EQUALITY

EQUALITY

                         တိုဟူး တိုဟူး

လူ - လူချင်း တူညီကြသော်လည်း ဘဝခြင်း ကွာခြားချက်များသည် 

မညီမျှ မှုဆိုသည်က တရားခံပေလား။

ကြေကွဲစရာတွေ့မြင်ရလျှင် ဖြေသိမ့်စရာက ပိုစ့်တင်ယုံက 

လွဲလို့ အခြားမရှိပါဘူး။

ဒါကြောင့် ---

အချိန်က ညနေ ၄နာရီခန့်။

အမြန်လမ်း မိုင်တိုင် ၂၆၇/၁။

မန္တလေး မှ နေပြည်တော်အပြန်ခရီးမှာပေါ့။

လွယ်အိပ်များ လွယ်ကာ ထမင်းဂျိုင့် ကိုယ်စီကိုင်ထားသည့် ကလေးသုံးယောက်က အရှိန်နှင့်ပြေးလာသော ကျွန်တော့ ကားကို လက်ပြတားတယ်။

သူတို့ပုံစံကြည့်ပြီး ကျောင်းသားလေးတွေဆိုတာ မပြောဘဲနှင့် သိသာတယ်။

အိမ်နှင့်ကျောင်းကို ခုနှစ်မိုင်ခန့် လမ်းလျှောက်သွားပြီး စာသင်နေရသည့် ခလေးတွေပေါ့။

သူတို့လေးတွေကြည့်ပြီး ကျွန်တော့ သားအငယ်ကောင် ကိုသွား သတိရ မိသည်။

ဒီအချိန်ဆို ကျောင်းလာကြိုတဲ့ ဖယ်ရီကားဖြင့် အိမ်ပြန်နေချေပြီ။

ဇနီးသည်က သားငယ် ကြိုက်နှစ်သက်မည့် အစားအစာပြင်ဆင်ကာ စားပွဲဝိုင်းမှ ထိုင်စောင့်နေပေမည်။

သားငယ်ရဲ့ သူငယ်ချင်းက သူ့အမေ ကိုယ်တိုင်မောင်းပြီး လာကြိုသည့် နောက်ဆုံးပေါ် ကားပေါ်တွင် ရေခဲမုန့် စားလျှက် ပြန်နေရော့မည်။

သားတို့ ကျောင်းရှေ့တွင် ကျောင်းကြို ကားကြီး ကားငယ်များ ရှုတ်ရှက်ခတ်နေမည်ကိုလည်း မြင်ယောင်နေမိသည်။

ကျွန်တော် သည် ပေါ်လာသည့် အတွေးမျာကို ဖြတ်ကာ ကားကို လမ်းဘေး ထိုးချပြီး ရပ်ပေးလိုက်သည်။
ရပ်သည့်နေရာက သဲပြင်စပ်စပ်နေရာဖြစ်သည်။

ကားတံခါးကို ကိုယ်တိုင်ဖွင့်ပေးပြီး တက်ကြ တတ်ကြ ဟု 

ကလေးများကိုခေါ်နေမိသည်။

ကားပေါ် မညစ်ပတ်စေရန် ဖိနပ်တွေ ခါတက်- ခါ တက်လို့-ပြောရန် 

သူတို့ခြေထောက်သို့ ကြည့်လိုက်မိသည်နှင့် ကျွန်တော် ပါးစပ် 

ဆွံ့အ သွားသည်။

တွေဝေသွားသည်။

ရင်ထဲမှာပြောမထွက်။

မြင်လိုက်ရသည် မြင်ကွင်းသည်.....

သုံးယောက်ပေါင်းမှ-- တစ်ဦးတည်းတွင်သာ--ဖိနပ် တစ်ရံတည်း။

မိုးကအေးအေး တေးသွားက ဆွေးဆွေး အရှိန်နှင့်ပြေးနေသည့် ကား

နောက်မှာ အတွေးများက အဝေးမှာ ကျန်ရစ်ခြင်းနှင့် အတူ ကျွန်တော်

ငယ်စဉ် ဘဝလေးသည်လဲ....?။






မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...