ေကာင္းကင္ေမေမ တိုဟူး တိုဟူး

Monday, November 18, 2019


🌹ဘာကိုမ်ားတမ္းတေနအံ့နည္း🌹
🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ယခုတေလာ ေဖာ္ျပလို႔မရေသာ ေခါင္းစဥ္ကမ်ားေၾကာင့္ အြန္လိုင္းေပၚကို မေရာက္ျဖစ္ဘူး။

ေရာက္ျပန္ေတာ့လည္း လက္တေလာ ထူးျခားသတင္း ျဖစ္စဥ္မ်ားကိုသာ ကသုတ္ကယက္ၾကည့္ၿပီး ျပန္ထြက္မိတယ္။

ဒီေန႔ေတာ့အိမ္အျပန္ ရထားစီးရင္းနဲ႔ ကုန္လြန္မည့္ အခ်ိန္မ်ားကို အစားထိုးရင္း စပ္မိစပ္ရာ အေတြးမ်ားအျဖစ္ ေဝမွ်ပါရေစ။

‌မေန႔က က်ေနာ့္အျဖစ္ကေတာ့ မႏွစ္ကနဲ႔ မတူဆိုရေပၿပီ။

‌အဂၤလိပ္ ဂ်ပန္ေခတ္က အလိုေတာ္ရိမ်ားကို ဝင္စားခဲ့ ေလသလား မသိ။

ဟိုလူေတြ႕လည္း ၿပဳံးျပ (မ်က္နာခ်ိဳေသြး)ရ ဒီလူေတြ႕လည္းၿပဳံးျပ (မ်က္ခ်ိဳေသြး)ရ။

ဒီအခ်ိန္မွာျဖစ္နိင္ရင္ သိန္းထီႀကီး မေပါက္ခ်င္ဘူး။ ၿပဳံးၿပဳံးေလးေနတဲ့ မ်က္နာဖုံးေလး တစ္ခ်ပ္ပဲ တမ္းတမိတယ္။

အဲယားကြန္းခန္းမွာေနထိုင္ရေပမဲ့ ေခြၽးမ်ားပင္ ထြက္ခ်င္သလိုလိုပါပဲ။

အမွန္ ခႏၶာကိုယ္႐ုပ္က ျဖစ္ေနတာ မဟုတ္ဘူး။

နာမ္ဆိုတဲ့ စိတ္ကျဖစ္ေနတာပါ။

ဒါမ်ိဳးလည္း ကိုယ့္အတြက္ ပထမဦးဆုံး နဖူးေတြ႕ ဒူးေတြ႕ ဆုံပဲြျဖစ္တာလည္း ပါတာေပါ့ဗ်ာ။

ပဲြက ပိုင္ဆိုင္မႈ လဲႊေျပာင္းေပးအပ္ပဲြ ဆိုရမလား မသိ။

တကယ္ဆို မူရင္းပိုင္ရွင္က က်ေနာ္ပါ။

ဒါေပမဲ့ ဒီေန႔ေတာ့ ပိုင္ရွင္ အသစ္ဆိုသူ ေပၚလာေပၿပီ။

‌ဆယ္စုႏွစ္ခ်ီၿပီး ျပဳစုပ်ိဳးေထာင္ခဲ့ရတဲ့ ပိုင္ဆိုင္မႈကို တေန႔ေန႔မွာ လက္လႊတ္ရမည္လို႔ သိထားေသာ္လည္း တကယ္တန္းႀကဳံလာေတာ့ ရင္ထဲမွာ ေဖာ္ျပႏိုင္စြမ္းအားအတြက္ စကားလုံးမ်ားက ရွာမရ။

ကိုယ့္မ်က္စိေအာက္မွာ ကိုယ့္လက္ ကိုယ့္ေျခအျဖစ္ ပိုင္ဆိုင္ခဲ့ရပါေသာ္လည္း ယေန႔ေတာ့ ယေန႔ေတာ့....။

‌အေဖေရ အေမေရ.. တခ်ိန္က အေဖတို႔ အေမတို႔ ႀကဳံေတြ႕ခဲ့ရတဲ့ ေဝဒနာတမ်ိဳးကို က်ေနာ္ ယခုနားလည္ခံစားတတ္ပါၿပီလို႔ ေျပာရပါေတာ့မယ္။

