ကျုပ် ခရီးသွားရင်းနဲ့ဘဲဖြစ်ဖြစ် အိမ်မှာအားလပ်ရင်ဘဲဖြစ်ဖြစ် ဆရာသံဃံတော်များ၏ တရားများကို mp3 ဖွင့်ကာ မကြာခဏနာယူမိပါတယ်။
အဲဒီအထဲမှာဒေါက်တာအရှင်နန္ဒမာလဘိဝံသ ပါမောက္ခချုပ်ဆရာတော်ဘုရားရဲ့ တရားဓမ္မဒေတနာတော်များကို အများသောအားဖြင့်နာယူမိပါတယ်။
ဒါပေမဲ့ ဆရာတော်ကို အပြင်မှာလူကိုတိုင်မဖူးတွေ့ဖူးဘူး။
တီဗီဖန်သားပြင်နဲ့ ပြက်ပ လေလှိုင်းထဲမှာတာ ဖူးတွေ့ဘူးပါတယ်။
ဒီနေ့ မနက်မှာ ထူးထူးခြားခြား ဆရာတော်ရဲ့တရားများကို mp3 စက်ထဲမှ နာယူရင်းနဲ့ ဆရာတော် ဖူးမျှော်ခွင့် လိုစိတ် ရင်ထဲမှာ ပြင်းပြနေမိတယ်။
ဆရာတော်က စစ်ကိုင်းရွှေစေတီနားက ကျောင်းတိုက်မှာသတင်းသုံးနေထိုင်စံတော်မှုဆိုတာလည်း စိတ်ထဲကသိနေတယ်။ အဲဒိကျောင်းတိုက်ကို ရောက်ဘူးပေမဲ့ ကျုပ်ရောက်တဲ့အချိန်မှာ ဆရာတော်ခရီးထွက်နေသဖြင့် ဖူးတွေ့ခွင့်မရခဲ့ဘူး။
ကျုပ်ရောက်နေသည်ကလည်းမြေို့ဆိုတော့ နေပြည်တော်အပြန်ခရီးမှာ ဝင်ဖူးရရင်ကောင်းမည်လို့ စိတ်ထဲ တွေးနေမိတယ်။
ဒါနဲ့ မနက်ဘုရားရှစ်ခိုး ပုတီးစိပ်ပြီးနောက်ပြင်ဦးလွင်တခွင် လှည့်လည် လေ့လာမယ်ဆိုပြီး ကားပေါ်တက်တယ်ဆိုပါတော့။
အံ့သြစရာကောင်းသည်က ကားပေါ်ရောက်သည်နှင့် နယ်ခံခရီးစဉ်လိုက်ပို့မည့်သူရဲ့ ပြောစကားဘဲ။သူပြောတာက
"ဆရာတို့ ဘယ်ကို အရင်သွားချင်သလဲ"
အနီးစခမ်းမှာ ရှိတဲ့ ဆရာတော်ရဲ့ကျောင်းကို မသွားချင်ဘူးလား" လို့ဆိုတဲ့ မေခွန်းဘဲခင်ဗျ။
ကျုပ်ရဲ့ရင်းတွင်းဆန္ဒကို ဖေါက်ထွင်းမြင်နေသော အကြားအမြင်ရ ပုဂ္ဂိုလ်လား မသိဘူး။
ကိုယ်သိထားသည်မှာဆရာတော်က စစ်ကိုင်းမှာဘဲသတင်းသုံးနေထိုင်သည်လို့ သိထားတယ်။ မေမြို့ ပြင်ဦးလွင်မှာလည်း နေထိုင်တယ် ဆိုတာ လုံးဝမသိဘူး။
ဆရာတော်က ကျန်းမာရေးအခြေအနေအရ မေမြို့မှာ သတင်းသုံးနေထိုင်ကြောင်း မြို့ခံခရီးသွားလမ်းညွှန် ပြောပြမှ သိရပါတယ်။
နယ်ခံရဲ့ ပြောစကားကြောင့် ခရီးအတူထွက်လာသည့် ကျုပ်ဆရာသမား ကလည်းအဲဒီအကြောင်း မသိဘူး။
တိုက်ဆိုက်တာက ကျုပ်နှင့်အတူခရီးထွက်လာတဲ့ ဆရာသမားကလည်း ဆရာတော်ရဲ့တရားဓမ္မများကို နာကြားဖူးနေသော်လည်း ဆရာတော်ကို တသက်နှင့် တကိုယ် အပြင်မှာ မဖူးတွေ့သေးဘူးတဲ့ခင်ဗျ။
ဆရာတော်ကို ဒီမနက်မှာ ဖူးတွေ့ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေတာတဲ့။
ရေငတ်တုံး ရေတွင်းထဲကျတဲ့ ဆရာတပည်နှစ်ယောက် ဝမ်းသာအားရဖြစ်ပြီး ဆရာတော်ကိုအရင်သွားဖုူးတွေ့ရရင် ကောင်းတာပေါ့လို့ သံပြိုင်ထွက်မိတယ်ဗျာ။
အဲဒီလို ဆရာနဲ့တပည် တို့ရဲ့စိတ်တွင်း တိုက်ဆိုင်မှုတွေနဲ့ အတူ ဒီနေ့ ဆရာတော်အရှင်နန္ဒမာလဘိဝံသ ကို ထူးထူးခြားခြား ပထမဦးဆုံး ကြည်နှှုးစဖွယ် ဖူးမျှော်ခဲ့ရပါတော့တယ်။
ဆက်ရန်


No comments:
Post a Comment