======
Holiday မြန်မာလို အားလပ်ရက်တဲ့။
ဒီနှစ် နှစ်ကူးကာလ ရုံးပိတ်ရက်က ၁၂ ရက်တာရှည်ပါတယ်.။
ကျုပ်အတွက် မအားလပ်ရက်ပါဘဲ။
တစ်နှစ်ပတ်လုံး ရုံးနှင့်အိမ် အိမ်နှင့်ရုံးအချိန်ကုန်နေရတဲ့ ဝန်ထမ်းတွေ အတွက်
အားလပ်ရက်ရှည် ရပြီဆိုတော့ အရမ်းပျော်ကြတာပေါ့ဗျာ။
အားလပ်ရက်မှာ အပျော်ခရီးထွက်ကြမယ်ပေါ့။
ကိုယ်ပိုင်ကားရှိသူများလည်း ကိုယ်ပိုင်ကားနှင့် ကိုယ့်ရပ်ရွာကို ခရီးနှင်ကြတယ်။
တချို့လည်း ကိုယ်ပိုင်အစီအစဉ်နှင့် ပျော်ပွဲစားထွက်ကြ။
ဘုရားဖူးထွက်ကြပေါ့။
ကိုယ်ပိုင်ကား မရှိသူများလည်း လိုင်းကားတို့ ရထားတို့စီးပြီး ကိုယ်သွားချင်သောခရီးကို
လွှတ်လွှတ်လပ်လပ် သွားလာကြတာ တွေးကြည့်ရင် ဘယ်လောက်ပျော်စရာ ကောင်းသလဲနော်။
ကျုပ်လည်း ရုံးပိတ်ရက်မှာ- -တွေးမိတာက
ရပ်ဝေးနေ အိုစာနေသောမိခင်ကြီးဆီ သွား။
စားဖွယ်ရာမျိုးစုံနှင့် ကန်တော့။
မောင်နှမ သားချင်းများနှင့် စုံညီတွေ့။
ခွဲခွာနေရသော မိသားစုနှင့် စုံညီ လက်ဆုံစား။
မတွေ့ရတာကြာပြီဖြစ်သော အပေါင်းအသင်းများနှင့် စကားပြော။
နှစ်ရှည်ပြစ်ထားရသည့် အိမ်ကိုပြု ပြင် စသည် စသည်ဖြင့်ပေါ့-
ဒါ ရုံးမပိတ်ခင် စိတ်ကူးယဉ်ရေးဆွဲခဲ့ သော ကျုပ်ရဲ့ အားလပ်ရက် အစီအစဉ်ပါ။
ဒါပေမဲ့ ကိုယ်ဖြစ်ချင်သလိုမှ မဖြစ်ရဘ၀။ မင်းခ ယောက်ျားလေ --
မင်းခယောက်ျား ကမ်းနားသစ်ပင်တဲ့။ကမ်းနားမှာ သစ်ပင်သည် အချိန်မရွေး
ရေတိုက်စားပြီးပျက်စီးနိုင်သလို မင်းဝန်ထမ်းလည်း ထို့အတူပါဘဲ ။
မျက်နာတော် အလိုမကျ ရွှေစိတ်တော်ညှိုးလျှင်ဖြင့် အချိန်မရွေး ပြုတ်နိုင် ပျက်နိုင်တာ မဟုတ်လား။
ကျ ဉ်ကွယ် မျက်ကွယ်နေရတဲ့ ဝန်ထမ်းက မထောင်းသာပေမဲ့ အာဏာပါဝါရှိသူ အနီးအပါးတွင် အပါတော်မြဲ ဖြစ်နေရတဲ့ ဝန်ထမ်း တစ်ယောက်အနေဖြင့် ကိုယ်ပိုင် အစီအစဉ်တွေဟာ စိတ်ကူးယဉ် သက်သက်ပဲဆိုပါတော့ဗျာ။
မလွှတ်မလပ်တဲ့ ကျုပ်တို့ ဘဝတွေကိုလည်း စာနာ နားလည်လိမ့်မည်လို့ ထင်ပါတယ်။
ကိုဘ့်အစီအစဉ်ဘေးချိတ် လမ်းကြောင်းအသစ်ခရီးပေါ််ာသည်။
သွားလာရမည့် ခရီးစဉ်က ရှမ်းပြည်နယ်သို့။
