မျက်လုံးပြူးသွားသော ဇနီးမောင်နှံ
===================
"ဟဲ့ သားတို့ အိပ်တော့လေ နင့်တို့ အဖေ တနေကုန် ရထားစီးပြီး ပြန်လာလို့ ခရီးပမ်း နေတယ်ဆိုတာ နားမလည်ဘူးလား"
မဟေသီ၏
ဟောက်သီးကျွေးသံကြောင့် ကုတင်ပေါ်တွင် ရက်ရှည်လများခရီးထွက် ရာမှ ပြန်လာသော
ကိုပြာလောင် နှင့် သားနှစ်ယောက် စကားတွတ်ထိုးနေရာမှ ရပ်ကာ အိပ်လိုက်ကြသည်။
သား နှစ်ယောက်မှာ
ကလေးများ၏ သဘာဝအတိုင်း အပူအပင် အကြောင်းအကျ ကင်းသဖြင့် တခဏခြင်း
အိပ်ပျော်သွား သော်လည်း ကိုပြာလောင် မှာ အိပ်မပျော်သေးချေ။
ချစ်ဇနီးသည် အိပ်ယာအဝင်ကို စောင့်ရင်း စာဖတ်နေလိုက်တယ်။ ခဏကြာတော့ အိပ်ချင်သလိုလိုဖြစ်လာတယ်။
အလိုက်မသိသော မဟေသီက အရေးထဲ ပုတီးစိတ်နေသည်လား သုံးလုံးဂဏန်း အာရုံခံနေသလားမသိ။
ဘုရားခန်းမှ တော်တော်နဲ့ ထွက်မလာချေ။
ဘာရမလဲ -- ကိုပြာလောင် တလောင် ဘဲရှိတယ်။
ဖတ်နေတဲ့ စာအုပ်ကို ကြမ်းပြင်ပေါ် ဘုတ်ကနဲမြည်အောင် ပြစ်ချကာ ပါးစပ်ကလည်း "အား " လို့ မတိုးမကျယ် အော်ချ လိုက်တယ်။
ပုတီးစိတ်လို့
သမာဓိ အားကောင်းနေပါတယ် ဆိုတဲ့ မဟေသီ စိုးရိမ်တကြီး အခန်းထဲ ပြေးအဝင်
အလာမှာတော့ သားအငယ်ကောင်က အိပ်ယာထဲက ကုန်းထ ထိုင်နေတယ်။
" သား မအိပ်သေးဘူးလား အိပ်--အိပ်"
ကိုပြာလောင်က ကြောသတ်ကာ ချော့သိပ်လိုက်သည်နဲ့ အိပ်ပျော်သွားတယ်။
မဟေသီက ပြုံးစိစိ။
ပြန်လည်အိပ်ပျော်သွားပြီး ခဏ အကြာ ---
သားအငယ်ကောင်က ဘာသံကြားလို့လဲ မသိ
အိပ်နေရာက ထထိုင် နေပြန်တယ်။
တော်တော်အိပ်ရေးဆပ်သည့်ကောင်လို့ ပြောနိုင်သည်။
" သားသား အိပ်အိပ် " ကိုပြာလောင်က အသာအယာ ကျောပွတ်ပေးသည်နဲ့ အိပ်ပျော်သွားပြန်တယ်။
မဟေသီက ပြုံးစိစိ။
တောက်-- ကိုပြာလောင် မကျေနပ်သည့် တက်ခေါက်သံက မပြင်းထန်လှသော်လည်း တိတ်ဆိတ်သော ညဥ့်ဦးယံမို့ ထင် ကျယ်လောင်လှသည်။
မဟေသီက ဘာ သဘောမှန်းမသိ ကိုပြာလောင့် ဗိုက် ဆွဲလိမ်သည်ကို ခံလိုက်ရ သေးသည်။
ရသည် ကိုပြာလောင် ငြိမ်ခံနေလိုက်သည်။
အကြီးကောင်ကတော့ အိပ်နေလိုက်သည်မှာ တုတ်တုတ်မျှ မလုပ်။
ဟွန်း--ဒီနှစ်ကောင်ကို ကြည့်ပြီး ကိုပြာလောတစ်ယောက်စိတ်အိုက်ကာ ရင် မောနေမိသည်-။
အမောပြေမယ် ကြံကာရှိသေး---
ကိုပြာလောင်၏ အသက်ရှုသံပြင်းပြင်းကို ကြားလို့ လားမသိ အငယ်ကောင်မှာ အိပ်နေရာမှ ထထိုင်နေပြန်သည်။
ကိုပြာလောင် စိတ်ထဲ နည်းနည်းတင်းသွားတယ်။
" ဟေ့ကောင် မအိပ်သေးဘူးလား "
လို့ ကိုပြာလောင် မေမြန်းသံ မဆုံးမှီ ညီငယ်ဘေးတွင် အိပ်နေပါသည်ဆိုသည့် သားအကြီးကောင်၏
ရုတ်တရက် ထွက်ပေါ်လာ စကားသံကြောင့် ကိုပြာလောင် တို့ ဇနီးမောင်နှံ မှာ မျက်လုံးပြူး သွားပါတော့သည်။
" ရိုက်သတ်လိုက်စမ်းအဖေရာ ဒီအတိုင်းကြည့် လည်း မြင်ရဲ့သားနဲ့-- ထထကြည့်နေတယ်"
ပျော်ရွှင်နိုင်ကြပါစေ
မောင်ဦး
အချစ်နှင့်မရဏ ရေစီးကြောင်းတွင် မျောပါနေရသော လူဘုံဘ၀တွင် တန်ဘိုးရှိရှိ နေထိုင်ပြီး အကုသိုလ်ကင်းမှသာ လူဖြစ်ကျိုးနပ်ပါလိမ့်မည်။
No comments:
Post a Comment