ဒီနေ့ ကျုပ်မိခင်ကြီးမွေးနေ့ ဗျာ။
ကျေးဇူးရှင်မိခင်ကြီး မွေးနေ့ကို ကျုပ်မသွားနိုင်ဘူး။
မသွားနိုင်တဲ့ အကြောင်းပေါင်းများစွာထဲ တခုဘဲကျုပ်ပြောပါရစေ။
မွေးမေကျေးဇူး ကို ဘယ်အရာနဲ့မှ တိုင်းထွာ အစားထိုးလို့မရပါဘူး ဆိုတာ
ကျုပ်သိနေပေမဲ့ အသိခေါက်ခက် အဝင်နက်တဲ့ ကျုပ်မိုက်မဲမှန်း သိပါတယ်ဗျာ။
ဒါပေမဲ့ ကျုပ်လေ ကျုပ်--
ကျုပ်ရဲ့ဇနီးဝမ်းဝဘို့ နဲ့ ခါးလှဘို့ အတွက် ခရီးထွက်နေရလို့ပါဗျာ။
ကျုပ်အကြောင်းပြချက်က ကျိုးကြောင်းမခိုင်လုံဘူးဆိုတာ နားလည်ပါတယ်။
ကျုပ်မရှက်ပါဘူး။ ကျုပ်အမေကို သိပ်ချစ်သလို ကျုပ်ချစ်ဇနီး ကိုလည်းချစ်ပါတယ်။
ကျုပ်ဟာ မိခင်အတွက် သားကောင်း မဟုတ်ပေမဲ့ ကိုယ်မျက်နာ တကမ္ဘာမှတ်ပြီး
လိုက်လာတဲ့ ဇနီးအတွက် ယောကျာ်းကောင်းဖြစ်ချင်တယ်။
မွေးမေထံ လူမရောက်သော်လည်း ငွေအသပြာရောက်သည်ဆိုသော်လည်း
အမေမျှော်သည်က ဒါမဟုတ်ဘူးဆိုတာ သားမိုက်သိပါတယ် အမေ။
စိတ်က အမေထံရောက်ပေမဲ့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ကျုပ်သားမိုက်ကို
အမေခွင့်မလွှတ်ပါနဲ့ အမေ။
တဏှာနောက်လိုက်နေတဲ့ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ အမေ။
"မောင်ဦး-ကောလင်း-ရင်တွင်းဖြစ် စာပေအက္ခရာများနှင့် ဘ၀အမှတ်တရ မှတ်တမ်းများ"(2015-june)
Subscribe to:
Post Comments (Atom)
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ
မမျှတခဲ့ သော အချစ်ရဲ့ နောင်တ (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...
-
*အတုံ့အလှည့်* တခါတလေ... ဖုန်းကို ကိုင်ပြီး Contact ထဲမှာ missed call များ ဝင်ထားလေမလားလို့ ကြည့်နေမိတယ်။ "မရှိ..." Message လေ...
-
မေတ္တာစစ် ဆိုသည်မှာ… ဆိုတဲ့ အက်ဆေးလေးတပုဒ်ကို မူရင်း ရေးသားသူမသိပါဘူး။ ကျွန်တော့်ရင်ထဲထိသွားလို့ ကျွန်တော့ဆိုဒ်ထဲယူလာတ...
-
ဟိုး တချိန် တရံရော အခါက ပေါ့ကွယ်။ မောင်ဘူးတစ်ယောက်ရဲ့အဖြစ်အပျက်ပေါ့။ အရှက်ကွဲခံပြီး ပိုစ့်လည်းတင်ခဲ့ဘူးပါတယ်။ ဒီအကြောင်းလေးကို မနေနိုင်လိ...

No comments:
Post a Comment