ကောင်းကင်မေမေ တိုဟူး တိုဟူး

Monday, February 29, 2016

မှ တပါး အခြား မရှိ
===========
ယခုတလော စားခွက်ပျောက်ခံရကိန်း မြင်လို့ တောင်အော် မြောက်အော် အော်နေသူတွေကို ကျုပ်မှတ်သားဘူးတဲ့ ခေါင်းဆောင် သို့မဟုတ် နိုင်ငံဥသျောင် အကြောင်းလေးပြောဦးမယ်။
ပေရှည်နေမှာစိုးလို့ တိုတိုဘဲ ရေးမယ်။

(့ ၁) သဒ္ဓါတရား ပြည့်စုံသူ

(၂) သီလသမ္မာဓိ ပြည့်စုံသူ

(၃) ဗဟုသုတ ပြည့်စုံသူ

(၄) အများအကျိုးအတွက် ကိုယ်ကျိုးကို စွန့်လွှတ် အနစ်နာခံသူ

(၅) ပညာတတ်ပြီး အမြဲလေ့လာ စာဖတ်တဲ့ ပညာရှင် ဖြစ်သူ

(၆) မကောင်းမှုကို လုပ်ရမှာ ရှက်ကြောက်တတ်သူ

( ၇) ရဲဝံ့စွန့်စားသူ စသည်စသည် အရည်အသွေးများဖြင့် ပြီးပြည့်စုံသူသည်သာ
နိုင်ငံကို အုပ်ချုပ်တဲ့ခေါင်းဆောင်ကောင်း ဖြစ်တယ် လို့မှတ်သားဘူးတယ်။

တနည်းအားဖြင့် နိုင်ငံတော်သမ္မတ(သို့မဟုတ်) နိုင်ငံ အဓိပတိ ဖြစ်ထိုက်တယ်။
"အဓိပတိ" ဆိုတဲ့ နေရာကို တော်ရုံပါရမီနဲ့ မရပါဘူး။

အတိတ်ကံလည်းပါရမယ်။

လက်ရှိ ပစ္စုပ္ပန်မှာလည်း-

ဆန္ဒာဓိပတိ = အလိုဆန္ဒမြင့်မားခြင်း။

စိတ္တာဓိပတိ = စိတ်ဓာတ်မြင့်မားခြင်း။

ဝီရိယာဓိပတိ = ဝီရိယမြင့်မားခြင်း။

ဝီမံသာဓိပတိ = စာပေပညာလေ့လာလိုက်စားမှု မြင့်မားခြင်း စတဲ့ အတိတ်ကံနဲ့ လက်ရှိဘဝ အကြောင်းတရား တိုက်ဆိုင်မှု အားကောင်း ပြည့်စုံမှသာ " အဓိပတိ" တစ်ယောက်ဖြစ်လာနိုင်ပါတယ်။

အဖက်ဖက်က ပြီးပြည့်စုံပြီး အများပြည်သူ ချစ်ခင်ကြည်ညို လေးစားသူများသည်သာ လူထု အဓိပတိ ( သို့) ခေါင်းဆောင်ဖြစ်သင့်ပါတယ်။

အဲဒီလို အရည်အချင်းမျိုးနဲ့ ပြည့်စုံသူဟာ မြန်မာပြည် သန်း၅၀ထဲမှာ ရှားရှားပါးပါး တစ်ယောက်ဘဲ ရှိတယ်။

အဲဒါ-ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပဲ။

အဲဒီလို ပေမှီ ဒေါက်မှီ အဖက်ဖက်က ပြီးပြည့်စုံသူ ရှိနေပါလျှက် တန်ဘိုးမထား နေရာမပေး ခေါင်ဆောင်အဖြစ် အသုံးမချနိုင်ရင် စုပြတ်သတ်နေသော ဆင်းရဲတွင်းက ဘယ်တော့မှ မလွှတ်မြှောက်တော့ ဘူးဆိုတာ သဘောပေါက်ဘို့လိုတယ်။

