ကောင်းကင်မေမေ တိုဟူး တိုဟူး

Wednesday, June 24, 2015

ဒေါ်အောင်ဆန်းစုကြည် နှင့် ကမ္ဘာ့ ခေါင်းဆောင်များ တွေ့ဆုံမှု မှတ်တမ်းပုံများ
 
ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်ဆွေးနွေး
==========================================================

voice daily/ BBC Burmese

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ချင်ရင် ရွေးကောက်ခံ အမတ် သုံးပုံ နှစ်ပုံရဲ့ ထောက်ခံမှုနဲ့ ပြင်နိုင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်မှာ ဆွေးနွေးချိန် မှာပဲ စစ်တပ် ကိုယ်စားလှယ်တွေက အရင်အတိုင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ဖို့ တင်ပြခဲ့ကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်စန်းနိုင်က အခုလို ဒီမိုကရေစီ စနစ်ကို ကူးပြောင်းစ အချိန်မှာပုဒ်မ ၄၃၆ (က)နဲ့ (ခ)ကို ပြင်ဆင်ဖို့ အချိန်မတန်သေးဘူးလို့ တင်ပြ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပုဒ်မ ၅၉ ( စ ) ကို ပယ်ဖျက် ပေးဖို့ကိုလည်း တင်ပြ ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးမှာ ၇၅ ရာခိုင်နှုန်းကျော် အစား ၇၀ ရာခိုင်နှုန်းနဲ့ အစားထိုးဖို့ ဆွေးနွေးခဲ့ကြပါတယ်။


တကယ်တန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ရဲ့ ဆန္ဒအပေါ် မူတည်တယ်လို့ ကြံ့ခိုင်ရေးပါတီ အမတ် ဦးတင်မောင်ဦးက ပြောပါတယ်။

အခု အချိန်မှာဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ သဘောထားကို ပြတ်ပြတ်သားသား သိရပြီး ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မျှော်လင့်ချက်တွေ သိပ်ကို နည်းသွားပြီလို့ လွှတ်တော် ကိုယ်စားလှယ် အများစုက သုံးသပ်နေပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်တဲ့ ဥပဒေကြမ်း ပုဒ်မ ၄၃၆ ( က ) နဲ့ ပတ်သက်လို့ ဇွန်လ ၂၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ စတင်ဆွေးနွေးတာ ဖြစ်ပါတယ်။

BBC Burmese/ voice

Thursday, June 18, 2015

မှတ်မှတ် သားသား သူ့စကား

မှတ်မှတ် သားသား သူ့စကား
=================== မောင်ဦး

နိုင်ငံရေးပါတီတစ်ခုသည် တိုင်းပြည်ကို အကျိုးပြုလိုပါက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စ တစ်ခုတည်းကိုသာ စဉ်းစား၍မရပါဘူး ။

 အချို့ပါတီများသည် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စကိုသာ စဉ်းစားနေပြီး တိုင်းပြည်၏ အမှန်တကယ် တိုးတက်ရေးကို မစဉ်းစားကြပါဘူး။

“အဲဒီလို ကျွန်မတို့လုပ်လို့မဖြစ်ဘူး။ ကျွန်မတို့ကတော့ ပြတ်သားတယ်။

 ရွေးကောက်ပွဲ နိုင်ချင်တာပေါ့။

 အဲဒါလည်း ကြုံတုန်းပြောရမယ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ မဲပေးပါ။
 ကျွန်မတို့ ရွေးကောက်ပွဲနိုင်ချင်ပါတယ်။
 ဒါပေမဲ့ ရွေးကောက်ပွဲနိုင်တာကို ရွေးမလား။
 တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမလားဆိုရင် ကျွန်မတို့တိုင်းပြည်အတွက် မှန်တဲ့လမ်းကိုရွေးမယ်။
 ရွေးကောက်ပွဲနိုင်ခြင်း ရှုံးခြင်းသည် တစ်ခဏပဲ။
 တိုင်းပြည်အတွက် မှန်ကန်တဲ့လမ်းကို မရွေးမိလို့ရှိရင် နိုင်ငံရဲ့အနာဂတ် အင်မတန်မှ နာသွားမယ်။ အဲဒီတော့ ကျွန်မတို့ရွေးကောက်ပွဲနိုင်ချင်တယ်။
 နိုင်အောင်လည်း ကြိုးစားမယ်။ ဒါပေမဲ့ ဘာလုပ်လုပ် နိုင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတော့ ကျွန်မတို့မလုပ်ဘူး”

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )

မျ က်လုံးပြူးသွားသော ဇနီးမောင်နှံ

မျက်လုံးပြူးသွားသော ဇနီးမောင်နှံ
======================

"ဟဲ့ သားတို့ အိပ်တော့လေ နင့်တို့ အဖေ တနေကုန် ရထားစီးပြီး ပြန်လာလို့ ခရီးပမ်း နေတယ်ဆိုတာ နားမလည်ဘူးလား"

မဟေသီ၏ ဟောက်သီးကျွေးသံကြောင့် ကုတင်ပေါ်တွင် ရက်ရှည်လများခရီးထွက် ရာမှ ပြန်လာသော ကိုပြာလောင်တစ်ယောက် သားများနှင့် စကားတွတ်ထိုးနေရာမှ ရပ်ကာ အိပ်လိုက်ကြသည်။

သားငယ်နှစ်ယောက်မှာ ကလေးများ၏ သဘာဝအတိုင်း အပူအပင် အကြောင်းအကျ ကင်းသဖြင့် တခဏခြင်း အိပ်ပျော်သွား သော်လည်း ကိုပြာလောင် မှာ အိပ်မပျော်သေးချေ။

တခုခု လိုနေသလိုလို။

ချစ်ဇနီးသည် အိပ်ယာအဝင်ကို စောင့်ရင်း စာဖတ်နေလိုက်တယ်။ ခဏကြာတော့ အိပ်ချင်သလိုလိုဖြစ်လာတယ်။

အလိုက်မသိသော မဟေသီက အရေးထဲ ပုတီးစိတ်နေသည်လား သုံးလုံးဂဏန်း အာရုံခံနေသလားမသိ။

ဘုရားခန်းမှ တော်တော်နဲ့ ထွက်မလာဘူး။

ဘာရမလဲ -- ကိုပြာလောင် တလောင် ဘဲရှိတယ်။

ဖတ်နေတဲ့ စာအုပ်ကို ကြမ်းပြင်ပေါ် ဘုတ်ကနဲမြည်အောင် ပြစ်ချလိုက်ပြီး  ပါးစပ်ကလည်း     "အား " လို့ မတိုးမကျယ် အော်ချ လိုက်တယ်။

ပုတီးစိတ်လို့ သမာဓိ အားကောင်းနေပါတယ် ဆိုတဲ့ မဟေသီ စိုးရိမ်တကြီး အခန်းထဲ ပြေးအဝင် အလာမှာတော့ -- ဟွန်း--။  အရေးထဲ သားအငယ်ကောင်က အိပ်ယာထဲက ကုန်းထ ထိုင်နေတယ်။

" သား မအိပ်သေးဘူးလား အိပ်--အိပ်"
ကိုပြာလောင်က ကျောသတ်ကာ ချော့သိပ်လိုက်သည်နဲ့ အိပ်ပျော်သွားတယ်။

 မဟေသီက ပြုံးစိစိ။

ပြန်လည်အိပ်ပျော်သွားပြီး ခဏ အကြာ ---

သားအငယ်ကောင်က ဘာသံကြားလို့လဲ မသိ
အိပ်နေရာက ထထိုင် နေပြန်တယ်။

" သားသား အိပ်အိပ် "  ကိုပြာလောင်က ကျောပွတ်ပေးသည်နဲ့ အိပ်ပျော်သွားပြန်တယ်။

မဟေသီက ပြုံးစိစိ။

တောက်-- ကိုပြာလောင် မကျေနပ်သည့် တက်ခေါက်သံက မပြင်းထန်လှသော်လည်း တိတ်ဆိတ်သော ညဥ့်ဦးယံမို့ ထင် ကျယ်လောင်လှသည်။

မဟေသီက ဘာကို ဆိုလိုသည် မသိ။

 ကိုပြာလောင့် ဗိုက် ကိုဆွဲလိမ်သည်။

 ရသည် ကိုပြာလောင် ငြိမ်ခံနေလိုက်သည်။

အကြီးကောင်ကတော့ အိပ်နေလိုက်သည်မှာ တုတ်တုတ်မျှ မလုပ်။ အိမ်မက်ကောင်း ကောင်း မက်နေသည်လား မသိ။

ဟွန်း--ဒီနှစ်ကောင်ကို  ကြည့်ပြီး ကိုပြာလော မောပ -- မောပ--။

အမောပြေမယ် ကြံကာရှိသေး---

ကိုပြာလောင်၏ အသက်ရှုသံပြင်းပြင်းကို ကြားလို့ လားမသိ အငယ်ကောင်မှာ အိပ်နေရာမှ ထထိုင်နေပြန်သည်။

ကိုပြာလောင် စိတ်ထဲ နည်းနည်းတင်းသွားတယ်။

" ဟေ့ကောင် မအိပ်သေးဘူးလား "

