မျက်လုံးပြူးသွားသော ဇနီးမောင်နှံ
======================
"ဟဲ့ သားတို့ အိပ်တော့လေ နင့်တို့ အဖေ တနေကုန် ရထားစီးပြီး ပြန်လာလို့ ခရီးပမ်း နေတယ်ဆိုတာ နားမလည်ဘူးလား"
မဟေသီ၏ ဟောက်သီးကျွေးသံကြောင့် ကုတင်ပေါ်တွင် ရက်ရှည်လများခရီးထွက် ရာမှ ပြန်လာသော ကိုပြာလောင်တစ်ယောက် သားများနှင့် စကားတွတ်ထိုးနေရာမှ ရပ်ကာ အိပ်လိုက်ကြသည်။
သားငယ်နှစ်ယောက်မှာ ကလေးများ၏ သဘာဝအတိုင်း အပူအပင် အကြောင်းအကျ ကင်းသဖြင့် တခဏခြင်း အိပ်ပျော်သွား သော်လည်း ကိုပြာလောင် မှာ အိပ်မပျော်သေးချေ။
တခုခု လိုနေသလိုလို။
ချစ်ဇနီးသည် အိပ်ယာအဝင်ကို စောင့်ရင်း စာဖတ်နေလိုက်တယ်။ ခဏကြာတော့ အိပ်ချင်သလိုလိုဖြစ်လာတယ်။
အလိုက်မသိသော မဟေသီက အရေးထဲ ပုတီးစိတ်နေသည်လား သုံးလုံးဂဏန်း အာရုံခံနေသလားမသိ။
ဘုရားခန်းမှ တော်တော်နဲ့ ထွက်မလာဘူး။
ဘာရမလဲ -- ကိုပြာလောင် တလောင် ဘဲရှိတယ်။
ဖတ်နေတဲ့ စာအုပ်ကို ကြမ်းပြင်ပေါ် ဘုတ်ကနဲမြည်အောင် ပြစ်ချလိုက်ပြီး ပါးစပ်ကလည်း "အား " လို့ မတိုးမကျယ် အော်ချ လိုက်တယ်။
ပုတီးစိတ်လို့ သမာဓိ အားကောင်းနေပါတယ် ဆိုတဲ့ မဟေသီ စိုးရိမ်တကြီး အခန်းထဲ ပြေးအဝင် အလာမှာတော့ -- ဟွန်း--။ အရေးထဲ သားအငယ်ကောင်က အိပ်ယာထဲက ကုန်းထ ထိုင်နေတယ်။
" သား မအိပ်သေးဘူးလား အိပ်--အိပ်"
ကိုပြာလောင်က ကျောသတ်ကာ ချော့သိပ်လိုက်သည်နဲ့ အိပ်ပျော်သွားတယ်။
မဟေသီက ပြုံးစိစိ။
ပြန်လည်အိပ်ပျော်သွားပြီး ခဏ အကြာ ---
သားအငယ်ကောင်က ဘာသံကြားလို့လဲ မသိ
အိပ်နေရာက ထထိုင် နေပြန်တယ်။
" သားသား အိပ်အိပ် " ကိုပြာလောင်က ကျောပွတ်ပေးသည်နဲ့ အိပ်ပျော်သွားပြန်တယ်။
မဟေသီက ပြုံးစိစိ။
တောက်-- ကိုပြာလောင် မကျေနပ်သည့် တက်ခေါက်သံက မပြင်းထန်လှသော်လည်း တိတ်ဆိတ်သော ညဥ့်ဦးယံမို့ ထင် ကျယ်လောင်လှသည်။
မဟေသီက ဘာကို ဆိုလိုသည် မသိ။
ကိုပြာလောင့် ဗိုက် ကိုဆွဲလိမ်သည်။
ရသည် ကိုပြာလောင် ငြိမ်ခံနေလိုက်သည်။
အကြီးကောင်ကတော့ အိပ်နေလိုက်သည်မှာ တုတ်တုတ်မျှ မလုပ်။ အိမ်မက်ကောင်း ကောင်း မက်နေသည်လား မသိ။
ဟွန်း--ဒီနှစ်ကောင်ကို ကြည့်ပြီး ကိုပြာလော မောပ -- မောပ--။
အမောပြေမယ် ကြံကာရှိသေး---
ကိုပြာလောင်၏ အသက်ရှုသံပြင်းပြင်းကို ကြားလို့ လားမသိ အငယ်ကောင်မှာ အိပ်နေရာမှ ထထိုင်နေပြန်သည်။
ကိုပြာလောင် စိတ်ထဲ နည်းနည်းတင်းသွားတယ်။
" ဟေ့ကောင် မအိပ်သေးဘူးလား "
လို့ ကိုပြာလောင် ၏ ဒေါသ လွှမ်းသည့် မေးမြန်းသံ မဆုံးမှီ ညီငယ်ဘေးတွင် အိပ်နေသော
သားအကြီးကောင်က
" ရိုက်သတ်လိုက်စမ်းပါ အဖေရာ ဒီအတိုင်းကြည့်လည်း မြင်ရဲ့သားနဲ့-- ထထကြည့်နေတယ်"
ဆိုသော စကားသံကြောင့် ကိုပြာလောင် တို့ ဇနီးမောင်နှံ မှာ မျက်လုံးပြူး သွားပါတော့သည်။
အချစ်နှင့်မရဏ ရေစီးကြောင်းတွင် မျောပါနေရသော လူဘုံဘ၀တွင် တန်ဘိုးရှိရှိ နေထိုင်ပြီး အကုသိုလ်ကင်းမှသာ လူဖြစ်ကျိုးနပ်ပါလိမ့်မည်။
No comments:
Post a Comment