အား.... ဗိုက်နာတယ် ဗိုက်နာတယ်"... ဆိုပြီး ဗိုက်ကို လက်နဲ့နှိပ်ကာ 

နောက်ဖေးပေါက်ကနေ လစ်ထွက်သွားပါလေရောလား ဗျာ--

ကိုးရီးယာကားနှင့် စိတ်ကူးပျော်ရာမှတဆင့် တင်ဆက်လိုက်ပါသည်။

ယုံကြည်မှု


ကင်မရာ စမ်းရင်း ဘုရားခန်းကို ရိုက်လိုက်မိတယ်။

အဲဒီမှာ ထူးထူးရှားရှား ဖြစ်စဉ်ပေါ်တယ်-

ရောင်ခြည်တော် ကွန့်မြူ းတယ်-

ရှယ်လျှင် ချက်ခြင်း အကျိုးပေးမယ်-


- မဆိုလိုပါဘူး ။

ကိုယ်ယုံကြည်မှု မှာ အတ္တအကျိုးမပါစေဘဲ

 သန့်သန့်ရှင်းရှင်း တည်တည် ကြည်ကြည်ဖြင့် 

ယုံကြည် ကိုးကွယ် ဆည်းကပ်လျှင်ဖြင့် 

ယခုဘဝမှာပင်မက သံသရာ၌ပင် 
အကျိုးပေးလိမ့်မည်ဟုသာ ပြောပါရစေ---

-

ကျေးဇူးရှင်အမေ


မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

                                         (မောင်ဦး)

"နောင်တ" ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့

အချိန်မှာသာ ရောက်လာတတ်တဲ့ ‌ ‌‌‌ေ၀ဒနာတမျိုးပါ.....

 

တစ်ချိန်က...

အချစ်နှစ်ခုကြားမှာ ကျွန်တော် ဗျာများခဲ့ဖူးတယ်။

အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ...

အဲဒီနေ့ကို ပြန်တွေးမိတိုင်း ရင်ထဲမှာ နောင်တတစ်ခု အမြဲပြန်နိုးလာတတ်

တယ်။

​တစ်ရက်... ကျွန်တော်တို့မြို့ကနေ ခရီးတစ်ခု ထွက်ခဲ့တယ်။

သွားရမယ့်လမ်းက နှစ်လမ်းခွဲ။

တစ်လမ်းက... 

စိုးစံဘော်ဒါမှာ စာသင်ကြားနေတဲ့ သားရှိရာ မေမြို့။

နောက်တစ်လမ်းက...

 အိုမင်းမစွမ်းဖြစ်နေတဲ့ ကျွန်တော့်မွေးမိခင်ကြီး ရှိရာ တောရွာသို့။

​ဘယ်သူ့ဆီကို အရင်သွားရမလဲ... ဆုံးဖြတ်ရခက်ခဲခဲ့တယ်။

တစ်ဖက်က ကိုယ်မွေးထားတဲ့ သား

 တစ်ဖက်က ကိုယ့်ကိုမွေးပေးတဲ့ အမေ

နောက်ဆုံးတော့... လောကသဘာဝ စုန်ရေအရှိန်အတိုင်း 

သားရှိရာကိုပဲ အရင်သွားခဲ့မိတယ်။

​လမ်းမှာ...

သားကြိုက်တဲ့ မုန့်တွေ့ရင် ဝယ်တယ်။

သားကြိုက်တဲ့ အသီးတွေ့ရင် ဝယ်တယ်။

သားကြိုက်တဲ့ အဝတ်အစားတွေ့ရင်လည်း ဝယ်တယ်။

ကားရပ်နားတဲ့ ဂိတ်တိုင်းမှာ ဝယ်ယူမိလို့ ကားပေါ်မှာ

ပစ္စည်းတွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားခဲ့တယ်။

ကျွန်တော့်ရင်ထဲမှာတော့... "သားနဲ့တွေ့ရင် ဘယ်ကိုသွားမယ်... 

ဘာတွေ စားမယ်.. ဘယ်လိုပျော်မယ်...." ဆိုတဲ့ 

အတွေးတွေနဲ့တင် ကြည်နူးနေခဲ့တာ။

​သားရဲ့Out pass နှစ်ရက်တစ်ညတာကို ပျော်ပျော်ကြီး 

နေထိုင်ပြီးတော့မှ... အမေရှိရာကို ဆက်သွားခဲ့တယ်။

ဒါပေမယ့်... အမေ့အတွက် လမ်းမှာ ဘာမှ အထူးတလည် မဝယ်ဖြစ်ခဲ့ဘူး။

အမေအတွက် ပါသွားတာက...