လို့ ကိုပြာလောင် ၏ ဒေါသ လွှမ်းသည့် မေးမြန်းသံ မဆုံးမှီ ညီငယ်ဘေးတွင် အိပ်နေသော
သားအကြီးကောင်က

" ရိုက်သတ်လိုက်စမ်းပါ အဖေရာ ဒီအတိုင်းကြည့်လည်း  မြင်ရဲ့သားနဲ့-- ထထကြည့်နေတယ်"

ဆိုသော စကားသံကြောင့် ကိုပြာလောင် တို့ ဇနီးမောင်နှံ မှာ မျက်လုံးပြူး သွားပါတော့သည်။

မမ နဲ့ ပုဂံ ကိုညအိပ်ခရီး အတူသွားစဉ် ရင်ခုန်စရာ video ဖိုင်လေးပါ


Monday, June 15, 2015

ချီးပါကာ နီးမှ ချီးတွင်းရှာ
============
                            (မောင်ဦး)

ဒီနေ့ ထိုင်းကို သုံးဂိုးပြတ်နဲ့ ရှုံးတယ်
ကလေးတွေ မတော်လို့ မဟုတ်ဘူး။
ကလေးတွေ ညံ့ လို့ မဟုတ်ဘူး။
ကလေးတွေ မတတ်လို့ မဟုတ်ဘူး။
တော်တယ် ကျိုးစားတယ် စိတ်ဓါတ်ကောင်းလာတယ်
ဒါကြောင့်လည်း ငွေတံဆိပ်ရလာတယ်။

U 23 အသင်းကိုတော့ လေးစား ဂုဏ်ယူပါတယ်။
ဒါပေမဲ့ ကျုပ် ဒီည တော်တော်နဲ့ အိပ်ပျော် မှာ မဟုတ်ဘူး။

ကျုပ်တင်မဟုတ်ဘူး။ ရပ်ထဲ ရွာထဲ မြို့ထဲ အို တတိုင်းပြည်လုံး ကျုပ်လိုဘဲ အိပ်ပျော်မယ် မထင်ဘူး။ ဖိုးသူတော်လို အရက်မူးအောင် သောက်ပြီး အိပ်တဲ့ သူတော့ မပြောလိုပါဘူး။

ဒါကြောင့် အိပ်မပျော်မဲ့ အတူတူ စိတ်ပေါက်ပေါက်နဲ့ လူတွင်ကျယ် လုပ်ပြီး ပြောရဦးမယ်။

စကားပြောတာကို ရိုင်းတယ်လို့တော့ မထင်ပါနဲ့။

လူတွေက ခတ်ရိုင်းရိုင်းပြောမှ ရေးတေးတေးဘဲ သဘောပေါကတယ်ဆိုတဲ့ လူတွေကြောင့် ပြောတယ်လို့ မှတ်ပါ။

 ချေး(ချီး) ပါခါနားနီးမှချေး( ချီး )တွင်းရှာတဲ့ သူ ဘယ်တော့ မကြီးပွားဘူး ဆိုတဲ့စကားကို ရှေးလူကြီး ပြောစကား ကြားဘူးကြတယ် မဟုတ်လား။

ရှေးလူကြီးတွေ ဆုံးမ စကားလေးပေါ့။

အလုပ်တခု လုပ်မယ်ဆို ဘာတခုမှ စနစ်တကျ ကြိုတင် လုပ်ဆောင်ထားခြင်း မရှိဘဲ အလုပ်ပေါ်လာမှ ထလုပ်တော့ ဘာတခု အောင်မြင်မှု မရှိဘူးလို့ ဆိုလိုချင်တာ။

အခုလည်းကြည့် ။

ဆီးဂိမ်း သွားပြိုင်မဲ့ ဘောလုံး အသင်းကို ဖုတ်ပူ မီးတိုက်စုဆောင်းပြီး လေ့ကျင့် ခဲ့ တာ အချိန်တလခွဲ ဘဲ လေ့ကျင့် ခဲ့ ရတယ်တဲ့။

နည်းပြ နှင့် ကလေးတွေရဲ့ ကျိုးစား အားထုတ်မှုကြောင့် သာ ငွေ တံဆိပ်ရတယ်။

အောင်ပွဲ ရပြီ ဆိုတော့ အမှတ်ဝင်ယူချင်တဲ့သူကလည်း အများသားဗျာ့။

တီဗွီရှေ့ငုတ်တုတ် ထိုင်နေတာဘဲ ကြည့်ရော့။

ဒီအဆင့် ရသည်ကိုက အရမ်းကံကောင်းတယ် မှတ်ပါ။

သို့ မဟုတ်ရင် ပွဲတိုင်း အရှုံးကို ခံစားသွားမယ်။

တကယ်တော့ မြန်မာတွေဟာ အားကစားနှင့် ပါတ်သက်ရင် မညံ့ပါဘူး။

အထူးသဖြင့် ဘောလုံး ပတ်သက်ရင် ကလေး လူကြီး အားလုံး ကြိုက်နှစ်သက်ပြီး ပါရမီ ထူးချွန်တဲ့ သူတွေလည်း များစွာ ရှိပါတယ်။

ကစားချင်တဲ့သူ ကစားအားရှိသူများလည်း မြောက်များစွာ ရှိပါတယ်။

ကျောင်းသားလည်း တနေ့တာ စာသင်ချိန်ပြီးရင်
ဘောလုံး ကစားချင်တယ်--ဒါပေမဲ့

ရုံးဝန်ထမ်းလည်း ရုံးချိန်ကုန်ပြီးရင် ဘောလုံးကစားချင်တယ်- ဒါပေမဲ့--

ဒါရိုင်ဘာလည်း ကားမောင်းနားရင် ဘောလုံး ကစားချင်တယ် ဒါပေမဲ့---

ဆိုက္ကားဆရာလည်း ဆိုက္ကား သိမ်းပြီးရင် ဘောလုံး ကစားချင်တယ် ဒါပေမဲ့ ---

သေဘို့ တောင် ၆ ပေ ၂ပေ မြေကွက်လပ် ရှားပါးလို့ မီးရှို့ နေရတဲ့ ခေတ်မှာ
ဘယ်မလဲ ကစားကွင်း? 

ဘယ်မလဲ ဘောလုံး 

ဘယ်မလဲ ဘောကန်ဖိနပ်  ?

ဘောလုံး နှင့် ဖိနပ် ကထားပါ

အဓိက က ကစားကွင်း ။

ရပ်ကွက်ထဲ ရှိတဲ့ ကစားကွင်းက ရပ်ကွက် မြိုနယ် ဆိုင်ရာ ပိုင်ရာ လူကြီးတွေ ဥက္ကဌ တွေက အကွက်ရိုက်ပြီး သားဝဝ မယားဝဝ လုပ်လိုက်လို့ ကွန်ဒိုဖြစ်လိုဖြစ်-
 
ပန်းခြံတွေက ဟော်တယ်ဖြစ်လိုဖြစ် ။

ရွာဘေးက မြေကွက်က သိမ်းခံထိ လိုထိ။

အားကစား လုပ်စရာ ကွင်းကို မရှိတော့ဘူး။

အိမ်ရှေ့ရှိတဲ့ လမ်းမပေါ် ထွက် ပြီး ကစားလို့ ကားတိုက်သေရင်လည်း လမ်းပေါ် ကမြင်းလို့ သေတာ နည်းတောင် နည်းသေးတယ်လို့ မေတ္တာ ပို့ကြမယ်။

ဘယ်နဲ့ ဗျာ သူတို့ကြတော့ တောင်ရိုက် မြောက်ရိုက် လုပ်တဲ့ ဂေါက်ကွင်းတွေ ဟီးထအောင် ငွေ ဘီလျံ ချီကုန်ခံ တည်ဆောက် ထားတယ်။

အများပြည်သူ အပန်းဖြေ အားကစားလုပ်ဘို့ ကျတော့ ကစားကွင်း မရှိဘူး။

 မြေကွေက်လပ် ဖန်တီးပေးရ ကောင်းမှန်း မသိဘူး။

ဂေါက်သီးနဲ့ ပေါက်ပေါက် မြှောက်မြှောက် ထွန်းကားသလား မေးရင် ဂေါက်ကွင်း အလုပ်သမလေးနဲ့ ကလေးတစ်ယောက် ထွန်းကားပြီး မယားကြီးနဲ့ တကျတ်ကျတ် အော်ကြီး ဟစ်ကျယ် ဖြစ်တာဘဲ ကျုပ်သိတယ်။

ဆိုလိုချင်တာက ဘယ်အားကစားမဆို တိုးတက်စေချင်ရင်

ထူးချွန် အားကစား သမားများများပေါ်ထွက်စေချင်ရင်

အများပြည်သူ နီးစပ်ရာ ပတ်ဝန်းကျင်မှာ ရေခံ မြေခံကောင်းအောင် အခြေခံ အားကစား အဆောက်အအုံများများ တည်ဆောက် ဖန်တီးပေးပြီး စနစ်တကျ ပြုစုပျိုးထောင် ပေးမှသာ တိုးတက်ကာ အောင်မြင်မယ်လို့ ကျုပ် မြင်တယ်။

