လောကဓံ ရှစ်ပါး
လောကထဲမှာ နေထိုင်ကြသော လူတို့တွင်  လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ နေ့စဉ်ကြုံတွေ့မှာဘဲ
၁။ “လာဘော” ကိုယ်လိုချင်တာ ရတယ် ...
၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူးးး
၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်...
၄။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူးးး
၅။ “နိန္ဒာ” ကဲ့ရဲ့မှုကိုခံရတယ် ...
၆။ “ပသံသာ” ချီးမွမ်းခံရတယ် ...
၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ် ... အဆင်ပြေတယ် ...
၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး ... ဆင်းရဲတယ် အဆင်မပြေဘူးးး
ဟော အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ လောကဓံရှစ်မျိုး တဲ့ ...
လောကမှာ သတ္တဝါ တွေကြုံ တွေ့နေ ရတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့ ဒီလိုပြောတာနော်။
အဲဒီ သဘာဝရှစ်မျိုးသည် သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ်၊ သတ္တလောက, ကလည်း အဲဒီရှစ်မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ်တဲ့ ...
အဲဒီလို အမြဲတမ်း ဆက်သွယ်မှုရှိနေတဲ့၊မတည်ငြိမ် တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ် တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့က အလုပ်ပဲနော် ...
လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပဲ ...
မကြုံ တွေ့တဲ့လူ မရှိဘူးးး
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ ...
အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပဲ ...
မည်သည့်ပုဂ္ဂိုလ်၊မည်သည့်သတ္တဝါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့သဘာဝနဲ့ဆက်စပ်နေမှာပဲလို့ ပြောတာနော် ...
အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်ရအောင် လုပ်လို့မရဘူးးး
ရပါ့မလား ???
အေး .... လောကရဲ့ သဘာဝတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူးးး
ကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့ စိတ်ထားရှိအောင် လုပ်ဖို့ပဲ ...
ဒါ ကိုယ်လုပ်လို့ ရတာပဲ ... အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ်လို့ဆိုလိုတယ် ...။
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)
ကျုပ်တို့ရဲ့ သံစုံတီးဝိုင်း
ကျုပ်တို့ရဲ့ သံစုံတီးဝိုင်း
=============
ဟိုတခါက ဘုန်းကြီး စာချမယ် ဆိုပြီး ကျုပ်ကိုကျုပ် လောင်ပြုံး ပြုံးပြီးမိတဲ့ စာလေးအဆက်ပါ။
ဒီနေ့ ကျု ပ် လေကြီး ဖင်ကျယ်စကား ပြောရဦးမယ်။
စကား အသုံးအနှန်းကြမ်းသွားရင် ခွင့်လွှတ်ပါ။
လေကြီး မိုးကြီးလို့ သုံးစွဲရင်လည်း ရပါတယ်။
ဒါပေမဲ့ ကျုပ် စိတ်အချဉ်ပေါက်တာနဲ့  စကားလုံးကို မပြင်ချင်တော့ဘူး။ ဆက်ရေးတော့မယ်-
ကျုပ် အကြောင်းကဘဲ စတင်ရေး ပါရစေနော်။
ကျုပ်အကြောင်းရေးလို့ မဖတ်ချင်လည်း ကျော်သွားပါဗျာ။
ဒါပေမဲ့  Like တချက် တို့ ခဲ့ဦးနော။
ကျုပ်က ဘာ အကောင်မှ  မဟုတ်ပါဘူး။
အာပလာ အာဖျံကွီး မောင်ဦး ဆိုတာဘဲ သိထားပါ။
အဲဒီ အာပလာ အာဖျံကွီး  ကျုပ်က လူကသာ ဘာမှ မဟုတ်တယ်။ ဆရာကြီးလုပ်ချင်တဲ့ အမျိုးဗျ။
မနက် မိုးလင်းရင် နှစ်ပြားတန် ချို ပေါ့ကျ လက်ဖက်ရည်တခွက်ကို တနာရီလောက်သောက်ပြီး စာစောင်တခုခုနဲ့ ဇိမ်ယူ တတ်တဲ့ အလေ့အကျင့်က ရှိတယ်ဗျ။
ဖတ်စရာ ကုန်သွားရင်တော့ အသင့်ပါလာတဲ့ ဖုန်းလေးထုတ်ပြီး ဟိုဝင် ဒီထွက်နဲ့ ပွတ်ပြီး ကမ္ဘာ ပတ်တော့ တာပေါ့ဗျာ။
နောက်ဆုံးတော့ ဒေါက်တာ--- ဆိုတဲ့ ဟို ဆိုဒ်ဘဲ အချိန်ကုန်သွားတယ် ဆိုပါတော့။
ဒီလိုပြောတော့ ခင်ဗျားကြီး မျက်နာက စပ်ဖြဲဖြဲ ဆိုတာ ကျုပ်သိပါတယ်။
ဒေါက်တာ---ဆိုဒ် ဆိုလို့ တမျိုး မထင်နဲ့နော်။
ကျန်းမာရေးအကြောင်း တင်ထားတဲ့ ဝက်ဆိုဒ်တွေကို ပြောတာဗျ။
ခင်ဗျားမျက်နာကြီးက  ဖြစ်နေလိုက်တာ တကယ်ထဲ။  အိုးမလုံ အုံပွင့်နေပြန်ပြီ။
ခင်ဗျားကို စောင်း မပြောပါဘူး။ တည့်ပြောနေတာ အဲ မဟုတ်ပါဘူး။   ထားပါဗျာ။
အဲဒီလို ပွတ်နေရင်းနဲ့ ဖုန်းပါ၀ါ အားကုန်လို့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် မရိုသေ စကားဗျာ- ရှုရှု ပေါက်ချင်စိတ်ရှိလို့ အိမ်သာသွားမှဘဲ ကျုပ်ရဲ့ အလုပ်ကြီး အကိုင်ကြီးကို ရပ်နားပါတော့တယ်။
အဲဒါက ကျုပ်ဘဝရဲ့ နေ့ တဓူဝ အလုပ် အစဘဲဆိုပါတော့။
အဲဒီလို နှစ်ပြားတန် တီးတခွက်ကိုင်ပြီး ဖတ်စရာ ရှိတာဖတ်။ ပြီး ပွတ်စရာရှိတာ ပွတ်။
ပြီး မိတ်ဆွေ အပေါင်း အသင်းတွေ စုဖွဲ့ပြီး အာပေါင် အာရင်း သန်သန်နဲ့ ယနေ့မျက်မှောက်ရေးရာ တီးဝိုင်း ကဏ္ဍပေါ့ဗျာ။
အဲ ကျုပ်တို့ တီးဝိုင်းအဖွဲ့ ကြောင်းလည်း ကြုံတုန်း ဖေါက်သယ် ချရဦးမယ်။
တီးဝိုင်းအဖွဲ့ ဆိုလို့ တေးဂီတ တီးဝိုင်း မထင်ပါနဲ့။
လေတောင် မချွန်တတ်ပါဘူး။
လက်ဖက်ရည်ဆိုင်တို့ ဘီယာဆိုင်တို့မှာ ကျွေးမွေးမဲ့ ကျေးဇူးရှင် ဒကာရှိရင် အားမနာတမ်း စားသောက်ပြီးဝေဖန် လေကန်တဲ့ တီးဝိုင်း လေဝိုင်း ကိုပြောတာပါ။
-ကျုပ်တို့ တီးဝိုင်းအဖွဲ့က ကိုယ့် ပြည်းတွင်းမှာပင် နှံ့စပ်အောင် မရောက်ဘူးပေမဲ့
-အာရှမှသည် အာဖရိကသို့လည်းကောင်း
- ဥရောပ အမေရိက မှသည် အင်္ဂါ ဂြိုလ်သို့ လည်းကောင်း ရောက်လိုရောက် ပေါ့။
ဒါပေမဲ့ ကျုပ်တို့ ကမ္ဘာနဲ့ အင်္ဂါဂြိုလ် ဘယ်လောက်ဝေးသလဲ ဆိုတဲ့ မေးခွန်းကို ကြားဖြတ်မေးလာရင်တော့ ခွေးအ ကြီး လှည်းနင်းခံရသလို ဂိန်ဂိန်ပေါ့ ဗျာ။
-တောင်ဝန်ရိုးစွန်းက သုတေသန အကြောင်းမှသည် မြှောက်ဝန်ရိုးစွန်းနားသို့ ရောက်ပြီး အိုဇုန်းလွှာ အကြောင်း ဖေါက်သည်  ချနေချိန်မှာ
"အိုဇုန်းလွှာ ဆိုတာ အပြားလား အဝိုင်းလား ထပ်တရာလို အလွှာလိုက်လား " ဆိုပြီး စကားဝိုင်းကို ဝင်နားထောင်ရင် မေးလာသည့်  စာပွဲထိုးလေးရဲ့  မေးခွန်းကို မဖြေနိုင်တော့ မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်ပြီး မောင်းထုတ်ရတဲ့ အလုပ်ကို လုပ်ရတာလည်း ကျုပ်တို့ တီးဝိုင်းပေါ့။
- ဒါ့ အပြင် ကျုပ်တို့ သုံးယောက်ပေါင်းလို့ မှ အိပ်ကပ်ထဲ ဗမာငွေ သုံးထောင်မပြည့် ပေမဲ့  - ဘောလုံးသမား ဒိုလေးနဲ့ မက်ဆီတို့ တနှစ်ဝင်ငွေ တလဝင်ငွေ တရက် တနာရီ တမီနစ် ဝင်ငွေကို ဂဏန်းပေါင်းစက် အကူအညီနဲ့ ကိုယ့်မယားကို မုဒိမ်းကျင့်ခံရလို့ လျှော်ကြေးရမဲ့ ပုံစံ တွက်ချက်နေတာလည်း ကျုပ်တို့ တီးဝိုင်းပဲဗျ။
-IS  မှတီယင်ကျင်းဓါတ်ငွေ့ပေါက်ကွဲမှု ။ ထိုမှတဖန် ဒက္ခိဏ ပါတီတွင်းပေါက်ကွဲမှု  ထိုင်းပေါက်ကွဲမှု- ၂၀၁၅အလွန် မြန်မာ့ရှေ့ရေး အလားအလာ ဆိုပြီး မတောက် တခေါက်အသိလေးနဲ့ လေကန်လို့ ဝေဖန်ရတာကလည်း ကျုပ်တို့တီးဝိုင်းရဲ့ ဆယ်နှစ်မျိုး ချင်းသုတ်ပါဘဲဗျာ။
 လေအိုး မီးအိုးရွာတတ်တဲ့ ပညာကို ပြောပါတယ်။
အဲဒါ ကိုယ့်အိမ်ထဲတင် လားလို့ မထင်နဲ့။
လုပ်ငန်း သဘော သဘာဝ အရ ရောက်သည့် ဒေသ ရောက်တဲ့ နေရာ အနီးအနားက လက်ဖက်ရည်ဆိုင်တို့- ဘီယာဆိုင်တို့မှာ-ကျုပ်တို့ တီးဝိုင်းရဲ့ တီးမှုတ်နေကြ  ပုံစံ ဘဲဗျ။
ထမင်းကြမ်း နဲ့ ပဲပြုတ်စားပြီး အပြင်ဆိုင်မှာအချိန်ကုန်အောင်ထိုင် ဝေဖန် လေကန် ဇိမ်ခံရတာကိုက ကျုပ်တို့ အလုပ်ပဲ ဆိုပါတော့ဗျာ။
အဲဒီလို ဆိုင်ထိုင်သည့်အခါ ကျုပ်ပိုက်ဆံကုန်တာနည်းနည်း အများအားဖြင့် စပွန်ဆာက များပါတယ်။
စပွန်ဆာလုပ်တဲ့သူကလည်း စေတနာ ရှိလွန်းလို့ တော့ မဟုတ်ဘူး။
 သိတယ်မဟုတ်လား ဆင်ဖြူတော် မျက်နာလေ။
ဆင်ဖြူ မှီ ကြံစုပ်တဲ့ ကျုပ်တို့ဘဝကလည်း စပွန်ဆာမှ မကယ်ရင် ဘယ်တီးဝိုင်းဖွဲ့နိုင် မလဲဗျာ။
စပွန်ဆာ မရှိရင်းလည်း မျက်နာ မနာရမဲ့ သူကို ဖုန်းဆက် ခေါ်ပြီး ဒကာလုပ်ခိုင်းရတာပေါ့ဗျာ။
ဒါကလည်း ကျုပ် လုပ်ငန်း သဘော သဘာဝကိုဗျ။
ဒီနေ့လည်း အဲဒီလို ကျုပ်ရဲ့ လုပ်ငန်းသဘော သဘာဝ အရ မန္တလေးမြို့ ရောက်တာနဲ့စတယ် ဆိုပါတော့။
ပထမ ဒီနေ့ထုတ် သတင်းစာ ဂျာနယ်တစောင် ဝယ်ပြီး လမ်းဘေးတီးဆိုင် တဆိုင်မှာ အားမနာတန်း ထိုင်ကာ နှပ်မယ်လို့စီစဉ်လိုက်တယ်။ ပြီးလျှင် မိတ်ဆွေတယောက်ကို ဖုန်းဆက်ခေါ် ဒကာခံခိုင်းပြီး အာလူးပေးမည်ပေါ့။
ဖြစ်ချင်တော့ ကျုပ်အစဉ် အလာကို မန္တလေးရောက်မှ ပျက်ရတော့တယ်။
ဖြစ်စဉ်က ဒီလိုဗျ။
မန္တလေး ကျုံးတောင်ဘက် တရုတ်တန်းလမ်းအတိုင်း လမ်းလျှောက်ထွက်ခဲ့တယ်။
လမ်းမှာ သွားရင်းဟန်လွှဲ သတင်းစာ ဂျာနယ်ရောင်းမည့် ဆိုင်ကိုရှာကြည့်မိတယ်။မတွေ့ဘူး။
နာမည်ကြီး လက်ဖက်ရည်ဆိုင်ကြီးကြီး မားမား အနီးမှာ စာအုပ်ဂျာနယ်များရှိသည်ကို ကျုပ်သိပေမဲ့ ကျုပ်လမ်းလျှောက်တဲ့ နေရာနဲ့ အဲဒီဆိုင် အလှမ်းကွာနေပါတယ်။
ဘူတာကြီးပေါ်မှာ ရှိကောင်းရဲ့ဆိုပြီး တက်ကြည့်တယ် ။
 မတွေ့။
ရထားအဝင်အထွက် နည်းပါးလို့လား မသိဘူး လက်ပွေ့သမားလည်း မရှိ။
ဒါနဲ့ ဘူတာကြီး အရှေ့ မန်းမြို့တော် လက်ဖက်ရည်ဆိုင်နဲ့ မျက်နာချင်းဆိုင် ပလက်ဖေါင်းပေါ်မှာ ခါတိုင်း ရောင်းနေကြ ရှိတယ် ဆိုပြီး လမ်းလျှောက် လာလိုက်တာ ရှင်းနေတယ်ဗျို့။လူတွေ စာမဖတ်ကြတော့ ဘူးလား မသိ။
 ဒါနဲ့ ဂျာနယ်ဆိုင်တွေ့နိုး တွေ့နိုး လမ်းလျှောက်နေရင်းနဲ့  မိုးက မပြောမဆို ရွာချပါလေရောလားဗျာ။
ထီးမပါလာသည့် အတွက် ကိုယ့်ကိုဘဲ အပြစ်တင်မိတယ်။ ကိုယ့်ကို ဆဲမိရင်လည်း  မွေးတဲ့ အမေကို ထိခိုက်သွားမှာ စိုးလို့ မိုးနတ်မင်းဘဲ ကြိမ်ဆဲမိတယ်။
ဒါနဲ့ ရှေ့ဆက် မလျှောက်ဘဲ ဆိုင်ကယ် ကယ်ရီ ငှားပြီး ကျုပ်တည်းခိုတဲ့ နေရာကို သုတ်ခြေတင်ခဲ့ရတာပေါ့။
အဲဒီမှာ ဆိုင်ကယ်စီးရင်း ဂျာနယ ်စာအုပ်ဆိုင် ဘယ်နားမလဲလို့ ကယ်ရီသမားကို ကျုပ်မေးမိတယ်။
  "မသိဘူး " တဲ့။
လက်ဘက်ရည်ဆိုင်ကြီးတွေ အနားမှာ မရှိဘူးလားလို့ မသိချင်ယောင် ဆောင်ပြီး ထပ်မေးမိတယ်။
သူဇဝေ ဇဝါဖြစ်နေတယ်။ အတန်ငယ် စဉ်းစားပြီးမှ စာအုပ်ရှိတဲ့ နေရာတွေ သူပြောပြပါတယ်။
"မင်းစာဖတ်ဝါသနာမပါဘူးလား ကျောင်းပြီးပြီလား " လို့ ကျုပ်ကမေးတော့ ဆယ်တန်းနှစ်ခါကျထွက်ပြီး ကယ်ရီဆွဲနေတာတဲ့။
"စာဖတ်ချင်ပေမဲ့ စားဘို့ တောင်အနိုင်နိုင်ဖြစ်နေတာ စာဘက် လှည့်မကြည့်နိုင်ဘူး" တဲ့။
 "ဒါနဲ့ ငါ့ညီဆိုင်ကယ်ကို ခေါ်ချိန်မှာ ငါ့ညီ ဖုန်းပွတ်နေတာက အင်တာနက်ဝင်ကြည့်နေသလား" လို့ ကျုပ်မေးတော့
"ဟုတ်တယ် "တဲ့။
"ငါ့ညီက မဆိုးပါဘူး စာမဖတ်နိုင်ရင် အင်တာနက်သုံးစွဲ တာ ကောင်းပါတယ်ကွာ -ဒီနေ့ ကမ္ဘာကြီးနဲ့ မျက်ခြေမပြတ်တာပေါ့"  လို့ ဆရာကြီးလေသံနဲ့ ချီးကြူးး စကားပြောလိုက်တာပေါ့။  ဘာတွေများ ဝင်ကြည့်သလဲလို့ ဆက်မေးတော့  "ဂိမ်း"တဲ့။
လေးစားလောက်ပါရဲ့ဗျာ။
TVကောကြည့်သလား -ဘာတွေကြည့်လည်ဆိုတော့
"နေ့စဉ်  ကြည့်ပါတယ် -ကိုးရီးယားကားနဲ့ ဘော်လုံးပွဲ"တဲ့။ သူရဲ့အဖြေကြောင့် ကျုပ်လေးစားရင် လေးစားမိပြန်တယ်။
လေဒီယိုကော နားထောင်သလား ဘာတွေနားထောင် သလဲဆက်မေးတော့
" အားရင် နားထောင်ဖြစ်ပါတယ် ဟစ်ပေါ့ သီချင်းဆို အကြိုက်ဆုံးဘဲ " တဲ့။
အရေးထဲ ကွမ်းယာကို ပလုပ် ပလောင်း ဝါးစားရင်း ထွေးလိုက်သည့် တံသွေးအမှုံအမွား က ကျုပ်ထံ လွှင့်စင်လာလို့ ရှောင်လင် သိုင်းကွက် တကွက်ကို ထုတ်သုံး လိုက်ရသေးတယ်ဗျ။
အင်း -- ကျုပ် အရပ်တကာ လှည့်သွားလာနေခဲ့ပါတယ်။
 အဲဒီလို သွားလာနေချိန်မှာ သူ့လိုလူတွေ မကြာခဏ တွေ့နေရလေတော့ ကျုပ် ဘာပြန်ပြောရမှန်း ကို မသိတော့ပါ ဘူးဗျာ။
 ခင်ဗျားတို့ ကျနော်တို့ ပတ်ဝန်းကျင်းမှာ အဲဒီလိုလူတွေ ရှိနေသလို ကျုပ်တို့လို အချိန်ကုန် လေကုန် ဝေဖန် လေကန်လေ့ရှိတဲ့ တီးဝိုင်းလူတန်းစားတွေ ဘယ်လောက် အရေအတွက် ရှိမယ်ဆိုတာ ခင်ဗျားတို့ ခန့်မှန်း မိမယ်ထင်ပါတယ်။
ဒီမယ် ကိုအဝှာတို့
ခင်ဗျာတို့ ကျနော်တို့ တနေ့ တနေ့ စားဖို့ သောက်ဖို့ပင်  အနိုင်နိုင် ဖြစ်နေတယ် ဟုတ်လား။
တခြားတိုးတက်ရာ တိုးကြောင်းလုပ်နိုင်ဘို့ အချိန်မပေးနိုင်ဘူး ဟုတ်လား။
နိုင်ငံ အရေးဘက်လှည့် မကြည့်နိုင်ပါဘူး ဟုတ်လား။
အဲဒီလို လှည့်မကြည့်ခဲ့သူတွေ-များလို့လည်း ခင်ဗျားတို့ ကျနော်တို့ ကမ္ဘာ့ အလယ်မှာ မျက်နာငယ်နေရတာပေါ့ဗျ။
ဘာလို့ မျက်နာငယ်နေရတာလည်း ဟုတ်လား။
ဆင်းရဲလို့ပေါ့ဗျ ။
ဘာလို့ဆင်းရဲတာလဲ ဟုတ်လား။
စာ မတတ်လို့ပေါ့ဗျာ။
ဘာလို့ စာမတတ်သလဲ ဟုတ်လား။
မေးပြန်ပြီ စာမဖတ်လို့ပေါ့ဗျ ။
စာဖတ်ရင်ဘာဖြစ်မလဲ ဟုတ်လား?
