ကောင်းကင်မေမေ တိုဟူး တိုဟူး

Monday, June 15, 2015

ချီးပါကာ နီးမှ ချီးတွင်းရှာ
============
                            (မောင်ဦး)

ဒီနေ့ ထိုင်းကို သုံးဂိုးပြတ်နဲ့ ရှုံးတယ်
ကလေးတွေ မတော်လို့ မဟုတ်ဘူး။
ကလေးတွေ ညံ့ လို့ မဟုတ်ဘူး။
ကလေးတွေ မတတ်လို့ မဟုတ်ဘူး။
တော်တယ် ကျိုးစားတယ် စိတ်ဓါတ်ကောင်းလာတယ်
ဒါကြောင့်လည်း ငွေတံဆိပ်ရလာတယ်။

U 23 အသင်းကိုတော့ လေးစား ဂုဏ်ယူပါတယ်။
ဒါပေမဲ့ ကျုပ် ဒီည တော်တော်နဲ့ အိပ်ပျော် မှာ မဟုတ်ဘူး။

ကျုပ်တင်မဟုတ်ဘူး။ ရပ်ထဲ ရွာထဲ မြို့ထဲ အို တတိုင်းပြည်လုံး ကျုပ်လိုဘဲ အိပ်ပျော်မယ် မထင်ဘူး။ ဖိုးသူတော်လို အရက်မူးအောင် သောက်ပြီး အိပ်တဲ့ သူတော့ မပြောလိုပါဘူး။

ဒါကြောင့် အိပ်မပျော်မဲ့ အတူတူ စိတ်ပေါက်ပေါက်နဲ့ လူတွင်ကျယ် လုပ်ပြီး ပြောရဦးမယ်။

စကားပြောတာကို ရိုင်းတယ်လို့တော့ မထင်ပါနဲ့။

လူတွေက ခတ်ရိုင်းရိုင်းပြောမှ ရေးတေးတေးဘဲ သဘောပေါကတယ်ဆိုတဲ့ လူတွေကြောင့် ပြောတယ်လို့ မှတ်ပါ။

 ချေး(ချီး) ပါခါနားနီးမှချေး( ချီး )တွင်းရှာတဲ့ သူ ဘယ်တော့ မကြီးပွားဘူး ဆိုတဲ့စကားကို ရှေးလူကြီး ပြောစကား ကြားဘူးကြတယ် မဟုတ်လား။

ရှေးလူကြီးတွေ ဆုံးမ စကားလေးပေါ့။

အလုပ်တခု လုပ်မယ်ဆို ဘာတခုမှ စနစ်တကျ ကြိုတင် လုပ်ဆောင်ထားခြင်း မရှိဘဲ အလုပ်ပေါ်လာမှ ထလုပ်တော့ ဘာတခု အောင်မြင်မှု မရှိဘူးလို့ ဆိုလိုချင်တာ။

အခုလည်းကြည့် ။

ဆီးဂိမ်း သွားပြိုင်မဲ့ ဘောလုံး အသင်းကို ဖုတ်ပူ မီးတိုက်စုဆောင်းပြီး လေ့ကျင့် ခဲ့ တာ အချိန်တလခွဲ ဘဲ လေ့ကျင့် ခဲ့ ရတယ်တဲ့။

နည်းပြ နှင့် ကလေးတွေရဲ့ ကျိုးစား အားထုတ်မှုကြောင့် သာ ငွေ တံဆိပ်ရတယ်။

အောင်ပွဲ ရပြီ ဆိုတော့ အမှတ်ဝင်ယူချင်တဲ့သူကလည်း အများသားဗျာ့။

တီဗွီရှေ့ငုတ်တုတ် ထိုင်နေတာဘဲ ကြည့်ရော့။

ဒီအဆင့် ရသည်ကိုက အရမ်းကံကောင်းတယ် မှတ်ပါ။

သို့ မဟုတ်ရင် ပွဲတိုင်း အရှုံးကို ခံစားသွားမယ်။

တကယ်တော့ မြန်မာတွေဟာ အားကစားနှင့် ပါတ်သက်ရင် မညံ့ပါဘူး။

အထူးသဖြင့် ဘောလုံး ပတ်သက်ရင် ကလေး လူကြီး အားလုံး ကြိုက်နှစ်သက်ပြီး ပါရမီ ထူးချွန်တဲ့ သူတွေလည်း များစွာ ရှိပါတယ်။

