🌹ဘာကိုများတမ်းတနေအံ့နည်း🌹
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
🌼🌼🌼🌼🌼🌼🌼🌼🌼🌼ယခုတလော ဖော်ပြလို့မရသော ခေါင်းစဥ်ကများသမို့ အွန်လိုင်းပေါ်ကို မရောက်ဖြစ်ဘူး။
ရောက်ပြန်တော့လည်း လက်တလော ထူးခြားသတင်း ဖြစ်စဥ်များကိုသာ ကသုတ်ကယက်ကြည့်ပြီး ပြန်ထွက်မိတယ်။
ဒီနေ့တော့ပျင်းရိစရာကောင်းတဲ့ ရထားပေါ်မှ ခရီးသည်အဖြစ်က ကုန်လွန်မည့် အချိန်များကို အစားထိုးရင်း စပ်မိစပ်ရာ အတွေးများအဖြစ် ဝေမျှပါရစေ။
မနေ့က ကျနော့်အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုရပေပြီ။
အင်္ဂလိပ် ဂျပန်ခေတ်က အလိုတော်ရိများကို ဝင်စားခဲ့ လေသလား မသိ။
ဟိုလူတွေ့လည်း မျက်နာချိုသွေးရ ဒီလူတွေ့လည်း မျက်ချိုသွေးရ။
ဒီအချိန်မှာဖြစ်နိင်ရင် သိန်းထီကြီး မပေါက်ချင်ဘူး။ ပြုံးပြုံးလေးနေတဲ့ မျက်နာဖုံးလေး တစ်ချပ်ပဲ တမ်းတမိတယ်။
အဲယားကွန်းခန်းမှာနေထိုင်ရပေမဲ့ ချွေးများပင် ထွက်ချင်သလိုလိုပါပဲ။
အမှန် ခန္ဓာကိုယ်ရုပ်က ဖြစ်နေတာ မဟုတ်ဘူး။
နာမ်ဆိုတဲ့ စိတ်ကဖြစ်နေတာပါ။
ဒါမျိုးလည်း ကိုယ့်အတွက် ပထမဦးဆုံး နဖူးတွေ့ ဒူးတွေ့ ဆုံပဲွဖြစ်တာလည်း ပါတာပေါ့ဗျာ။
ပဲွက ပိုင်ဆိုင်မှု လဲွှပြောင်းပေးအပ်ပဲွ ဆိုရမလား မသိ။
တကယ်ဆို မူရင်းပိုင်ရှင်က ကျနော်ပါ။
ဒါပေမဲ့ ဒီနေ့တော့ ပိုင်ရှင် အသစ်ဆိုသူ ပေါ်လာပေပြီ။
ဆယ်စုနှစ်ချီပြီး ပြုစုပျိုးထောင်ခဲ့ရတဲ့ ပိုင်ဆိုင်မှုကို တနေ့နေ့မှာ လက်လွှတ်ရမည်လို့ သိထားသော်လည်း တကယ်တန်းကြုံလာတော့ ရင်ထဲမှာ ဖော်ပြနိုင်စွမ်းအားအတွက် စကားလုံးများက ရှာမရ။
ကိုယ့်မျက်စိအောက်မှာ ကိုယ့်လက် ကိုယ့်ခြေအဖြစ် ပိုင်ဆိုင်ခဲ့ရပါသော်လည်း ယနေ့တော့ ယနေ့တော့....။
အဖေရေ အမေရေ.. တချိန်က အဖေတို့ အမေတို့ ကြုံတွေ့ခဲ့ရတဲ့ ဝေဒနာတမျိုးကို ကျနော် ယခုနားလည်ခံစားတတ်ပါပြီလို့ ပြောရပါတော့မယ်။
ဘယ်တတ်နိုင်မလဲဗျာ။
ကိုယ်ပေးကမ်းနိုင်စွမ်းအားက ၅၂၈။
သူပေးတာက ၁၅၀၀။
မည်သို့မျှ ယှဥ်ပြိုင်နိင်စွမ်းအားမရှိ။
သဘောထားကြီးကြောင်း ပြလို့ ငါးခူပြုံးလေး ပြုံးယုံမှအပ ဘာများတတ်နိုင်မလဲဗျာ။
ပဲွတော်ကျင်းပနေချိန်မှာ ခန္ဓာကိုရိှသမျှ အကြောပေါင်းများစွာကို ဖြေလျှော့ပြီး ပြုံးပြုံးလေးနဲ့ ဝမ်းမြောက်ကြောင်းပြရတာပေါ့။
ဒီပဲွရိုက်ချက်က ရိုးရိုးသားသားဝန်ခံရရင် မျက်ရည်မကျပေမဲ့ မျက်ရည်တော့ ဝိုင်းမိတယ်။
ဝမ်းနည်းလို့လား ဝမ်းသာလို့လား ဆိုတာ ကျနော် ပိုင်းခြားနိုင်စွမ်း မရှိပါဘူး။
ငယ်စဥ်ကိုယ့်အလှည့် ကလည်း ဒီလိုပါပဲလေ။
သူများရဲ့ ပိုင်ဆိုင်မှုကို အကြောပေးပြီး ကိုယ် ပိုင်ဆိုင်မှုအဖြစ် ရယူခဲ့တာပဲ မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ဒီပဲွမှာ ကျနော်ပျော်ပါတယ်။
ဝမ်းလည်းသာပါတယ်။
မိဘတို့ဝတ္တရား ငါးပါးဆိုတဲ့ဆောင်ပုဒ်ကိုလည်း စွမ်းနိုင်သမျှ ထမ်းဆောင်နိုင်ခဲ့ ကြောင်းပြသနိုင်ပါတယ်။
ပြီး တော့ ပြီးတော့ သမီးပေးလို့ သမက်ရဆိုသလို 🌹သားပေးခဲ့ရလို့ သမီးချောချောလေး 🌹တစ်ယောက် ရခဲ့တဲ့ဒီမင်္ဂလာပဲွမှာ ကျနော်ဘာကိုများ တွေးလို့ ဘာကိုများ တမ်းတနေအံ့နည်း။🌹🌹🌹
maungkawlin.blogspot.com





No comments:
Post a Comment