စာများများဖတ်လာရင် ခင်ဗျား မသိသေးတဲ့ အကြောင်းအရာတွေ သိလာမယ်။
ခင်ဗျား မလုပ်တတ်သေးတဲ့ အလုပ်ကို လုပ်တတ်လာမယ်။
ခင်ဗျား မတွေးဘူးသေးတဲ့ အတွေးကို တွေးတတ်လာမယ်။
 ခင်ဗျားဘဝရဲ့ အမှား အမှန်ကို ဝေဖန် ပိုင်းခြား ခွဲခြားတတ်လာမယ်။
လောကရဲ့ အကြောင်းအကျိုး အကောင်းအဆိုးကို ခင်ဗျားသိလာမယ်။
လူလိမ် လူညစ် ကောက်ကျစ် မှု တွေကိုလည်း ခင်ဗျားသိလာမယ်။
ခင်ဗျားတို့အပေါ် ကျရောက်နေတဲ့ မတရားမှု တရားမှု တွေကိုလည်း နားလည်လာမယ်။
ခင်ဗျားတို့ ဆင်းရဲတွင်းနက်စေတဲ့ စနစ်ဆိုးကိုလည်း မြင်လာမယ်။
အဲဒီ စနစ်ဆိုးကို ဘယ်လိုဖေါက်ထွက်ရမလဲဆိုတာ သဘောပေါက်လာမယ်။
 ဒါကြောင့် ကျုပ်ပြောချင်တာက
-ကျုပ်လို လက်ဖက်ရည်ဆိုင်ထိုင် ဘီယာဆိုင်ထိုင်  တီးဝိုင်းဖွဲ့ပြီး လေကန်နေမဲ့ အစား
-ဂိမ်းဆော့ပြီး ပွတ်နေမဲ့ အစား
-ကိုးရီးယားကားကြည့်ပြီး အရူးထနေမည့် အစား
ရတဲ့ အချိန်လေးကို အကျိုးရှိအောင် သုံးလိုက်ကြပါ။
စာဖတ်ကြပါ။မှတ်လိုက်ကြပါ။
သိလိုတဲ့ ပညာရပ်ကို ထဲထဲဝင်ဝင် ရူးသွပ်လိုက်စမ်းပါ ဗျာ။
ရူးသွပ်တယ်ဆိုတာ တဒင်္ဂ မဟုတ်ဘူးနော်။
ထာဝရ--ထာဝရ---အဲဒီလိုဆိုရင် ခင်ဗျားဟာ သူများထက် ခေါင်းတလုံး သာမယ် ဆိုတာ သဘောပေါက်  ။
                                အာဖျံကွီး မောင်ဦး
" မမ" မိသားစုရဲ့ တကယ့်အဖြစ် အပျက် လေးပါ။
မဖတ်ရသေးသူအတွက် ပြန်တင်လိုက်ပါတယ်
မျက်လုံးပြူးသွားသောဇနီးမောင်နှံ
=====================
မမ တာဝန်ဖြင့် ရက်ရှည်လများခရီးထွက်ရာမှ ပြန်လာသော ကိုပြာလောင်မှာ သားနှစ်ဦးဖြင့် အိပ်ယာထဲတွင် စခြင်း နောက်ခြင်းဖြင့်  စကားပြောနေလေသည်။
"ဟဲ့ သားတို့ အိပ်တော့လေ နင့်တို့ အဖေ တနေကုန် ရထားစီးပြီး ပြန်လာလို့ ခရီးပမ်း နေတယ်ဆိုတာ နားမလည်ဘူးလား"
မဟေသီ၏ ဟောက်သီးကျွေးသံကြောင့် စကားတွတ်ထိုးနေသော ကိုပြာလောင်တို့ သားအဖမှာ စကားပြောခြင်းများ ရပ်ကာ အိပ်လိုက်ကြသည်။
သားငယ်နှစ်ယောက်မှာ ကလေးများ၏ သဘာဝအတိုင်း အပူအပင် အကြောင်းအကျ ကင်းသဖြင့် တခဏခြင်း အိပ်ပျော်သွား သော်လည်း ကိုပြာလောင် မှာ အိပ်မပျော်သေးချေ။
တခုခု လိုနေသလိုလို ဖြစ်နေသည်။
ချစ်ဇနီးသည် အိပ်ယာအဝင်ကို စောင့်ရင်း စာဖတ်နေလိုက်တယ်။
ခဏကြာတော့ အိပ်ချင်သလိုလိုဖြစ်လာတယ်။
အလိုက်မသိသော မဟေသီက အရေးထဲ ပုတီးစိတ်နေသည်လား သုံးလုံးဂဏန်း အာရုံခံနေသလားမသိ။
ဘုရားခန်းမှ တော်တော်နဲ့ ထွက်မလာသေးချေ ။
ကိုပြာလောင် စိတ်မရှည်ချင်သလို ဖြစ်လာသည်။
ဘာရမလဲ -- ကိုပြာလောင် တလောင် ဘဲရှိတယ်။
ဖတ်နေတဲ့ စာအုပ်ကို ကြမ်းပြင်ပေါ် ဘုတ်ကနဲ အသံမြည်အောင် ပြစ်ချလိုက်ပြီး  ပါးစပ်ကလည်း     "အား " လို့ မတိုးမကျယ် အော်ချ လိုက်တယ်။
ပုတီးစိတ်လို့ သမာဓိ အားကောင်းနေပါတယ် ဆိုတဲ့ မဟေသီက စိုးရိမ်တကြီး အခန်းထဲ အပြေးဝင်လာခဲ့ တယ်ပေါ့။
ကိုပြာလောင်ရဲ့ လုပ်ဆောင်ချက်ကို ရိပ်မိသွားတဲ့ မဟေသီက စပ်ဖြဲဖြဲနဲ့။
" ဟွန်း--ဘာဖြစ်တာလဲလို့ သူတော်တော် ဥာဏ်များ" တဲ့ ။
မဟေသီရဲ့ နှုးညံ့တဲ့ လက်သီးထုချက်နှင့်အတူ နဂါး မျက်စောင်း တချက်ကလည်း ကိုပြာလောင် အပေါ်ကျလာတယ်။
 အရေးထဲ သားအငယ်ကောင်က အိပ်ယာထဲက ကုန်းထ ထိုင်နေတယ်။
" သား မအိပ်သေးဘူးလား အိပ်--အိပ်"
ကိုပြာလောင်က သားအငယ်ကောင်ကို ကျောသတ်ကာ ချော့သိပ်လိုက်သည်နဲ့ အိပ်ပျော်သွားတယ်။
 မဟေသီက ပြုံးစိစိ နဲ့ ဘာ သဘောကျနေလဲ မသိ။
သားငယ် ပြန်လည်အိပ်ပျော်သွားပြီး ခဏ အကြာ
ဘာသံကြားလို့လဲ မသိချေ  အိပ်နေရာမှ ဒုတိယအကြိမ် ထထိုင် နေပြန်တယ်။
" သားသား အိပ်အိပ် "  ကိုပြာလောင်က ကျောပွတ်ပေးသည်နဲ့ အိပ်ပျော်သွားပြန်တယ်။
မဟေသီက ကိုပြာလောင် နဲ့ သားငယ်ကို တလှည့်စီကြည့်ပြီး လှောင်ပြုံး ပြုံးနေသည်။
" တောက်-- "
ကိုပြာလောင်၏ မကျေနပ်သည့် တက်ခေါက်သံက မပြင်းထန်လှသော်လည်း တိတ်ဆိတ်သော ညဥ့်ဦးယံမို့ ထင် ကျယ်လောင်လှသည်။
မဟေသီက ဘာအဓိပ္ပါယ်ကို ဆိုလိုသည် မသိ  ကိုပြာလောင့် ဗိုက် ကိုဆွဲလိမ်သည်။
 ရသည် ကိုပြာလောင် ငြိမ်ခံနေလိုက်သည်။
အကြီးကောင်ကတော့ အိပ်နေလိုက်သည်မှာ တုတ်တုတ်မျှ မလုပ်ပေ။
အိမ်မက်ကောင်း ကောင်း မက်နေသည်လား မသိ။
ဟွန်း--ဒီနှစ်ကောင်ကို  ကြည့်ပြီး ကိုပြာလောင် တယောက် သက်ပြင်းရှည် တချက်ချ မိသလို ရင်မောနေမိတယ်။
အမောပြေမယ် ကြံကာရှိသေး---
ကိုပြာလောင်၏ အသက်ရှုသံ ပြင်းပြင်းကို ကြားလို့ လားမသိ-အငယ်ကောင်မှာ အိပ်နေရာမှ ထထိုင်နေပြန်သည်။
ကိုပြာလောင် စိတ်ထဲ နည်းနည်း တင်းသွားတယ်။
" ဟေ့ကောင် မအိပ်သေးဘူးလား "
ကိုပြာလောင်၏ အသံက လိုသည်ထက် ပိုကျယ်သွားလေလားမသိ။
ဒေါသသံပါ ရောစွတ်သွားသည်။
ကိုပြာလောင် ဒေါသကိုလျှော့ကာ သားငယ်ကို ကျောသတ်ကာ ချော့သိတ်နေလိုက်တယ်။
ထိုစဉ်  ရုတ်တရက်ထွက်ပေါ်လာသော  သား အကြီးကောင် ၏ စကားသံကြောင့် ကိုပြာလောင်ပင်မက ချစ်ဇနီးသည် မဟေသီပါ မျက်လုံးပြူးကာ အကြီးအကျယ် ထိတ်လန့် တုန်လှုပ် သွားပေတော့သည်။
" ရိုက်သတ်လိုက်စမ်းပါ အဖေရာ ဒီအတိုင်းကြည့်လည်း  မြင်ရဲ့သားနဲ့-- ထထကြည့်နေတယ်"  တဲ့။
                  ဟားတိုက်၍ ရယ်မောနိုင်ကြပါစေ
"မမ "ရဲ့ဒေါက်တင်ပွဲ
" မမ "ရဲ့ဒေါက်တင်ပွဲ
==============
မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ ပြည်သူများ၏ အောင်ပွဲနှင့်အတူ အပြောင်းအရွေ့ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်မည်လို့ ပြင်ဆင်နေချိန်မှာ "မမ"ကတော့ ဒေါက်တင်ပွဲနဲ့အတူ အပြောင်းအလဲကို စတင်လိုက်ပါပြီ။
ဒေါက်တင်ပွဲ ဆိုလို့ ပျက်စီးနေသော သဘောၤအိုကြီးကို ပြန်လည်ပြင်ဆင်ရန် ဆိပ်ကမ်းကပ် ဒေါက်တင်ပွဲ ပြောတာမဟုတ်ပါဘူး။
"မမ "ဝန်ထမ်းများရဲ့ရာထူး အဆင့်ဆင့် အလိုက် ခွဲခြား သတ်မှတ်ထားတဲ့ ဘားများ အပွင့်အခတ်များကို ပုခုံးဒေါက်မှာ တင်ပွဲကို ဆိုလိုတာပါ။
တနည်းအားဖြင့် အဆောင်အယောင်အပ်နှင်းပွဲ ဖြစ်ပါတယ်။
၁၈၇၇ ခုနှစ်  ရန်ကုန်-ပြည် ရထား စတင်ပြေးဆွဲသည်မှ စခဲ့သော "မမ" ခေါ် မြန်မာ့မီးရထားသည် ယနေ့ဆိုလျှင် ၁၃၈နှစ်ရှိပါပြီ။
"မမ" သည် နှစ်ကာလကြာရှည်စွာ ပြည်သူများ၏ သွားလာပိုဆောင်ရေး ဝန်ဆောင်မှုများကို မမောနိုင် မပမ်းနိုင် တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။
" မမ " အဖွဲ့အစည်းရဲ့ အခြေခံ အဆောက် အအုံဖြစ်သော ရထားလမ်းများ- တံတားများ- ဘူတာရုံများ- မီးရထားရုံးများ- ပြေးဆွဲနေသော ရထားများ-သည် အများလေးစား ဂုဏ်ယူဖွယ် ကောင်းလောက်အောင် ခံ့ညား ထယ်ဝါ ကျက်သရေ ရှိခဲ့ခြင်းနှင့်အတူ အစဉ်အလာ ကောင်းများလည်း ရှိခဲ့ပါတယ်။
အရှေ့တောင်အာရှမှာလည်း ထင်ပေါ်ခဲ့ပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း ဆယ်စုနှစ် သုံးစုခန့်က "မမ" ရထားပြေးဆွဲမှု သည် အချိန်မှန်ကန်တိကျ မှု များမှာလည်း အံ့မခမ်းရှိခဲ့တယ်။
မိမိအနီး ရောက်ရှိလာသော ရထား ဥသြဟွန်းသံကြားပြီ
-ဆွမ်း(စား)ဘုန်းပေးသော ရဟန်း သံဃံများ
-လုပ်ငန်းခွင်သွားသော အလုပ်သမားများ
- ကျောင်ဆင်း/တက်သွားသော ကျောင်းသူ  ကျောင်းသားများ
-ကောက်စိုက်ရင်းဖြင့် အချိန်နာရီကို ခန့်မှန်း သိသွားသော ကောက်စိုက်သမများ
-စသည် စသည်ဖြင့် ရှိခဲ့တယ်လို့ပြောရင် ပုံပြင်လေးက နားထောင် ကောင်းလိုက်တာလို့ ပြောကြလေ မလား မသိ။
အဲဒီလောက်အထိ Smart ကျခဲ့သော " မမ "ပါ။
အင်္ဂလိပ် လက်ထက်မှာစတင်ကာ သန္ဓေတည် မွေးဖွားခဲ့တဲ့ "မမ "ဟာ စည်းစနစ် ကျနသော ကိုယ်ပိုင်စည်းမျဉ်းဥပဒေသ စနစ်များနှင့် အတူ ဝန်ထမ်းများ၏ smart ကျသော ဝတ်စား ဆင်ယင်မှု များလည်း တည်ရှိခဲ့ပါတယ်။
ကော့ပျံနေအောင် မီးကြွေတိုက်ထားတဲ့ ယူနီဖေါင်းကိုဝတ်။
 ပီကက်ဦးထုပ်ကို စမက်ကျကျ ဆောင်းထားတဲ့ "မမ" ဝန်ထမ်းများကို မြင်ရတဲ့ ခရီးသွားပြည်သူတွေက အားကျ ဂုဏ်ယူ လေးစားသမှု ပြု ခဲ့တာလည်း ရှိခဲ့တယ်။
ပုခုံးဒေါက်ပေါ်မှ ဘားကိုကြည့်ပြီး အရာရှိ အရာခံအဆင့် များကိုလည်း အလွယ်တကူ ခွဲခြား သိမြင်ခဲ့ ရပါတယ်။
အဲဒီလို စည်းစနစ်ကျကျ ရှိခဲ့တဲ့ "မမ" ကို ၂၀၀၀ ခုနှစ်ဝန်းကျင်-မင်းစိုးရာဇာ ပွဲခင်းသဘင်တခုမှာ
"မင်းတို့ "မမ"ကလူတွေက ပုခုံးပေါ်မှာ အပွင့်အခက်တွေ ဘားတွေနဲ့  ဘာတွေလဲကွာ"
 လို့  လက်ညှိုး ညွှန်ရာ ရေဖြစ်နေသူရဲ့ အလိုမကျသော စကားတခွန်းကြောင့် ပျက်ခဲ့ရတယ်။
တနည်းအားဖြင့် ဒေါက်ဖြုတ်လိုက်တယ်ပေါ့။
ဒေါက်ဖြုတ်ခံရခြင်းနဲ့ အတူ "မမ" ဟာ ပစ္စည်းသင်္ခါရ လူသင်္ခါရ သဘောတရားအရ အစစ အရာရာ ပျက်စီးယိုယွမ်းခဲ့ရပေသည်။
လမ်းတံတားများ အဆောက်အဦးများ အသစ်တိုးချဲ့တည်ဆောက်ခြင်းများရှိခဲ့သည် ဆိုသော်လည်း စီးပွားရေးတွက်ချေမကိုက်သော တိုးတက်မှု များသာဖြစ်ခဲ့ပါတယ်။
ခေတ်နှင့်အညီ တိုးတက်မှု ရှိမရှိ ဆိုတာ ပြည်ပရထား စီးဘူးသူတိုင်း သိပါတယ်။ ဘာတွေကွာဟ သွားသလဲ ဆိုတာလည်း သဘောပေါက်ကြ မှာပါ။
သူများဆီမှာ တနာရီမိုင်ရာကျော်နှန်း ပြေးနေချိန်မှာ "မမ "က သုံးဆယ် လေးဆယ် မနည်း ပြေးနေရဆဲ။
သူများဆီမှာ ဒစ်ဂျစ်စနစ်နဲ့ အချက်ပြနေချိန်မှာ မမက စစ်ကြိုခေတ်သုံး အချက်ပြစနစ် အဆင့် မကင်းကွာနိုင်သေးဘူး။
မည်တို့ပင်ဆိုစေ "မမ" သည် အခက်အခဲပေါင်းများစွာကြားမှ ပြည်သူ့များရဲ့သွားလာရေး ဝန်ဆောင်မှုများကို တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။
ယခုလည်း ထမ်းဆောင်နေဆဲ ဖြစ်သလို နောင်လည်း မညီးမညူ ဆက်လက် ထမ်းဆောင် နေဦးမှာပါ။
ယနေ့ မမရဲ့ပြုပြင်ပြောင်းလဲရေးအစ အဖြစ်