ဘယ္တတ္ႏိုင္မလဲဗ်ာ။

ကိုယ္ေပးကမ္းႏိုင္စြမ္းအားက ၅၂၈။

သူေပးတာက ၁၅၀၀။

မည္သို႔မွ် ယွဥ္ၿပိဳင္နိင္စြမ္းအားမရွိ။

‌ သေဘာထားႀကီးေၾကာင္း ျပလို႔ ငါးခူၿပဳံးေလး ၿပဳံးယုံမွအပ ဘာမ်ားတတ္ႏိုင္မလဲဗ်ာ။

ပဲြေတာ္က်င္းပေနခ်ိန္မွာ ခႏၶာကိုရိွသမွ် အေၾကာေပါင္းမ်ားစြာကို ေျဖေလွ်ာ့ၿပီး ၿပဳံးၿပဳံးေလးနဲ႔ ဝမ္းေျမာက္ေၾကာင္းျပရတာေပါ့။

ဒီပဲြ႐ိုက္ခ်က္က ႐ိုး႐ိုးသားသားဝန္ခံရရင္ မ်က္ရည္မက်ေပမဲ့ မ်က္ရည္ေတာ့ ဝိုင္းမိတယ္။

ဝမ္းနည္းလို႔လား ဝမ္းသာလို႔လား ဆိုတာ က်ေနာ္ ပိုင္းျခားႏိုင္စြမ္း မရွိပါဘူး။

ငယ္စဥ္ကိုယ့္အလွည့္ ကလည္း ဒီလိုပါပဲေလ။

သူမ်ားရဲ႕ ပိုင္ဆိုင္မႈကို အေၾကာေပးၿပီး ကိုယ္ ပိုင္ဆိုင္မႈအျဖစ္ ရယူခဲ့တာပဲ မဟုတ္လား။

‌ဘာပဲျဖစ္ျဖစ္ ဒီပဲြမွာ က်ေနာ္ေပ်ာ္ပါတယ္။

ဝမ္းလည္းသာပါတယ္။

မိဘတို႔ဝတၱရား ငါးပါးဆိုတဲ့ေဆာင္ပုဒ္ကိုလည္း စြမ္းႏိုင္သမွ် ထမ္းေဆာင္ႏိုင္ခဲ့ ေၾကာင္းျပသႏိုင္ပါတယ္။

‌ၿပီး ေတာ့ ၿပီးေတာ့ သမီးေပးလို႔ သမက္ရဆိုသလို 🌹သားေပးခဲ့ရလို႔ ၿပီးျပည့္စုံေသာသမီးေခ်ာေခ်ာေလး 🌹တစ္ေယာက္ ရခဲ့ၿပီမို႔ ဒီမဂၤလာပဲြမွာ က်ေနာ္ဘာကိုမ်ား ေတြးလို႔ ဘာကိုမ်ား တမ္းတေနအံ့နည္း။🌹🌹🌹
maungkawlin.blogspot.com

unicode


🌹ဘာကိုများတမ်းတနေအံ့နည်း🌹
🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ယခုတလော ဖော်ပြလို့မရသော ခေါင်းစဥ်ကများသမို့ အွန်လိုင်းပေါ်ကို မရောက်ဖြစ်ဘူး။ 

ရောက်ပြန်တော့လည်း လက်တလော ထူးခြားသတင်း ဖြစ်စဥ်များကိုသာ ကသုတ်ကယက်ကြည့်ပြီး ပြန်ထွက်မိတယ်။

ဒီနေ့တော့ပျင်းရိစရာကောင်းတဲ့ ရထားပေါ်မှ ခရီးသည်အဖြစ်က ကုန်လွန်မည့် အချိန်များကို အစားထိုးရင်း စပ်မိစပ်ရာ အတွေးများအဖြစ် ဝေမျှပါရစေ။

‌မနေ့က ကျနော့်အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုရပေပြီ။

‌အင်္ဂလိပ် ဂျပန်ခေတ်က အလိုတော်ရိများကို ဝင်စားခဲ့ လေသလား မသိ။ 

ဟိုလူတွေ့လည်း မျက်နာချိုသွေးရ ဒီလူတွေ့လည်း မျက်ချိုသွေးရ။

ဒီအချိန်မှာဖြစ်နိင်ရင် သိန်းထီကြီး မပေါက်ချင်ဘူး။ ပြုံးပြုံးလေးနေတဲ့ မျက်နာဖုံးလေး တစ်ချပ်ပဲ တမ်းတမိတယ်။

