ကောင်းကင်မေမေ တိုဟူး တိုဟူး

Sunday, December 27, 2020

ရိုကျခကျြ

 သင်ဒီစာဖက်နေချိန်မှာ ကျုပ်တနေရာ ရောက်နေပါမည်။
သည်းခံတယ်..သည်းခံတယ်ဆိုတာ  ကြားရသူသာ နားဝင်ချိုတာ ခံရသူက အရမ်းခက်ခဲတယ်။
ဘုရားမှ မဟုတ်တာ ပုထုဇဉ်ပဲ သည်းခံခြင်းဆိုတာ အတိုင်းအတာ တခုအထိတော့ရှိသင့်တာပေါ့။
ဘယ်နဲ့ဗျာ အခုတော့လွန်လွန်းတယ်။
အိမ်က ဇနီးကို မဟေသီလို့ အရင်က ခေါ်ခဲ့တယ်။ယခုတော့ အဖွားကြီး။
ယောက်ျားပဲ။ ဧည့်ခံပွဲရှိလို့ သောက်တာ စားတာ အပြစ်လား။တခါတလေပဲနော်။ဧည့်ခံပွဲက တစ်လလုံးနေမှ ရေတွက်ကြည့် ၃၁ရက်ပဲ ။ဖေဖေါ်ဝါရီလဆို ဒီထက်နည်းသေးတယ်။
သောက်သောက်စားစား လူ့မင်းသား ဆိုတဲ့စကားရှိတယ် မဟုတ်လား။ယောက်ျားတို့တတ်အပ်တဲ့  အဋဿဌာဒသ၁၈ရပ်အတိုင်း ကျင့်ကြံနေထိုင်တာ အပြစ်လားဗျ။
တရက်လည်း မဟုတ်နှစ်ရက်လည်း မဟုတ် နေ့တဓူဝ ပေါက်ကွဲ။ပါးစပ်က အော်တိုမက်တစ်စက်သေနတ် ပစ်သလို နေ့စဥ် ပစ်နေတော့ တာပါပဲ။လက်နက်ချပါပြီ ပြောသူကို လက်နက်ကြီးနဲ့ပင် ထုလိုက်သေး။
နောက်ဆုံး ပြောစရာ မရှိ ပြောတာကြည့်ပါဦး။စာဖက်ရင်းနဲ့အိမ်သာတက်နေတဲ့ ဆရာကြီး လိပ်ခေါင်း မထွက်သေးဘူးလားတဲ့။ အဲဒီလို အမြင်မကြည်လင်လို့ မျက်စောင်းထိုးခံရတာ ခဏ ခဏ။ ဒီအဖွားကြီးသာ နဂါးဖြစ်နေရင် ကျုပ် ပြာကျနေတာကြာပြီ။
တရက်တရက် မျက်စောင်းထိုးခြင်းကို ရေတွက်ထားရင် ဘီလျံနဲ့ချီမလား မသိဘူး။
ပတ်ဝန်းကျင်ကလည်းပြောလာပြီ ။
ကြာလာတော့ ယောက်ျားတို့မာန ထိန်းချုပ်နိုင်စွမ်းအားက နည်းနည်းလာပြီ။
မကြာခဏ နှုတ်ခမ်းလေးတွေစူပြီး စိတ်ကောက်နေတတ်တဲ့ ဒီအဖွားကြီးကို လျစ်လျှူရှူ့ပြီးနေခဲ့တယ်။
အလုပ်မအားလို့ သည်းခံ မြိုသိပ်နေခဲ့ရတာလို့ ပြောရင်လည်း ရတယ်။ ကြာလာတော့
သည်းခံနိုင် စွမ်းအားကုန်ပြီ။
ဒီနေ့တော့ ဖြစ်ချင်ရာဖြစ်တော့ဆိုပြီး ရိုက်ပစ်လိုက်တယ်။  
ထမင်းချက်နေတဲ့ အဖွားကြီးတယောက် လုပ်ရှားချိန်ပင်မရ ။
တချက်ဆို တချက်ပါပဲ။
🥶ကောင်းလိုက်တဲ့ ရိုက်ချက်။🥶
နောက်ဆုံးပြောရရင်------

😡

😖

😇

🤪vivo ကင်မရာကောင်းချက်က လွန်လွန်းတယ်။ ရုပ်ထွက်လေးကို စိုလို့။😅

No comments:

Post a Comment