အပျိုကြီးများ ဖတ်ရန်

သဘာ၀ကို ဆန့်ကျင်သူ ============



ရတာ မလို လိုတာ မရလို့ ကိုယ့်ကို ရှားပါးပစ္စည်းလို့ ရှာကြံ 
အမွန်းတင်ပြီး ဂုဏ်ယူ နေသော အပျိုကြီး လူပျိုကြီးများရေ---

လူ့လောက ရောက်လာပြီး လူသဘာဝအတိုင်း မကျင့်ကြံဘဲ ---

လူပျိုကြီး အပျိုကြီး အဖြစ် တသက်လုံး အရိုးထုတ်ပြီး ဘဝဆုံးတိုင် နေသွားမယ်ဆိုရင် တခုတော့ စဉ်းစားစေချင်ပါတယ်။

တောင်သူ လယ်သမားတွေက မအောင်မြင်တဲ့ အပင်တို့ မျိုးစေ့တို့ ဆိုရင် ပေါင်းပင် သို့မဟုတ် အမှိုက်လို့ သတ်မှတ်ကြတယ်။

 ဖယ်ထုတ်ပြီး ဖျက်ဆီး မီးရှို့ပြစ်ကြတယ်။

ဒါက ကိုယ့်မျက်မြင်တွေ့ရသည့် အကြောင်းအရာပေါ့။

ကွယ်လွန်ခဲ့ရင်လည်း

ငရဲမင်းကြီးက ငရဲပြည်ရောက်လာသည့်သူများသည်  လူပျိုကြီး အပျိုကြီးများဖြစ်နေပြီဆိုရင်- ငရဲပြည်မှာဘဲ ထာဝရ ထားတယ်။

လူ့ပြည် ပြန်မလွှတ်တော့ဘူး။ နတ်ပြည်လည်း မပို့ဘူး။

အကြောင်းပြချက်က  လူ့လောကရှိနေစဉ် လူသဘာဝကို ဆန့်ကျင်လို့တဲ့။

 လူ့တဘော သဘာဝအတိုင်း လူဖြစ်အောင် လူလောက စည်ပင်အောင် မလုပ်ကြလို့တဲ့။


အဲဒါကြောင့် ငရဲပြည်မှာဘဲ ထာဝရနေတော့ မလား---

လူပြည့်ဘဲ ပြန်ရောက်ချင်သလား---

ဒါကြောင့်----အချိန်ရှိတခိုက် လုံးလစိုက်ကြပါလို့ ပြောပါရစေ။
                                         
                                                          မောင်ဦး
 

No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...