ပုခုံးပေါ်ကို  အဆောင်အယောင် ဖြစ်တဲ့ ဘား တွေ တပ်ဆင်ပေးလိုက်ပါပြီ။
ထိုပုဂ္ဂိုလ်များသည် " မမ" ၏  ဦးစီး ဦးဆောင်ရမည့် ပုဂ္ဂိုလ်များဖြစ်ပေသည်။
ထူးခြားသည်မှာ ယခင်က အရာရှိအဆင့်မျာသာ ဘားများ တပ်ဆင်ခွင့်ပေးသော်လည်း ယခုအကြိမ်တွင် ကြီးကြပ်ရေးအဆင့် အမှုထမ်းများပါ တပ်ဆင်ခွင့်ပြုထားသည်မှာ နဲနဲ ပေါတောတော ဖြစ်နေသည်လား မသိ။
 မည်သို့ပင်ဆိုစေ ဘားများတပ်ဆင်သူများသည် တနည်းအားဖြင့်"မမ"ရဲ့ ပဲ့ကိုင်ရှင်များ ဖြစ်ပေသည်။
ပဲ့ကိုင်ကောင်းမှ လိုချင်သောခရီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။
ခေါင်းဆောင်ရန် ပုခုံးပေါ်ဒေါက်တင် ထားခြင်းသည်
် -ခေါင်းရှောင်ရန်မဟုတ်
-မာန်မာန ထောင်လွှားရန် မဟုတ်။
-အောက်လက်ငယ်သား ဖိနှိတ်ရန် မဟုတ်။
-ဓါတ်ပုံ selfie ရိုက် အွန်လိုင်ပေါ်တက် ကြွားဝါရန် မဟုတ်။
- လုပ်ပိုင်ခွင့်အသုံးချ ကိုယ်ကျိုးရှာရန် မဟုတ်။
-"မမ" ရဲ့မြေလွတ် မြေကွက်လပ်မြင်တိုင်း ဆိုင်ခင်းဖွင့် အပိုင်စီး ငှားစားရန် မဟုတ်။
-အောက်ခြေ ခွဲတမ်း တောင်းရန် မဟုတ်။
       ----------------မဟုတ်။
       ----------------မဟုတ်။
       ----------------မဟုတ်။
အဆုံးသတ်ရရင်ဖြင့် ပုခုံးပေါ်ဒေါက်တင် ခြင်းသည်
-မိမိကိုယ်ကို တာဝန်ယူမှု /တာဝန်ရှိမှု ပိုလာပြီဟု မှတ်ပါ
-နိုင်ငံတကာ ရထားအဆင့်မှီ ဖြစ်အောင် လုပ်မည်ဟု သက်သေပြပါ
-ပြင်ပမှ ပုဂ္ဂလိကမှ အပွင့် အခက်ဘားများ တပ်ဆင်လေ့ရှိသော အဝေးပြေး ကားသမား ကဲ့သို့လည်းကောင်း
-စူပါမက်ကက် လုံခြုံရေးမှူးများ ကဲ့သို့လည်းကောင်း  မိမိစိတ်ကို ချိုးနှိမ်ထားပါလို့။
မမကြီး အောင်မြင်ကြီးပွားပါစေလို့ ...လို့.....လို့....
မောင်ဦး ကမ္ဘာ
ကဲ ခင်ဗျားတို့ မျက်စိလည် လမ်းမှားပြီး -မောင်ဦးကမ္ဘာထဲကို ရောက်လာခဲ့ပြီနော်။
မောင်ဦး(ကောလင်း)-ကမ္ဘာ မှကြိုဆိုပါတယ်ဗျာ။
ကျေးဇူးလည်းတင်ပါတယ်----
 ရောက်တုန်းရောက်ခိုက်မောင်ဦး-လက်ကမြင်းထားတာ လေးတွေ
အချိန်ရရင် ဖတ်သွားပါဦး။
ပြီးရင်လူကြီးမင်းတို့မေးချင်တာရှိမေးပြီး မှတ်ချက်လေး တချက်တို့ပေးခဲ့ဦးနော်
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကျုပ် အွန်လိုင်းပေါ်မှာတောင်ရေး မြောက်ရေးတဲ့ ကလောင်ခွဲ နာမည် မှတ်ထားပေးပါဦး။
                            မောင်ဦး- (တိုဟူး)(မမ ချစ်သူ) ( အတွေးပုံရိပ်များ)(မောင်မင်း)
မောင်ဦး ခရီးသွားနေသည်
မောင်ဦး ခရီးသွားနေသည်
================
ရုပ်ရှင်မင်းသားလွင်မိုးက လွင်မိုး ခရီးသွား နေသည် ဆိုပြီး TVချယ်နယ်လိုင်းတခုလွှင့်တယ်။
ကျော်ကျော်ဗိုလ်ကလည်း အားကျ မခံ ကားလေးတစ်စီးနဲ့ ခရီးသွားရင်း တွေ့ကြုံရသည့် အံသြဘွယ်ရာများကို တင်ပြနေတယ်။
ဘယ်ရမလဲ မောင်ဦးကလည်း တစ်ဦးထဲရှိတယ်။
 မောင်ဦး ခရီးထွက်နေသည် ဆိုတဲ့ မက်ဆေ့ကို ဗဟုသုတအဖြင့် TV ချယ်နယ်က မလွင့်ထုတ်နိုင်ပေမဲ့ facebook မှတဆင့် မျက်စိနောက်အောင် ဖေါ်ပြလိုက်ပါတယ်ဗျာ။
ခင်ဗျားတို့တော့ မသိဘူး။
မောင်ဦး ကတော့ ပတ်ဝန်းကျင်သစ် တစ်ခုကို ရောက်ရင် စိတ်ရော ကိုယ်ရော အရမ်းလန်းဆန်းသွားတယ်။
  အီးလိုပြောရရင် Relax ဖြစ်သွားတယ်ပေါ့ဗျာ။
ဒေသသစ်ရဲ့ Lifestyle, Food, Culture ကို မြည်းစမ်းရတာလည်း စိတ်ဝင်စားစရာ ကောင်းတယ်ဗျ။
ဒီနေရာမှာ ဘိုလိုမှုတ်ရင်  အထင်ကြီးတယ်ဆိုတဲ့ နလပိန်းအတွေးလေး မောင်ဦးမှာ ရှိနေလို့ မောင်ဦး ဘိုလို မှုတ်ကြည့်မိတာပါ။ စိတ်မရှိပါနဲ့။
မကြိုက်လည်း မပြောတော့ပါဘူး။
မောင်ဦးသိတဲ့ ခရီးသွားခြင်းအကြောင်းလေး ပြောရဦးမယ်။
ခရီးသွားခြင်းဟာ ကမ္ဘာလောကကြီးကို မတူညီတဲ့ ရှုထောင့်ကနေ ခဏတာ ဝင်ခံစားရတဲ့ အတွေ့အထိက အတွေး သစ်တွေကို ရစေတယ်။
အမြင်သစ်တွေကိုရစေတယ်။
စိတ်ကိုလန်းဆန်းတက်ကြွစေတယ်။
ဒေသန္တာရ ဗဟုသုတပွားများစေတယ်။
အကြံကောင်းဉာဏ်ကောင်းတွေ ရစေတယ်။
မိတ်ဆွေသစ်တွေနဲ့လည်းတွေ့ခွင့်ရစေတယ်တဲ့။
ခင်ဗျာတို့တော့ မသိဘူး။
မောင်ဦး ကတော့ နေ့ဓဒူဝ မနက်ရုံးသွား ။
ရုံးတက် လက်ဘက်ရည်ဆိုင်ထိုင်။
အရည်မရ အဖတ်မရ လေပြစ်။
ညနေရုံးဆင်း အိမ်ပြန်။
 သံပတ်စက်ရုပ်သဏ္ဍန်လည်ပတ်နေရတဲ့ ဝန်ထမ်းဘဝမှာ ကြာတော့ အကြံတုံး ဉာဏ်တုံးနဲ့ အသက်ဘဲကြီးလာသလို
လူက ဘာမှ မတိုးတက်လာဘူး။
ဌာနလည်း  အင်းးးအင်း အဲအဲ။
ဒါကြောင့် ဒီနေ့ မောင်ဦးတစ်ယောက် " မမ"ရဲ့ စပွန်ဆာနဲ့ ခရီးထွက်ခဲ့ပြီဗျာ။
မောင်ဦးမှာ အကျင့်တခုရှိတယ်။
မောင်ဦး ခရီးထွက်ရင် ဘဝ အမောတွေ သောကတွေကို အိမ်မှာ ကျန်ရစ်ပြီး ကိုယ့်ဘဝကို မေ့ချင်လာတယ်ဗျ။
 မောင်ဦးဆိုတဲ့ လူက ဘာကောင်မှတာ မဟုတ်တယ်။
ချေး( ဂျီး) ကတော့ အများသား။
အိမ်မှာ ကြယ်မြင် လမြင်တဲကုတ်နဲ့နေရပေမဲ့ ခရီးထွက်ရင် ဟော်တယ်မှာမှ တည်းချင်တယ်။
အိမ်မှာ ချက်အရက်တောင် နှပ်မမှန်တဲ့ မောင်ဦးက ဘဲကင်၊  ရှန်ပိန်၊ ဝစ်စကီ၊ ငါးသုံးလုံး၊ မာဘိုလို ထည်လဲသုံးစွဲချင်တယ်။
ကုန်ကျစားရိတ်ကတော့ သိတယ်မဟုတ်လား။
ဝန်ထမ်းလေ။ နယ်ကလူတွေ နှပ်မမှန်တာတော့ မသိဘူး။ မောင်ဦးကတော့ အကျင့်ပါနေပြီ။
 မောင်ဦး ကိုယ့်ကို အကျင့် မကောင်းမှန်း သိသော်လည်း ပြင်မရဘူးဗျ။
ထားပါလေ။ စာရေးရင်းနဲ့ ဖီးတက်ပြီး ဘယ်ရောက်သွားမှန်းမသိတော့ဘူး။
မဆီ မဆိုင်ရာတွေရောက်သွားပြီ။
 ဒီနေ့ ခရီးသွားရင်နဲ့ ရောက်ခဲ့တဲ့ နေရာလေး တခု အကြောင်းပြောပြ ပေးချင်လို့ပါ။
 အဲဒါကတော့ မြန်မာပြည်မှာ လူသိနည်း သလိုရှိနေပေမဲ့ ကမ္ဘာပေါ်မှာ ထင်ပေါ် ကျော်ကြားလှတဲ့ ဂုတ်ထိပ်တံတားကြီး အကြောင်းပြောပြချင်လို့ပါ။
 အဲဒီတံတားကြီးဟာ မန္တလေး လားရှိုး ရထားလမ်း ပေါ်မှာတည်ရှိပါတယ်။
 ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချိုဘူတာ အလွန် (၇)မိုင် အကွာ မိုင်တိုင် - ၄၆၃/ဝ၉ တွင် တည်ရှိတယ်။
ဂုတ်ထိပ် တံတားကြီး ကို လန်ဒန်ရှိ ဆာအေအမ်ရင်း ဒဲလ်အင်ကုမ္ပဏီမှ ပုံစံရေးဆွဲ၍ အမေရိကန် ပြည်ထောင်စု ပင်ဆီဗေးလ်နီးယား နှင့် မာရီလင်း တံတား တည်ဆောက်ရေး ကုမ္ပဏီ က ၁၉ဝ၃ ခုနှစ်တွင် ဆောက်လုပ် ခဲ့ပြီး အရှည်ပေ ၂၂၆ဝ ရှိသည်။
တံတားကြီး၏ တိုင်များမှာ ကွန်ဂရစ်တိုင်များ မဟုတ်ဘဲ သံမဏီ သံတိုင်များဖြစ်သည်။
သံတိုင်မှာ အမြင့်ဆုံးပေ ၃၂ဝ ဖြစ်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေရှိသည်။ ထူးခြားချက်မှာ အခြားသော တံတားကြီးများ ကဲ့သို့ မြစ်ချောင်း များကို ဖြတ်၍ ဆောက်လုပ် ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ် စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ ခဲရာခဲဆစ် တည်ဆောက် ထားခြင်း ဖြစ်သည်။
တဘက် တောင်ကမ်းပါးရံတွင် ဥမှင်လှိုင်ခေါင်း တည်ဆောက်ထားသည်။
 ဆောက်လုပ်ချိန် ကိုးလသာ ကြာမြင့်ခဲ့ပြီး တံတား ကုန်ကျငွေမှာ စတာလင် ပေါင် ၁၁၃၂ဝဝ ခန့် ကုန်ကျခဲ့ ကြောင်း မြန်မာ့ မီးရထားမှ အငယ်တန်းအင်္ဂျင်နီယာ ဦးတင်ဝင်း ပြောပြချက်အရ  သိရပါသည်။
ထိုတံတားကြီး တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှု နှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ ကြောင့် ခေတ်အဆက်ဆက် ထင်ရှား ကျော်ကြား လာသော တံတားဖြစ်ပြီး ကမ္ဘာအံ့ဖွယ် စာရင်းများတွင် ပါဝင်နေသည်ဟုသိရပါတယ်။
ယနေ့တိုင် အထိလည်းမြန်မာပြည်၏ အမြင့်ဆုံးတံတား ကမ္ဘာအကြီးဆုံး မီးရထား သံလမ်းတံတားဟု မှတ်ကျောက် တင်ဆဲ ဖြစ်ကြောင်း သိရပါတယ်။
ရထားစီးရင်းဖြင့် ဘေးဘယ်ညာ လှပသောရှုခင်းများကို တွေ့မြင်ရမည် ဖြစ်သလို အသည်းတထိတ်ထိတ် ရင်တဖိုဖိုဖြစ်တဲ့ ရသကိုလည်း ခံစားရမည် ဖြစ်ပေသည်။
ခေတ်အဆက်ဆက် ပျက်စီးယိုယွမ်းမှုများကို ထိန်းသိမ်းလာခဲ့ခြင်းကြောင့် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည့် ဂုတ်ထိပ်တံတားသည် ကမ္ဘာလှည့်ခရီးသွား များနှင့် ပြည်တွင်းခရီးသွားများ အတွက် စိတ်ဝင်စားဖွယ်ရာ  သွားရောက်လေ့လာဖွယ်ရာ နေရာတခု ဖြစ်ကြောင်း မောင်ဦးက အသိပေးပါရစေ။
နှစ်ပေါင်း (၁ဝဝ)ကျော် ရှိပြီ ဖြစ်သည့် အဆိုပါ ဂုတ်ထိပ်တံတား ကို ဖြတ်သန်း လေ့လာရန် ကမ္ဘာလှည့် ခရီးသွား များသည် မန္တလေးနှင့် ပြင်ဦးလွင် တို့မှ ရထားစီး၍ လာရောက်မှု များရှိပြီး နိုင်ငံခြားသား များအတွက် ရထားလက်မှတ် ကို ယခင်က ကဲ့သို့ ဒေါ်လာဖြင့် ဝယ်ယူရန် မလိုဘဲ ပြည်တွင်း ခရီးသွားများ နှင့် ဈေးနှုန်းတူ မြန်မာ ကျပ်ငွေဖြင့် ဝယ်ယူစီးနင်း နိုင်ရန် သတ်မှတ် ထားပြီး လာရောက် လေ့လာသူ များပြား လာကြောင်း သိရသည်။
ဒါကြောင့် နိုင်ငံရပ်ခြားကပင်  စိတ်ဝင် တစား လာရောက် ကြည့်ရှုနေရသော ဂုတ်ထိပ် တံတားကြီးကို သင်မရောက်ဖြစ်လျှင် သင်တခေတ်နောက်ကျသွားပေလိမ့်မည်လို့။
တိုက်ဆိုင်မှု
ကျုပ် ခရီးသွားရင်းနဲ့ဘဲဖြစ်ဖြစ် အိမ်မှာအားလပ်ရင်ဘဲဖြစ်ဖြစ် ဆရာသံဃံတော်များ၏ တရားများကို mp3 ဖွင့်ကာ မကြာခဏနာယူမိပါတယ်။
အဲဒီအထဲမှာဒေါက်တာအရှင်နန္ဒမာလဘိဝံသ ပါမောက္ခချုပ်ဆရာတော်ဘုရားရဲ့ တရားဓမ္မဒေတနာတော်များကို အများသောအားဖြင့်နာယူမိပါတယ်။
ဒါပေမဲ့ ဆရာတော်ကို အပြင်မှာလူကိုတိုင်မဖူးတွေ့ဖူးဘူး။
တီဗီဖန်သားပြင်နဲ့ ပြက်ပ လေလှိုင်းထဲမှာတာ ဖူးတွေ့ဘူးပါတယ်။
ဒီနေ့ မနက်မှာ ထူးထူးခြားခြား ဆရာတော်ရဲ့တရားများကို mp3 စက်ထဲမှ နာယူရင်းနဲ့ ဆရာတော်  ဖူးမျှော်ခွင့် လိုစိတ် ရင်ထဲမှာ ပြင်းပြနေမိတယ်။
ဆရာတော်က စစ်ကိုင်းရွှေစေတီနားက ကျောင်းတိုက်မှာသတင်းသုံးနေထိုင်စံတော်မှုဆိုတာလည်း စိတ်ထဲကသိနေတယ်။ အဲဒိကျောင်းတိုက်ကို ရောက်ဘူးပေမဲ့ ကျုပ်ရောက်တဲ့အချိန်မှာ ဆရာတော်ခရီးထွက်နေသဖြင့် ဖူးတွေ့ခွင့်မရခဲ့ဘူး။