Nld ပါတီကိုပြည်သူတွေ တခဲနက် အင်တိုက် အားတိုက် မဲပေးတာဟာ

ဒေါ်အောင်ဆန်းစုကြည်ကို

-နိုင်ငံကို ဦးဆောင်စေချင်လို့

-နိုင်ငံတော် သမ္မတဖြစ်စေချင်လို့။

အဲဒါကိုမှ ကန့်လန့်တိုက်နေရင် ထိုသူများဟာ ထမင်းမစားဘဲ -ျီးစားနေသော သူများလို့ သတ်မှတ်ရင် ကျုပ်ကို ရိုင်းတယ်လို့ မပြောနဲ့။
တိုဟူး
ကလက်စတာဗုံး
==========
လူတွေရဲ့ အကျင့်တွေက ဘယ်က ဘယ်လို ကူးစက်လာခဲ့သလဲ မသိပါဘူး။
လူကြီးမင်းတို့တော့ မသိချေ။
ကျု ပ်ကတော့ မနက်ပိုင်း မိုးလင်းသည်နှင့် လက်ဘက်ရည်ဆိုင်ထိုင်။
ချိုပေါ့ကျ တစ်ခွက်သောက်။
သတင်းစာလေး တစ်စောင် ဖတ်လိုက်ရမှ ကျုပ်ဘဝအတွက် တနေ့တာ လုပ်ငန်းအစက ပြီးပြည့်စုံတယ်လို့ စိတ်ထဲ ထင်နေမိတယ်။
ကောင်းသည့် အကျင့်လား
မကောင်းသည့်အကျင့်လား မပြောတတ်ပါဘူး အချိန်ကတော့ တော်တော် လေလွင့်တယ်။
ညနေ ညပိုင်းဆို စားသောက်ဆိုင် ထိုင်တတ်တဲ့ အကျင့်တော့ မရှိပါဘူး။
ထိုင်နိုင်တဲ့ အဆင့်လည်း မရှိပါဘူး။
အိမ်က ဆန်ပုံးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသူဆိုပါတော့ဗျာ။
ဒါပေမဲ့ ဒီနေ့ညပိုင်းမှာ ဒကာတော် ကျေးဇူးရှင် ဝန်ထမ်းမိတ်ဆွေ တစ်ဦးရဲ့ အဆွယ် ကောင်းမှုကြောင့် သွားထိုင်မိပါတယ်။
ဝါသနာလည်း သိတ် မပါရှာလေတော့ နှစ်ခါမဆွယ်ရပါဘူး ။
-အလကားရ ရေအသေသောက်ဆိုတဲ့အတိုင်း ဟဲ--ဟဲ-- တံတွေးက အရေးထဲ သည်းနေပြန်သည်။
ဒီပွဲမျိုးမတက်ရတာလည်းကြာပြီလေဗျာ။
ထားပါ။
ဝိုင်းဖွဲ့ထိုင်နေသူအားလုံးကို ကြည့်လိုက်တော့ အောက်ခြေအဆင့် ဝန်ထမ်းများ ဖြစ်နေသည်ကို သတိထားမိသည်။
စားပွဲပေါ်တွင် လေးဒေါင့်အနီတစ်လုံး ကြက်ခြောက်ကျော်တစ်ပွဲ ရေသန့်တဗူး ဆော်ဒ်ါပုလင်း နှင့် ဖန်ခွက်ငါးလုံးက အသင့် နေရာယူထားသည်။
ပထမ တစ်ခွက် ချီးယားလုပ်လိုက်သည်နှင့်
စကားဝိုင်းသည် အစတွင် အေး အေးစက်စက်ဖြစ်နေသော်လည်း အရှိန်ရလာသည်နှင့်အမျှ ကျယ်လောင်လာသည်။
တနည်းအားဖြင့် ဇရက်မင်းစည်းစိမ် အဆင့်ရောက်လသည်။
ဇရက်မင်းစည်းစိမ်ဆိုသည့်အတိုင်း ဆူညံပေါက်ကွဲလာသည်။
စားသောက်ရင်း သူတို့ပြောဆိုသော စကားများသည် ဟန်ဆောင်မှု မပါချေ။
ရိုးရှင်းသည်။
လွတ်လပ်သည်။ ပေါ့ပါးသည်။
ပရိယာယ်မပါ။ သွယ်ဝိုက်မဆို။
အလင်္ကာမမြောက်။
သို့သော် သူတို့ပြောဆိုနေသော စကားများသည် ဗုံးပေါက်ကွဲအားထက် ပြင်းထန်သလို ဆူနာမီငလျှင်က အဘခေါ်ရမည့် အစာမကြေသည့် အသံများဖြစ်သည်။
တနည်းအားဖြင့် သူတို့ဌာနတွင်း ဇီးသီးဗန်းမှောက်ယုံတင်မက ဇီးပင်အမြစ်ပါ တူးကလော်တုတ်နေသော အကြောင်းအရာ ဖြစ်နေသည်။
အစာမကြေသည်များ စုပုံလာပါက ကလက်စတာဗုံး ပေါက်ကွဲသလို အတွဲလိုက် ပေါက်ကွဲမည့် အခြေအနေဖြစ်သည်။
ထိုထဲမှ တစ်ယာက်သောသူ- သူရဲကောင်းသည် အသေခံခလုတ်နှိတ်လိုက်မည် ဆိုပါက မြတ်စွာ ဖုရား ဖုရားးးးးး