ဒီလိုမှ မဟုတ်ဘဲ --

ဒီပြိုင်ပွဲရှိလို့ လူစု -လေ့ကျင့်- ပြိုင် လိုက်

ဟို ပြိုင်ပွဲ ရှိလို့ လူစု- လေ့ကျင့်- ပြိုင်လိုက် နဲ့

"ချီးပါကာ နီးမှ ချီးတွင်းရှာ " ဆိုသလို လုပ်နေရင်တော့ ---ဟွန်း--မပြောလိုက်ချင်ဘူး

" လူပုံအလယ် အီးထွက် မကျသည်ကိုဘဲ" ကံကောင်းပြီ မှတ်ပါ။
မောင်ဦး (12.40)

မမ ရဲ့ ရည်းမှန်းချက်

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန
ရည်မှန်းချက်။

(မမ ၀က်ဆိုဒ် မှ ကူးယူဖေါ်ပြပါသည်။)

- ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နေရာတွင် ဖြစ်ပေါ်လာမည့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ
လိုအပ်ချက်များကို အထိရောက်ဆုံးနှင့် စွမ်းဆောင်ရည်ရှိရှိ ဖြည့်ဆည်းေ ဆာင်ရွက်နိုင်ရေး၊ မိမိလက်ဝယ်ရှိ စွမ်းအားစုများကို
အထိရောက်ဆုံးသုံးစွဲနိုင်ရေး။

- ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး။

-  မော်တော်ယာဉ်များဖြင့် စီးပွားရေးအလို့ငှာ ဆောင်ရွက်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျဖြစ်ပေါ်စေရေး။

- ၀န်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အစဉ်အမြဲ တိုးတက်နေစေရန် လေ့ကျင့်ပေးရေး။

- ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ ၀န်ဆောင်မှုကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် အဆင့်ဆင့်လုပ်ငန်းစဉ်များ ချမှတ်ဆောက်ရွက်နိုင်ရေး။

- အများပိုင်၊ ပုဂ္ဂလိကပိုင်နှင့် ဖက်စပ်လုပ်ငန်းစနစ်အား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော အခြေအနေများနှင့်အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရေး။
 

ကျ နော် မမ အကြောင်း ပြောရဦးမယ်

ဒီနေ့တော့ ကျနော် ချစ်တဲ့ မမ အကြောင်း သိသလောက် ဖေါက်တယ် ချပါရစေ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို  တိုင်းနှင့် ပြည်နယ် ၁၄ ခုနှင့် ဖွဲ့စည်းထား သလို မြန်မာ့မီးရထား ကိုလည်း တိုင်း(၁၁)နှင့် ဖွဲ့စည်းထာပါတယ်။ တိုင်း တတိုင်းမှာ တိုင်းအရာရှိ အဆင့်နှင့်အုပ်ချုပ်ပြီး ဒေသဆိုင်ရာ  မြို့နယ်အဆင့်ကိုတော့ မြို့နယ်အဆင့် အမှူထမ်းများက တာဝန်ယူ ဆောင်ရွက်ပါတယ်။

























 တိုင်း(၁၁) တိုင်း အနက် တိုင်း(၁) ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ရုံးစိုက်ပါတယ်။ တိုင်း(၂) ကို စစ်ကိုင်းတိုင်း ရွာထောင် မှာရုံးစိုက်ပါတယ်။ ထို့အတူ (၃)ကို မန္တလေး တွင်လည်ကောင်း ၊ တိုင်း(၄) ကို ရှမ်းပြည်နယ် ကလောတွင်လည်ကောင်း၊ တိုင်း(၅) ၊ ကို တောင်ငူတွင်လည်းကောင်း၊ တိုင်း(၆)ကို ပဲခူးတွင်လည်းကောင်း၊တိုင်း(၇) ကို ၇န်ကုန်တွင်လည်ကောင်း၊   
တိုင်းအမှတ်(၁) မြစ်ကြီးနား
တိုင်းအမှတ်(၂) ရွာထောင်
တိုင်းအမှတ်(၃) မန္တလေး

တိုင်းအမှတ်(၄) ကလော
တိုင်းအမှတ်(၅) တောင်ငူ
တိုင်းအမှတ်(၆) ရန်ကုန်

တိုင်းအမှတ်(၇) ရန်ကုန်
တိုင်းအမှတ်(၈) မော်လမြိုင်
တိုင်းအမှတ်(၉) ဟင်္သာတ


တိုင်းအမှတ်(၁၀) ပခုက္ကူ

တိုင်းအမှတ်(၁၁) ပုဂံ
 
တိုင်း(၈) ကို မော်လမြိုင် တွင်လည်ကောင်း ၊ တိုင်း(၉) ကို ဟင်္သာတတွင်လည်ကောင်း ၊ တိုင်း(၁၀) ကို ပခုက္ကူ တွင်လည်းကောင်း၊ တိုင်း(၁၁) ကို ပုဂံလည်ကောင်း အသီးသီး ရုံးစိုက်ပါတယ်။ ယင်းတိုင်း(၁၁) ကို နေပြည်တော် ရုံးချုပ်မှ တိုက်ရိုက် စီမံကွက်ကဲ အုပ်ချုပ်ပြီး ဒေသဆိုင်ရာ အဖွဲ့အစည်းများ ရဲ့ စီမံခန့်ခွဲမျာကိုလည်း နာခံပြီး ပူးပေါင်းဆောင်ရွက်ပေး နေသည်ကို တွေ့ရှိရပါတယ်။

Saturday, June 13, 2015

ကျားသဘာဝ

ကျား သဘာဝ"
=========
                    ( ကိုဦး)

အိမ်ထောင် သက်တမ်းကြာပြီ ဖြစ်သော ကိုကြီးကျော်တို့ ဇနီးမောင်နှံမှာ သားသမီး လိုချင်ပါလျှက်နဲ့ မရသဖြင့် အလွန်စိတ်ပျက်လျှက် ရှိသည်။

သူတို့ အိမ်ဂေဟာ လေးမှာ ဇနီးမောင်နှံ နှစ်ဦးတည်းသာရှိသဖြင့် တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့ နေသည်ဟုဆိုရမည်။

တခုသောသင်္ကြန် ရက်ရှည် ရုံးပိတ်ရက်တွင် ကိုကြီးကျော်သည် သူချစ်ဇနီး ကိုခေါ်၍သူ၏ မွေးရပ်မြေ ကျေးလက်သို့ စိတ်ပြေ လက်ပျောက် အလည်အပတ် သွားရောက်ခဲ့လေသည်။

ထိုကျေးရွာရှိ ရွာသူကြီးမှ ကိုကြီးကျော်တို့ ဇနီးမောင်နှံ အလည်ရောက်ရှိ နေကြောင်း သိရှိသဖြင့် ၄င်းတို့ တည်းခိုနေသော အိမ်သို့ ရောက်ရှိလာသည်။

မြို့ကြီးသား ကိုကြီးကျော်အား ကျေးရွာ ၏ ရိုးရာ ဓလေ့ ထုံးစံ နွားသိုးနှင့် နွားမများ သားဖေါက်ပွဲတော်ကို ဗဟုသုတ အဖြစ် လေ့လာကြည့်ရှုရန်ဖိတ်ကြားလေသည်။

ထိုဖိတ်ကြားချက်ကို နားစွန် နားဖျားကြားသော ဇနီးက သူမပါ ကိုကြီးကျော်နှင့် အတူ လိုက်ပါရစေဟု တောင်းဆိုရာ အမျိုးသမီးများ တက်ရောက်ရန် မသင့်သော်လည်း ဇနီးသည် ကို မျက်နာတချက် အညှိုးမခံချင်သဖြင့် ခေါ်ဆောင်သွားလေသည်။

သို့ဖြင့် နွားသားဖေါက်ချိန်စတင်သည်နှင့် နွားသိုးကြီးမှာ နွားမကြီးများကို တစ်ကောင်ပြီး တစ်ကောင် ပြောင်းသွားသော်လည်း မောပန်းဟန်မရှိဘဲ အားကောင်း မောင်းသန်ဖြင့် တရှုးရှုး တရှဲရှဲဖြင့် ဆက်လက်မာန်ဖီနေဆဲဖြစ်ရာ ဇနီးဖြစ်သူက ကိုကြီးကျော် အား တံတောင်ဖြင့် တွက်၍

" တွေ့လား --တွေ့လား ဒီနွားသိုးက ကျန်းမာရေးတော်တော် ကောင်းတယ်နော် ရှင်နဲ့များ ကွာပါ့"

ဇနီးသည်၏ ပြောစကားကြောင့် ကိုကြီးကျော်မှာ မခံချင်စိတ်ဖြစ်ပေါ်သော်လည်း အောင့်အီးကာ ဘာမှ ပြန်မပြောဘဲ ရွာသူကြီး ဘက်လှည့်၍

"နွားသိုးကြီး ဒီလောက်သန်မာအောင် ဘာ အစာအဟာရတွေများကျွေးပါသလဲ"
မေးမြန်းလေသည်။သူကြီးက

"အော်ဒါလား -ဒီကောင်ကြီးကို ထူးထူးထွေထွေ မကျွေးပါဘူး ဒီကောင်ကြီးက ဒီကိစ္စမျိုးဆို ဒေါင်ဒေါင်မြည်ဘဲဗျ"