အင်ရှူးဝါးတစ်ဗူးရယ်...

ကိတ်မုန့်တစ်ထုပ်ရယ်... ဒါပဲ ပါခဲ့တယ်။

​အမေဆီမှာ ခဏတဖြုတ်ပဲ နေခဲ့ပြီး ပြန်ခဲ့တယ်။

သားအတွက် ပေးခဲ့တဲ့ အချိန်တွေ၊ ဝယ်လာခဲ့တဲ့ ပစ္စည်းတွေနဲ့ 

ယှဉ်လိုက်ရင် အမေ့အတွက်က အလွန်နည်းပါးလွန်းခဲ့ပါတယ်။ 

အဲဒီနေ့ကတော့... အချစ်တွေရဲ့ "ခွဲတမ်းမညီမျှမှု"

ကို ကျွန်တော် သတိမထားမိခဲ့ဘူး။

​အခုတော့...

သားကို တွေ့ချင်ရင် တွေ့လို့ရသေးတယ်။

သားကို ကျွေးချင်ရင် ကျွေးလို့ရသေးတယ်။

သားကို ပေးချင်တာတွေ ပေးလို့ရသေးတယ်။

​ဒါပေမယ့်...

အမေ့ကိုတော့... ဘာတစ်ခုမှ ပေးလို့ မရတော့ဘူး။

အမေ့လက်ကို ကိုင်ချင်လည်း မရတော့ဘူး။

အမေ့ကို ဖက်ချင်လည်း မရတော့ဘူး။

"အမေ..." လို့ ဘယ်လောက်ပဲ အော်ခေါ်ချင်ပါစေ... 

ပြန်ထူးပေးမယ့် အသံ မရှိတော့ဘူး။

အမေက... ထာဝရ ပြန်မလာနိုင်တဲ့ ခရီးကို ထွက်သွားခဲ့ပြီလေ။

​အဲဒီအချိန်မှ... 

ကျွန်တော့်ရင်ထဲမှာ နောင်တတွေ တစ်လှေကြီး ကျန်ရစ်ခဲ့တယ်။

သားကို ချစ်ခဲ့တာ မမှားပါဘူး။

ဒါပေမယ့်... ကိုယ့်ကို မွေးဖွားကြီးပြင်းစေခဲ့တဲ့ အမေကို 

ချစ်ဖို့၊ ဂရုစိုက်ဖို့၊ ပေးဆပ်ဖို့ အချိန်ကို လျှော့မိခဲ့တဲ့ အကျိုးဆက်က 

ကျွန်တော့်အတွက် ဒီနေ့အထိ မပျောက်နိုင်သေးတဲ့ 

နောင်တတစ်ခု ဖြစ်နေဆဲပါ။

-​မိဘတွေ အသက်ရှင်နေတုန်းမှာ ချစ်ခြင်းကို ပြသလိုက်ကြပါ။

-ဂရုစိုက်မှုကို ပေးလိုက်ကြပါ။ 

-ပေးဆပ်ခွင့်ရှိတုန်း ပေးဆပ်လိုက်ကြပါ။

တစ်နေ့မှာ "ပေးချင်တယ်" ဆိုတဲ့ ဆန္ဒသာကျန်ပြီး 

"ပေးလို့မရတော့ဘူး" ဆိုတဲ့ ကျွန်တော့်လို နောင်တမျိုးကို 

ဘယ်သူမှ မသယ်ဆောင်မိကြပါစေနဲ့...။ 

                                                မောင်ဦး(တိုဟူး)

အမေ....ဗျို့ အမေ.,.