Tuesday, February 23, 2016

မျက်လုံးပြူးသွားသော ဇနီးမောင်နှံ

 မျက်လုံးပြူးသွားသော ဇနီးမောင်နှံ
===================

"ဟဲ့ သားတို့ အိပ်တော့လေ နင့်တို့ အဖေ တနေကုန် ရထားစီးပြီး ပြန်လာလို့ ခရီးပမ်း နေတယ်ဆိုတာ နားမလည်ဘူးလား"

မဟေသီ၏ ဟောက်သီးကျွေးသံကြောင့် ကုတင်ပေါ်တွင် ရက်ရှည်လများခရီးထွက် ရာမှ ပြန်လာသော ကိုပြာလောင် နှင့် သားနှစ်ယောက် စကားတွတ်ထိုးနေရာမှ ရပ်ကာ အိပ်လိုက်ကြသည်။

smiley face photo: Animated Winking Smiley Face animatedwinkingsmile_small.gifသား နှစ်ယောက်မှာ ကလေးများ၏ သဘာဝအတိုင်း အပူအပင် အကြောင်းအကျ ကင်းသဖြင့် တခဏခြင်း အိပ်ပျော်သွား သော်လည်း ကိုပြာလောင် မှာ အိပ်မပျော်သေးချေ။

ချစ်ဇနီးသည် အိပ်ယာအဝင်ကို စောင့်ရင်း စာဖတ်နေလိုက်တယ်။ ခဏကြာတော့ အိပ်ချင်သလိုလိုဖြစ်လာတယ်။

အလိုက်မသိသော မဟေသီက အရေးထဲ ပုတီးစိတ်နေသည်လား သုံးလုံးဂဏန်း အာရုံခံနေသလားမသိ။

ဘုရားခန်းမှ တော်တော်နဲ့ ထွက်မလာချေ။

ဘာရမလဲ -- ကိုပြာလောင် တလောင် ဘဲရှိတယ်။

ဖတ်နေတဲ့ စာအုပ်ကို ကြမ်းပြင်ပေါ် ဘုတ်ကနဲမြည်အောင် ပြစ်ချကာ  ပါးစပ်ကလည်း     "အား " လို့ မတိုးမကျယ် အော်ချ လိုက်တယ်။

ပုတီးစိတ်လို့ သမာဓိ အားကောင်းနေပါတယ် ဆိုတဲ့ မဟေသီ စိုးရိမ်တကြီး အခန်းထဲ ပြေးအဝင် အလာမှာတော့ သားအငယ်ကောင်က အိပ်ယာထဲက ကုန်းထ ထိုင်နေတယ်။

" သား မအိပ်သေးဘူးလား အိပ်--အိပ်"

