ကောင်းကင်မေမေ တိုဟူး တိုဟူး

Friday, June 12, 2015

အမှိုက်ပုံးထဲက လူ
=============

ပါးစပ်ကဘုရား ဘုရား--
လက်က မဟားတရားလုပ်နေတဲ့ သူတွေ့ဟာ အမှိုက်ပုံးလို လူစားတွေ လို့ ပြောရင် လွန်မလား

“နှလုံးသားထဲ တရားမရှိရင်”
လူသားတွေရဲ့ စိတ်ဆိုတာ နှလုံးသားမှာ
ဘုရားတည်မပေးရင် လမ်းဘေးမှာရှိတဲ့
အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်။

လမ်းဘေးမှာ အမှိုက်ပုံတို့ အမှိုက်ပုံးတို့
ထားတဲ့ ရည်ရွယ်ချက်ကလည်း
အမှိုက်ထည့်ဖို့ဆိုတော့ တွေ့တဲ့သူတွေကကြုံရာ
အမှိုက်တွေ ထည့်သွားတယ်။
အမှိုက်တွေထည့်သွား၊
တံတွေးအညစ်အကြေးတွေ စွန့်သွား၊
ကွမ်းသွေးတွေ ထွေးသွား၊
ကောင်းတာ တစ်ခုမှ မထည့်ပါဘူး။

ဒါမျိုးလိုပဲ ပုထုဇဉ်တွေရဲ့
စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း
နှလုံးသားထဲ တရားမထည့်ပေးရင်
အမှိုက်ပုံးကြီးလို ဖြစ်နေတယ်။
အမှိုက်က သူများတွေ လာထည့်တာမဟုတ်ဘူး။
ကိုယ့်ဟာကို ထည့်နေတာ။
လောဘက အမှိုက်တွေလာထည့်။
ဒေါသက အမှိုက်တွေ လာထည့်၊
ဣဿာ မစ္ဆရိယစတဲ့ ကိလေသာတွေက
အမှိုက်တွေလာထည့်။

နှလုံးသားထဲ တရားမရှိရင်
“အမှိုက်တွေ ရှုပ်ထွေးပြည့်ကျပ်နေတယ်”

(အရှင် သိရိန္ဒာဘိဝံသ)

No comments:

Post a Comment