ကျုပ်ရောက်နေသည်ကလည်းမြေို့ဆိုတော့ နေပြည်တော်အပြန်ခရီးမှာ ဝင်ဖူးရရင်ကောင်းမည်လို့ စိတ်ထဲ တွေးနေမိတယ်။
ဒါနဲ့ မနက်ဘုရားရှစ်ခိုး ပုတီးစိပ်ပြီးနောက်ပြင်ဦးလွင်တခွင် လှည့်လည် လေ့လာမယ်ဆိုပြီး ကားပေါ်တက်တယ်ဆိုပါတော့။
အံ့သြစရာကောင်းသည်က ကားပေါ်ရောက်သည်နှင့် နယ်ခံခရီးစဉ်လိုက်ပို့မည့်သူရဲ့ ပြောစကားဘဲ။သူပြောတာက
"ဆရာတို့ ဘယ်ကို အရင်သွားချင်သလဲ"
အနီးစခမ်းမှာ ရှိတဲ့ ဆရာတော်ရဲ့ကျောင်းကို မသွားချင်ဘူးလား" လို့ဆိုတဲ့ မေခွန်းဘဲခင်ဗျ။
ကျုပ်ရဲ့ရင်းတွင်းဆန္ဒကို ဖေါက်ထွင်းမြင်နေသော အကြားအမြင်ရ ပုဂ္ဂိုလ်လား မသိဘူး။
ကိုယ်သိထားသည်မှာဆရာတော်က စစ်ကိုင်းမှာဘဲသတင်းသုံးနေထိုင်သည်လို့ သိထားတယ်။ မေမြို့ ပြင်ဦးလွင်မှာလည်း နေထိုင်တယ် ဆိုတာ လုံးဝမသိဘူး။
ဆရာတော်က ကျန်းမာရေးအခြေအနေအရ မေမြို့မှာ သတင်းသုံးနေထိုင်ကြောင်း မြို့ခံခရီးသွားလမ်းညွှန် ပြောပြမှ သိရပါတယ်။
နယ်ခံရဲ့ ပြောစကားကြောင့် ခရီးအတူထွက်လာသည့် ကျုပ်ဆရာသမား ကလည်းအဲဒီအကြောင်း မသိဘူး။
တိုက်ဆိုက်တာက ကျုပ်နှင့်အတူခရီးထွက်လာတဲ့ ဆရာသမားကလည်း ဆရာတော်ရဲ့တရားဓမ္မများကို နာကြားဖူးနေသော်လည်း ဆရာတော်ကို တသက်နှင့် တကိုယ် အပြင်မှာ မဖူးတွေ့သေးဘူးတဲ့ခင်ဗျ။
 ဆရာတော်ကို ဒီမနက်မှာ ဖူးတွေ့ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေတာတဲ့။
ရေငတ်တုံး ရေတွင်းထဲကျတဲ့ ဆရာတပည်နှစ်ယောက် ဝမ်းသာအားရဖြစ်ပြီး ဆရာတော်ကိုအရင်သွားဖုူးတွေ့ရရင် ကောင်းတာပေါ့လို့ သံပြိုင်ထွက်မိတယ်ဗျာ။
အဲဒီလို ဆရာနဲ့တပည် တို့ရဲ့စိတ်တွင်း တိုက်ဆိုင်မှုတွေနဲ့ အတူ ဒီနေ့ ဆရာတော်အရှင်နန္ဒမာလဘိဝံသ ကို ထူးထူးခြားခြား ပထမဦးဆုံး  ကြည်နှှုးစဖွယ် ဖူးမျှော်ခဲ့ရပါတော့တယ်။
ဆက်ရန်
အိမ်ပြန်လမ်း ====== လုပ်ရက်တယ်လို့  မထင်လိုက်ပါနဲ့  နှုတ်ဆက်ပါတယ်ဝန်မင်းရေ အရှုံး ဆိုတာတခဏပေမို့  ငါးနှစ်ဆိုတာ မကြာလှပါဘူး ကြားထဲမှာအားကိုမွေး မှားခဲ့တာ ဘာလဲတွေးပေါ့ လူထုရဲ့မဲတစ်ပြားဟာ ဘယ်သူ့ အတွက်ရယ်လို့  မခွဲခြားပါဘူး လွဲမှားစနစ်ဆိုးကြောင့် မွဲ ရမယ့်အဖြစ်မျိုးတွေ နောက်တစ်ခါမကြုံ ရစေဖို့  အဟောင်းအရွဲနဲ့ ဝေးအောင် ကျွန်တော်တို့ . . ပြောင်းလဲဖို့ ရွေးခဲ့တာပါ. . နောက်ငါးနှစ်ကိုတွေ့ ချင်ပါတယ် ပြည်သူ့ တွက်အားအင်အပြည့်နဲ့  ပြန်လာဖို့ မမေ့ပါနဲ့  ဒီတစ်ကြိမ်တော့. . လုပ်ရက်တယ်လို့  မထင်ပါနဲ့  နှုတ်ဆက်ပါတယ်. . ဝန်မင်းရေ June Seven
ဒီနေ့ ကျုပ်မိခင်ကြီးမွေးနေ့ ဗျာ။
ကျေးဇူးရှင်မိခင်ကြီး မွေးနေ့ကို ကျုပ်မသွားနိုင်ဘူး။
မသွားနိုင်တဲ့ အကြောင်းပေါင်းများစွာထဲ တခုဘဲကျုပ်ပြောပါရစေ။
မွေးမေကျေးဇူး ကို ဘယ်အရာနဲ့မှ တိုင်းထွာ အစားထိုးလို့မရပါဘူး ဆိုတာ
ကျုပ်သိနေပေမဲ့ အသိခေါက်ခက် အဝင်နက်တဲ့ ကျုပ်မိုက်မဲမှန်း သိပါတယ်ဗျာ။
ဒါပေမဲ့  ကျုပ်လေ ကျုပ်--
ကျုပ်ရဲ့ဇနီးဝမ်းဝဘို့ နဲ့ ခါးလှဘို့ အတွက် ခရီးထွက်နေရလို့ပါဗျာ။
ကျုပ်အကြောင်းပြချက်က ကျိုးကြောင်းမခိုင်လုံဘူးဆိုတာ နားလည်ပါတယ်။
ကျုပ်မရှက်ပါဘူး။ ကျုပ်အမေကို သိပ်ချစ်သလို ကျုပ်ချစ်ဇနီး ကိုလည်းချစ်ပါတယ်။
ကျုပ်ဟာ မိခင်အတွက် သားကောင်း မဟုတ်ပေမဲ့ ကိုယ်မျက်နာ တကမ္ဘာမှတ်ပြီး
လိုက်လာတဲ့ ဇနီးအတွက် ယောကျာ်းကောင်းဖြစ်ချင်တယ်။
မွေးမေထံ လူမရောက်သော်လည်း ငွေအသပြာရောက်သည်ဆိုသော်လည်း
အမေမျှော်သည်က ဒါမဟုတ်ဘူးဆိုတာ သားမိုက်သိပါတယ် အမေ။
စိတ်က အမေထံရောက်ပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ကျုပ်သားမိုက်ကို
အမေခွင့်မလွှတ်ပါနဲ့ အမေ။
တဏှာနောက်လိုက်နေတဲ့ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ အမေ။
တိုလီ မိုလီမေးခွန်းများ
တိုလီ မိုလီ မေးခွန်းများ
==============
ယခုတလော ကျု ပ် ပတ်ဝန်းကျင်မှာ
ဟိုအမတ်လောင်း ကလည်း သူ့ကို မဲပေးပါ--
ဒီအမတ်လောင်း ကလည်း သူ့ကို မဲပေးပါနဲ့ တရားဟောနေလိုက်တာ ဆူညံနေတာပါဘဲဗျာ။
ဒီမှာ ကိုရွှေ အမတ်လောင်းကြီးတို့-ကျုပ်ပြောမယ်။ ကျု ပ်တို့ကို ရှည်ရှည် ဝေးဝေး လာပြီး တရားဟော မနေပါနဲ့။ နားမျက်စိဖွင့်ထားသည့်လူတိုင်းက တရားဟောစရာ မလိုပါဘူးဗျ။ မဲပြာဇာတ်ထုတ်တွေက အခါတရာ ကြည့်ပြီးသားပါ။
အခု လူတိုင်းလိုချင်တာက
-ဇာတ်လမ်း အသစ်
-ဇာတ်ညွှန်းအသစ်။
-မင်းသား မင်းသမီး အသစ်ဗျ။
ထားပါ- လူကြီးမင်းကို ကျု ပ် မဲပေးမယ်ဗျာ။
တခုတော့ ရှိတယ် ကျု ပ်မေးတဲ့ မေးခွန်းတွေ အရင်ဖြေပါဦး--။
မင်းက ဘာကောင်လည်းလို့တော့ ပြန်မမေးနဲ့နော်။
အမေး နွားကျောင်းသား-အဖြေ ဘုရားလောင်း ဆိုတဲ့စကားရှိတယ် မဟုတ်လား။
မဲလိုချင်ဖြေပေါ့ဗျာ။
ကဲ-မေးမယ်
၁။ လူကြီးမင်း ပိုင်ဆိုင်မှု ကို ဖေါ်ပြရဲပါ သလား- -ဖေါ်ပြရဲတယ်ဆို ဘယ်ပုံဘယ်နည်းနဲ့ ပိုင်ဆိုင်ခဲ့တယ်ဆိုတာ ကိန်းဂဏန်းနဲ့တကွ တွက်ချက် ပြနိုင်မလား။
( ဘိုးဘွားပိုင် ယောက္ခမပိုင် ယောက္ဖပိုင် စမော ပိုင် ပစ္စည်းဆိုပြီး အမွှေခွဲထားတဲ့ စာရင်းကို နှတ်ပါယ်ထားလျှင် နံပါတ် ၂ မေးခွန်းကို ဆက်မဖြေပါနဲ့ )
၂။လူကြီးမင်း- အစိုးရဝန်ထမ်း(ပြည်သူ့ဝန်ထမ်း) လုပ်ခဲ့ဘူးတယ်ဆိုရင် လူကြီးမင်း လုပ်သက်တလျှောက် အထက်လူကြီးရဲ့ တချို့သော မှားယွမ်းနေသည့် အမိန့်အာဏာကို မှားနေပါတယ်ဆိုပြီး ဘယ်နှစ်ခါ ထောက်ပြ ဝေဖန် ကန့်ကွက်ခဲ့ဘူး ပါသလဲ။
( ဒီနေရာမှာ လက်ညှိုးထောင် ခေါင်းငြိမ့် ယောကျာ်းယိမ်းလိုက် ဘာသား ယိမ်းလိုက်ဆိုလျှင် ရူးချင် ယောင် ဆောင်ပြီး ဤမေးခွန်းကို မဖြေချင်လည်းနေပါ။)
၃။ကျွမ်းကျင်ရာလိမ္မာဆိုတဲ့ သဘောကို လက်ခံပါ သလား။
နွားကျောင်းသားကို တရားသူကြီးလုပ်ခိုင်းပြီး တရားသူကြီးကို နွားကျောင်းခိုင်းရင် လူကြီးမင်း လက်ခံမလား။ဘာကြောင့်လဲ။
(ကျွမ်းကျင်ရာလိမ္မာဆိုသလို စောရ နက္ခ ဗီဇ ရှိသူဖြစ်လျှင် ဆက်မဖြေချင်နေပါ )
၎။မြန်မာနိုင်ငံကို အင်္ဂလိပ်က နှစ်ပေါင်းတရာ အုပ်ချုပ်ခဲ့တယ်။ အမျိုးဘာသာ သာသနာ မပျောက်ပျက်ခဲ့ပါဘူး။ ၅နှစ်ဘဲ အုပ်ချုပ်မဲ့ သူကြောင့် အမျိုးဘာသာ သာသနာ ပျောက်ကွယ်မယ် လို့ထင်ပါသလား။
ဘာကြောင့်လဲ။
(ဒီနေရာမှာ လူကြီးမင်းရဲ့ချစ်သမီးကို လူမျိုခြားးနဲ့ ပေးစားဘို့ အစီအစဉ်ရှိနေလျှင် ဤမေးခွန်းကို မဖြေလည်းရပါသည်။ ကျော်သွားပါ)
၅။အကယ်၍ ရွှေတိဂုံစေတီတော် ဘုရားကြီး တောင်ကုန်းအောက်၌ ရွှေချိန်တန် သန်းနှင့် ချီသော ရတနာသိုက်ကြီးရှိသည်ဆိုပါစို့။ လူကြီးမင်း ဘာလုပ်မည်လဲ။
(ဘုန်းကြီးများကို မီးလောင်ဗုံးနှင့်ထု သင်္ကန်းဆွဲချွတ်ထောင်ချ လယ်တီသိမ် ဖြိုချ--စသည်တို့ တွင် တနည်းနည်းဖြင့် ပါဝင် ပါတ်သက်ဘူးပါက သင့်ရဲ့လုပ်ရည် ကိုင်ရည်ကို သဘောပေါက်ပါသဖြင့် ဆက်မဖြေပါနဲ့)
၆။ တိုင်းပြည် ဖွံ့ဖြိုးရေးမှာ ပညာရေးဟာ အဓိကပါဝင်တယ် ဆိုတဲ့ အဆိုကို လက်ခံပါ သလား။
လက်ခံသည်ဆိုလျှင် တိုင်းပြည် ပညာ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတဲ့ ကျောင်းသား လူငယ်တွေကို ဖမ်းဆီး ထောင်ချနေခဲ့သည့် အပေါ် ဘယ်လိုမြင်ပါသလဲ။
(အကယ်၍ လူကြီးမင်း သား/သမီး နိုင်ငံခြားမှာ ပညာသင်နေသည် ဆိုလျှင် နောက်မေးခွန်းကို ဆက်မဖြေပါနဲ့ )
၇။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ကိစ္စ ဆက်လုပ်သင့် / မသင့် ဘယ်လို သဘောရပါသလဲ။ ဘာကြောင့်လဲ။
(ဒေါ်လာသန်းချီ ပိုက်ဘောမိထားသည်ဆိုလျှင် ဆက်မဖြေပါနဲ့ ။လူကြီးမင်းသည် ဆယ်သက်စား မကုန် ချမ်းသာနေသော လူတန်းစား စာရင်းတွင် ပါဝင်သောကြောင့် အမတ် အဖြစ် ဒုက္ခ ခံမနေပါနဲ့)
၈။လယ်ယာမြေများကို သိမ်ဆည်း ခံထားရသဖြင့် ငိုချင်းတေးများ အဆက်မပြတ် သီဆို ဟစ်ကျွေးနေသည့် တောင်သူ လယ်သမားများကို လူကြီးမင်း ဘယ်လို မြင်ပါသလဲ-ဘယ်လိုဆောင်ရွက်ပေးနိုင် မလဲ။
(လူကြီးမင်းသည် မြေကွက်ဝေစုကို ရယူထားခြင်း လက်လွှဲရောင်းတုတ်ထား သူဖြစ်သည် ဆိုလျှင် နောက်မေးခွန်းကို ဆက်မဖြေပါနဲ့ )
၉။ သဘာဝ ပတ်ဝန်းကျင်ပျက်စီးဆုံးမှု များကြောင့် ရာသီဥတု ဖေါက်ပြန်ကာ ရေကြီးရေလျှံ မှု များဖြစ်ပြီး သဘာဝကပ်ဘေး ဆိုက်နေသည် ဆိုတဲ့ အဆိုကို လက်ခံပါသလား။
‌(သစ်ထုတ်လုပ်ခွင့် လိုင်စင် ပရမ်းပတာ ထုတ်ပေးခဲ့သူ(သို့) ရရှိခဲ့သူ( သို့) သစ်အစားထိုး ကြက်ဆူပင် စိုက်ပျိုးခဲ့သူ (သို့)ဆည်မြောင်း ရေကာတာ ဖြစ်သလို တည်ဆောက်ခဲ့သူ ဖြစ်လျှင် မဖြေပါနဲ့)
၁၀ ။ ပြည်တွင်းစစ် တာရှည်မှုကြောင့် တိုင်းပြည်ဆင်းရဲနေတယ်လို့ ဆိုတယ်။ အဲဒီလိုဆို ပြည်တွင်းစစ် တာရှည်အောင် ဘယ်သူတွေက ဖန်တီးနေသလဲ။ ဘာကြောင့် လဲ။
(လူကြီးမင်းသည် နားတဖက်သာ ကောင်းမွန်စွာ ကြားရပြီး မျက်စိ အဝေးမှုံနေသူဖြစ်လျှင် ဤမေးခွန်းကို မဖြေလည်းရပါသည်။)
နောက်ဆုံးမေးခွန်း တခုဘဲမေးမည်။
၁၁။နောက်ဆုံးမေးခွန်းကတော့ ဟာသလို့ ဆိုချင်ဆို ကလေး ကုလားပြောချင်ပြောတော့။
     လူကြီးမင်း သည် အသံမျိုးစုံဖြင့် ဆူညံနေသော လူဘုံအလည်တွင် ကုလားထိုင်ပေါ်၌ ထိုင်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်တတ်ပါသလား။
(မအိပ်စက်တတ်ပါက လူကြီးမင်းသည်ခေတ်မမှီ သောအမတ် အဖြစ် တန်းမဝင်နိုင်ပါ သဖြင့် မလုပ်သည်က ပိုမိုကောင်းမွန်မည်ဟု ကျွန်ုပ် အကြံပြုလိုပါသည်။)
မဲစာရင်း မှားယွမ်းမှု ရဲ့ နောက်ဆက်တွဲ အကျိုးဆက်
မဲစာရင်း မှားယွင်းမှုကနေ ဘယ်လို မဲခိုး၊ မဲညစ်မှုတွေ ဖြစ်လာနိုင်သလဲ
