အမှို က်

အမှိုက်
=====
- လက်ကိုကိုက်တဲ့ ခြင်
သဒ္ဒါချင်ပေမဲ့
ယားတာမခံနိုင်လို့
ရိုက်သတ်ပစ်လိုက်တယ် ။

- မေးစေ့မှာပေါက်တဲ့
မုတ်ဆိတ်မွှေး
ထားချင်ပေမဲ့
ညှင်းသိုးသိုးဖြစ်မှာစိုးလို့
ရိတ်ပစ်လိုက်တယ် ။
- အရင်တုန်းက
အသိတွေပါပဲ
သွေးရောမှာစိုးလို့
ဖေါက်ထုတ်ပစ်လိုက်တယ် ။ ။
(ကဗျာ-အာဂမွဏ်း)

မည်သည့် ပစ္စည်းဖြစ်ဖြစ် မိမိအတွက် သို့မဟုတ် လူတို့အတွက် အသုံးမဝင်လျှင် အသုံးမတည့်လျှင် အမှိုက်။

ဒါ ကျု ပ်သိထားသော အမှိုက်ဆိုသော အနက် အဓိပ္ပါယ် ဖွင့်ဆိုချက်ပါ။

လိုရင်လည်း ရှိမယ် ပိုရင်လည်းရှိမယ်။

ပြည်စုံတယ်တော့ မထင်ပါဘူး။

စာရေးဆရာ ချစ်ဦးညို ဟောပြောလေ့ရှိသည်က-

လူ သို့မဟုတ် ပစ္စည်းတခုဟာ သူ့နေရာနှင့် သူ အံဝင်ဂွင်ကျ မရှိလျှင် အမှိုက်တဲ့။

ဒါ ဆရာရဲ့ တိုတို တုတ်တုတ် ဖွင့်ဆိုချက်ပါ။

မိန်းမပျို လေးရဲ့ပါးပြင်ထက်မှာ ရှိနေတဲ့ သနပ်ခါးကြောင့် မိန်းခလေးမှာ ပိုမိုလှပတင့်တယ်နေတယ်။

ပိုမိုချစ်စရာကောင်းနေတယ်။

သို့သော် သနပ်ခါးသည် အဝတ်အစားတွင် ပေကျံ နေလျှင်လည်းကောင်း
ကျောက်ပြင်ဘေးဘယ်ညာ ကြမ်းပြင်ပေါ်တွင် ဖိတ်စင်နေလျှင်လည်းကောင်း အရုပ်ဆိုးအကျဉ်းတန်သွားသည်။

တနည်းအားဖြင့် ဤနေရာတွင် သနပ်ခါးသည် သူရှိသင့်နေရာတွင် မတည်ရှိသောကြောင့် အမှိုက်။

နက်မှောင်ဖြောင့်စင်းသော ဆံကေသာကြောင့် မိန်းမပျို လေးမှာ လှပနေပြီး ပိုမိုချစ်စရာကောင်းနေသည်။

သို့သော် ထိုဆံရှည်မျှင် တမျှင်သည် စားသောက်နေသည့် ထမင်းပုဂံခွက် အတွင်းကျရောက်နေပါက မည်သို့မျှ မတင့်တယ်။

ရွံရှာဖွယ်ကောင်း၏
ဤနေရာတွင် ဆံပင်သည် အမှိုက်။

သိက္ခာ သမ္မာဓိ ပြီးပြည့်စုံသော ဆရာတော်ရဟန်း သူတော်မြတ်များကို ရွှေကျောင်းတော်ကြီးများတွင် တရားဒေတနာတော်များ ကျင့်ကြံပွားများ နေသည်ကို ဖူးမျှော်တွေ့မြင်ရသည်မှာ အလွန်ကြည်ညိုဖွယ်ကောင်းသည်။

အလွန်တင့်တယ်လှပေ၏။

အကယ်၍ ထိုဆရာတော် ရဟန်းသူတော်မြတ်များသည် ဘီယာဆိုင် အရက်ဆိုင်တွင် သတင်းသုံးနေထိုင်နေသည်ကို မြင်တွေရပါက မည်သို့မျှ မတင့်တယ်။
မည်သို့မျှ မအပ်စပ်။