ထိုအခါ ဇနီးသည်က

" တွေ့လား တွေ့လား ရှင်နဲ့ များ ကွာပါ့"       ဟုဆိုပြန်လေသည်။

" ဒါပေမဲ့ တခုတော့ ရှိတယ် - ဒီနွားသိုးကြီးကို ထူးထူးထွေထွေ မကျွေးရပေမဲ့ အချိန်နည်းနည်းကြာတာနဲ့ နွားမ အသစ်တကောင် မကြာ မကြာလဲပေးရတယ်"

ဟု သူကြီး၏ပြောစကားအဆုံးတွင် ကိုကြီးကျော်က သူ့ဇနီးအား

"တွေ့လား --တွေ့လား-- တွေ့လား--" တဲ့ ။

။ရိုင်းတယ် မထင်ပါနဲ့ ဂျာနယ်တစောင်တွင် ဖတ်လိုက်ရသည့် အတွေးပုံရိပ်ကို ဟာသ အဖြစ် ဖေါက်သည်ချတာပါ။ **

လေးစား ဂုဏ်ယူပါတယ် U 23 ရယ်


မန္တလေး ဘော်လုံးပွဲ အားပေးမှုကလည်း ဇာတိသွေး ဇာတိမာန် အပြည့်ပါဘဲ။


 U 20 ဘော်လုံးပွဲ အရှုးံတုံးက စိတ်ထဲမှာ တခုခုဆုံးရှုးံရသလို  တနေကုန်ခံစားခဲ့သည်ရ မှာ အမည်မဖေါ်ပြနိုင် ခဲ့ဘူး။

ဟောဒီနေ့တော့ ကျွန်တော်ရဲ့ အမည် မဖေါ်ပြနိုင်တဲ့ ဝေဒနာကို U 23 က ဖေါ်ထုတ်ပေး လိုက်ပါပြီ။
အဲဒါကတော့  အနိုင်ဆိုတဲ့ ဆာလောင်မွတ်သိပ်မှု ပါဘဲ ခင်ဗျာ။
အရမ်းကျေးဇူးတင် ၀မ်းမြောက် လေးစားဂုဏ်ယူပါတယ်။ 

Friday, June 12, 2015

မမ နှင့်အတူ ခရီးသွားမယ်ဆို

 မမ နှင့် အတူ ခရီးထွက်မယ်ဆိုရင် ဒီဇယားလေးတော့ ဆောင်ထားပါနော်
Update ဖြစ် မဖြစ်တော့ မသိဘူး ။မမ  ဆိုဒ်ထဲက ရှာယူလာတာပါ   ( မောင်ဦး)

Train
Number
Yangon
Bago
Taungoo
Pyinmana
Thazi
Mandalay
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
1 UP
-
04:00
05:56
06:11
15:20
15:40
19:08
19:18
00:45
00:50
06:10
-
2 DN
19:30
-
16:08
16:55
09:01
09:21
05:50
06:00
23:59
00:09
-
19:15
3 UP
-
05:30
07:18
07:21
12:14
12:24
14:33
14:36
18:00
18:03
21:30
-
4 DN
21:30
-
19:09
19:12
14:03
14:13
11:49
11:52
08:17
08:20
-
05:30
5 UP
-
05:00
06:48
06:51
11:18
11:28
13:44
13:48
16:53
16:56
20:10
-
6 DN
20:10
-
17:49
17:52
13:08
13:18
10:58
11:01
07:45
07:48
-
05:00
7 UP
-
11:00
12:49
12:52
17:24
17:27
19:45
-
-
-
-
-
8 DN
18:45
-
16:37
16:40
11:57
12:00
09:27
10:00
-
-
-
-
9 UP
-
08:30
10:28
10:43
17:56
18:51
21:30
-
-
-
-
-
10 DN
17:45
-
14:46
15:01
07:25
07:55
-
04:30
-
-
-
-
11 UP
-
06:00
07:48
07:50
12:47
12:57
15:22
15:25
18:45
18:48
22:00
-
12 DN
22:00
-
19:32
19:35
14:39
14:49
12:20
12:23
09:01
09:04
-
06:00
29 UP
-
12:15
-
14:02
18:23
18:25
20:55
20:58
00:20
00:23
04:00
-
30 DN
13:00
-
-
10:34
06:08
06:18
04:06
04:11
01:10
01:13
-
22:30
31 UP
-
08:00
09:47
09:50
14:12
14:15
16:30
-
-
-
-
-
32 DN
13:45
-
11:29
11:32
06:57
07:00
-
05:00
-
-
-
-

Yangon - Mawlamyine Line

Train
Number
Yangon
Bago
Kyaikhto
Mawlamyine
Ye
Dawei
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
35 UP
-
06:30
08:15
08:18
10:52
10:55
-
-
15:10
-
-
-
36 DN
15:00
-
12:52
12:55
09:55
09:58
-
-
-
06:00
-
-
89 UP
-
07:15
09:02
09:07
12:15
12:18
-
-
17:00
-
-
-
90 DN
18:30
-
16:21
16:26
12:48
12:50
-
-
-
08:15
-
-
175 UP
-
09:00
10:47
10:49
13:31
13:34
20:00
-
18:10
05:00
11:30
12:00
176 DN
16:30
-
14:14
14:22
11:22
11:24
-
05:00
20:30
07:00
13:30
14:00

Yangon - Pyi Line
Train
Number
Yangon /
Kemmendine
Tharrawaddy
Lepadan
Padigon
Pyi
Taarrawaw
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
63 UP
-
07:00
11:54
11:57
12:33
12:43
16:58
17:13
19:50
-
-
-
64 DN
15:00
-
09:19
09:22
08:33
08:43
04:11
04:26
-
02:00
-
-
69 UP
-
06:15
10:07
10:12
10:45
11:00
-
-
-
-
13:15
-
70 DN
21:45
-
17:17
17:22
16:31
16:53
-
-
-
-
-
14:45
71 UP
-
13:00
16:15
16:23
16:50
17:00
19:55
19:57
21:30
-
-
-
72 DN
07:50
-
04:24
04:27
03:50
03:55
00:41
00:44
-
23:30
-
-

Mandalay - Myitkyina Line
Train
Number
Mandalay
Shwebo
Kawlin
Naba
Mohnyin
Myitkyina
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
ARRI-
VEL
DEPAR-
TURE
37 UP
-
12:00
15:01
15:03
19:34
19:39
23:10
23:20
02:16
02:19
08:00
-
38 DN
08:00
-
04:02
04:22
23:42
23:47
20:17
20:27
17:27
17:30
-
12:00
55 UP
-
13:30
16:43
16:45
21:43
21:53
01:37
01:47
04:53
05:03
10:50
-
56 DN
05:00
-
01:43
01:45
20:32
20:42
16:20
16:30
13:10
13:20
-
07:00
57 UP
-
16:00
19:05
19:07
23:35
23:45
03:40
03:45
06:50
06:55
13:20
-
58 DN
12:10
-
09:02
09:04
04:20
04:25
00:29
00:34
22:12
22:17
-
15:30