အမေ အမေ လို့ အသံကုန်ဟစ်ကာ ခေါ်ပါရစေ-
ကျေးဇူးရှင် မွေးမိခင်-- အမေ။

သားသမီးတွေ...ဘယ်လိုဆိုးပေ ဆိုးပေ
ကျွေးမွေးမပျက်ခဲ့တဲ့  အမေ။

 လောကဓံလှိုင်း ဘယ်သို့ရိုင်းစေ
မုန်တိုင်းကြားက သားသမီးပေါ်ရူးသွတ်ခဲ့တဲ့  အမေ။

သားသမီးရဲ့ကောင်းဆိုးနမိတ်ကို
စိတ်မှကြိုသိနေခဲ့သော  အမေ။

အင်္ဂါမစုံ ဥစ္စာဆင်းရဲ မခွဲခြားဘဲ
သဲသဲချစ်နေခဲ့သော အမေ။

ငယ်စဉ်ခလေးဘဝက ကြက်ကလေးပုံပြင်
မရိုးအီအောင် တီတီတာတာ
ပြောကြားခဲ့လေသော  အမေ။

အမေ့ ကျေးဇူးသိကြရဲ့လားလို့
တစ်ခွန်းမဟခဲ့တဲ့  အမေ။

သားသမီးအရွယ် မငယ်တော့ပေမဲ့
စိတ်မချ ဖြစ်နေခဲ့သော  အမေ။

အို အမေ အခုတော့လဲ....

အမေ့ ကျေးဇူးမြင့်မိုရ်ကြီးကို
အမေ အမေ လို့ခေါ်နိုင်ခွင့် မရတဲ့ အချိန်မှစပြီး...

တစိမ့်စိမ့် နာကျင်မှုနှင့် အတူ တွေးမိလေတိုင်း မျက်ရည်ဝိုင်းနေပါပြီ အမေ။

ကျနော် ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုကို ရောက်ရာဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပါစေ အမေ။

ကျေးဇူး အမေ....အမေ......ဗျို့ အမေ။

(၈.၁၂.၂၀၁၆ နေ့တွင်ကွယ်လွန်သွားသော မိခင်ကြီး ရည်မှန်းသတိရစွာဖြင့်)

                                                                                               တိုဟူး

သားရဲ့ဘ၀အစ






" ဖေဖေ-သားကို ဘယ်လိုမွေးလာခဲ့ တာလဲဟင်..."

" အေး.... ငါ့သားက မင်းတစ်နေ့နေ့မှာ ဒီလိုမေးမှာပဲလို့ 

ငါတွက်ထားတယ်-ဒီလိုကွာ....

 မင်းအမေနဲ့ဖေဖေ Chat room မှာ Chatting

 လုပ်ရင်း သိခဲ့ကြတယ်။ နောက် Gtalk နဲ့ Facebook 

တွေကနေ E-mail တွေ အပြန်အလှန် ပို့ကြတယ်...

 ဒီလိုနဲ့ နောက်ဆုံး မင်းအမေက ဖေဖေ့ကို

Download လုပ်နိုင်တယ်လို့ ခွင့်ပြုတယ်...

သူကလည်း ဖေဖေ့ကို Upload ပြန်လုပ်တယ်...

ဖေဖေတို့ နှစ်ယောက်စလုံး Firewall ချမထားမိဘူး...

 ပြီးတော့ Delete Button ကိုလည်း မနှိပ်မိဘူး....

ဒါနဲ့ မင်းအမေနဲ့ အဖေ playstoreမှာ Downlad ဆွဲပြီး

 installed လိုက်တာ နောက် ကိုးလကြာတော့

 မင်းကို ရလာတာပေါ့.....

အဲဒီအချိန်က Virus အကိုက်မခံလိုက် ရတာလည်း ပါတာပေါ့။

Connection ကလည်း လုံး၀ မှန်နေခဲ့တာ။ 

မင်းတော်တော် ကံကောင်းတယ် ငါ့သား။


ဘယ်သူ့ကို ပိုချစ်လဲ



ဘယ်သူ့ကို ပိုချစ်လဲ
=============

** သားလေးရေ ...ဖေဖေနဲ့မေမေ ဘယ်သူ့ကို ပိုချစ်သလဲ --?


# ဖေဖေ့ ကို ပိုချစ်တယ်

** ဘာဖြစ်လို့ ဖေဖေ့ကို ပိုချစ်ရတာလဲ သားရဲ့...?

# ဖေဖေက သားမမွေးခင် ဗိုက်ထဲနေကတည်းက သားကို မကြာခဏ လာတွေ့တယ်လေ

                  တွေးရင်းဖြင့် ပျော်ရွှင်ကြပါစေသော်
                                                              မောင်ဦး( တိုဟူး)




မောင်ဦး ကောလင်းသား အကြောင်း သိကောင်းစရာ


မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...