မျက်စေ့ထဲက အမှိုက်။

ခေါင်းပေါင်းစ တလူလူဖြင့် ပြည်သူ့ ရွေးချယ်ခံ ကိုယ်စလှယ်တော်ကြီးများကို ခမ်းနားသော လွှတ်တော်ခန်းမအတွင်း မြင်တွေ့ရသည်မှာ အလွန်ကျက်သရေ ရှိလှပေသည်။

သို့သော် ခေါင်းပေါင်းစ မပါဘဲ ခတ်တည်တည်ဖြင့် ထိုင်နေသော သူများကြောင့်လည်း အလွန်ရုပ်ဆိုး အကျဉ်းတန်လှပေသည်။

မျက်စေ့ထဲ စပ်ဖျဉ်းဖျဉ်း ။

အံမဝင်။

ဤတွင် ၄င်းသည် အမှိုက်။

ပြည့်သူ အမှိုက်။

ဤအမှိုက်များကို ပြည်သူ့အားနှင့် စနစ်တကျ ထိန်းသိမ်းမယ်ဆိုရင် ခင်ဗျာတို့ ကျနော်တို့ ဝန်းကျင်မှာ တင့်တယ် သာယာလှပနေပါလိမ့်မည်။    ။

အပျော်ရွှင်ဆုံးနေ့

အပျော်ရွှင်ဆုံးသောနေ့
============

လူတွေကပြောကြတယ်--

ဘဝမှာ အပျော်ရွှင်ဆုံးသောနေ့ သုံးနေ့ရှိတယ်တဲ့။

- ရှင်လိင်ပြန်သောနေ့

- မင်္ဂလာဆောင်သောနေ့

- ထောင်ကထွက်သောနေ့ တဲ့။

ကျုပ်အတွက် အထက်က အချက်တွေနဲ့ လားလားမှမဆိုင်ချေ။

ဆန့်ကျင်သလိုရှိခဲ့သည်ဟု ပြောရမလား မသိ။

ရှင်လိင်ပြန်သောနေ့ --

အဖေအမေ က ရှင်ပြု သင်္ကန်းစီးပေးလို့သာ ဝတ်ခဲ့ရတယ် ။

ငယ်ရွယ်စဉ်မှာ သိတ်ချစ်တဲ့ အဖေအမေနဲ့ မခွဲစဘူး ခွဲခွာပြီးအိမ်လွှမ်းသည့် ဝေဒနာက
ရှင်လိင်ပြန်သောနေ့ရက်ရဲ့ အပျော်ဆိုတာ ဘာမှန်း မသိခဲ့ချေ။

မင်္ဂလာဆောင်သောနေ့ --

စိတ်ကူးယဉ်ကမ္ဘာကို ချစ်ဦးသူနဲ့ တည်ဆောက်မယ်ဆိုတဲ့ မင်္ဂလာဦးညရဲ့အပျော်ဟာ မင်္ဂလာဆောင် အကြွေးစာရင်း ကိန်းဂဏန်းကြားမှာ နစ်မြုတ်နေခဲ့ရလို့ ဘာ ရသမှ မခံစား ခဲ့ရပါဘူး။

ထောင်မှထွက်သောနေ့-

ပြင်ပကမ္ဘာကိုရောက်ပြီး သုညမှစရမဲ့ ဘဝကြမ်းကြမ်း အတွက် အပျော်ဆို သည်မှာ ဟာသတပုဒ်ဖြစ်ခဲ့သည်။

သို့သော် ကျုပ်ဘဝ တသက်သာတွင် အပျော်ဆုံး နေ့ရက် နှစ်ရက် ကို မှတ်မှတ်ထင်ထင် ရှိခဲ့ပါပြီ။

ယင်းနေ့ကာ သန်း၅၀သောပြည်သူတွေ လက်သန်း မှင်စွန်းထင်းခဲ့သော နေ့ရက် နှင့်

**ပြည်သူတွေမျှော်နေတဲ့နေ့

** ပြည်သူတွေပျော်ရွှင်စေသောနေ့

** အာဏာရှင်စနစ်ပျက်သုန်းသောနေ့

** ဒီမိုစနစ်ဖြစ်ထွန်းသောနေ့

ဒီနေ့ - ဒီနေ့-ခွတ်ဒေါင်းတွေ မြူးကြွသောနေ့
ယနေ့ပါဘဲဗျာ---------။

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...