ရထားအချိန်စာရင်း


ရန်ကုန် - မန္တလေးလမ်းပိုင်း

ရထား
ရန်ကုန်
ပဲခူး
တောင်ငူ
ပျဉ်းမနား
သာစည်
မန္တလေး
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
၁ အဆန်
-
၀၄း၀၀
၀၅း၅၆
၀၆း၁၁
၁၅း၂၀
၁၅း၄၀
၁၉း၁၈
၁၉း၁၈
၀၀း၄၅
၀၀း၅၀
၀၆း၁၀
-
၂ အစုန်
၁၉း၃၀
-
၁၆း၀၈
၁၆း၅၅
၀၉း၀၁
၀၉း၂၁
၀၅း၅၀
၀၆း၀၀
၂၃း၅၉
၀၀း၀၉
-
၁၉း၁၅
၃ အဆန်
-
၀၅း၃၀
၀၇း၁၈
၀၇း၂၁
၁၂း၁၄
၁၂း၂၄
၁၄း၃၃
၁၄း၃၆
၁၈း၀၀
၁၈း၀၃
၂၁း၃၀
-
၎ အစုန်
၂၁း၃၀
-
၁၉း၀၉
၁၉း၁၂
၁၄း၀၃
၁၄း၁၃
၁၁း၄၉
၁၁း၅၂
၀၈း၁၇
၀၈း၂၀
-
၀၅း၃၀
၅ အဆန်
-
၀၅း၀၀
၀၆း၄၈
၀၆း၅၁
၁၁း၁၈
၁၁း၂၈
၁၃း၄၄
၁၃း၄၈
၁၆း၅၃
၁၆း၅၆
၂၀း၁၀
-
၆ အစုန်
၂၀း၁၀
-
၁၇း၄၉
၁၇း၅၂
၁၃း၀၈
၁၃း၁၈
၁၀း၅၈
၁၁း၀၁
၀၇း၄၅
၀၇း၄၈
-
၀၅း၀၀
၇ အဆန်
-
၁၁း၀၀
၁၂း၄၉
၁၂း၅၂
၁၇း၂၄
၁၇း၂၇
၁၉း၄၅
-
-
-
-
-
၈ အစုန်
၁၈း၄၅
-
၁၆း၃၇
၁၆း၄၀
၁၁း၅၇
၁၂း၀၀
၀၉း၂၇
၁၀း၀၀
-
-
-
-
၉ အဆန်
-
၀၈း၃၀
၁၀း၂၈
၁၀း၄၃
၁၇း၅၆
၁၈း၅၁
၂၁း၃၀
-
-
-
-
-
၁၀ အစုန်
၁၇း၄၅
-
၁၄း၄၆
၁၅း၀၁
၀၇း၂၅
၀၇း၅၅
-
၀၄း၃၀
-
-
-
-
၁၁ အဆန်
-
၀၆း၀၀
၀၇း၄၈
၀၇း၅၀
၁၂း၄၇
၁၂း၅၇
၁၅း၂၂
၁၅း၂၅
၁၈း၄၅
၁၈း၄၈
၂၂း၀၀
-
၁၂ အစုန်
၂၂း၀၀
-
၁၉း၃၂
၁၉း၃၅
၁၄း၃၉
၁၄း၄၉
၁၂း၂၀
၁၂း၂၃
၀၉း၀၁
၀၉း၀၄
-
၀၆း၀၀
၂၉ အဆန်
-
၁၂း၁၅
-
၁၄း၀၂
၁၈း၂၃
၁၈း၂၅
၂၀း၅၅
၂၀း၅၈
၀၀း၂၀
၀၀း၂၃
၀၄း၀၀
-
၃၀ အစုန်
၁၃း၀၀
-
-
၁၀း၃၄
၀၆း၀၈
၀၆း၁၈
၀၄း၀၆
၀၄း၁၁
၀၁း၁၀
၀၁း၁၃
-
၂၂း၃၀
၃၁ အဆန်
-
၀၈း၀၀
၀၉း၄၇
၀၉း၅၀
၁၄း၁၂
၁၄း၁၅
၁၆း၃၀
-
-
-
-
-
၃၂ အစုန်
၁၃း၄၅
-
၁၁း၂၉
၁၁း၃၂
၀၆း၅၇
၀၇း၀၀
-
၀၅း၀၀
-
-
-
-

ရန်ကုန် - မော်လမြိုင် - ထားဝယ်လမ်းပိုင်း
ရထား
ရန်ကုန်
ပဲခူး
ကျိုက်ထို
မော်လမြိုင်
ရေး
ထားဝယ်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
၃၅ အဆန်
-
၀၆း၃၀
၀၈း၁၅
၀၈း၁၈
၁၀း၅၂
၁၀း၅၅
-
-
၁၅း၁၀
-
-
-
၃၆ အစုန်
၁၅း၀၀
-
၁၂း၅၂
၁၂း၅၅
၀၉း၅၅
၀၉း၅၈
-
-
-
၀၆း၀၀
-
-
၈၉ အဆန်
-
၀၇း၁၅
၀၉း၀၂
၀၉း၀၇
၁၂း၁၅
၁၂း၁၈
-
-
၁၇း၀၀
-
-
-
၉၀ အစုန်
၁၈း၃၀
-
၁၆း၂၁
၁၆း၂၆
၁၂း၄၈
၁၂း၅၀
-
-
-
၀၈း၁၅
-
-
၁၇၅ အဆန်
-
၀၉း၀၀
၁၀း၄၇
၁၀း၄၉
၁၃း၃၁
၁၃း၃၄
၂၀း၀၀
-
၁၈း၁၀
၀၅း၀၀
၁၁း၃၀
၁၂း၀၀
၁၇၆ အစုန်
၁၆း၃၀
-
၁၄း၁၄
၁၄း၂၂
၁၁း၂၂
၁၁း၂၄
-
၀၅း၀၀
၂၀း၃၀
၀၇း၀၀
၁၃း၃၀
၁၄း၀၀

ရန်ကုန် - ပြည်လမ်းပိုင်း
ရထား
ရန်ကုန်/
ကြည့်မြင်တိုင်
သာယာဝတီ
လက်ပံတန်း
ပုတီးကုန်း
ပြည်
သာရဝေါ
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
၆၃ အဆန်
-
၀၇း၀၀
၁၁း၄၅
၁၁း၅၇
၁၂း၃၃
၁၂း၄၃
၁၆း၅၈
၁၇း၁၃
၁၉း၅၀
-
-
-
၆၄ အစုန်
၁၅၀၀
-
၀၉း၁၉
၀၉း၂၂
၀၈း၃၃
၀၈း၄၃
၀၄း၁၁
၀၄း၂၆
-
၀၂း၀၀
-
-
၆၉ အဆန်
-
၀၆း၁၅
၁၀း၀၇
၁၀း၁၂
၁၀း၄၅
၁၁း၀၀
-
-
-
-
၁၃း၁၅
-
၇၀ အစုန်
၂၁း၄၅
-
၁၇း၁၇
၁၇း၂၂
၁၆း၃၁
၁၆း၅၃
-
-
-
-
-
၁၄း၄၅
၇၁ အဆန်
-
၁၃း၀၀
၁၆း၁၅
၁၆း၂၃
၁၆း၅၀
၁၇း၀၀
၁၉း၅၅
၁၉း၅၇
၂၁း၃၀
-
-
-
၇၂ အစုန်
၀၇း၅၀
-
၀၄း၂၄
၀၄း၂၇
၀၃း၅၀
၀၃း၅၅
၀၀း၄၁
၀၀း၄၄
-
၂၃း၃၀
-
-

မန္တလေး - မြစ်ကြီးနားလမ်းပိုင်း
ရထား
မန္တလေး
ရွှေဘို
ကော်လင်း
နဘား
မိုးညှင်း
မြစ်ကြီးနား
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
ရောက်
ထွက်
၃၇ အဆန်
-
၁၂း၀၀
၁၅း၀၁
၁၅း၀၃
၁၉း၃၄
၁၉း၃၉
၂၃း၁၀
၂၃း၂၀
၀၂း၁၆
၀၂း၁၉
၀၈း၀၀
-
၃၈ အစုန်
၀၈း၀၀
-
၀၄း၀၂
၀၄း၂၂
၂၃း၄၂
၂၃း၄၇
၂၀း၁၇
၂၀း၂၇
၁၇း၂၇
၁၇း၃၀
-
၁၂း၀၀
၅၅ အဆန်
-
၁၃း၃၀
၁၆း၄၃
၁၆း၄၅
၂၁း၄၃
၂၁း၅၃
၀၁း၃၇
၀၁း၄၇
၀၄း၅၃
၀၅း၀၃
၁၀း၅၀
-
၅၆ အစုန်
၀၅း၀၀
-
၀၁း၄၃
၀၁း၄၅
၂၀း၃၂
၂၀း၄၂
၁၆း၂၀
၁၆း၃၀
၁၃း၁၀
၁၃း၂၀
-
၀၇း၀၀
၅၇ အဆန်
-
၁၆း၀၀
၁၉း၀၅
၁၉း၀၇
၂၃း၃၅
၂၃း၄၅
၀၃း၄၀
၀၃း၄၅
၀၆း၅၀
၀၆း၅၅
၁၃း၂၀
-
၅၈ အစုန်
၁၂း၁၀
-
၀၉း၀၂
၀၉း၀၄
၀၄း၂၀
၀၄း၂၅
၀၀း၂၉
၀၀း၃၄
၂၂း၁၂
၂၂း၁၇
-
၁၅း၃၀


START FROM NAYPYIDAW
TRIN NUMBER
FORM
TO
NOTE
8 - DN
NAYPYIDAW
RANGON
EXPRESS
10 - DN
NAYPYIDAW
RANGON
MAIL
16 - DN
NAYPYIDAW
MAWLAMYINE
EXPRESS
25 - UP
NAYPYIDAW
MANDALAY
EXPRESS
27 - UP
NAYPYIDAW
MYINGYAN
EXPRESS
32 - DN
NAYPYIDAW
RANGON
EXPRESS
101 - UP
NAYPYIDAW
CHOUK
MAIL
103 - UP
NAYPYIDAW
TAUNGDWINGYI
LOCAL
107 - UP
NAYPYIDAW
BAGAN
EXPRESS
109 - UP
NAYPYIDAW
PYI
EXPRESS
141 - UP
NAYPYIDAW
SHWENYAUNG
MAIL
147 - UP
NAYPYIDAW
LOIKAW
MAIL

နေပြည်တော်မှထွက်ခွာသောရထားများ
ရထားအမှတ်
မှ
သို့
မှတ်ချက်
၈ - အစုန်
နေပြည်တော်
ရန်ကုန်
အမြန်
၁၀ - အစုန်
နေပြည်တော်
ရန်ကုန်
စာပို့
၁၆ - အစုန်
နေပြည်တော်
မော်လမြိုင်
အမြန်
၂၅ - အဆန်
နေပြည်တော်
မန္တလေး
အမြန်
၂၇ - အဆန်
နေပြည်တော်
မြင်းခြံ
အမြန်
၃၂ - အစုန်
နေပြည်တော်
ရန်ကုန်
အမြန်
၁၀၁ - အဆန်
နေပြည်တော်
ချောက်
စာပို့
၁၀၃ - အဆန်
နေပြည်တော်
တောင်တွင်းကြီး
လူစီးကုန်တင်
၁၀၇ - အဆန်
နေပြည်တော်
ပုဂံ
အမြန်
၁၀၉ - အဆန်
နေပြည်တော်
ပြည်
အမြန်
၁၄၁ - အဆန်
နေပြည်တော်
ရွှေညောင်
စာပို့
၁၄၇ - အဆန်
နေပြည်တော်
လွိုင်ကော်
စာပို့
 