အဲယားကွန်းခန်းမှာနေထိုင်ရပေမဲ့ ချွေးများပင် ထွက်ချင်သလိုလိုပါပဲ။

အမှန် ခန္ဓာကိုယ်ရုပ်က ဖြစ်နေတာ မဟုတ်ဘူး။ 

နာမ်ဆိုတဲ့ စိတ်ကဖြစ်နေတာပါ။ 

ဒါမျိုးလည်း ကိုယ့်အတွက် ပထမဦးဆုံး နဖူးတွေ့ ဒူးတွေ့ ဆုံပဲွဖြစ်တာလည်း ပါတာပေါ့ဗျာ။

ပဲွက ပိုင်ဆိုင်မှု လဲွှပြောင်းပေးအပ်ပဲွ ဆိုရမလား မသိ။

တကယ်ဆို မူရင်းပိုင်ရှင်က ကျနော်ပါ။

ဒါပေမဲ့ ဒီနေ့တော့ ပိုင်ရှင် အသစ်ဆိုသူ ပေါ်လာပေပြီ။

‌ဆယ်စုနှစ်ချီပြီး ပြုစုပျိုးထောင်ခဲ့ရတဲ့ ပိုင်ဆိုင်မှုကို တနေ့နေ့မှာ လက်လွှတ်ရမည်လို့ သိထားသော်လည်း တကယ်တန်းကြုံလာတော့ ရင်ထဲမှာ ဖော်ပြနိုင်စွမ်းအားအတွက် စကားလုံးများက ရှာမရ။

ကိုယ့်မျက်စိအောက်မှာ ကိုယ့်လက် ကိုယ့်ခြေအဖြစ် ပိုင်ဆိုင်ခဲ့ရပါသော်လည်း ယနေ့တော့ ယနေ့တော့....။ 

‌အဖေရေ အမေရေ.. တချိန်က အဖေတို့ အမေတို့ ကြုံတွေ့ခဲ့ရတဲ့ ဝေဒနာတမျိုးကို ကျနော် ယခုနားလည်ခံစားတတ်ပါပြီလို့ ပြောရပါတော့မယ်။

ဘယ်တတ်နိုင်မလဲဗျာ။

ကိုယ်ပေးကမ်းနိုင်စွမ်းအားက ၅၂၈။

သူပေးတာက ၁၅၀၀။ 

မည်သို့မျှ ယှဥ်ပြိုင်နိင်စွမ်းအားမရှိ။

‌ သဘောထားကြီးကြောင်း ပြလို့ ငါးခူပြုံးလေး ပြုံးယုံမှအပ ဘာများတတ်နိုင်မလဲဗျာ။

ပဲွတော်ကျင်းပနေချိန်မှာ ခန္ဓာကိုရိှသမျှ အကြောပေါင်းများစွာကို ဖြေလျှော့ပြီး ပြုံးပြုံးလေးနဲ့ ဝမ်းမြောက်ကြောင်းပြရတာပေါ့။

ဒီပဲွရိုက်ချက်က ရိုးရိုးသားသားဝန်ခံရရင် မျက်ရည်မကျပေမဲ့ မျက်ရည်တော့ ဝိုင်းမိတယ်။
ဝမ်းနည်းလို့လား ဝမ်းသာလို့လား ဆိုတာ ကျနော် ပိုင်းခြားနိုင်စွမ်း မရှိပါဘူး။

ငယ်စဥ်ကိုယ့်အလှည့် ကလည်း ဒီလိုပါပဲလေ။ 

သူများရဲ့ ပိုင်ဆိုင်မှုကို အကြောပေးပြီး ကိုယ် ပိုင်ဆိုင်မှုအဖြစ် ရယူခဲ့တာပဲ မဟုတ်လား။
‌ဘာပဲဖြစ်ဖြစ် ဒီပဲွမှာ ကျနော်ပျော်ပါတယ်။

ဝမ်းလည်းသာပါတယ်။

မိဘတို့ဝတ္တရား ငါးပါးဆိုတဲ့ဆောင်ပုဒ်ကိုလည်း စွမ်းနိုင်သမျှ ထမ်းဆောင်နိုင်ခဲ့ ကြောင်းပြသနိုင်ပါတယ်။
‌ပြီး တော့ ပြီးတော့ သမီးပေးလို့ သမက်ရဆိုသလို 🌹သားပေးခဲ့ရလို့ သမီးချောချောလေး 🌹တစ်ယောက် ရခဲ့တဲ့ဒီမင်္ဂလာပဲွမှာ ကျနော်ဘာကိုများ တွေးလို့ ဘာကိုများ တမ်းတနေအံ့နည်း။🌹🌹🌹
maungkawlin.blogspot.com






No comments:

Post a Comment