မမျှတခဲ့ သော အချစ်ရဲ့ နောင်တ




မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

                                         (မောင်ဦး)

နောင်တ💔ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့

အချိန်မှာသာ ရောက်လာတတ်တဲ့ ‌ ‌‌‌ေ၀ဒနာတမျိုးပါ.....

 

💞တစ်ချိန်က...💞

အချစ်နှစ်ခုကြားမှာ ကျွန်တော် ဗျာများခဲ့ဖူးတယ်။

အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ...

အဲဒီနေ့ကို ပြန်တွေးမိတိုင်း ရင်ထဲမှာ နောင်တတစ်ခု အမြဲပြန်နိုးလာတတ်

တယ်။💔

​တစ်ရက်... ကျွန်တော်တို့မြို့ကနေ ခရီးတစ်ခု ထွက်ခဲ့တယ်။

သွားရမယ့်လမ်းက နှစ်လမ်းခွဲ။

တစ်လမ်းက... 

စိုးစံဘော်ဒါမှာ စာသင်ကြားနေတဲ့ သားရှိရာ မေမြို့။

နောက်တစ်လမ်းက...

 အိုမင်းမစွမ်းဖြစ်နေတဲ့ ကျွန်တော့်မွေးမိခင်ကြီး ရှိရာ တောရွာသို့။

​ဘယ်သူ့ဆီကို အရင်သွားရမလဲ... ဆုံးဖြတ်ရခက်ခဲခဲ့တယ်။

တစ်ဖက်က ကိုယ်မွေးထားတဲ့ သား🙅‍♂

 တစ်ဖက်က ကိုယ့်ကိုမွေးပေးတဲ့ အမေ🥰

နောက်ဆုံးတော့... လောကသဘာဝ စုန်ရေအရှိန်အတိုင်း 

💖သားရှိရာကိုပဲ အရင်သွားခဲ့မိတယ်။

​လမ်းမှာ...

သားကြိုက်တဲ့ မုန့်🍔တွေ့ရင် ဝယ်တယ်။

သားကြိုက်တဲ့ အသီး🍎တွေ့ရင် ဝယ်တယ်။

သားကြိုက်တဲ့ 👔👕အဝတ်အစား🥼တွေ့ရင်လည်း ဝယ်တယ်။

ကားရပ်နားတဲ့ ဂိတ်တိုင်းမှာ ဝယ်ယူမိလို့ ကားပေါ်မှာ

ပစ္စည်းတွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားခဲ့တယ်။

ကျွန်တော့်ရင်ထဲမှာတော့... "သားနဲ့တွေ့ရင် ဘယ်ကိုသွားမယ်... 

ဘာတွေ စားမယ်.. ဘယ်လိုပျော်မယ်...." ဆိုတဲ့ 

အတွေးတွေနဲ့တင် ကြည်နူးနေခဲ့တာ။🕺🕺

​သားရဲ့Out pass နှစ်ရက်တစ်ညတာကို ပျော်ပျော်ကြီး 

နေထိုင်ပြီးတော့မှ... အမေရှိရာကို ဆက်သွားခဲ့တယ်။

ဒါပေမယ့်... အမေ့အတွက် လမ်းမှာ ဘာမှ အထူးတလည် မဝယ်ဖြစ်ခဲ့ဘူး။💔

အမေအတွက် ပါသွားတာက...

အင်ရှူးဝါး🥫တစ်ဗူးရယ်...

ကိတ်မုန့်🥮တစ်ထုပ်ရယ်... ဒါပဲ ပါခဲ့တယ်။

​အမေဆီမှာ ခဏတဖြုတ်ပဲ နေခဲ့ပြီး ပြန်ခဲ့တယ်။

သားအတွက် ပေးခဲ့တဲ့ အချိန်တွေ၊ ဝယ်လာခဲ့တဲ့ ပစ္စည်းတွေနဲ့ 

ယှဉ်လိုက်ရင် အမေ့အတွက်က အလွန်နည်းပါးလွန်းခဲ့ပါတယ်။ 💝

အဲဒီနေ့ကတော့... အချစ်တွေရဲ့ "ခွဲတမ်းမညီမျှမှု"👩‍❤️‍👩 

ကို ကျွန်တော် သတိမထားမိခဲ့ဘူး။

​အခုတော့...

သားကို တွေ့ချင်ရင် တွေ့လို့ရသေးတယ်။

သားကို ကျွေးချင်ရင် ကျွေးလို့ရသေးတယ်။

သားကို ပေးချင်တာတွေ ပေးလို့ရသေးတယ်။

​ဒါပေမယ့်...

အမေ့ကိုတော့... ဘာတစ်ခုမှ ပေးလို့ မရတော့ဘူး။💔

အမေ့လက်ကို ကိုင်ချင်လည်း မရတော့ဘူး။💔

အမေ့ကို ဖက်ချင်လည်း မရတော့ဘူး။💔

"အမေ..." လို့ ဘယ်လောက်ပဲ အော်ခေါ်ချင်ပါစေ... 

ပြန်ထူးပေးမယ့် အသံ မရှိတော့ဘူး။💔

အမေက... ထာဝရ ပြန်မလာနိုင်တဲ့ ခရီးကို ထွက်သွားခဲ့ပြီလေ။💔

​အဲဒီအချိန်မှ... 

ကျွန်တော့်ရင်ထဲမှာ နောင်တတွေ တစ်လှေကြီး ကျန်ရစ်ခဲ့တယ်။

သားကို ချစ်ခဲ့တာ မမှားပါဘူး။

ဒါပေမယ့်... ကိုယ့်ကို မွေးဖွားကြီးပြင်းစေခဲ့တဲ့ အမေကို 

ချစ်ဖို့၊ ဂရုစိုက်ဖို့၊ ပေးဆပ်ဖို့ အချိန်ကို လျှော့မိခဲ့တဲ့ အကျိုးဆက်က 

ကျွန်တော့်အတွက် ဒီနေ့အထိ မပျောက်နိုင်သေးတဲ့ 

နောင်တတစ်ခု ဖြစ်နေဆဲပါ။💔

-​မိဘတွေ အသက်ရှင်နေတုန်းမှာ ချစ်ခြင်းကို ပြသလိုက်ကြပါ။

-ဂရုစိုက်မှုကို ပေးလိုက်ကြပါ။ 

-ပေးဆပ်ခွင့်ရှိတုန်း ပေးဆပ်လိုက်ကြပါ။

တစ်နေ့မှာ "ပေးချင်တယ်" ဆိုတဲ့ ဆန္ဒသာကျန်ပြီး 

"ပေးလို့မရတော့ဘူး" ဆိုတဲ့ ကျွန်တော့်လို နောင်တမျိုးကို 

ဘယ်သူမှ မသယ်ဆောင်မိကြပါစေနဲ့...။ 💔

                                                မောင်ဦး(တိုဟူး)





မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...