ကိုပြာလောင်က ကြောသတ်ကာ ချော့သိပ်လိုက်သည်နဲ့ အိပ်ပျော်သွားတယ်။

 မဟေသီက ပြုံးစိစိ။

ပြန်လည်အိပ်ပျော်သွားပြီး ခဏ အကြာ ---

သားအငယ်ကောင်က ဘာသံကြားလို့လဲ မသိ
အိပ်နေရာက ထထိုင် နေပြန်တယ်။

 တော်တော်အိပ်ရေးဆပ်သည့်ကောင်လို့ ပြောနိုင်သည်။

" သားသား အိပ်အိပ် "  ကိုပြာလောင်က အသာအယာ ကျောပွတ်ပေးသည်နဲ့ အိပ်ပျော်သွားပြန်တယ်။

မဟေသီက ပြုံးစိစိ။

တောက်-- ကိုပြာလောင် မကျေနပ်သည့် တက်ခေါက်သံက မပြင်းထန်လှသော်လည်း တိတ်ဆိတ်သော ညဥ့်ဦးယံမို့ ထင် ကျယ်လောင်လှသည်။

မဟေသီက ဘာ သဘောမှန်းမသိ ကိုပြာလောင့် ဗိုက် ဆွဲလိမ်သည်ကို  ခံလိုက်ရ သေးသည်။

 ရသည် ကိုပြာလောင် ငြိမ်ခံနေလိုက်သည်။

အကြီးကောင်ကတော့ အိပ်နေလိုက်သည်မှာ တုတ်တုတ်မျှ မလုပ်။

ဟွန်း--ဒီနှစ်ကောင်ကို  ကြည့်ပြီး ကိုပြာလောတစ်ယောက်စိတ်အိုက်ကာ ရင် မောနေမိသည်-။

အမောပြေမယ် ကြံကာရှိသေး---

ကိုပြာလောင်၏ အသက်ရှုသံပြင်းပြင်းကို ကြားလို့ လားမသိ အငယ်ကောင်မှာ အိပ်နေရာမှ ထထိုင်နေပြန်သည်။

ကိုပြာလောင် စိတ်ထဲ နည်းနည်းတင်းသွားတယ်။

" ဟေ့ကောင် မအိပ်သေးဘူးလား "

လို့ ကိုပြာလောင် မေမြန်းသံ မဆုံးမှီ ညီငယ်ဘေးတွင် အိပ်နေပါသည်ဆိုသည့် သားအကြီးကောင်၏

ရုတ်တရက် ထွက်ပေါ်လာ စကားသံကြောင့် ကိုပြာလောင် တို့ ဇနီးမောင်နှံ မှာ မျက်လုံးပြူး သွားပါတော့သည်။

" ရိုက်သတ်လိုက်စမ်းအဖေရာ ဒီအတိုင်းကြည့် လည်း မြင်ရဲ့သားနဲ့-- ထထကြည့်နေတယ်"

                                                    ပျော်ရွှင်နိုင်ကြပါစေ
                                                                              မောင်ဦး

