သူ၏နာမည်က မာတလိ။🦅🦅🦅
ပြည့်စုံအောင်ပြောရသော် မာတလိနတ်သား🐲🐲
သိကြားမင်း 🌤️⛅ခရီးထွက်လေတိုင်း သိကြားမင်နဲ့အတူ လိုက်ပါရသူဖြစ်တယ်။
သူ့တာဝန်က ရထားထိန်း။☃️⛄
အာဇာနည်နတ်မြင်းပေါင်း 🦓🦓တစ်ထောင်နဲ့ ကကြိုးဆင်ထားသောနတ်ရထားကို ထိန်းကျောင်း မောင်းနှင်ပြီး သိကြားမင်းသွားလိုရာခရီး လိုက်ပါပို့ဆောင်ရသူ ဖြစ်တယ်။
ယနေ့တော့ သိကြားမင်းက မာတလိ ကို ထူးထူးခြားခြား တာဝန်တစ်ခု ပေးလာတယ်။
သူ့နတ်မြင်းရထားနဲ့ အောက်ပြည်(လူ့ပြည်)က လူတချို့ကို နတ်ပြည်သို့ အလည်ပင့်ဖိတ်ကြား ခေါ်ဆောင်လာရန်တဲ့။
အကြောင်းကတော့ ထိုသူများကို နိဗ္ဗာန်သို့ မသွားရောက်မီ ဝေဇယန္တာပြဿက နတ်နန်းထက်မှာ နတ်စည်းစိမ်များကို အတူတကွ ပျော်ပါးခံစားကြရန်ပေါ့။
ဖိတ်ကြားရမည့် သူစာရင်းကို မာတလိကြည့်လိုက်တော့ စေတနာ သဒ္ဒါတရား ထက်သန်ပြီး ကိုယ်ထူကိုယ်ထ တံတား တည်ဆောက်ရာတွင် ပါဝင်နေသူတွေ ဖြစ်နေတယ်။
ကဲ မာတလိရေ သကြားမင်းမျှော်ရှာရော့မည်။ နတ်မြင်းရထားနဲ့ လူ့ပြည်ဆင်းရန်အချိန်ကျပါပြီ။
နတ်ပြည် ဗီဇာကင်းလွှတ်ခွင့်ရသူ သူတော်စင်အပေါင်းတို့ရေ နတ်မြင်းရထားစီးပြီး နတ်ဘုံနတ်နန်း နတ်စခမ်းမှသည် နိဗ္ဗာန်နန်းသို့ ပျော်ရွှင်စွာလျောက်လှမ်းနိုင်ကြပါစေသော်......


No comments:
Post a Comment