ကမ္ဘာကျော်ပျောက်ဆုံးမှုများ နှင့် ဘုရားရှင်
====================
လက်ထက်က ပျောက်ဆုံးမှုများ
===============

ဒီပိုစ့်လေးကတော့ အွန်လိုင်းကနေ ကျွန်တော်ဖတ်မိလိုက်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးပါ။

တိုးတက်နေသည့် သိပ္ပံခေတ်ကြီးမှာ ယုံနိုင်ဘွယ်ရာ မရှိပေမဲ့ လက်တွေ့မှာတော့ ဖြစ်ပျက်ခဲ့သည် ဆိုတာကို မိတ်ဆွေတို့ ကြားဘူး နားဝ ရှိကြမယ်လို့ ထင်ပါတယ်။

ပရလောကဆိုတဲ့ နယ်ပယ်နဲ့ မသက်ဆိုင်ဘူးထင်ရပေမယ့် စိတ်လူတ်ရှားဖွယ်ခံစားချက်ခြင်း အတူတူပဲမို့ ကျနော့်ရဲ့ မိတ်ဆွေများ သိစေချင်လို့ပါ---

 အသိပညာတိုးပွားတာပေါ့နော်-----

ပထမဆုံး တင်ပြချင်တာကတော့ ၂၀၁၃ ခုနှစ် မတ်လက ဖြစ်ပျက်ခဲ့တဲ့
စိတ်ဝင်စားဖွယ်ရာ မလေးရှား လေယာဉ် ပျောက်ဆုံးမှု ကိုပြောပါရစေ။

Malaysia နိုင် ငံ လေကြောင်း ကု မ္ပ ဏီ ပိုင် Boeing 777-200 ခ ရီး သည် တင် လေယာဉ် MH370 ခ ရီးစဉ် ဟာ Malaysia နိုင် ငံ မြို့ တော် ကွာလာလန်ပူမြို့ မှ နံ နက် စော စော ထွက် ခွာ ပြီးနောက် လေဆိပ် ကွပ်ကဲရေး ဌာ န နဲ့ အ ဆက် အ သွယ် လုံးဝပြတ် တောက် သွား ပြီး ယနေ့ အချိန်ထိ အစ အန မပေါ်ဘဲ ပျောက်ဆုံးနေခြင်းဖြစ်ပါတယ်။

ဒီ လေ ယာဉ် ကြီး ဟာ Malaysia နိုင် ငံ Kuala Lumpur မြို့ တော် မှ တ ရုပ် နိုင် ငံ မြို့ တော်  ပီကင်းသို့ ခ ရီး သည် ၂၃၉ ဦးနဲ့ အတူ ပျောက်ဆုံးသွားခြင်း ဖြစ်ပါတယ်။

ဒါက လောလောလပ်လပ် ဖြစ်စဉ်ပါ။ ယခင်ထင်ရှားခဲ့သည့် ပျောက်ဆုံးမှုများကတော့ ---

အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။

၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။

အီတလီနိုင်ငံ ဘိုလော့နာမြို့မှာ ရထားတစင်းဟာ လူ - ၁၃၇ ယောက်တင်ပြီး ၁၅ - မိနစ်သာ ဖြတ်သန်းသွားရတဲ့ လှိုဏ်ခေါင်းထဲဝင်သွားတာ ပျောက်ဆုံးသွားပြီး ၄၂ - နှစ်ကြာမှ ပြန်ပေါ်လာခဲ့တယ်။ ရထားပေါ်က ပါသွားသူတွေဟာ အသက်ကြီးမသွားပဲ ရထားပေါ် လိုက်ပါသွားတဲ့အချိန်ကအရွယ်ပဲ၊ သူတို့ကိုမေးတော့လည်း ဘာမှ မေးလို့မရဘူး။ သိပ္ပံပညာရှင်တွေက time wamp တဲ့ မအို၊ မနာ၊ မသေ၊ အချိန်မဲ့သော နေရာတဲ့။

၁၉၅၅ ခုနှစ်က အမေရိကန် ဖလော်ရီဒါက ခရီးသည်လေယာဉ်တစ်စင်းဟာ ပျံတက်ပြီး ပျောက်ဆုံးသွားခဲ့ကာ၊ ၁၉၉၀ခုနှစ်မှာ ဗင်နီဇွဲလား နိုင်ငံမှာ ပြန်ပေါ်လာခဲ့တယ်။ သူလည်း ၃၅ - နှစ်ကြာ ပျောက်ဆုံးသွားခဲ့တယ်။ သိပ္ပံပညာရှင်တွေက ခရီးသည်တွေရဲ့ ဒီအန်အေကို စစ်ကြည့်တော့ မအိုကြောင်း အတည်ပြု ထောက်ခံပေးခဲ့တယ်။ သူတို့ကိုမေးတော့ သူတို့ ဘာမှ မသိပါဘူးတဲ့။

ဒုတိယကမ္ဘာ စစ်တုန်းက မြန်မာနိုင်ငံ ရခိုင် ရိုးမတောကြီးထဲမှာ မဟာမိတ်တပ်ကြီး တစ်တပ်လုံး ပျောက်သွားခဲ့တယ်။ အင်္ဂလိပ်ဝန်ကြီးချုပ် ချာချီကိုယ်တိုင် ကမ္ဘာစစ်ရေးမှာ မကြုံဘူးသော ထူးဆန်းသည့် အကြောင်းအရာတခုဟု မှတ်ချက်ပြုပေးခဲ့တယ်။ သူတို့လည်း ခုချိန်ထိ ပေါ်မလာကြသေးဘူး။

ဒါတွေက ခေတ်မှီ သိပ္ပံခေတ်မှာဖြစ်ပျက်ခဲ့တာလို့ ဆိုတယ်ဗျာ။

ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ အကြောင်းကိုလည်း ရေးပြရစေဦး။

ဘုရားရှင်မပွင့်မီ နှစ်ပေါင်း - ၇၀၀ အလိုက ပြိတ္တာတစ်ဦးဟာ လူယောင်ဖန်ဆင်းပြီး၊ သူ့ရဲ့မယားဟောင်းကို ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေပေးကာ မိဘတွေဆီက တောင်ယူပြီး ခေါ်သွားခဲ့တယ်။ ၇ - နှစ်လောက်ကြာတော့ မယားက ပြန်ချင်တယ်ပြောတော့ ပြိတ္တာက ပြန်ဖို့ မဖြစ်နိုင်ကြောင်း၊ လူ့အသက်နဲ့ဆို နှစ်ပေါင်း - ၇၀၀ ကြာမြင့်သွားပြီဖြစ်ကြောင်း ပြောပြတော့၊ မယုံကြည်တဲ့အတွက် အတင်းပြန်ပို့ခိုင်တယ်။

ပြိတ္တာလည်း ပြန်ပို့တဲ့အခါမှာ သူနေခဲ့တဲ့နေရာတွေဟာ မမှတ်မိတော့ပဲ ဘုရားရှင်ပွင့်ထွန်းတဲ့ အချိန်ဖြစ်နေတော့ အမျိုးသမီးလည်း ဘုရားရှင်ကို လျှောက်ထားတော့ ထွက်သွားချိန်ဟာ နှစ်ပေါင်း - ၇၀၀ ကြာသွားတာ ဟုတ်မှန်ကြောင်းဖြေကြားပြီး၊ ပြိတ္တာဘုံနဲ့ လူဘုံရဲ့ အချိန်ကွာခြားမှုကြောင့်ဆိုတာကို ဟောကြားတော်မှုခဲ့တယ်။ အမျိုးသမီးလည်း ကြောက်လန့် တုန်လှုပ်ပြီ မိမိဝတ်ဆင်ထားသော လက်ဝတ်ရတနားများကို ရောင်းချကာ ဘုရားရှင်အား ကျောင်းဆောက်လှူတန်းလိုက်တယ်။ သေလွန်တော့ အထက်နတ်ပြည်ကို ရောက်သွားခဲ့တယ်။

နောက်တစ်ခုကတော့ ဗာရာဏသီမင်းကြီးသည် ပြိတ္တာမတွေ ဖျားယောင်းပြီး ရေထဲမျောလိုက်တဲ့ သရက်သီးကိုလိုချင်လို့ လိုက်သွားခဲ့ရာမှ ပြိတ္တာမတွေနဲ့ ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၁၅၀ ကြာသွားခဲ့တယ်။

