ဇာတ်တူသား
========
အရက်ဝိုင်းတခုတွင် ဖေါက်ထွင်းဝိဇ္ဇာ သူခိုးနှစ်ဦးသည် စားသောက်ရင်း စကားပြောနေသည်။
"ဟေ့ကောင်..နေပြည်တော်မှာ ကျက်စားနေတဲ့ ပျံလွှားဆိုတဲ့ကောင် မမြင်တာကြာပါပြီလား"
"မမြင်ဆို အဲဒီကောင်က ညက ဖေါက်တယ် မနက်ကြ ရဲ မိသွားပြီး ဝင်လိုက် ထွက်လိုက်နဲ့ ဂျေး ထဲမှာဘဲ နေထိုင်ရတာကိုဗျ "
" ဒီကောင် တော်တော် မပိရိတာဘဲ ဘယ်လိုအိမ်တွေ ဖေါက်သလဲကွ"
"ဒီကောင်က အရာကြီး အရာခံ ကြီးအိမ်တွေမှ ရွေးဖေါက်ခိုးတာဗျ "
"ဟေ ! ဒီကောင် သူခိုး သစ္စာတော်တော် မဲ့တာဘဲ -"
" ဘာဆိုင်လို့လဲဗျ "
" ဟ ဇာတ်တူသား စားမှတော့ မိတာ နည်းတောင် နည်းသေးတယ်"
စေ့စေ့တွေးမှ ရေးရေးပေါ် ဟာသအမြင်လေးဖြင့်သာ ပျော်ရွှင်နိုင်ကြပါစေကုန်- တိုဟူး
အချစ်နှင့်မရဏ ရေစီးကြောင်းတွင် မျောပါနေရသော လူဘုံဘ၀တွင် တန်ဘိုးရှိရှိ နေထိုင်ပြီး အကုသိုလ်ကင်းမှသာ လူဖြစ်ကျိုးနပ်ပါလိမ့်မည်။
No comments:
Post a Comment