မှတပါး အခြားမရှိ

မှ တပါး အခြား မရှိ
===========
ယခုတလော စားခွက်ပျောက်ခံရကိန်း မြင်လို့ တောင်အော် မြောက်အော် အော်နေသူတွေကို ကျုပ်မှတ်သားဘူးတဲ့ ခေါင်းဆောင် သို့မဟုတ် နိုင်ငံဥသျောင် အကြောင်းလေးပြောဦးမယ်။
ပေရှည်နေမှာစိုးလို့ တိုတိုဘဲ ရေးမယ်။
(့ ၁) သဒ္ဓါတရား ပြည့်စုံသူ
(၂) သီလသမ္မာဓိ ပြည့်စုံသူ
(၃) ဗဟုသုတ ပြည့်စုံသူ
(၄) အများအကျိုးအတွက် ကိုယ်ကျိုးကို စွန့်လွှတ် အနစ်နာခံသူ
(၅) ပညာတတ်ပြီး အမြဲလေ့လာ စာဖတ်တဲ့ ပညာရှင် ဖြစ်သူ
(၆) မကောင်းမှုကို လုပ်ရမှာ ရှက်ကြောက်တတ်သူ
( ၇) ရဲဝံ့စွန့်စားသူ စသည်စသည် အရည်အသွေးများဖြင့် ပြီးပြည့်စုံသူသည်သာ
နိုင်ငံကို အုပ်ချုပ်တဲ့ခေါင်းဆောင်ကောင်း ဖြစ်တယ် လို့မှတ်သားဘူးတယ်။
တနည်းအားဖြင့် နိုင်ငံတော်သမ္မတ(သို့မဟုတ်) နိုင်ငံ အဓိပတိ ဖြစ်ထိုက်တယ်။
"အဓိပတိ" ဆိုတဲ့ နေရာကို တော်ရုံပါရမီနဲ့ မရပါဘူး။
အတိတ်ကံလည်းပါရမယ်။
လက်ရှိ ပစ္စုပ္ပန်မှာလည်း-
ဆန္ဒာဓိပတိ = အလိုဆန္ဒမြင့်မားခြင်း။
စိတ္တာဓိပတိ = စိတ်ဓာတ်မြင့်မားခြင်း။
ဝီရိယာဓိပတိ = ဝီရိယမြင့်မားခြင်း။
ဝီမံသာဓိပတိ = စာပေပညာလေ့လာလိုက်စားမှု မြင့်မားခြင်း စတဲ့ အတိတ်ကံနဲ့ လက်ရှိဘဝ အကြောင်းတရား တိုက်ဆိုင်မှု အားကောင်း ပြည့်စုံမှသာ " အဓိပတိ" တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
အဖက်ဖက်က ပြီးပြည့်စုံပြီး အများပြည်သူ ချစ်ခင်ကြည်ညို လေးစားသူများသည်သာ လူထု အဓိပတိ ( သို့) ခေါင်းဆောင်ဖြစ်သင့်ပါတယ်။
အဲဒီလို အရည်အချင်းမျိုးနဲ့ ပြည့်စုံသူဟာ မြန်မာပြည် သန်း၅၀ထဲမှာ ရှားရှားပါးပါး တစ်ယောက်ဘဲ ရှိတယ်။
အဲဒါ-ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပဲ။
အဲဒီလို ပေမှီ ဒေါက်မှီ အဖက်ဖက်က ပြီးပြည့်စုံသူ ရှိနေပါလျှက် တန်ဘိုးမထား နေရာမပေး ခေါင်ဆောင်အဖြစ် အသုံးမချနိုင်ရင် စုပြတ်သတ်နေသော ဆင်းရဲတွင်းက ဘယ်တော့မှ မလွှတ်မြှောက်တော့ ဘူးဆိုတာ သဘောပေါက်။
Nld ပါတီကိုပြည်သူတွေ တခဲနက် အင်တိုက် အားတိုက် မဲပေးတာဟာ
ဒေါ်အောင်ဆန်းစုကြည်ကို
-နိုင်ငံကို ဦးဆောင်စေချင်လို့
-နိုင်ငံတော် သမ္မတဖြစ်စေချင်လို့။
အဲဒါကိုမှ ကန့်လန့်တိုက်နေရင် ထိုသူများဟာ ထမင်းမစားဘဲ - -စားနေသောသူများလို့ သတ်မှတ်ရင် ကျုပ်ကို ရိုင်းတယ်လို့ မပြောနဲ့။