ကစားချင်တဲ့သူ ကစားအားရှိသူများလည်း မြောက်များစွာ ရှိပါတယ်။

ကျောင်းသားလည်း တနေ့တာ စာသင်ချိန်ပြီးရင်
ဘောလုံး ကစားချင်တယ်--ဒါပေမဲ့

ရုံးဝန်ထမ်းလည်း ရုံးချိန်ကုန်ပြီးရင် ဘောလုံးကစားချင်တယ်- ဒါပေမဲ့--

ဒါရိုင်ဘာလည်း ကားမောင်းနားရင် ဘောလုံး ကစားချင်တယ် ဒါပေမဲ့---

ဆိုက္ကားဆရာလည်း ဆိုက္ကား သိမ်းပြီးရင် ဘောလုံး ကစားချင်တယ် ဒါပေမဲ့ ---

သေဘို့ တောင် ၆ ပေ ၂ပေ မြေကွက်လပ် ရှားပါးလို့ မီးရှို့ နေရတဲ့ ခေတ်မှာ
ဘယ်မလဲ ကစားကွင်း? 

ဘယ်မလဲ ဘောလုံး 

ဘယ်မလဲ ဘောကန်ဖိနပ်  ?

ဘောလုံး နှင့် ဖိနပ် ကထားပါ

အဓိက က ကစားကွင်း ။

ရပ်ကွက်ထဲ ရှိတဲ့ ကစားကွင်းက ရပ်ကွက် မြိုနယ် ဆိုင်ရာ ပိုင်ရာ လူကြီးတွေ ဥက္ကဌ တွေက အကွက်ရိုက်ပြီး သားဝဝ မယားဝဝ လုပ်လိုက်လို့ ကွန်ဒိုဖြစ်လိုဖြစ်-
 
ပန်းခြံတွေက ဟော်တယ်ဖြစ်လိုဖြစ် ။

ရွာဘေးက မြေကွက်က သိမ်းခံထိ လိုထိ။

အားကစား လုပ်စရာ ကွင်းကို မရှိတော့ဘူး။

အိမ်ရှေ့ရှိတဲ့ လမ်းမပေါ် ထွက် ပြီး ကစားလို့ ကားတိုက်သေရင်လည်း လမ်းပေါ် ကမြင်းလို့ သေတာ နည်းတောင် နည်းသေးတယ်လို့ မေတ္တာ ပို့ကြမယ်။

ဘယ်နဲ့ ဗျာ သူတို့ကြတော့ တောင်ရိုက် မြောက်ရိုက် လုပ်တဲ့ ဂေါက်ကွင်းတွေ ဟီးထအောင် ငွေ ဘီလျံ ချီကုန်ခံ တည်ဆောက် ထားတယ်။

အများပြည်သူ အပန်းဖြေ အားကစားလုပ်ဘို့ ကျတော့ ကစားကွင်း မရှိဘူး။

 မြေကွေက်လပ် ဖန်တီးပေးရ ကောင်းမှန်း မသိဘူး။

ဂေါက်သီးနဲ့ ပေါက်ပေါက် မြှောက်မြှောက် ထွန်းကားသလား မေးရင် ဂေါက်ကွင်း အလုပ်သမလေးနဲ့ ကလေးတစ်ယောက် ထွန်းကားပြီး မယားကြီးနဲ့ တကျတ်ကျတ် အော်ကြီး ဟစ်ကျယ် ဖြစ်တာဘဲ ကျုပ်သိတယ်။

ဆိုလိုချင်တာက ဘယ်အားကစားမဆို တိုးတက်စေချင်ရင်

ထူးချွန် အားကစား သမားများများပေါ်ထွက်စေချင်ရင်

အများပြည်သူ နီးစပ်ရာ ပတ်ဝန်းကျင်မှာ ရေခံ မြေခံကောင်းအောင် အခြေခံ အားကစား အဆောက်အအုံများများ တည်ဆောက် ဖန်တီးပေးပြီး စနစ်တကျ ပြုစုပျိုးထောင် ပေးမှသာ တိုးတက်ကာ အောင်မြင်မယ်လို့ ကျုပ် မြင်တယ်။

ဒီလိုမှ မဟုတ်ဘဲ --

ဒီပြိုင်ပွဲရှိလို့ လူစု -လေ့ကျင့်- ပြိုင် လိုက်

ဟို ပြိုင်ပွဲ ရှိလို့ လူစု- လေ့ကျင့်- ပြိုင်လိုက် နဲ့

"ချီးပါကာ နီးမှ ချီးတွင်းရှာ " ဆိုသလို လုပ်နေရင်တော့ ---ဟွန်း--မပြောလိုက်ချင်ဘူး

" လူပုံအလယ် အီးထွက် မကျသည်ကိုဘဲ" ကံကောင်းပြီ မှတ်ပါ။
မောင်ဦး (12.40)

No comments:

Post a Comment