Written By: နေထွန်းနိုင်နှင့် သတင်းအဖွဲ့
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ လုပ်ဖို့ ၃၈ ရက် လိုချိန်မှာ အခြေခံ မဲစာရင်း တည်ငြိမ်မှု မရှိသေးပါဘူး။ မဲစာရင်း နောက်ဆုံးအကြိမ် ထုတ်ပြန်ပြီးချိန်အထိ မှန်ကန်တဲ့ စာရင်း ဖြစ်မလာတာဟာ ရွေးကောက်ပွဲအတွက် သံသယဖြစ်စရာပါ။
အာဏာရှင်တွေ ကြီးစိုးတဲ့ ဒါမှမဟုတ် အာဏာကို လက်မလွှတ် ချင်သူတွေ အားကောင်းတဲ့ နိုင်ငံတွေမှာ ‘ဟန်ပြဒီမိုကရေစီ’ ဖော်ဆောင်တဲ့အခါ ရွေးကောက်ပွဲကို ကြားခံ အသုံးချလေ့ ရှိပါတယ်။ ဒီအခါ ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်လာပါတယ်။
ရွေးကောက်ပွဲ မသမာမှု လုပ်ကြတဲ့အချိန်မှာ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ပေးထားတဲ့ ဥပဒေဘောင်ကို ကျော်လွန်ပြီး ပြောင်ပြောင်တင်းတင်း လုပ်ဆောင်တာပါ။ နောက်တစ်ခုက ပေးထားတဲ့ ဥပဒေအတိုင်း ဘောင်ထဲက လုပ်တယ်လို့ အထင်ရောက်စေတဲ့ နည်းလမ်းကို အသုံးပြုပြီး ကျင့်ဝတ်ပိုင်း ဆိုင်ရာအရ လက်မခံနိုင်တဲ့ ပုံစံမျိုးကို အသုံးပြုတာဖြစ်ပါတယ်။
ဘယ်လို နည်းလမ်းကိုပဲ အသုံးပြုသည်ဖြစ်စေ သူတို့ရဲ့ ဦးတည်ချက်က နှစ်ခုပဲရှိပါတယ်။ တစ်ခုက ကိုယ်အလိုရှိတဲ့ ကိုယ်စားလှယ်တွေကို ဆန္ဒမဲ ပိုရအောင် လုပ်တာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက ပြိုင်ဘက် ကိုယ်စားလှယ်တွေကို ဆန္ဒမဲ ရရှိမှု နည်းအောင်လုပ်တာပါ။ ဒီလို လုပ်တဲ့အခါ ဦးတည်ချက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လုပ်လေ့ရှိသလို တစ်ခုချင်းစီကို အားပြု လုပ်ဆောင်တာလည်း ရှိပါ တယ်။
‘ဟန်ပြဒီမိုကရေစီ’အတွက် ရွေးကောက်ပွဲကို ကြားခံပြီး ရွေးကောက်မသမာမှု လုပ်လိုသူတွေရဲ့ ဦးတည်ချက် ပြည့်မြောက်ဖို့အတွက် အလွယ်ကူဆုံးနဲ့ လှည့်ဖြားမှု အလုပ်နိုင်ဆုံးက မဲဆန္ဒရှင် စာရင်း ဖြစ်ပါတယ်။
မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု ရှိနေချိန်မှာတောင် ရွေးကောက်ပွဲ မသမာမှုတွေကို လုပ်နိုင်ပါတယ်။ အဲဒီအချိန်မှာ လုပ်နိုင်တဲ့ မသမာမှုကိုလည်း အဆင့်နှစ်ဆင့် အသုံးပြုပြီး လုပ်ပါတယ်။ ပထမဆင့်က မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ လွတ်လပ်စွာ မဲပေးမှုကို တားဆီး တာနဲ့ လုံးဝ မဲပေးခွင့် မပြုနိုင်အောင်လုပ်တာ ဖြစ်ပါတယ်။ ဒုတိယဆင့်က ရွေးကောက်ပွဲ ရလဒ် ပြောင်းလဲသွားစေမယ့် နည်းလမ်းကို အသုံးပြုတာပါ။ ၂၀၁၀ ပြည့်နှစ်က မြန်မာ နိုင်ငံမှာ လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အဲဒီ နည်းလမ်း နှစ်ရပ်ထဲက ဒုတိယနည်းလမ်းကို အသုံးပြုခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။
ဒါကြောင့် အခုလို မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု မရှိဘူး၊ မဲပေးပိုင်ခွင့် ရှိသူတွေ စာရင်းမှာ ပါဝင်ခြင်း မရှိဘူးဆိုတာနဲ့ ‘ဟန်ပြ ဒီမိုကရေစီ’ ခေါင်းစွပ် ၀တ်ချင်သူတွေ အားသာမှု ရမှာ သေချာပါတယ်။
၂၀၀၀ ပြည့်လွန် နောက်ပိုင်း အိန္ဒိယ အပါအ၀င် မြန်မာရဲ့အိမ်နီးနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်း အငြင်းပွား ဖွယ်ရာတွေ ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ဟာလည်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြား ခဲ့ပါတယ်။ ဒီအတိုင်းပဲ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သံသယ စာရင်းကနေ သူတို့ ပယ်ဖျက်ခြင်း မပြုခဲ့ပါဘူး။
ကမ္ဘာမှာ ရွေးကောက်ပွဲ မသမာမှု လုပ်ခြင်းနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ အကျော်ကြားဆုံးနိုင်ငံက ဇင်ဘာဘွေ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ကမ္ဘောဒီးယား နိုင်ငံပါ။
■ မူဂါဘီနှင့် အဆင့်ငါးဆင့်
ပြီးခဲ့တဲ့နှစ်တွေမှာ အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့အတွက် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ လုပ်ခဲ့တဲ့ အဆင့်ငါးဆင့် ရှိပါတယ်။
ပထမဆင့်က အကြံအဖန် လုပ်နိုင်တဲ့ အစီအစဉ်တွေကို ကြိုတင် ပြင်ဆင် ခဲ့တာဖြစ်ပါတယ်။ ဒါကို ၂၀၁၃ ခုနှစ်မှာ လုပ်ခဲ့တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ တွေ့ရပါတယ်။ သူ့ကို ထောက်ခံသူတွေရှိတဲ့ နယ်မြေတွေမှာ မဲဆန္ဒရှင် မှတ်ပုံတင်မှုကို ကြိုလုပ်ထားပြီး နှစ်လအကြာမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာလိုက်တာပါ။ ဒီလို လုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒရှင်တွေ အားလုံး မှတ်ပုံတင်ဖို့ အခက် တွေ့သွားပါတယ်။
မဲဆန္ဒရှင် မှတ်ပုံတင်မှုဆိုတာ မြန်မာမှာ လုပ်နေတဲ့ အခြေခံ မဲစာရင်း ပြုစုခြင်း ပုံစံမျိုးပါပဲ။ မြန်မာမှာတော့ အခြေခံ မဲစာရင်း ပြုစုခြင်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ စတင်ပါတယ်။ လေးကြိမ်ခွဲပြီး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် နောက်ဆုံးအကြိမ် ထုတ်ပြန်ပြီးချိန်အထိ မှန်ကန်တိကျတဲ့ မဲစာရင်း ထွက်မလာပါဘူး။ အချိန်တော့ ကြိုယူခဲ့တယ်။ ဒါပေမဲ့ မှန်ကန် တိကျတဲ့ စာရင်း ထွက်မလာတာက သာမန် လွဲချော်မှုလို့ ယူဆလို့ မရတော့ပါဘူး။
မူဂါဘီ လုပ်ခဲ့တဲ့ ဒုတိယဆင့်က နိုင်ငံပိုင် မီဒီယာတွေကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဇင်ဘာဘွေက နိုင်ငံပိုင် မီဒီယာတွေက ရွေးကောက်ပွဲဝင်မယ့် ပါတီအားလုံးနဲ့ ပတ်သက်တာကို ဖော်ပြတယ်ဆိုတဲ့ အမြင် ရောက်အောင် ဖော်ဆောင်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဖော်ပြခဲ့တဲ့ သတင်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက အတိုက်အခံပါတီ မကောင်းကြောင်းတွေပဲ ဖြစ်ခဲ့ပါတယ်။
တတိယဆင့်က တရားရုံးတွေမှာ ကိုယ့်လူတွေကို ခန့်ထားတာ ဖြစ်ပါတယ်။ ဒီလို ခန့်ထားခြင်းအားဖြင့် ရွေးကောက်ပွဲ မသမာမှု ပေါ်လာပြီဆိုရင် သူ့ဘက်လိုက်နိုင်အောင် ကြိုတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ခုံအဖွဲ့တွေနဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို သမ္မတက ခန့်အပ်ထားပါတယ်။
ဇင်ဘာဘွေမှာ မူဂါဘီ အသုံးပြုခဲ့တဲ့ စတုတ္ထဆင့်က ရွေးကောက်ပွဲမှာ မဲလိမ်တာတော့ လုပ်မယ်။ ဒါပေမဲ့ အမှန်တကယ် နိုင်တယ်လို့ ယုံကြည်အောင် လှည့်ဖြားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၂၀၁၃ ခုနှစ် ရွေးကောက် ပွဲမှာ ၆၁ ရာခိုင်နှုန်းနဲ့ နိုင်တယ်ဆိုတဲ့ ရလဒ် ထွက်လာပါတယ်။ ဒီနေရာမှာ ၂၀၀၈ ခုနှစ်ကထက် မဲပိုရခဲ့တာကို ငြင်းလို့ မရပါဘူး။ ဘာကြောင့် မဲပိုရခဲ့သလဲဆိုရင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူမည်းတွေကို လုပ်ပိုင်ခွင့် ပေးပြီး ဆွဲဆောင်ခဲ့သလို မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး လုပ်ငန်းစဉ် (အခြေခံ မဲဆန္ဒရှင် စာရင်းပုံစံ)ကို ထိန်းချုပ်ပြီး အမြတ်ထုတ် နိုင်ခဲ့လို့ ဖြစ်ပါတယ်။
ပဉ္စမဆင့်က အကြမ်းဖက် နည်းလမ်းသုံးတာကို ရှောင်ရှားခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်မှု ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။ ဒီလို မဖြစ်အောင် လုပ်ခဲ့တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက သူမွေးထားတဲ့ လူငယ် ပြည်သူ့စစ်တွေနဲ့ သူ့ပါတီ ထောက်ခံသူတွေကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းက အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကို ရွေး ကောက်ပွဲ မတိုင်ခင်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာနဲ့ ဇင်ဘာဘွေရဲ့ ပုံစံ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာမှာတော့ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၈ဦး ရှိပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် တရား ရင်ဆိုင်နေရသူ ၄၅၉ ဦး ရှိနေပါပြီ။ စက်တင်ဘာလထဲမှာပဲ နိုင်ငံရေး လှုပ်ရှားသူ ၁၆ ဦး အဖမ်းခံခဲ့ရပြီး ဒီထဲက နှစ်ဦး အကျဉ်း ချခံရပါတယ်။
ဇင်ဘာဘွေက မူဂါဘီလို နောက်တစ်ဦးက ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် ဖြစ်ပါတယ်။ သူကလည်း ရွေးကောက်ပွဲ မသမာမှု နည်းလမ်းကိုသုံးပြီး ကမ္ဘောဒီးယားကို နှစ်ပေါင်း ၃၀ ကြာ ချုပ်ကိုင်ခဲ့ပါတယ်။
■ ဟွန်ဆန်ရဲ့ နည်းလမ်း
ကမ္ဘောဒီးယား ရွေးကောက်ပွဲကလည်း ၂၀၁၃ ခုနှစ်မှာပဲ လုပ်ခဲ့တာပါ။
အမျိုးသားလွှတ်တော် ၁၂၃ နေရာကို မဲပေးခွင့်ရှိသူ ၉ ဒသမ ၆ သန်း မဲပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက တိကျတဲ့ လူစာရင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ကမ္ဘောဒီးယားမှာ တိကျတဲ့ လူဦးရေစာရင်း တရားဝင် ကောက်ယူခဲ့ခြင်း မရှိပါဘူး။ ဒီအတွက် ခန့်မှန်းခြေ စာရင်းပဲ ရပါတယ်။
ဒါကြောင့်ပဲ ခန့်မှန်းခြေ စာရင်းကို ၀န် ကြီးချုပ် ဟွန်ဆန်က အခွင့်ကောင်း ယူခဲ့ပါတယ်။ ပထမအချက်က မဲဆန္ဒရှင်တွေဟာ ကွဲပြားတဲ့ နာမည်ကိုသုံးပြီး ကိုယ်နဲ့သက်ဆိုင်မှု ရှိတဲ့ နာမည်တွေနဲ့ မဲပေးနိုင်တဲ့ပုံစံ ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘယ်သူဘယ်ဝါ သတ်မှတ်ဖို့ ခက်ခဲတဲ့အချက်က တစ်ဆင့် ဗီယက်နမ်က ရွှေ့ပြောင်းလာသူတွေ မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကမ္ဘောဒီးယား အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ကယ်တင်ရေးပါတီ (CNRP) က မဲဆန္ဒရှင် စာရင်းမှာ ၁ ဒသမ ၂ သန်းကနေ ၁ ဒသမ ၃ သန်းရှိတဲ့ အမည်တွေကို ဖြုတ်ခဲ့ရတယ်လို့ ထုတ်ပြောပါတယ်။