နူတတ်သည်

နူတတ်သည်
=======
တစ်ရက် ယာဉ်မောင်း မောင်ဦးတစ်ယာက် လောင်စာဆီရောင်းနေသည်ကို သူ့ Owner အရာရှိက တွေ့ရှိ သွားလေသည်။
အရာရှိ = မင်းကို ငါက ရိုးသားတယ်ဆိုပြီး ယာဉ်မောင်းခန့်တာထားတာကွ။အခုဟာက ဘယ်လိုဖြစ်တာလဲ?
Driver= ဟုတ်ကဲ့ အခုဟာက ကား မောင်းပြီး ပိုတဲ့ ဆီ ရောင်းတာပါ ဆရာ
အရာရှိ=မင်းကို စားစရာ သောက်စရာ နေစရာ ထိုင်စရာ လစာ အပြည့် အစုံ ပေးထားပါလျှက် နဲ့ မင်းအခုလို ဘာလို့ လုပ်ရသလဲ?
Driver= ဟုတ်ကဲ့ ဆရာ လမ်းမှာ နူနာ ရောဂါဝေဒနာစွဲကပ် နေတဲ့ဒရိုင်ဘာ ဟောင်းတစ်ဦးကိုတွေ့တယ် ဆရာ သူကပြောတယ့် ငါလည်း တချိန်က အရာရှိကြီးတစ်ဦးရဲ့ဒရိုင်ဘာလုပ်ခဲ့ကြောင်း
သူ့ရဲ့အရာရှိမင်းဟာ အကျင့်သီလကောင်းမွန်ပြီး အလွန်ရိုးသားကြောင်း-
ဒါကြောင့် သူလည်း သူ့ဆရာနည်းတူ ရိုးရိုးအေးအေး နေထိုင်ခဲ့ကြောင်း-
ဘယ်သူတွေတရားပျက်ပျက် ဆီပို ဆီကျန်ပင် ထုတ် မရောင်းစားခဲ့ဘူးတဲ့ အကြောင်း- ပင်စင်ထိုင်သည်နှင့် သူ့အရာရှိမင်းအပါအဝင် သူတို့နှစ်ယောက်စလုံး ခုလိုဘဝ ရောက်နေကြောင်း သူ့ဘဝရဲ့ အကြောင်းစုံ ကိုပြောပြတယ် ဆရာ။
အရာရှိ = အဲဒါနဲ့ မင်းက ဘာဆိုင်လဲကွ့။
Driver= ကားမောင်းသမားဆိုတာ ရိုးရိုးအအနေပြီး ဆီရောင်းမစား ရင် နူ တတ်တယ် ဆိုတဲ့ အသိရလိုက်လို့ အခုလိုဆီပိုကို ထုတ်ရောင်းရတာပါဆရာ။
အရာရှိ = အော် အင့်းအင့်း ရိုးလွန်းအလွန်းရင် နူတတ်တယ်တဲ့ ဟုတ်လား-အင်း-မင်းပြောသလို ငါလည်းဒီအချိန်ကစပြီး-ဆင်ချေး(ချီး) ကြုံးရင် ဆင်တော့ စီးရတော့မှာပေါ့ကွာ။
စပ်မိ စပ်ရာ အတွေးများဖြင့် သဘာဝကို ဟာသအမြင်ဖြင့် ပျော်ရွှင်ကြပါစေသော်
အတုမြင် အတတ်မသင်ကြပါနဲ့။
မောင်ဦး

