သည်မှာ အမိ..ခိခိ ဆိုတဲ့ အထာတွေနဲ့
မထိတထိတော့ လာမလုပ်နဲ့.....
ကျုပ်နှလုံးသားက Net မဟုတ်သလို
ကျုပ်ရင်ဘတ်ကလည်းး Screen မဟုတ်ဘူး
Chatting သုံးတဲ့ စကားလုံးတွေနဲ့
အညာသားနှလုံးသား ဆွေးသွားမယ် မထင်နဲ့
Online မှာ အီစီကလီနဲ့...အဟိအဟိနဲ့
အညာသားတော့ လာမဟိနဲ့နော်
Online မှာ သရော်သလိုလိုနဲ့ ...တ..ငိ...ငိ...နဲ့
အညာသားကို လာမရိနဲ့.....
Online မှာ ရင်ခုန် သလိုလိုဆိုတဲ့.... တိန်...ဆိုတဲ့ အထာ နဲ့
အညာသားတော့ လာလာ မလိမ်နဲ့
ကျုပ်က အညာသားးးးးးးးးးး
မကိုးကားးးးး တတ်ဘူးးးးးးးးးး
ရိုးသားစွာပြောတတ်တယ်.......
အမိကို ကျုပ် ချစ်တယ်......
အညာသား အသဲ လာခွဲဖို့တော့ မကြံနဲ့.....
ခဏခဏ Heart ထိလို့...ကျုပ်လေ....
မှတ်မိနေပြီ....မြို့ကြီးးသူ အမိတို့ရေ..... အောင်ဆန်း

No comments:
Post a Comment