ကမ္ဘာဒီးယားမှာ ဖြစ်ခဲ့တဲ့ နောက်ထပ် အငြင်းပွားဖွယ် တစ်ခုက မဲပေးပြီး ဖြစ်ကြောင်း မှတ်သားတဲ့ နေရာမှာ အသုံးပြုတဲ့ မင်အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ မင်တွေက သာမန်အားဖြင့် ဖျက်မရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက အသေးစိတ် စစ်ဆေးတဲ့အချိန်မှာ အဲဒီမင်ဟာ အစွန်းချွတ်ဆေး (ဒါမှမဟုတ်) သံပရာရည် သုတ်ပြီး အခြောက်ခံလိုက်တဲ့အခါ အရောင်ပြယ်သွားတာကို တွေ့ခဲ့ကြပါ တယ်။ ဒီနည်းလမ်းကို သုံးတယ်ဆိုတာနဲ့ မဲ ဆန္ဒရှင်တစ်ဦးဟာ တစ်ကြိမ်ထက်မက မဲပေးနိုင်ဖို့ ဖြစ်သွားပါတယ်။
မြန်မာရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း လေဆာ တံဆိပ်တုံး နှိပ်ပြီး မဲပေးရမှာ ဖြစ်ပါတယ်။ မဲပေးပြီးတဲ့အခါ လက်သန်းကို မင်တို့ပြီး မှတ်သားမှာ ဖြစ်ပါတယ်။ အဲဒီ မင်ရဲ့ အရည်အသွေး အသေးစိတ် စစ်ဆေးချက်တွေ ထွက်မလာသေးပါဘူး။ အကယ်၍ ကမ္ဘောဒီးယားမှာ အသုံးပြုတဲ့ မင်အမျိုးအစား ပုံစံ ဖြစ်နေရင် တစ်ကြိမ်ထက်မက မဲပေးသူတွေ ရှိလာပါမယ်။
ဒါ့အပြင် လေဆာတံဆိပ်တုံးနဲ့ ပတ်သက်လို့လည်း အသေးစိတ် စစ်ဆေးချက်တွေ မထွက်သေးပါဘူး။ ဒီအချိန်မှာပဲ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် လေဆာတံဆိပ်တုံးနဲ့ ပုံစံတူ တံဆိပ်တုံးတွေကို အပြင်မှာ အပ်နှံ လုပ်ခိုင်းသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။
၂၀၁၃ ခုနှစ် ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာတော့ ခန့်မှန်းခြေ မဲဆန္ဒရှင် စာရင်း၊ ရွှေ့ ပြောင်းနေထိုင်သူတွေရဲ့ မဲပေးမှု၊ မဲပေးရာမှာ အသုံးပြုခဲ့တဲ့ မင် လှည့်ဖြားမှုတွေနဲ့ အမတ်နေရာ ၆၈ နေရာနိုင်အောင် ဟွန်ဆန်က လုပ်ခဲ့ပါတယ်။
■ မြန်မာနှင့် သံသယဖြစ်ဖွယ်
ရွေးကောက်ပွဲ မသမာမှုနဲ့ မဲလိမ်၊ မဲခိုးမှု လုပ်တဲ့ နိုင်ငံ အများစုမှာ အသုံးပြုတဲ့ နည်းလမ်းတွေ တူညီလေ့ ရှိပါတယ်။ အခြေခံအားဖြင့် မဲဆန္ဒရှင် စာရင်း ဒါမှမဟုတ် မဲဆန္ဒရှင် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွေမှာ ရှုပ်ထွေးအောင် လုပ်တာ ဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံမှာလည်း အခြေခံ မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု မရှိသေးပါဘူး။
နောက်တစ်ချက်က ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ရွေးကောက်ပွဲ မသမာမှု လုပ်ခဲ့တဲ့ နိုင်ငံတွေမှာ အာဏာကို လက်မလွှတ်ချင်သူတွေက သူတို့ရဲ့ အနိုင်ရမှုကို အပြတ် အသတ် ဖြစ်အောင် မလုပ်ပါဘူး။ တရား မျှတမှုရှိစွာ အနိုင်ရတယ်လို့ နိုင်ငံတကာက ယူဆနိုင်အောင် လုပ်ခဲ့ပါတယ်။ ဇင်ဘာဘွေမှာ မူဂါဘီက ၆၁ ရာခိုင်နှုန်းပဲ နိုင်အောင် လုပ်ခဲ့သလို ကမ္ဘောဒီးယားမှာ ဟွန်ဆန်က ၁၂၃ နေရာမှာ ၆၈ နေရာပဲ နိုင်အောင် လုပ်ခဲ့ပါတယ်။ ဆိုလိုတာက အနိုင် သေချာနိုင်မယ့် ပမာဏ လောက်ပဲ မဲလိမ်၊ မဲခိုးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
တကယ်လို့ ၂၀၁၅ ခုနှစ် မြန်မာ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲညစ်မှု ရှိခဲ့ပြီဆိုရင် ဒီလိုလုပ်နိုင်တဲ့ ပမာဏက အနိုင်ကို သေချာ စေရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ (ဘယ်ဒေသတွေမှာ ဘယ်လိုတွေ လုပ်နိုင်သလဲဆိုတဲ့ အချက်တွေကို နောက်ပိုင်းမှာ ဆက်ရေးပါမယ်)
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ခြေဖျက်ချင်တာကြောင့် အနိုင်ကို သေချာစေတဲ့ ပမာဏထက် ပိုတဲ့ အပြတ်အသတ် ပုံစံဖြစ်အောင် လုပ်ခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော် နှစ်ရပ်ပေါင်း ၄၉၈ နေရာ ရှိတဲ့အထဲမှာ အတိုက်အခံတွေ ဘက်က ၁၅၀ နဲ့ ၂၀၀ အကြား အနိုင်ရနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ခန့်မှန်းခဲ့ပါတယ်။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နေရာမှာ ၂၅၉ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီက အနိုင်ယူခဲ့ပါတယ်။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာမှာ ၁၂၉ နေရာကို ပြည်ခိုင်ဖြိုးက ယူခဲ့ပါတယ်။ လွှတ်တော် နှစ်ရပ်ပေါင်း ၃၈၈ နေရာ ယူခဲ့တာ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုး အနေနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ၂၅၀ ကနေ ၃၀၀ လောက်အထိပဲ ယူပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ပေါင်းရင် ၄၁၆ နေရာကနေ ၄၆၆ နေရာလောက်မယ်။ ဒီလောက်ဆိုရင် စိတ်ချရတဲ့ အနေအထား ရှိနိုင်ပေမယ့် ဒီလိုမဖြစ်ခဲ့ပါဘူး။ ပျမ်းမျှအားဖြင့် အနိုင်သေချာစေတဲ့ နေရာတွေ အပြင် နောက်ထပ် နေရာ ၁၀၀ နီးပါးမှာ ကြိုတင်မဲ အကူအညီနဲ့ ရုပ်ပျက်ဆင်းပျက် အနိုင်ရအောင် လုပ်ခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ပြည်ခိုင်ဖြိုးက ပြည်သူ့ လွှတ်တော်အတွက် ထည့်ဝင်မဲ ၉ ဒသမ ၇ သန်းကျော် ရခဲ့ပါတယ်။ ကြိုတင်မဲ ၃ ဒသမ ၅ သန်းကျော် ထည့်ဖြည့်ပြီး ပြည်သူ့ လွှတ်တော်အတွက် မဲပေးမှု ၅၈ ဒသမ ၄၁ ရာခိုင်နှုန်း ရအောင် လုပ်ခဲ့ပါတယ်။
ဒီအတိုင်းပဲ အမျိုးသား လွှတ်တော်မှာ ဆန္ဒမဲ ၁၆ ဒသမ ၂၆ သန်းရခဲ့ပါတယ်။ အနိုင် သေချာတဲ့ မဲ ရခဲ့ခြင်းပါ။ ဒါပေမဲ့ ကြိုတင်မဲ ၂ ဒသမ ၇ သန်းကျော် ထပ်ပေါင်းပြီး အမျိုးသား လွှတ်တော်အတွက် မဲပေးမှု ၈၇ ဒသမ ၆၂ ရာခိုင်နှုန်းရအောင် ပုံဖော်ခဲ့ပါတယ်။
အခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်လာပြီဆိုရင် နေရာ ၁၀၀ နီးပါးလောက်နဲ့ မဲအရေအတွက် သန်းဂဏန်းလောက်ကို မသမာမှု လုပ်တာတွေ ရှိလာနိုင်ပါတယ်။
လက်ရှိအနေအထားအရ လွှတ်တော်နှစ်ရပ်ပေါင်း ၄၉၈ နေရာမှာ ပြည်ခိုင်ဖြိုးက နေရာ ၁၀၀ နီးပါး နိုင်ခြေရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နေရာ ၃၃၃ နေရာနဲ့အထက် အနိုင်ရဖို့ ပြင်ဆင် နေပါတယ်။ ပါတီ တစ်ခုတည်းက နေရာ ၃၃၃ နေရာနဲ့ အထက်နိုင်မှ ကိုယ်လိုလားတဲ့ သမ္မတ ရွေးနိုင်မှာ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးအနေနဲ့ နေရာ ၁၀၀ နီးပါး နိုင်မယ်၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးနဲ့(ပေါင်းပြီး) ၂၆၆ ဦး ဖြစ်နေမယ်ဆိုရင် သူတို့ လိုလားတဲ့ သမ္မတတင်ဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ ဒါကြောင့် သူတို့အနေနဲ့ နေရာ ၂၀၀ အထက် နိုင်အောင် လုပ်လာနိုင်ခြေ ရှိပါတယ်။
အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာ NLD အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေက နေရာ ၂၀၀ နဲ့ ၂၅၀ ကြားပဲ အနိုင်ရခဲ့မယ်၊ တိုင်းရင်းသားပါတီတွေက နေရာ ၁၀၀ အနိုင်ရမယ် ဆိုရင်တောင် သမ္မတ ရွေးချယ်ခွင့်အတွက် အခက်အခဲတွေ့မှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုရဲ့ အကျိုးဆက် သံသယ ဖြစ်စရာတွေ ရှိလာပါတယ်။
■ လှိုင်သာယာ ဥပမာ
ရှင်းရှင်း ပြောရရင်တော့ အခုဖြစ်နေတဲ့ မဲစာရင်း မှားယွင်းမှုတွေဟာ အရင်ဖြစ်ခဲ့တဲ့ ကြိုတင်မဲထက် ဆိုးပါတယ်။
အခြေခံ မဲစာရင်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ပထမဆုံးအကြိမ် ထုတ်ပြန်တုန်းက အမှား များခဲ့တယ်။ ဒါကိုသိလို့ အမှားပြင်မှုတွေ လုပ်ကြတယ်။ ရာခိုင်နှုန်း ၈၀ လောက်ထိ မှန်သွားနိုင်ပါတယ်။
ဒါပေမဲ့ နောက်ဆုံးအကြိမ် ပြန်ထုတ်ချိန်မှာ မဲစာရင်းကို ပထမ ပုံစံအတိုင်း မဟုတ်ဘဲ လူနာမည်၊ လမ်းနာမည်တွေနဲ့ ပုံစံ ပြောင်းလိုက်တယ်။ မဲစာရင်း သွားကြည့်သူတွေ ရှာရခက်ပြီး မျက်စိ ရှုပ်ကုန်တယ်။ ကိုယ့်နာမည် ပါ၊ မပါ၊ ကိုယ်ပြင်ထားတာ ပြင်၊ မပြင် ဒါကိုပဲ အာရုံ စိုက်နိုင်ပါတော့တယ်။ ဒီအချိန်မှာ လူပိုတွေ ထွက်လာတာကို လူအများစုက သတိမထား နိုင်တော့ပါဘူး။
ဒီလိုဖြစ်သွားတာကို တစ်ဦးချင်း၊ တစ်ယောက်ချင်း ကြည့်ရင် မသိသာပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် ထင်ထင်ရှားရှား မြင်လာပါလိမ့်မယ်။ အခု ထုတ်ထားတဲ့ မဲစာရင်းမှာ လူပို ဘယ်နှသန်း ပါသွားပြီလဲ။ ဘယ်သူမှ မသိနိုင်တော့ဘူး။ ဒီလိုပုံစံနဲ့ဆို မဲလိမ်၊ မဲခိုးမှုတွေ လုပ်လို့ရသွားပြီ။
ဥပမာအနေနဲ့ လှိုင်သာယာကိုပဲ ကြည့်လိုက်ပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူစာရင်း ထုတ်ပြန်တဲ့အခါ လှိုင်သာယာ မြို့နယ်မှာ ၂၉၀၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေထဲမှာ ခန့်မှန်း လူဦးရေ ၁၅၀၀၀၀ လောက်က လှိုင်သာယာမှာ မနေတော့တဲ့ ရွှေ့ပြောင်းတွေ ဖြစ်နေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ဆိုတယ်။ ဒါဆိုရင် အမှန်တကယ် မဲပေးသူက ၁၄၀၀၀၀ ပဲရှိပြီး လူပိုက ၁၅၀၀၀၀ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာပဲ မဲစာရင်းထဲ မပါဘဲ လှိုင်သာယာမှာ နေထိုင်နေတဲ့ မဲပေးပိုင်ခွင့်ရှိသူ ၁၅၀၀၀၀ နီးပါး ထပ်ရှိနေတယ်။ သူတို့တွေက ဒေသဆိုင်ရာ အာဏာပိုင်တွေကို လွန်ဆန်ဝံ့သူတွေ မဟုတ်ပါဘူး။