တောင်ကုန်းတွေက ပတ်လည် ဝန်းရံပြီး ချိုင့်ဝှမ်း လျှိုမြောင် တွေနဲ့တောင်လားချောင်း ကရစ် ခွေစီးနေကာ ထူထပ်စိမ်းမှောင်တဲ့ ထင်းရူးတောတွေ ချယ်ရီပင် ဝက်သစ်ချပင်တွေ သစ်တောရိုင်းပင် တွေ အစီအရီဖြင့်လှပနှစ်သက်စရာ နေရာဖြစ်သော ရှမ်းပြည်နယ် တောင်ပေါ်ဒေသ ဖြစ်သည်။
မြင်ရသော ရှုခင်း ရှုကွက်များက မြေပြန့်မှ လူတွေအတွက် ရင်သတ်ရှုမောဖွယ်ရာ ကောင်းသလို နိုင်ငံ အသီးသီးက တိုးတွေကိုလည်း ဆွဲမက်ချင်စရာကောင်းပါဘိ။
သို့သော် ကျုပ်ရင်ထဲကို မဖမ်းစားနိုင်သလို ကျုပ်မျက်စေ့ထဲ မတိုးဘူးဖြစ်နေတယ်။
ကျုပ်မျက်စိထဲ ရှိသည်က ကျုပ်ရွာက မိသားစုနှင့် ဆွေမျိုးများ။
ရင်ထဲရှိနေသည်က အိုစာနေသော မိခင်။
ခန္ဒာကိုယ်က ရှမ်းပြည်နယ်ရောက်နေရပေမဲ့ စိတ်က မိသားစု ထံပေါ့။
ခရီးစဉ်အတွင်း သွားလာ နေရထိုင်ရသည်မှာ အလွန်အဆင်ပြေပါပေသည်။
ကျွေးမွေးပြုစုခဲ့သော ကျေးဇူးရှင်များအားလည်း အထူးကျေးဇူးတင်ပါသည်။
သွားလာရင်းစားရသည့် အစားအစာများက နတ်သုတ်ဒါ သမျှ အရသာ ရှိလှပါပေတယ်။
သို့သော် စိတ်က အိမ်မိသားစုရဲ့ ထမင်းဝိုင်းရဲ့ လွှတ်နေသော ခုံနေရာကိုသာ မျက်စိထဲက မထွက်။
အချိန်ကြာလာသည်နှင့်အမျှ မိသားစုထမင်းဝိုင်း ငပိရည်ကြိုကို တမ်းတနေမိတယ်။
ဆင်ဖြူတော်မှီ ကြံစုတ်ရတဲ့ ခရီးစဉ်မှာ ချိုမြိန်ပါတယ်ဆိုပေမဲ့ ကျုပ်အတွက် ခါးသက်သက်။
တကယ်ပါ ကျုပ်အတွက် ဆေးခါးကြီးတခွက်ကို ရေမပါဘဲ သောက်ရသလိုပါဘဲဗျာ။
အဝင်ခါး အနေခါး အထွက်ခါး ဆိုသလို မျက်နာကို ရှစ်ခေါက်ချိုးနေရတဲ့ ဘဝပေါ့။
ဒီလိုဘဝမျိုးက လွှတ်မြောက်ချင်တာလည်း ကျုပ်ကိုယ်ကျုပ် အသိဆုံးပါ။
မည်သူမဆို ကိုယ့်ရပိုင်ခွင့် အားလပ်ရက်မှာ ကိုယ့်မိသားစု ကိုယ်အသိုက်အမြုံ နဲ့
လွှတ်လွှတ်လပ်လပ် နေချင်ကြတာပါဘဲ။
လွှတ်လွှတ်လပ်လပ် ပျော်ချင်ကြတာပါဘဲ။
-ဒါပေမဲ့ - ---
- - ---သူဘက် ကိုယ့်ဘက် ---
ထားပါတော့ပါဗျာ---
ဘဝဆိုတာ ဘဝဇာတ်ဆရာ အလိုကျ ကရတယ် ဆိုတာ နားလည်ပါတယ်။
ဒါပေမဲ့ အလွှမ်းဇာတ်ကွက်တွေများနေရင် ဇာတ်အိမ်က ဇာတ်နာတာပဲ ဖြစ်နေမှာပေါ့ ။
ဒါကြောင့် တခါတလေ ရယ်မောပျော်ရွှင်အောင် ဟာသလေးများလည်း ကပါရစေ
ဇာတ်ညွှန်း ရေးတဲ့ဘ၀ ဆရာတို့ရယ်။



No comments:
Post a Comment