မမ နင့်အတူခရီးသွားမယ်

မမ နဲ့အတူ ခရီးသွားကြမယ်
================
သက်တမ်းကြာလာသည်နှင့်အမျှ ရုပ်ပျက် ဆင်းပျက် အိုစာလာသော "မမ" အတွက် ရင်နာခဲ့ရတာလည်း ကြာပါပြီ။
ဒီနေ့ ကျနော်နဲ့အတူသွားမည့် "မမ" ကထူးထူးခြားခြားဖြင့် သစ်လွင် တောက် ပြောင်ပြီး တသွေး တမွှေးနဲ့ ဖြစ်နေသည်။
" မမ " ကိုကြည့်ပြီး ကျနော် အရမ်းဝမ်းသာ ကြည်နှုးသွားသလို စိတ်ထဲတွင်ကြိတ်ပြီး ဂုဏ်လည်းယူနေမိတယ်။
ဒီတခေါက် မမ ကိုတွေ့မြင်ရတာ ကျနော့်ကို အရမ်းသဘောကျမိစေသလို အရမ်းလည်း ကြိုက်သွားစေတယ်ဗျာ။
အော် "မမ"ဆိုတဲ့ မြန်မာ့မီးရထားရယ် ခေတ်ပြောင်း စနစ်ပြောင်းမှာ နောက်ကျ ကျန်ရစ်နေသည့်အဖြစ်ကို လွှမ်းဆွေးနေမည့်အစား ပြောင်းလဲမှုကို မြန်မြန်ထက်ထက် ဆက်လက် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါရစေ။
ပြီးခဲ့ကာလများဆီက second hand ကို အသစ်ဆိုပြီး တခမ်းတနား ဖဲကြိုးဖြတ်ကာ ခတ်ကြွားကြွား ပြေးလွှားနေခဲ့တဲ့ "မမ" ဟာ ဒီကနေ့တော့ဖြင့် တကယ့် Brand -new ဖြင့် စတင်ပြောင်းလဲခဲ့ပါပြီ။
ဒါအစပေါ့။
စက်ခေါင်း အသစ်။
တွဲဆိုင်းအသစ်။
ထုတ်လုပ်တဲ့နိုင်ငံက တရက်စုတ် ။
သစ်တောနဲ့ အစိမ်းတုံးများ ကြိုက်သလို သဘောရှိ အောရှိ ယူသွားစေပြီး ချေးငွေအကြွေးစနစ်နဲ့ ဝယ်ယူရတဲ့ မမ ရဲ့ဘဝကိုလည်း ကိုယ်ချင်းစာ သနားမိပါရဲ့ဗျာ။
ဘာဘဲဖြစ်ဖြစ် ယခု ဝယ်ယူလာသော"မမ" တွဲများက အသစ်စက်စက်များ ဖြစ်သည့် အပြင် လေအိပ်လည်း ပါရှိသဖြင့် စီးရတာ အရမ်းငြင်သာမှု ရှိသည်ကိုတွေ့ရပါတယ်။
လိပ်လိုသွားပြီး- မြင်းလိုခုန်ကာ -ဆင်လို ရမ်းခါ ပြေးတယ်ဆိုပြီး နာမည်ဆိုးနဲ့ ပြေးဆွဲနေရတဲ့ "မမ" ဟာ ဒီနေ့တော့ မယုံနိုင်စရာပါဘဲ။
တစ်နာရီ မိုင်လေးဆယ်နှန်းခန့် ပြေးလွှားနေပေမဲ့ ခုန်ခြင်း ခါခြင်း ဆောင့်လူးခြင်းများ ပျောက်ကာ အရမ်းငြင်သာစွာ စီးနင်းရသဖြင့် အိမ်မက် မက်နေသလားလို့ ထင်ကာ ကိုယ်ပေါင်ကို ဆွဲဆိပ်မိတယ်။
ဒါ အိမ်မက် မဟုတ်ပါဘူး။
ပြူ တင်တံခါးဝပေါ်တွင် တင်ထားသော ရေသန့်ဘူးရဲ့ တည်ငြိမ်နေသော ရေမျက်နာပြင်က သက်သေပြနေတယ် နော်။
"မမ"ကိုစီးရသည်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိယုံတင်မက အချိန်လည်း အရမ်းမှန် လာပါတယ်။
အချိန်မှန်လွန်းလို့ ပြောရဦးမယ်။
သုံးမီနစ် ရပ်မည်လို့ ကျေငြာသည့် ဘူတာမှာ ၁၅ မီနစ်ခန့် အချိန်ပိုကြာရပ်ပြီးမှ ဆက်ထွက်သည်ကို တွေ့ရသည်။
အကြောင်းစုံကို စုံစမ်းကြည့်တော့ before time(အချိန်ပို) ဖြစ်နေလို့တဲ့။
