ကောင်းကင်မေမေ တိုဟူး တိုဟူး

Saturday, June 13, 2015

ကျားသဘာဝ

ကျား သဘာဝ"
=========
                    ( ကိုဦး)

အိမ်ထောင် သက်တမ်းကြာပြီ ဖြစ်သော ကိုကြီးကျော်တို့ ဇနီးမောင်နှံမှာ သားသမီး လိုချင်ပါလျှက်နဲ့ မရသဖြင့် အလွန်စိတ်ပျက်လျှက် ရှိသည်။

သူတို့ အိမ်ဂေဟာ လေးမှာ ဇနီးမောင်နှံ နှစ်ဦးတည်းသာရှိသဖြင့် တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့ နေသည်ဟုဆိုရမည်။

တခုသောသင်္ကြန် ရက်ရှည် ရုံးပိတ်ရက်တွင် ကိုကြီးကျော်သည် သူချစ်ဇနီး ကိုခေါ်၍သူ၏ မွေးရပ်မြေ ကျေးလက်သို့ စိတ်ပြေ လက်ပျောက် အလည်အပတ် သွားရောက်ခဲ့လေသည်။

ထိုကျေးရွာရှိ ရွာသူကြီးမှ ကိုကြီးကျော်တို့ ဇနီးမောင်နှံ အလည်ရောက်ရှိ နေကြောင်း သိရှိသဖြင့် ၄င်းတို့ တည်းခိုနေသော အိမ်သို့ ရောက်ရှိလာသည်။

မြို့ကြီးသား ကိုကြီးကျော်အား ကျေးရွာ ၏ ရိုးရာ ဓလေ့ ထုံးစံ နွားသိုးနှင့် နွားမများ သားဖေါက်ပွဲတော်ကို ဗဟုသုတ အဖြစ် လေ့လာကြည့်ရှုရန်ဖိတ်ကြားလေသည်။

ထိုဖိတ်ကြားချက်ကို နားစွန် နားဖျားကြားသော ဇနီးက သူမပါ ကိုကြီးကျော်နှင့် အတူ လိုက်ပါရစေဟု တောင်းဆိုရာ အမျိုးသမီးများ တက်ရောက်ရန် မသင့်သော်လည်း ဇနီးသည် ကို မျက်နာတချက် အညှိုးမခံချင်သဖြင့် ခေါ်ဆောင်သွားလေသည်။

သို့ဖြင့် နွားသားဖေါက်ချိန်စတင်သည်နှင့် နွားသိုးကြီးမှာ နွားမကြီးများကို တစ်ကောင်ပြီး တစ်ကောင် ပြောင်းသွားသော်လည်း မောပန်းဟန်မရှိဘဲ အားကောင်း မောင်းသန်ဖြင့် တရှုးရှုး တရှဲရှဲဖြင့် ဆက်လက်မာန်ဖီနေဆဲဖြစ်ရာ ဇနီးဖြစ်သူက ကိုကြီးကျော် အား တံတောင်ဖြင့် တွက်၍

" တွေ့လား --တွေ့လား ဒီနွားသိုးက ကျန်းမာရေးတော်တော် ကောင်းတယ်နော် ရှင်နဲ့များ ကွာပါ့"

ဇနီးသည်၏ ပြောစကားကြောင့် ကိုကြီးကျော်မှာ မခံချင်စိတ်ဖြစ်ပေါ်သော်လည်း အောင့်အီးကာ ဘာမှ ပြန်မပြောဘဲ ရွာသူကြီး ဘက်လှည့်၍

"နွားသိုးကြီး ဒီလောက်သန်မာအောင် ဘာ အစာအဟာရတွေများကျွေးပါသလဲ"
မေးမြန်းလေသည်။သူကြီးက

"အော်ဒါလား -ဒီကောင်ကြီးကို ထူးထူးထွေထွေ မကျွေးပါဘူး ဒီကောင်ကြီးက ဒီကိစ္စမျိုးဆို ဒေါင်ဒေါင်မြည်ဘဲဗျ"

ထိုအခါ ဇနီးသည်က

" တွေ့လား တွေ့လား ရှင်နဲ့ များ ကွာပါ့"       ဟုဆိုပြန်လေသည်။

" ဒါပေမဲ့ တခုတော့ ရှိတယ် - ဒီနွားသိုးကြီးကို ထူးထူးထွေထွေ မကျွေးရပေမဲ့ အချိန်နည်းနည်းကြာတာနဲ့ နွားမ အသစ်တကောင် မကြာ မကြာလဲပေးရတယ်"

ဟု သူကြီး၏ပြောစကားအဆုံးတွင် ကိုကြီးကျော်က သူ့ဇနီးအား

"တွေ့လား --တွေ့လား-- တွေ့လား--" တဲ့ ။

။ရိုင်းတယ် မထင်ပါနဲ့ ဂျာနယ်တစောင်တွင် ဖတ်လိုက်ရသည့် အတွေးပုံရိပ်ကို ဟာသ အဖြစ် ဖေါက်သည်ချတာပါ။ **

No comments:

Post a Comment