ကလက်စတာဗုံး



ကလက်စတာဗုံး
==========

လူတွေရဲ့ အကျင့်တွေက ဘယ်က ဘယ်လို ကူးစက်လာခဲ့သလဲ မသိပါဘူး။

လူကြီးမင်းတို့တော့ မသိချေ။

ကျု  ပ်ကတော့ မနက်ပိုင်း မိုးလင်းသည်နှင့် လက်ဘက်ရည်ဆိုင်ထိုင်။

ချိုပေါ့ကျ တစ်ခွက်သောက်။

သတင်းစာလေး တစ်စောင် ဖတ်လိုက်ရမှ ကျုပ်ဘဝအတွက် တနေ့တာ လုပ်ငန်းအစက ပြီးပြည့်စုံတယ်လို့ စိတ်ထဲ ထင်နေမိတယ်။

ကောင်းသည့် အကျင့်လား

မကောင်းသည့်အကျင့်လား မပြောတတ်ပါဘူး အချိန်ကတော့ တော်တော် လေလွင့်တယ်။

ညနေ ညပိုင်းဆို စားသောက်ဆိုင် ထိုင်တတ်တဲ့ အကျင့်တော့ မရှိပါဘူး။

ထိုင်နိုင်တဲ့ အဆင့်လည်း မရှိပါဘူး။

အိမ်က ဆန်ပုံးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသူဆိုပါတော့ဗျာ။

ဒါပေမဲ့ ဒီနေ့ညပိုင်းမှာ ဒကာတော် ကျေးဇူးရှင် ဝန်ထမ်းမိတ်ဆွေ တစ်ဦးရဲ့ အဆွယ် ကောင်းမှုကြောင့် သွားထိုင်မိပါတယ်။

ဝါသနာလည်း သိတ် မပါရှာလေတော့ နှစ်ခါမဆွယ်ရပါဘူး ။

-အလကားရ ရေအသေသောက်ဆိုတဲ့အတိုင်း ဟဲ--ဟဲ-- တံတွေးက အရေးထဲ သည်းနေပြန်သည်။

ဒီပွဲမျိုးမတက်ရတာလည်းကြာပြီလေဗျာ။

ထားပါ။

ဝိုင်းဖွဲ့ထိုင်နေသူအားလုံးကို ကြည့်လိုက်တော့ အောက်ခြေအဆင့် ဝန်ထမ်းများ ဖြစ်နေသည်ကို သတိထားမိသည်။

စားပွဲပေါ်တွင် လေးဒေါင့်အနီတစ်လုံး ကြက်ခြောက်ကျော်တစ်ပွဲ ရေသန့်တဗူး ဆော်ဒါ ်ပုလင်း နှင့် ဖန်ခွက်ငါးလုံးက အသင့် နေရာယူထားသည်။

ပထမ တစ်ခွက် ချီးယားလုပ်လိုက်သည်နှင့်
စကားဝိုင်းသည် အစတွင် အေး အေးစက်စက်ဖြစ်နေသော်လည်း အရှိန်ရလာသည်နှင့်အမျှ ကျယ်လောင်လာသည်။

တနည်းအားဖြင့် ဇရက်မင်းစည်းစိမ် အဆင့်ရောက်လသည်။

ဇရက်မင်းစည်းစိမ်ဆိုသည့်အတိုင်း ဆူညံပေါက်ကွဲလာသည်။

စားသောက်ရင်း သူတို့ပြောဆိုသော စကားများသည် ဟန်ဆောင်မှု မပါချေ။
ရိုးရှင်းသည်။

လွတ်လပ်သည်။ ပေ့ါပါးသည်။

ပရိယာယ်မပါ။ သွယ်ဝိုက်မဆို။

အလင်္ကာမမြောက်။

သို့သော် သူတို့ပြောဆိုနေသော စကားများသည် ဗုံးပေါက်ကွဲအားထက် ပြင်းထန်သလို ဆူနာမီငလျှင်က အဘခေါ်ရမည့် အစာမကြေသည့် အသံများဖြစ်သည်။

တနည်းအားဖြင့် သူတို့ဌာနတွင်း ဇီးသီးဗန်းမှောက်ယုံတင်မက ဇီးပင်အမြစ်ပါ တူးကလော်တုတ်နေသော အကြောင်းအရာ ဖြစ်နေသည်။

အစာမကြေသည်များ စုပုံလာပါက ကလက်စတာဗုံး ပေါက်ကွဲသလို အတွဲလိုက် ပေါက်ကွဲမည့် အခြေအနေဖြစ်သည်။

ထိုထဲမှ တစ်ယာက်သောသူ- သူရဲကောင်းသည် အသေခံခလုတ်နှိတ်လိုက်မည် ဆိုပါက မြတ်စွာ ဖုရား ဖုရား 

No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...