ခရီးသည်များ တွဲအောင်ဆင်းနိုင်ပြီး ကိုယ်လက်လှုပ်ရှားမလား မုန့်ဝယ်စားမလား စသည် စသည်ဖြင့် ပိုနေသော အချိန်များ ကို ရပ်စောင့်ပြီးပေးတဲ့ မမရဲ့ ဝန်ဆောင်မှု ကလည်း ချစ်စရာပါဘဲ။
အချိန်ကို လေးစားတာ အံ့သြချီးကြူး စရာ ကောင်းပါဘိတယ်နော်။
ဒါအပြင် "မမ" က အခြားသောဝန်ဆောင်မှုများလည်း သိသိသာသာ တိုးတက်ကောင်းမွန် လာသည်ကိုတွေ့ရပါတယ်။
လမ်းခရီးမှာတေးသံသာများဖြင့်လည်း ဧည့်ခံလာတယ်။ အသံမကြည်လင်သည်ကတော့ ကျနော့် နားမကောင်းလို့ ဆိုရပါမယ်။
ခရီးစဉ်များရဲ့ ရောက်ရှိမည့်ဘူတာ/မြို့များကို အဆက်မပြတ် ကျေညာပေးလာသည်။
သန့်ရှင်းသတ်ရပ်လာသည်။
မီးများ လင်းထိန်လာသည်။
ပန်ကာများ ကောင်းလာသည်။
ကြမ်းပိုးမကိုက်တော့ဘူး။
ကြွက်လည်းလူပေါ်ဖြတ်မပြေးတော့ဘူး။
ရေအကျိုး ဆယ်ပါး ယခုမှ ကောင်းကောင်း နားလည်သွား လေသလား မသိ- ဘယ်တုံးကမှ မပေးဘူးတဲ့ ရေသန့်ဘူးများပေးဝေငှလာသည်။
ဖတ်စရာ သတင်းစာ စာစောင် များပါပေးလျှင် ကောင်းလေစွ။
"မမ"ပေါ်ရောင်းချသည့် အစားအစာများ လတ်ဆပ်လာသည်။ ပြင်ပ ဈေးသည်များ တက်လာသည်ကို မတွေ့ရ။ ကောင်းပါသည် ဈေးသည်လား ဈေသည် ဟန်ဆောင်ကာ အထုပ်ဆွဲချမည့် သူလား စိုးရိမ်စရာ မရှိတော့ပေ။
ရေအိမ်သာများလည်း သန့်ရှင်းသတ်ရပ်လာသည်။
ရေအိမ်သာအထွက် ဘေစင်တွင် လက်ဆေးရန် ဆပ်ပြာမရှိသည်က ဒုက္ခ။
မမက ချွေတာလွန်းသည်လား
အရှုံးများလို့ နှစ်ရာကျပ် တန်ဆပ်ပြာတစ်တုံးပင် မထားနိုင်သည်လား
အိမ်သာတက်ပြီး လက်ဆေးတဲ့အကျင့်မရှိ၍လား
အတွေးပေါင်းစုံကဝင်လာသည်။
လက်မှတ်များ ဝယ်ယူရလွယ်ကူလာပါတယ်။
သို့သော်
လက်မှတ်ရောင်းချိန် သတ်မှတ်အချိန် မရောက်သေး၍ မရောင်းချသဖြင့် ဝယ်ယူမည်သူမှ တန်းစီ စောင့်ဆိုင်းရသည်က တစ်ဒုက္ခ။
ဈေးကွက်စီးပွားရေးစနစ်ရဲ့အပြိုင်ခေတ်မှာ ကြီးပွားမည့် လဏ္ခာပါဘဲ။
လက်မှတ်ဝယ်ရာတွင် အပိုကြေးပေးရန်မလိုတဲ့။
စာလည်းကပ်ထားပါတယ်။
အကြွေ အခက်အခဲ ရှိသဖြင့် ပြန်အမ်းငွေ အပြည့်အဝ မရသည်ကိုတော့ သည်းခံရပေမည်။
ပြင်ပ ပုဂ္ဂလိများထံ လက်မှတ်ရောင်းနည်း သင်တန်းတက်လျှင် ပိုကောင်းမည်။
မပြောပလောက်သော အားနည်းချက်အချို့ရှိသော်လည်း မမ သည် အချိန်မှန်ကန်လာခြင်း သက်တောင့်သက်သာ ငြိမ့်ညောင်းစွာစီးရခြင်း လမ်းခရီး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစိတ်ချရခြင်း တို့ကြောင့် ခရီးသွားမည်ဆိုပါက မမနှင့်အတူ ခရီးသွားရသည်က အကောင်းဆုံးလို့ အကြံပြု ပြောပါရစေ။

၁၂.၂.၂၀၁၆ မတလသွားရောက်စဉ်အမှတ်တရ