နောက်တခါ ကုန်သည်တစ်ရောက်ဟာ အခြားကုန်သည်တွေနဲ့ ကုန်ကူးသွားတုန်း မယားက ပြိတ္တာအာနုဘော်နဲ့ လှေကိုတားထားပြီး မဲနှိုက်တဲ့အခါမှာ သုံးခါစလုံး သူချည်းကျတဲ့အတွက် ရေထဲကိုပစ်ချခံခဲ့ရတယ်။
ရေထဲသို့မကျမီမှာ ပြိတ္တာက ခေါ်ယူသွားပြီး ပေါင်းသင်းနေထိုင်လိုက်တာ နှစ်ပေါင်း - ၅၀ ကျော် ကြာသွားခဲ့တယ်။ မြန်မာပြည်က ဦးရှင်ကြီးဝတ္တူကလည်း အဲဒီသဘောမျိုးပါပဲ။

တကယ်တော့ ကမ္ဘာက အဖြေမထုပ်နိုင်ဘူးဆိုတာဟာ ဗုဒ္ဓဘာသာဝင် မဟုတ်တာလည်း တစ်ကြောင်း၊ နောက်တခါ ဖြစ်တဲ့အကြောင်းအရာဟာ ဘုရားရှင်တို့မှသာလျှင် ဖြေရှင်းနိုင်တဲ့ အရာဖြစ်လို့ အဖြေမထုတ်နိုင်ကြတာပါ။

ဘုရားရှင်က ကိစ္စတစ်ခုကို ယုံကြည်ဖို့ရန် အကြောင်း သုံးချက်နဲ့ ညှိရမယ်တဲ့။ ထိုအချက် သုံးချက်ကတော့ -

၁။ မျက်မြင်ကိုယ်တွေ့အားဖြင့်၎င်း၊
၂။ ဝေဖန်ဆင်ခြင်ဉာဏ်အားဖြင့်၎င်း၊
၃။ဘုရားရှင်တို့၏ ဟောပြောမှုကြောင့်၎င်း၊
ယုံကြည်ရမယ်တဲ့။

ဒီဖြစ်စဉ်တွေက သက်သေပြချက်မရှိဘူး။ စဉ်းစားဝေဖန်လို့လဲ မရဘူး။ ဘုရားရှင်တို့၏ ဉာဏ်တော်အရာသာ ဖြစ်တဲ့အတွက်ကြောင့်မို့ အဖြေမရှိကြတာပါ။

ဒါ့ကြောင့်လည်း အိုင်းစတိုင်းက ပြောခဲ့တာပေါ့။ သိပ္ပံပညာရှင်တွေ မဖြေရှင်းနိုင်တဲ့အရာကို ဗုဒ္ဓဘာသာက ဖြေရှင်းပေးလိမ့်မယ် တဲ့။ တကယ်တော့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးထဲက ‘လောကဝိဒူ’ဆိုတဲ့ ဂုဏ်တော်ဟာ လောကအကြောင်း အကုန်သိတယ်လို့ပြောတာပါ။

(ကောင်းသန့် စာပေ's fb wall
Visit website)
အမှိုက်ပုံးထဲက လူ
=============

ပါးစပ်ကဘုရား ဘုရား--
လက်က မဟားတရားလုပ်နေတဲ့ သူတွေ့ဟာ အမှိုက်ပုံးလို လူစားတွေ လို့ ပြောရင် လွန်မလား

“နှလုံးသားထဲ တရားမရှိရင်”
လူသားတွေရဲ့ စိတ်ဆိုတာ နှလုံးသားမှာ
ဘုရားတည်မပေးရင် လမ်းဘေးမှာရှိတဲ့
အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။

လမ်းဘေးမှာ အမှိုက်ပုံတို့ အမှိုက်ပုံးတို့
ထားတဲ့ ရည်ရွယ်ချက်ကလည်း
အမှိုက်ထည့်ဖို့ဆိုတော့ တွေ့တဲ့သူတွေကကြုံရာ
အမှိုက်တွေ ထည့်သွားတယ်။
အမှိုက်တွေထည့်သွား၊
တံတွေးအညစ်အကြေးတွေ စွန့်သွား၊
ကွမ်းသွေးတွေ ထွေးသွား၊
ကောင်းတာ တစ်ခုမှ မထည့်ပါဘူး။

ဒါမျိုးလိုပဲ ပုထုဇဉ်တွေရဲ့
စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း
နှလုံးသားထဲ တရားမထည့်ပေးရင်
အမှိုက်ပုံးကြီးလို ဖြစ်နေတယ်။
အမှိုက်က သူများတွေ လာထည့်တာမဟုတ်ဘူး။
ကိုယ့်ဟာကို ထည့်နေတာ။
လောဘက အမှိုက်တွေလာထည့်။
ဒေါသက အမှိုက်တွေ လာထည့်၊
ဣဿာ မစ္ဆရိယစတဲ့ ကိလေသာတွေက
အမှိုက်တွေလာထည့်။

နှလုံးသားထဲ တရားမရှိရင်
“အမှိုက်တွေ ရှုပ်ထွေးပြည့်ကျပ်နေတယ်”

(အရှင် သိရိန္ဒာဘိဝံသ)
နိုင်ငံရေးပါတီတစ်ခုသည် တိုင်းပြည်ကို အကျိုးပြုလိုပါက ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စ တစ်ခုတည်းကိုသာ စဉ်းစား၍မရပါဘူး ။

အချို့ပါတီများသည် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စကိုသာ စဉ်းစားနေပြီး တိုင်းပြည်၏ အမှန်တကယ် တိုးတက်ရေးကို မစဉ်းစားကြပါဘူး။

“အဲဒီလို ကျွန်မတို့လုပ်လို့မဖြစ်ဘူး။ ကျွန်မတို့ကတော့ ပြတ်သားတယ်။ ရွေးကောက်ပွဲ နိုင်ချင်တာပေါ့။ အဲဒါလည်း ကြုံတုန်းပြောရမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲ မဲပေးပါ။ ကျွန်မတို့ ရွေးကောက်ပွဲနိုင်ချင်ပါတယ်။

 ဒါပေမဲ့ ရွေးကောက်ပွဲနိုင်တာကို ရွေးမလား။

 တိုင်းပြည်အတွက် မှန်တဲ့လမ်းကို ရွေးမလားဆိုရင် ကျွန်မတို့တိုင်းပြည်အတွက် မှန်တဲ့လမ်းကိုရွေးမယ်။ ရွေးကောက်ပွဲနိုင်ခြင်း ရှုံးခြင်းသည် တစ်ခဏပဲ။

 တိုင်းပြည်အတွက် မှန်ကန်တဲ့လမ်းကို မရွေးမိလို့ရှိရင် နိုင်ငံရဲ့အနာဂတ် အင်မတန်မှ နာသွားမယ်။ 

အဲဒီတော့ ကျွန်မတို့ရွေးကောက်ပွဲနိုင်ချင်တယ်။

 နိုင်အောင်လည်း ကြိုးစားမယ်။ ဒါပေမဲ့ ဘာလုပ်လုပ် နိုင်ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးတော့ ကျွန်မတို့မလုပ်ဘူး”

(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် )

Wednesday, June 10, 2015

"မမ"မေတ္တာရှင်လေးများ သိစေဘို့
=================
(မောင်ဦး) မမ

ဒီပိုစ့် လေးကတော့ မဖတ်ရသေးသူများအတွက်ပါ။
ကိုယ်မေတ္တာ ရှိသလို သူတစ်ယောက်လည်း မေတ္တာ ပြန်ရှိမယ် ဆိုရင် ဒီစာကို ရေးရကျိုးနပ်ပါပြီ။ စာဆုံးအောင်တော့ ဖတ်ပေးပါနော်---

မေတ္တာ မေတ္တာ ---

မိဘနဲ့ သားသမီး ချစ်တဲ့ မေတ္တာ ---

သူငယ်ချင်း အချင်းချင်း ချစ်တဲ့ မေတ္တာ--

မင်းနဲ့ ကိုယ် ချစ်တဲ့ မေတ္တာ--။

မေတ္တာ--ဖျန်း၍ လန်းရ၏ ။

မေတ္တာ--ခြုံ၍ လုံရ၏။

မေတ္တာ ဟူသည်--

စိမ့်စမ်းရေသို့ ကြည်လင် အေးမြ စေသည်။

ငြိမ်းချမ်းသာယာမှုကို ဖြည့်စွမ်းပေးလေသည်။

 မာကြောနေသောနှလုံးသားကို နူးညံ့စေသည်။

မေတ္တာ၏ ဂုဏ်သတ္တိတို့မှာ ရေးဖွဲ့မကုန်အောင် ရှိကြလေသည်။

-စကားလုံးကြွယ်ရင် ကြွယ်သလို မေတ္တာကို ညွှန်းဆိုနိုင်ပေသည်။

ကိုယ်လည်း မင်းအပေါ်ထားတဲ့ မေတ္တာကို ဖွဲ့နွဲ့ဆိုချင်ပါသည်။

သို့သော် မင်းနဲ့ကိုယ်ကြား ပြောစရာ မလို သလို စာလေးသွားမှာစိုးလို့ ရေးဖွဲ့ မပြရစေနဲ့တော့။

ကိုယ်လေ ဘယ်စာထဲမှာ ဖတ်မိခဲ့ သလဲ တော့ မမှတ်မိဘူး။

"မေတ္တာ၏ အနှစ်သာရကား ငြိမ်းအေးခြင်း"