ရွေးကောက်ပွဲနေ့ ရောက်တဲ့အခါ အမှန်တကယ် နေထိုင်ခြင်း မရှိဘဲ မဲစာရင်းမှာ ပါနေတဲ့ လူပိုတွေ အစား မဲစာရင်း မပါဘဲ အပြင်မှာ ရှိနေတဲ့လူတွေက ဆန္ဒမဲပေးခွင့် သက်သေခံ လက်မှတ်တွေ ကိုင်ပြီး မဲသွားပေးရင် ဘယ်လိုလုပ်မလဲ။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လှိုင်သာယာမြို့နယ်ရဲ့ မဲရလဒ်တွေမှာ ပါတီ တစ်ခုတည်းက အပြတ်အသတ် မရှိခဲ့ဘူး။ အဲဒီတုန်းက လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ရှစ်ဦး ၀င်ပြိုင်ခဲ့တယ်။ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်က ၃၃ ရာခိုင်နှုန်းရပြီး ကပ်နိုင်ပါတယ်။ သူ့နောက်မှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ကိုယ်စားလှယ်လောင်းက ၂၆ ရာခိုင်နှုန်းနဲ့ ကပ်လိုက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းက ၂၁ ရာ ခိုင်နှုန်းရခဲ့ပါတယ်။
ဒီလို ဆန္ဒမဲ ပြတ်သားမှု မရှိခဲ့တဲ့ နယ်မြေတစ်ခုမှာ လူပိုတွေ အများကြီးပါနေတဲ့ မဲစာရင်းနဲ့ဆို မဲလိမ်၊ မဲခိုးမှု လုပ်ချင်သူတွေအတွက် အကောင်းဆုံးဖြစ်လာမယ်။ လှိုင်သာယာဟာ မဲလိမ်၊မဲခိုးတာ လုပ်ဖို့ အကောင်း ဆုံးနေရာတစ်ခုပါပဲ။
နောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်း ကမောက်ကမဖြစ်မှုဟာ ဆော့ဖ်ဝဲ အပြောင်းအလဲ၊ ဆော့ဖ်ဝဲ အမှားကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောခဲ့တယ်။ ဒါက လက်ခံနိုင်စရာမရှိဘူး။ အမှန်တော့ လေ့လာစောင့်ကြည့်သူတွေ သက်သေရှာလို့မရအောင် လူပိုတွေ ထည့်ပေးလိုက်သလိုပဲ ဖြစ်ခဲ့ပါတယ်။
သေချာတာကတော့ မဲစာရင်းမှာ လူပိုတွေ ဘယ်လောက်ပါနေလဲဆိုတာ အသေးစိတ် မစစ်နိုင်တော့ပါဘူး။ နိုင်ငံရေးပါတီတွေလည်း မစစ်နိုင်တော့ဘူး။ လေ့လာ စောင့်ကြည့်သူတွေလည်း မစစ်နိုင်တော့ဘူး။ စစ်ဖို့ ပြင်တဲ့အချိန်မှာ သတ်မှတ်ရက် ကုန်သွားပြီ။ နောက်တစ်ကြိမ် ပြန်ထုတ်မယ့် အချိန်က ရွေးကောက်ပွဲ မတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၇ ရက်ဆိုတော့ ဘာမှလုပ်မရတော့ပါဘူး။
ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှုမှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ မှားခဲ့မယ်။ ပြင်ကြတဲ့အတွက် အမှား ၁၀ ရာ ခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းပဲ ရှိတော့မယ်။ ဒီလောက်ပဲ ကျန်တော့ချိန်မှာ စာရင်းမှန်ကို ကိုင်ထားပြီး ၃၀ ရာခိုင်နှုန်းပဲ အာမခံမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအေးပြောခဲ့တာက မှန်နေတဲ့ မဲစာရင်းတွေကို ဖြုတ်ချဖို့ တမင်လုပ်ခဲ့တာလို့ စွပ်စွဲပါမယ်။ ဒီစွပ်စွဲချက်ကို ငြင်းဆန်မယ်ဆိုရင် မဲစာရင်းအမှန် ၁၀၀ ရာခိုင်နှုန်းအတွက် အာမခံ ပေးဖို့လိုပါလိမ့် မယ်။ ဒီလို အာမခံတယ် ဆိုရင်တော့ စွပ်စွဲတာကို ပြန်ရုပ်သိမ်းပေးပါမယ်။
မဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ အာမခံချက်ပေးတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့တော့ ဘယ်ရွေးကောက်ပွဲမှ လုပ်လို့မရတော့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ၊ နိုင်ငံရေးပါတီတွေ၊ လေ့လာ စောင့်ကြည့်သူတွေ အနေနဲ့ သေချာ စဉ်းစားဖို့လိုပါတယ်။ အခု မဲစာရင်းနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။
အကောင်းဆုံးကတော့ မဲစာရင်း ၉၀ ရာခိုင်နှုန်းလောက်မှ မှန်အောင် မလုပ်နိုင်ဘူးဆိုရင် ဥက္ကဋ္ဌဦးတင်အေး နုတ်ထွက်လိုက်ပါ။ ဒါမှမဟုတ် ရွေးကောက်ပွဲကို အချိန်တစ်လ ရွှေ့ဆိုင်းပြီး အနည်းဆုံး ၉၀ ရာခိုင်နှုန်း အာမခံတဲ့ မဲစာရင်းကို ပြန်ထုတ်ပေးပါ။ မှန်ကန်တဲ့ မဲစာရင်းဖြစ်အောင် အချိန်တစ်လနဲ့ လုပ်ပေးနိုင်တယ်လို့ ပြောထားတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။
ဒါကြောင့် ဦးတင်အေးအနေနဲ့ ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်မလား၊ ရွေးကောက်ပွဲ ကိုအချိန်တစ်လရွှေ့ဆိုင်းပြီး ၉၀ ရာခိုင်နှုန်း အာမခံတဲ့ မဲစာရင်းကို ပြန်ထုတ်ပေးမလား။ ဒါမှမဟုတ်ရင် သမ္မတဦးသိန်းစိန်က ဘယ်လို တာဝန်ယူမလဲ။
ရထားလမ်းရေကျော်
17:7.2015 ရက်နေ့ က စစ်ကိုင်း တိုင်းအထက်ပိုင်း မန္တလေး မြစ်ကြီးနား ရထားလမ်းများရေကျော်နေပုံများ
ဗန်မော် ဆရာတော် ၏
လိမ်ချင်သလောက်လိမ်
==============
လယ်မရှိလို့ လယ်သမား လယ်မစိုက်ရဘူး။
ထောင်ကျနေလို့ ကျောင်းသားစာမသင်ရဘူး။
စစ်ပွဲရှိလို့ စစ်သားတွေအေးအေး မနေရဘူး။
ဗိုက်မဝလို့ ဝန်ထမ်းတွေ သီလ မစောင့်ရဘူး။
ဆင်းရဲလို့ သံဃံတွေ ဆွမ်းကောင်းကောင်း ဖုန်းမပေး (မစား) ရဘူး။
ဒါ-အတိတ် ပစ္စုပ္ပန် ကာလရဲ့ ရင်နင့်စွာ ခံစားခဲ့ ခံစားနေရဆဲ ဘဝ ဘဝများရဲ့ လက်တွေ့ ဝန်းကျင်ပါ။
ဒီလိုခေတ်ဆိုး စနစ်ဆိုးတွေ ပြောင်းလဲဘို့ တန်ဘိုး အနဂ္ဂထိုက်တန်တဲ့ အသည်းကြားက မဲတစ်ပြား ခင်ဗျား လက်ထဲမှာ ရှိနေပါပြီ။
ဒီမဲတစ်ပြားကို NLD ရဲ့စစ်မှန်သော ပြု ပြင် ပြောင်းလဲရေးမှာ အကျိုးရှိရှိအသုံးချခြင်း အားဖြင့် ခင်ဗျားဟာ နောင်မျိုးဆက်တွေ အတွက်တာဝန်ကျေပါပြီ။
ဒါပေမဲ့ အလိမ်အညာတွေကြားထဲမှာ ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ မဲတစ်ပြား အကြောင်းကို ကောင်းကောင်းမသိထား ဘူးဆိုရင် ပယ်မဲဖြစ်ကာ စက္ကူ စုတ်အဆင့် ရောက်သွားမယ်။
အဲဒီအခါမှ ခင်ဗျား ကောင်းကောင်း ခံစားရ သွားနိုင်ပါတယ်။
ဒါကြောင့် တန်ဖိုးရှိလှတဲ့ မဲပြားအကြောင်း ခင်ဗျား ကောင်းကောင်း သိစေချင်လို့ play store မှာ https://play.google.com/store/apps/details… ဆိုတဲ့ဆော့ဝဲကို သွားယူထား စေချင်တယ်ဗျာ။အဲဒီမှာ ဥာဏ်စမ်း ပဟေဋ္ဌိများနဲ့ အတူ မဲအကြောင်း သိသင့် သိထိုက်တာလေးတွေ ပါရှိပါတယ်။
ဘုန်းကြီး စာချမယ်
===========
လေကြီး မိုးကြီး(သို့) ဘုန်းကြီးစာချ မိကျောင်းမင်း စာချလို့ သုံးစွဲရင်လည်း ရပါတယ်။
မနက် မိုးလင်းရင် နှစ်ပြားတန် ချို ပေါ့ကျ လက်ဖက်ရည်တခွက်နဲ့ အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် ရရာ စာစောင်တခုခုနဲ့ ဇိမ်ယူ တတ်တဲ့ အလေ့အကျင့်က ရှိတယ်ဗျ။
ကျန်းမာရေးအကြောင်း တင်ထားတဲ့ ဝက်ဆိုဒ်တွေ ပြောတာဗျ။
အဲဒီလို ပွတ်နေရင်းနဲ့ ဘက္ထရီ အားကုန်လို့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် မရိုသေ စကားဗျာ- ရှုရှု ပေါက်ချင်စိတ်ရှိလို့ အိမ်သာသွားမှဘဲ ကျုပ်ရဲ့ အလုပ်ကြီး အကိုင်ကြီးကို ရပ်နားပါတော့တယ်။
- ဒါ့ အပြင် ကျုပ်တို့ သုံးယောက်ပေါင်းလို့ မှ အိပ်ကပ်ထဲ ဗမာငွေ သုံးထောင်မပြည့် ပေမဲ့ - ဘောလုံးသမား ဒိုလေးနဲ့ မက်ဆီတို့ တနှစ်ဝင်ငွေ တလဝင်ငွေ တရက် တနာရီ တမီနစ် ဝင်ငွေကို ဂဏန်းပေါင်းစက် အကူအညီနဲ့ ကိုယ့်မယား မုဒိမ်းကျင့်ခံရလို့ လျှော်ကြေးရမဲ့ ပုံစံ တွက်ချက်နေတာလည်း ကျုပ်တို့ တီးဝိုင်း။
လုပ်ငန်း သဘော သဘာဝ အရ ရောက်သည့် ဒေသ ရောက်တဲ့ နေရာ အနီးအနားက လက်ဖက်ရည်ဆိုင်တို့- ဘီယာဆိုင်တို့ မှာ -ကျုပ်တို့ တီးဝိုင်းကို မြင်တွေ့ နေကြ ပုံစံ ဘဲဗျ။
ကိုယ့်အိမ်က ထမင်းကြမ်း နဲ့ ပဲပြုတ်စားပြီး အပြင်ဆိုင် မှာ ထိုင် အချိန်ကုန် ဝေဖန် လေကန် ဇိမ်ခံရတာကိုက ကျုပ်တို့ အလုပ်ပဲ ဆိုပါတော့ဗျာ။
အဲဒီလို ဆိုင်ထိုင်သည့် အခါ ကျုပ်ပိုက်ဆံနဲ့ ကျုပ် ဝယ်သောက် ဝယ်ဖတ်သလို အများအားဖြင့် စပွန်ဆာ က များပါတယ်။
စပွန်ဆာကလည်း စေတနာ ရှိလို့ တော့ မဟုတ်ဘူး။
ဖြစ်စဉ်က ဒီလိုဗျ။
မတွေ့။
ထီးမပါလာသည့် အတွက် ကိုယ့်ကိုဘဲ အပြစ်တင် ဆဲမိရင်လည်း မွေးတဲ့ အမေကို ထိခိုက်သွားမှာ စိုးလို့ မိုးနတ်မင်းဘဲ ဆဲမိကာမှ ဒိန်းဆိုတဲ့ မိုးခြိမ်းသံကြောင့် ပါးစပ်ပိတ်နေရတယ်။
"မသိဘူး " တဲ့။
"ဟုတ်တယ် "တဲ့။
"ငါ့ညီက မဆိုးပါဘူး စာမဖတ်နိုင်ရင် အင်တာနက်သုံးစွဲ တာ ကောင်းပါတယ်ကွာ -ဒီနေ့ ကမ္ဘာကြီးနဲ့ မျက်ခြေမပြတ်တာပေါ့ကွာ" လို့ ဆရာကြီးလေသံ ချီးကြူးး စကားပြော ပြီး ဘာတွေများ ဝင်ကြည့်သလဲလို့ ဆက်မေးတော့ "ဂိမ်း"လို့ တခွန်းထဲ ပြန်ဖြေတယ်။
ဒီမယ် ကိုအဝှာတို့
ဆင်းရဲလို့ပေါ့ဗျ ။
စာ မတတ်လို့ပေါ့ဗျာ။
ရတဲ့ အချိန်လေးကို အကျိုးရှိအောင် သုံးလိုက်စမ်းပါဗျာ။
အာဖျံကွီး မောင်ဦး
လှေကား သုံးထစ်ဆင်းလျှင်
=================
" စကားပြောလို့ ရမလား ?"
" ရပါတယ် ရှင်"
" မိုးချု ပ်တယ်နော် ဘယ်သွားမလို့လဲ"
" အိမ်ပြန်မလို့ "
" လိုက်ပို့လို့ ရမလား"
" ရပါတယ်ရှင်"
" ချစ်သူ ရည်စားရှိလား ဟင်"
''------"
'' ကျွန်တော် မေးတာဖြေပါဦးဗျာ"
" မရှိပါဘူး"
" ဟာ ဝမ်းသာလိုက်တာ ကျနော်လည်း မရှိဘူး"
"ချစ်သူ ရည်းစားမရှိပေမဲ့ ယောက်ျားတော့ရှိပါတယ် --  ဟော ဟိုရှေ့က ကျမအိမ်ဘဲ လိုက်ပို့ တာကျေးဇူးတင်ပါတယ်ရှင်- အိမ်ရှေ့ထိုင်နေတာ ကျမ ယောက်ျားပေါ့ "
" ဗျာ"
" ဒါနဲ့ ရှင့်သားလေး ကျောင်းစာတွေ မလိုက်နိုင်ဘူး အိမ်စာတွေ လုပ်ခိုင်းဦးနော် "
" ဗျာ- ဟုတ်ကဲ့ ဟုတ်ကဲ့--"
မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
=========================================
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...
-------------===-------------
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...
www.mmdailystar.com
အကောင်းတကာ့ အကောင်းဆုံးသူခိုး
အကောင်းတကာ့ အကောင်းဆုံးသူခိုး
=========================
ရွှေဆိုင် ခိုးတော့ သုံးလေးရွေး
ဆီဆိုင်ခိုးတော့ ဂါလံသေး
ဈေးသည်ခိုးတော့ အလေး
အင်္ဂျင်နီယာခိုးတော့ ဒေသပေါက်ဈေး
ဌာနလူကြီးခိုးတော့ လုပ်ပိုင်ခွင့်ပေး
စာရေးမ ခိုးတော့ အချိန်ဆွဲနှေး
ကောင်းဘူး ကောင်းဘူး ဘာတစ်ခု
မှ မ ကောင်း။
အဲ ခိုးတာ တခုတော့ ကောင်းမှ ကောင်း
အဲဒါ့အဲဒါ့
ဟို့ ....ဟိုလေ့....... ဟို......