" မေတ္တာ၏ ရည်မှန်းချက်က သူ့အကျိုးကို လိုလားခြင်းဖြစ်သည်" တဲ့။

 "မေတ္တာဖြင့် ထုံမွှမ်းသော နေရာ ဒေသသည် တည်ငြိမ် အေးချမ်း လေသည်" လို့ ကိုယ် သိရှိ မှတ်သားဘူးတယ်။

အဲဒီ မေတ္တာများဖြင့် လွှမ်းခြုံမှု ပြည့်နေသော နေရာလေးကို မင်းမြင်တွေ့ချင်တယ်လို့ မင်း တချိန်က ကိုယ့်ကို တမ်းတမ်း တတ ပြောခဲ့ ဘူးတယ်နော်။

အဲဒါကြောင့်  အဲဒီမေတ္တာကမ္ဘာလေး တည်ရှိရာ ဥယျာဉ်ကမ္ဘာလေးသို့  မင်းကို ဖိတ်ခေါ်၍ လိုက်ပြပါရစေလားဟင် ။

အဲဒီ နေရာ ရောက်ရင်လေ
မင်း မြင့်တွေ့ရမဲ့ မြင်ကွင်းမျိုးစုံက မင်းရဲ့ နှလုံးသားကို စွဲကိုင်လှုပ်ခတ် သွားလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်။

ဘယ်လိုလဲ လိုက်မယ် မဟုတ်လား

တခုတော့ သတိပေးပါရစေ။

 နှလုံးသား နူးညံ့ပြီး မျက်ရည်မခိုင်တဲ့ မင်းတယောက် လက်ကိုင်ပုဝါလေး တထည်တော့ ဆောင်ယူလာခဲ့ ပေးပါကွယ်။

* မိခင်ရဲ့မေတ္တာကို မခံစားရဘူး ရှာတဲ့ လုံမငယ်လေး တယောက်က ကိုယ်နဲ့ သွေးသား မတော်စပ်တဲ့
ရင်ခွင်မဲ့ မွေးကင်းစ ခလေးငယ်ကို ချီးသေး သုတ်သင်ပေးပြီး နို့ချို (နို့ဗူး) တိုက်ကျွေးမွေးနေသည့်  မိခင်တယောက်၏ စိတ်ဓါတ်မျိုးကို မြင်တွေ့ရမှာဖြစ် သလို

 * တစ်ဦးပေါ် တစ်ဦး ကြင်နာယုယစွာ ထွေးပွေ့ထားကာ ရိုးရှင်းပြီး အပြစ်ကင်းစင်သည့် နုနယ်သော ကလေးငယ်များရဲ့သွင်ပြင်ကိုလည်း မြင်တွေ့ရမယ်။

ပြီးတော့  ညီအစ်ကို မောင်နှမ အရင်း အရှာများကဲ့သို့ သံယောဇင်နှောင်ကြိုးများ ရစ်တွယ်နေသည့် မြင်ကွင်းမျိုးစုံကိုလည်း  မင်းမြင်တွေ့ခဲ့ရင် မင်းရင်ထဲ ကျေကွဲ ထိရှစေတဲ့ အမည်မသိ ဝေဒနာနဲ့ အတူ ဝမ်းသာကြည်နူးရတဲ့ ပီတိ ကိုပါ တပြိုင်းတည်း တွေ့မြင် ခံစားရမယ်နော်

ပြီး မင်းရဲ့ ရွှန်းလဲ့တောက်ပနေတဲ့ မျက်ဝန်းအစုံမှာ မျက်ရည်စလေးတွေ တွဲခို လာလိမ့်မယ် လို့လည်း ကိုယ်ထင်တယ်။

အဲဒီ ဥယျာဉ် နေရာလေးကတော့လေ--

ဟိုး-- နေပြည်တော်တိုင်း လယ်ဝေးမြို့နယ် သာဝတ္ထိမြိုနှင့် လေးမိုင်ခန့်အကွာ အလယ်ရိုးမ တောင်ပေါ်ရှိ " စမ" တောင် မဟာပရဟိတ လူငယ်ဖွင့်ဖြိုးရေး ဆိုတဲ့ ဥယျာဉ်လေးဘဲ ပေါ့။

အဲဒီ ဥယျာဉ်တွင်းမှာလေ
* မိခင်ရဲ့မေတ္တာကို ဆာလောင်မွတ်သိမ်နေတဲ့ ရင်ခွင်မဲ့ရင်သွေးငယ်များ-

*အပြစ်မဲ့ ရက်စက်စွာ စွန်ပြစ်ခံ ပန်းကလေးများ

* ဘဝချို့တဲ့နေရှာသော ကလေးသူငယ်များ
တို့ကို ဘာသာတရား၏အရိပ် ဆရာတော်များ၏ မေတ္တာ စေတနာ ဂရုနာ စိတ်ဓါတ် အပြည့်ဖြင့် ငြိမ်းငြိမ်း ချမ်းချမ်း နွေးနွေး ထွေးထွေး ပေးထားသည်ကို  မြင်တွေ့ စေချင်တယ်။

အဲဒီ ပရဟိတ ကျောင်းကို "စမ"တောင် ဆရာတော် နှစ်ပါးက ရင်ခွင်မဲ့ ခလေးငယ် ၄  ဦးဖြင့် အစားဆင်းရဲ အနေဆင်းရဲ ယိုင်နဲ့နဲ့ တဲကုတ်ဘဝမှ စတင်တည်ထောင်ခဲ့ပြီး ယနေ့ အချိန်အခါ မှာဖြင့် ကလေးငယ် ၄၆၀ ကျော်နှင့် အတန် အသင့် နေထိုင် ကျွေးမွေးပြုစုစောင့်ရှောင့် ပညာသင်ကြား ပေး လျှက်ရှိပါတယ်။

တရက်ကို ဆန် ၆ တင်းခွဲကုန်ကျခံ ချက်ပြုတ် ကျွေးမွေးရကာ ယင်း ကလေးငယ်များရဲ့ စားဝတ်နေရေးမှ အစ ကျန်းမာရေး ပညာရေး  သွားရေးလာရေး အဆုံးပြုလုပ်ပေးထားသည်ကို ကြည်နှုးဖွယ် မြင်ကွင်းစုံကို မင်းတွေ့မြင် ခံစားရပေမယ်။

ဘွဲ့ရ ပညာတတ်                  ၂၄ ဦး          
တက္ကသိုလ် မျိုးစုံ တက်ဆဲ       ၄၃ ဦး

အထက်တန်း                     ၃၇ ဦး

အလယ်တန်း                   ၁၀၈ ဦး

မူလတန်း+မူကြို               ၂၀၆ ဦး

နို့ဗူးတိုက်                         ၄၂ ဦး

စုစုပေါင်း                        ၄၆၀ ဦး

အဲဒီ ကလေးငယ်များရဲ့ ထူးချွန် တိုးတတ်မှုတွေ ချစ်စရာကောင်းတဲ့ ချမ်းမြေ့သာယာမှုတွေကို မြင်ရရင် မင်းဝမ်းသာကြည်နူးမိမှာ အမှန်ပါဘဲ။

ဒါပေမဲ့ လေ --
ကလေးငယ်များ၏ အဆင်မြင့် ပညာသင်ကြားရေး
ကျန်းမာရေး စားဝတ်နေရေး လိုအပ်ချက်လေးတွေက များစွာရှိနေဆဲပေါ့။

အထက်က အင်အားစာရင်းကို ကြည့်ရင် ဒီလူငယ် ဖွင့်ဖြိုးရေးဥယျာဉ်လေးဟာ ဘယ်လောက် ရုံးကန် လှုပ်ရှား နေရတယ် ဆိုတာ မင်း ခန့်မှန်းမိမှာပါ။

အဲဒါကြောင့်လေ ဒီဥယျာဉ်တွင်းက မေတ္တာပန်းကလေး များဆက်လက်  ပွင့်လန်းထုံသင်းစေဘို့ တက်နိုင်သ၍ ဖြည့်စွမ်းပေးနိုင်ရန် ကိုယ် ဒီပို့စ်ကို ရေးခြင်းဖြစ်တယ်လို့ ပြောချင်တယ်။

ခိုကိုးရာမဲ့ ဒုက္ခ ရောက်နေသူများကို ကူညီဆောင်ရွက်ပေးခြင်းသည်  အနဝဇ္ဇာနိ မင်္ဂလာ ဖြစ်သလို --

လှူဒါန်းခြင်း စေတနာ သည် မိမိနဲ့ သူတပါး နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ဖြစ်စေသည့် ဒါနဉ္စ မင်္ဂလာ မည်သည် ဆိုတဲ့ မြတ်ဘုရားရဲ့ တရားတော်ကို မင်း နာကြားဘူးမှာပါ။

ဒါကြောင့်လေ 
မင်းနဲ့ ကိုယ် ဒီလက စပြီး အားအားရှိ အွန်လိုင်းပေါ်တက် မလိုအပ်ဘဲ ပွတ် ပွတ်နေတာကို ရပ်ပြီး အပိုသုံးကုန်ကျမဲ့ စရိတ်ကို သွားရောက်လှူ ဒါန်းကြပါစို့လား လို့ ----။      ။

ဒီပို့စ်ကို ရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူပြီး
မေတ္တာပန်းများ ပေးဝေငှနိုင်ကြပါစေ---