-----------------
------------------
------------------
မိန်းမခိုးပြေးတာ ကောင်းမှကောင်း ။
တရုတ်နိုင်ငံသားများ လွတ်မြောက်မှု အပေါ် နိုင်ငံခြားရေးဌာန တုန့်ပြန် 31.07.2015 06:00am ဗွီအိုအေ (မြန်မာပိုင်း) ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်မှုနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ တရုတ်နိုင်ငံသား သစ်ခိုးခုတ်သူ ၁၅၅ ဦးတို့ကို သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ အပေါ် တရုတ်ဘက်က အသိအမှတ်ပြုတဲ့ အကြောင်းနဲ့ ဒီလူတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ အတွက် တရုတ် အစိုးရက မြန်မာ အာဏာပိုင်တို့နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ Hong Lei က နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြာသပတေးနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာအာဏာ ပိုင်တို့ကဘက်က သောကြာနေ့မှာ တရုတ် သစ်ခိုးခုတ်သူတွေကို တရုတ်နိုင်ငံဘက် ပြန်လည် လွှဲပြောင်းပေးမယ်ဆိုတာကို ကြာသပတေးနေ့ မနက်က အကြောင်းကြားခဲ့ပါတယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောခွင့်ရ ကပြောဆိုခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာကြောင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို တရုတ်ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ခေါ်ယူတွေ့ဆုံပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ တာဟာ ပြင်းထန်ကြောင်း ပြောဆိုခဲ့သေးတာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မနေ့ ကြာသပတေးနေ့မှာ နိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသား ၆၉၆၆ ဦးတို့ လွတ်လာခဲ့တာပါ။ ဒီထဲမှာ ကချင်ပြည်နယ် အတွင်း သစ်ခိုးထုတ်မှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တရုတ်နိုင်ငံ သား (၁၅၅) ဦးလည်း ပါဝင်ခဲ့တာပါ။ ၂၀၀၄ ခုနှစ်က နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ စစ်အစိုးရရဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တချို့လည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့ပါတယ်။ မနေ့ ကြာသပတေးနေ့တုန်းက လွတ်မြောက်လာသူတွေထဲမှာတော့ နိုင်ငံရေး အကျဉ်းသား အနည်းငယ်နဲ့ သတင်းသမား တချို့ လွတ်မြောက်ခဲ့ပေမယ့် အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၂၀ ကျော်၊ အလုပ်သမား အခွင့်အရေး တောင်းဆိုသူတွေ၊ သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည် ရရှိရေး တောင်းဆိုမှုကြောင့် ပြစ်ဒဏ်ကျခံနေရသူတွေနဲ့ ကျောင်းသားတွေလည်း ကျန်ရှိနေသေးသလို နောက်ထပ် ၄၀၀ ကျော်တို့ဟာလည်း အမှု ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ by voa မြန်မာ
လောက ကြီးမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်နေရရင် စစ်ပွဲဆိုတာအရုပ်ရေးပြရမယ်
ကချင်ပြည်နယ်သို့ သွားသော ရထား / ကားလမ်း အဆက်ပြတ်ပြီ"
  19.7.2015
မြန်မာပြည် အထက်ပိုင်းတွင် လွန်ခဲ့သည့်ရက်များ အတွင်း မိုး သည်းထန်စွာ ရွာသွန်းမှု ကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ မဲဇာ ဆည်ရွာ ကောလင်း တောင်မော် ချပ်သင်း ဇော်ချောင်း ချပ်ကြီး ကျွန်းလှ ကန့်ဘလူ တန့်ဆည် စသည့် မြို့နယ်ရှိ ကျေးရွာ အများအပြား ရေနစ်မြူပ် လျှက်ရှိပြီး ရထားလမ်းပိုင်း တချို့  အပြင် ရွှေဘို - မြစ်ကြီးနား ကားလမ်းမ ပေါ်ရှိ တံတား နှစ်စင်းပါ ပျက်စီးသွား သဖြင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွား ပြီဖြစ်ကြောင်း ယနေ့ ညနေ ၅နာရီ တွင်ရရှိသည့် နောက်ဆုံးသတင်း အရ သိရှိ ရပါသည်။
ဇော်ချောင်း - ကံကြီးဘူတာကြား ရထာလမ်းပိုင်းရှိ တံတား နှစ်လုံးကျိုးပျက်ကာ အမြင့်ပေ ၂၀ရှိ မြေသား တာဘောင် စုစုပေါင်းပေ ၃၈၀ခန့် ရေတိုက်စား ပါသွားသည် ကိုလည်းကောင်း
ကောလင်း - ကိုးထောင်ဘို့ ဘူတာကြား ရထား လမ်းပိုင်းတွင် သံလမ်းအထက် ၂ ပေခန့် ရေ မြင့်တက်လျှက်ရှိ သည်ကိုလည်းကောင်း
မဲဇာ - ဆည်ရွာ ကြားတွင်လည်း ရေကျဆင်း မရှိသေးပဲ ရေဖုံး လွှမ်းလျှက် ရှိသည်ကို လည်းကောင်း သိရှိရပါသည်။
မြန်မာ့ မီးရထား နေပြည်တော် ရုံးချု ပ်မှ တာဝန်ရှိ ပုဂ္ဂို လ် များ သည် အခင်းဖြစ်ရာဒေသသို့ ရောက်ရှိ ကာ မန္တလေး မြစ်ကြီးနား ရထားလမ်းပိုင်း အမြန် ဖွင့်လျစ် နိုင်ရေးအတွက် အနီးကပ် ကြီးကြပ် ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။
နှတ်ဆက်ခဲ့ပါတယ် မမရယ်
================
ဒီနေ့တော့ ကျုပ် အသိမိတ်ဆွေ များနဲ့ လုပ်ဖေါ်ကိုင်ဖက် အားလုံးကို ကျု ပ် ရဲ့ အကြောင်းလေး တခု ပြောပြ ရဦးမယ် ။
ဒီအကြောင်းလေးက ကျု ပ် အတွင်းရေးဘဲ ဆိုဆို ကိုယ်ရေး ကိုယ်တာဘဲ ပြောပြော ကျု ပ် ဒီနေ့ လုပ်ဆောင်ချက်ကို ဖွင့်ချတာပါ။
ကျု ပ် ဒီနေ့ ဆုံးဖြတ်ချက် တခု ခိုင်ခိုင်မာမာ ချ ခဲ့ပြီး ပြီဗျာ။
ကျု ပ် ဆုံးဖြတ်ချက် မှားတယ် မှန်တယ် ဆိုတာ ခင်ဗျားတို့ ဘယ်လို သဘောထားသလဲတော့ မသိဘူး။
ကျုပ် နဲ့ ကျု ပ် မိသားစု ကတော့ မှန်တယ် လို့ ထင်တယ်။ အဲဒါကြောင့်လည်း ရှေ့တို့ဘို့ ခြေလှမ်းပြင်လိုက်တယ်။
ကျု ပ် ဝန်ထမ်းလုပ်သက် အနှစ် ၃၀ ကျော်ပါပြီ။ ဝန်ထမ်းဘဝ ကို သာလည်း သာယာပါတယ် ။ မက်လည်း မက်မောပါတယ်။ ဂုဏ်လည်းယူပါတယ်။ လေးလည်း လေးစားပါတယ်။ သံယောဇဉ်လည်း ရှိပါတယ်။ ကျေး ဇူး လည်းတင်ပါတယ်။ ကျရာ တာဝန်လည်း ထမ်းခဲ့ပါတယ်။
ဒါပေမဲ့--
ဘာတခုမှ ကျုပ် တို့ မိသားစု ဘဝ ဖြစ်ဖြစ် မြှောက်မြှောက် မတိုးတက်ခဲ့ဘူး ။
ရရှိသည့် လစာလေးနဲ့ အဟာရ ဖြစ်ယုံစားသောက်ပြီး ဟော တယောက် ဟော တယောက်နဲ့ စားအိုးသာ တိုးတက် ကြီးပွားလာတယ်။
လူကတော့ ချာလယ် ချာလယ်နဲ့ အချိန်ကုန် အသက်ကြီးခဲ့တာဘဲ အဖတ်တင်နေတယ် ပြောရမယ် ခင်ဗျ။
ကျု ပ် တင်ဘဲလား ဆိုပြီး ကျု ပ် ပတ်ဝန်းကျင်က လူတွေ ကြည့်တော့လည်း ကျုပ် လိုဘဲ မထူး မခြားနား မင်းသား ကြီး တွေပါဘဲဗျာ။
ဟော ဒီနေ့တော့ ဆက်သွယ်ရေးပြင်ပ ရောက်နေတဲ့ ကျုပ်ဆီကို မဟေသီက အသည်းအသန် ရှာပြီး ဖုန်းဆက်တယ်။ ဘာကြားလို့ လည်းမသိဘူး။ ဖုန်းခေါ်နေတာကြာပြီတဲ့။ ဆူဆူ အောင့်အောင့်နဲ့ စကားပြော ဖြစ်တယ် ဆိုပါတော့ဗျာ။
ဲ့ မဟေသီနဲ့ ဖုန်းပြောပြီး ပြီးချင်းဘဲ ကျုပ် အနှစ်နှစ် အလလက ဝန်ထမ်းဘဝက ထွက်မယ် ထွက်မယ် နဲ့ မတင် မကျ ဖြစ်နေတဲ့ ကိစ္စ ကို ဒီနေ့ဘဲ ဆုံးဖြတ်ချက် ခိုင်ခိုင် မာမာ ချလိုက်တယ်။
ဒီနေ့ညနေ ရုံးမဆင်းခင် အချိန်မှာဘဲ ကျု ပ် အလုပ်က နှတ်ထွက်စာတင် လိုက်တယ် ဗျာ။
ကျုပ်လူကြီးလား ဘာပြောကောင်းမလဲ။
ကျု ပ်ကို မျက်ထောက်နီကြီးနဲ့ ကြည့်ပြီး ပွစိ ပွစိ လုပ်နေတာပေါ့။
ခေါက်ဆွဲ ကျော်တွေလည်း ကျွေးလိုက်တာ အဝပါဘဲ။ ပြီးတော့ ဓမ္မ တရားဟော ဆရာအလား တရားဟောနေလိုက်တာ စီဒီ ၁၀ချပ်စာ ရှိမယ်။
ဒါပေမဲ့ မရတော့ဘူးဗျာ ။ကျုပ် မဟေသီနဲ့ ဖုန်းဆက်ပြောပြီးကတည်းက ပိုင်ပိုင် နိုင်နိုင် ဆုံးဖြတ်ပြီးပြီ။
ကျုပ်ဘဝ တိုးတက်ရာ တိုးတက်ကြောင်း ယောင်ချာ ချာ ဘဝ က လွှတ်မြှောက်ရာ လွှတ်မြှောက်ကြောင်းက ဒီ တနည်းဘဲရှိတော့တယ်။
လုပ်ဖေါ် ကိုင်ဖက် အားလုံးကို နှတ်ဆက်ပါတယ် ။ ကျုပ်နဲ့ ဆိုးတူ ကောင်းဖက် လုပ်ကိုင်ခဲ့သည့် မိတ်ဆွေများ ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောင် လမ်းမှာတွေ့ ရင် လည်းခေါ်ကြပါ။ပြောကြပါ။
အော် မိတ်ဆွေ များကို ကျုပ်မဟေသီနဲ့ ဖုန်းဆက်ပြောတဲ့ အကြောင်းလေးလည်း ပြောဘို့ မေ့သွားတယ်။
" ယောက်ျားရေ--အလုပ်က ထွက်ဖြစ်အောင် ထွက် လိုက်ပါ-ဟိုဝန်ကြီး ပြောသလို ချမ်းသာအောင် ယောက်ျား အတွက် ဆိုက္ကား တစီးဝယ်ထားပြီး ပြီ "--တဲ့။
မောင်ဦး 1200i
ငါးမည်ရ ပြည်ရွှေဘိုပါခင်ဗျာ
" ကချင်ပြည်နယ်သို့ သွားသော ရထား / ကားလမ်း အဆက်ပြတ်ပြီ" 19.7.2015 မြန်မာပြည် အထက်ပိုင်းတွင် လွန်ခဲ့သည့်ရက်များ အတွင်း မိုး သည်းထန်စွာ ရွာသွန်းမှု ကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ မဲဇာ ဆည်ရွာ ကောလင်း တောင်မော် ချပ်သင်း ဇော်ချောင်း ချပ်ကြီး ကျွန်းလှ ကန့်ဘလူ တန့်ဆည် စသည့် မြို့နယ်ရှိ ကျေးရွာ အများအပြား ရေနစ်မြူပ် လျှက်ရှိပြီး ရထားလမ်းပိုင်း တချို့  အပြင် ရွှေဘို - မြစ်ကြီးနား ကားလမ်းမ ပေါ်ရှိ တံတား နှစ်စင်းပါ ပျက်စီးသွား သဖြင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွား ပြီဖြစ်ကြောင်း ယနေ့ ညနေ ၅နာရီ တွင်ရရှိသည့် နောက်ဆုံးသတင်း အရ သိရှိ ရပါသည်။ ဇော်ချောင်း - ကံကြီးဘူတာကြား ရထာလမ်းပိုင်းရှိ တံတား နှစ်လုံးကျိုးပျက်ကာ အမြင့်ပေ ၂၀ရှိ မြေသား တာဘောင် စုစုပေါင်းပေ ၃၈၀ခန့် ရေတိုက်စား ပါသွားသည် ကိုလည်းကောင်း ကောလင်း - ကိုးထောင်ဘို့ ဘူတာကြား ရထား လမ်းပိုင်းတွင် သံလမ်းအထက် ၂ ပေခန့် ရေ မြင့်တက်လျှက်ရှိ သည်ကိုလည်းကောင်း မဲဇာ - ဆည်ရွာ ကြားတွင်လည်း ရေကျဆင်း မရှိသေးပဲ ရေဖုံး လွှမ်းလျှက် ရှိသည်ကို လည်းကောင်း သိရှိရပါသည်။ မြန်မာ့ မီးရထား နေပြည်တော် ရုံးချု ပ်မှ တာဝန်ရှိ ပုဂ္ဂို လ် များ သည် အခင်းဖြစ်ရာဒေသသို့ ရောက်ရှိ ကာ မန္တလေး မြစ်ကြီးနား ရထားလမ်းပိုင်း အမြန် ဖွင့်လျစ် နိုင်ရေးအတွက် အနီးကပ် ကြီးကြပ် ဆောင်ရွက် လျှက်ရှိ ကြောင်း သတင်းရရှိ ပါသည်။
မောင်ဦး
စစ်ကိုင်းမြို့ ရှိ သမိုင်းဝင် ထူပါရုံ ဘုရား
ရပ်ကွက်ထဲမှာ ဒီလိုဘဲရှိတယ်
=================
" စကားပြောလို့ ရမလား ?"
" ရပါတယ် ရှင်"
" မိုးချု ပ်တယ်နော် ဘယ်သွားမလို့လဲ"
" အိမ်ပြန်မလို့ "
" လိုက်ပို့လို့ ရမလား"
" ရပါတယ်ရှင်"
''ဆရာမက ကျောင်းဝတ်စုံလေးနဲ့ဆိုတော့ ကျက်သရေရှိပြီး အရမ်းလှတာဘဲဗျာ"
" ကျေးဇူးတင်ပါတယ်ရှင်"
" ချစ်သူ ရည်စားရှိလား ဟင်"
" မရှိပါဘူး"
" ဟာ ဝမ်းသာလိုက်တာ ကျနော်လည်း မရှိဘူး"" '
 " ချစ်သူ ရည်းစားမရှိပေမဲ့ ယောက်ျားတော့ရှိပါတယ်ရှင်"
 "ဗျာ--! "
" ဟော ဟိုရှေ့က ကျမအိမ်ဘဲ လိုက်ပို့ ပေးတာကျေးဇူးတင်ပါတယ်ရှင်- အိမ်ရှေ့ထိုင်နေတာ ကျမ ယောက်ျားပေါ့ "
" ဗျာ--! "
" ဒါနဲ့ ရှင့်သားလေး ကျောင်းစာတွေ မလိုက်နိုင်ဘူး အိမ်စာတွေ လုပ်ခိုင်းဦးနော် "
" ဗျာ- ဟုတ်ကဲ့ ဟုတ်ကဲ့--"
မျက်နာသွင်ပြင် ရုပ်ဆင်းအင်က
တွေ့မြင်ခံစား ပြည်သူများမှာ
ချစ်အားပိုတာ နည်းသေးဟုဆိုချင်။
အသံပင် မကြားလိုတော့ပါ
အညာသား
သည်မှာ  အမိ..ခိခိ ဆိုတဲ့ အထာတွေနဲ့
မထိတထိတော့   လာမလုပ်နဲ့.....
ကျုပ်နှလုံးသားက   Net  မဟုတ်သလို
ကျုပ်ရင်ဘတ်ကလည်းး  Screen  မဟုတ်ဘူး
Chatting  သုံးတဲ့      စကားလုံးတွေနဲ့
အညာသားနှလုံးသား   ဆွေးသွားမယ် မထင်နဲ့
Online  မှာ  အီစီကလီနဲ့...အဟိအဟိနဲ့
အညာသားတော့  လာမဟိနဲ့နော်
Online  မှာ သရော်သလိုလိုနဲ့ ...တ..ငိ...ငိ...နဲ့
အညာသားကို    လာမရိနဲ့.....
Online  မှာ ရင်ခုန် သလိုလိုဆိုတဲ့.... တိန်...ဆိုတဲ့  အထာ နဲ့
အညာသားတော့    လာလာ မလိမ်နဲ့
ကျုပ်က     အညာသားးးးးးးးးးး
မကိုးကားးးးး  တတ်ဘူးးးးးးးးးး
ရိုးသားစွာပြောတတ်တယ်.......
အမိကို   ကျုပ် ချစ်တယ်......
အညာသား အသဲ   လာခွဲဖို့တော့ မကြံနဲ့.....
ခဏခဏ  Heart  ထိလို့...ကျုပ်လေ....
မှတ်မိနေပြီ....မြို့ကြီးးသူ  အမိတို့ရေ.....  အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည် နှင့် ကမ္ဘာ့ ခေါင်းဆောင်များ တွေ့ဆုံမှု မှတ်တမ်းပုံများ
ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်ဆွေးနွေး
==========================================================
voice daily/ BBC Burmese
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ချင်ရင် ရွေးကောက်ခံ အမတ် သုံးပုံ နှစ်ပုံရဲ့ ထောက်ခံမှုနဲ့ ပြင်နိုင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်မှာ ဆွေးနွေးချိန် မှာပဲ စစ်တပ် ကိုယ်စားလှယ်တွေက အရင်အတိုင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ဖို့ တင်ပြခဲ့ကြပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က အခုလို ဒီမိုကရေစီ စနစ်ကို ကူးပြောင်းစ အချိန်မှာပုဒ်မ ၄၃၆ (က)နဲ့ (ခ)ကို ပြင်ဆင်ဖို့ အချိန်မတန်သေးဘူးလို့ တင်ပြ ဆွေးနွေးခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၅၉ ( စ ) ကို ပယ်ဖျက် ပေးဖို့ကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ ၇၅ ရာခိုင်နှုန်းကျော် အစား ၇၀ ရာခိုင်နှုန်းနဲ့ အစားထိုးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
တကယ်တန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ရဲ့ ဆန္ဒအပေါ် မူတည်တယ်လို့ ကြံ့ခိုင်ရေးပါတီ အမတ် ဦးတင်မောင်ဦးက ပြောပါတယ်။
အခု အချိန်မှာဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို ပြတ်ပြတ်သားသား သိရပြီး ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မျှော်လင့်ချက်တွေ သိပ်ကို နည်းသွားပြီလို့ လွှတ်တော် ကိုယ်စားလှယ် အများစုက သုံးသပ်နေပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်တဲ့ ဥပဒေကြမ်း ပုဒ်မ ၄၃၆ ( က ) နဲ့ ပတ်သက်လို့ ဇွန်လ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ စတင်ဆွေးနွေးတာ ဖြစ်ပါတယ်။
BBC Burmese/ voice
မှတ်မှတ် သားသား သူ့စကား
မှတ်မှတ် သားသား သူ့စကား
=================== မောင်ဦး
နိုင်ငံရေးပါတီတစ်ခုသည် တိုင်းပြည်ကို အကျိုးပြုလိုပါက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စ တစ်ခုတည်းကိုသာ စဉ်းစား၍မရပါဘူး ။
 အချို့ပါတီများသည် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စကိုသာ စဉ်းစားနေပြီး တိုင်းပြည်၏ အမှန်တကယ် တိုးတက်ရေးကို မစဉ်းစားကြပါဘူး။
“အဲဒီလို ကျွန်မတို့လုပ်လို့မဖြစ်ဘူး။ ကျွန်မတို့ကတော့ ပြတ်သားတယ်။
 ရွေးကောက်ပွဲ နိုင်ချင်တာပေါ့။
 အဲဒါလည်း ကြုံတုန်းပြောရမယ်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ မဲပေးပါ။
 ကျွန်မတို့ ရွေးကောက်ပွဲနိုင်ချင်ပါတယ်။
 ဒါပေမဲ့ ရွေးကောက်ပွဲနိုင်တာကို ရွေးမလား။
 တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမလားဆိုရင် ကျွန်မတို့တိုင်းပြည်အတွက် မှန်တဲ့လမ်းကိုရွေးမယ်။
 ရွေးကောက်ပွဲနိုင်ခြင်း ရှုံးခြင်းသည် တစ်ခဏပဲ။
 တိုင်းပြည်အတွက် မှန်ကန်တဲ့လမ်းကို မရွေးမိလို့ရှိရင် နိုင်ငံရဲ့အနာဂတ် အင်မတန်မှ နာသွားမယ်။ အဲဒီတော့ ကျွန်မတို့ရွေးကောက်ပွဲနိုင်ချင်တယ်။
 နိုင်အောင်လည်း ကြိုးစားမယ်။ ဒါပေမဲ့ ဘာလုပ်လုပ် နိုင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတော့ ကျွန်မတို့မလုပ်ဘူး”
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...