==========
ဒီနေ့ ရုံးမှာ ခရီးဝေးမှ ပြန်ရောက်လာလို့ ကားပေါ်က မဆင်းရသေးဘူး
" ဘယ်က လာတာလဲ" လို့ အဖိုးကြီးတစ်ယောက်က မေးတယ်။
ကျုန်ပ်လည်း "မသိဘူး" လို့ ယဉ်ယဉ်ကျေးကျေးကျေး ပြန်ဖြေမိပါတယ်။
အဖိုးကြီး သာဓု သုံးကြိမ်ခေါ်တယ်။
ကျွန်ုပ်နှင့်အတူပါလာသော ကျွန်ုပ်မိတ်ဆွေက "ရန်ကုန်ကပါ"ဆိုပြီး ကြားဖြတ်ဝင်ဖြေတယ်။
အဖိုးကြီး သူ့အဖြေ ကြားလိုက်သည်နင့် လက်ကာပြတယ်။
ပြီး အဖိုးကြီးက ကျွန်ုပ်ကို စိုက်ကြည့်ပြီး "ဘယ်သွာမှာလဲ" လို့ ဆက်မေးတယ်။
ကျွန်ုပ်က ယဉ်ယဉ်ကျေးကျေးဘဲ "မသိဘူး" လို့ တိုတိုတုတ်တုတ် ဖြေလိုက်တယ်။
အဖိုးကြီး ဒုတိယ အကြိမ် သာဓုသုံးကြိမ် ဆိုပြန်သည်။
ကျုန်ုပ် မိတ်ဆွေမှာ ကျွန်ုပ်၏ အဖြေကြောင့် ကျွန်ုပ်အား ဘုကြည့်ကြည့်ကာ မကျေနပ်လေသည်လား မသိ။
"ရန်ကုန်ကပြန်ရောက်လို့ ရုံးပေါ်သွားမှာ အဖိုးကြီး" ကြားဖြတ်ဝင် ဖြေလေသည်။
အဖိုးကြီး မှ ဒုတိယ အကြိမ် သူ့အား လက်ကာပြပြန်သည်။
ကျွန်ုပ်မိတ်ဆွေ မှာမူ သူ့အဖြေအပေါ် အဖိုးကြီးမှ သာဓု မခေါ်သည့် အပြင် လက်ကာပြနေသဖြင့် အောက်သက်သက် ဖြစ်ပုံရသည်။
နှတ်ခမ်းကြီးဆူနေသည်။
အဖိုးကြီးသည် ကျွန်ုပ်ဖက်လှည့်ပြီး " ဘယ်တော့ သွားမှာလဲ" ဟုဆက်မေးပြန်သည်။
ကျွန်ုပ်မှ ယခုမေးခွန်းကိုလည်း " မသိဘူး"ဟု တခွန်းတည်း ဖြေလိုက်သည်။
အဖိုးကြီး သာဓု သုံးကြိမ် ခေါ်ပြန်သည်။
ကျွန်ုပ် မိတ်ဆွေမှ အခုသွားမှာလေ အဖိုးရဲ့ ဟုကြားဖြတ် ဝင်ဖြေပြန်သည်။
အဖိုးကြီး မှာ သူ့အဖြေကြားသည်နှင့် လက်ကာပြပြန်သည်။
ကျွန်ုပ်၏ မိတ်ဆွေမှာ အဖိုးကြီး နှင့် ကျွန်ပ်တို့ ၏ အပြုအမူကြောင့် ကျေနပ်ဟန် မရှိ။
အဖိုးကြီးသည် ကျွန်ပ်အား ပြုံးရွှင်စွာ ကြည့်ကာ "သွားရမှာကော သိသလား" ဆက်မေးပြန်သည်။
ကျွန်ုပ်မှ နောက်ဆုံးမေးခွန်းကိုဘဲ သွားရမှာသိပါတယ် အဖိုးရယ် လို့ ဖြေလိုက်သည်နှင့် အဖိုးကြီးမှ သာဓု သုံးကြိမ် ခေါ်ပြန်သည်။
ဘေးမှာ မကျေမနပ်နှင့် ရပ်နေသည့် ကျွန်ုပ် မိတ်ဆွေမှ ကျွန်ုပ်အား လက်ညှိးထိုးပြီး " ဒီလူက အလကားပါ အဖိုး ရာ သွားရမှာ မသိပါဘူးဗျာ ခရီးထွက်ခါနီးမှ သိတာပါတဲ့။
အဖိုးကြီး သည် သူ့အဖြေ မဆုံးမှီ လက်ကာပြပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ကျွန်ုပ် မိတ်ဆွေမှာ အဖိုးကြီးအား မကျေမနပ်ဖြင့် အဖိုးကြီးရှေ့သွားရပ်ကာ မေးလေသည်။
"နေပါဦး အဖိုးရဲ့ သူ့ကျတော့ မသိဘူး သိတယ်ဖြေယုံနဲ့ သာဓု ခေါ်တယ်။ ကျုပ်ကကျတော့
-ဘယ်က လာလဲမေးလို့ ရန်ကုန်ကလာတယ် ။
-ဘယ်သွားမှာလဲ မေးလို့ ရုံးပေါ်သွားမယ် ။
- ဘယ်တော့ သွားမလဲ မေးလို့ အခုသွားမယ်။
-သွားရမှာ သိသလား မေးလို့ မသိဘူး ဖြေတယ်
အဲဒါ မမှန်ဘူးလား သူကျတော့ သာဓုခေါ်ပြီး ကျုပ်ကျတော့ လက်ကာပြတယ်။ အဲဒါ ဘာသဘောလဲ"
ဟု မကျေမချမ်းဖြင့် မေးလေသည်။
အဖိုးကြီးသည် ကျွန်ုပ်မိတ်ဆွေအား တချက်စိုက်ကြည့်ပြီး ဟားတိုက်ရယ်လေသည်။
ဟားဟား ....မင်းက သူကျတော့ အလကားလူတဲ့။
မင်းကမှ တကယ့် အလကားလူကွ အဲဒါကြောင့်လဲ မင်းကလူပိုကြီး ဖြစ်နေတာကွ--
ငါမေးတာက ဘယ်က လာသလဲ မေးတာက မင်း ဘယ်ဘဝက လာသလဲ မေးတာကွ ။
မင်းသိလား။
လူဆိုတာ ဘယ်ဘဝ လာတယ်ဆိုတာ ဘုရားမှအပ မည်သူမှ ကိုယ့်ဘဝကို ဘယ်ကလာမှန်းမသိဘူးကွ။ မှတ်ထား။
ဘယ်သွားမှာလဲ မေးတာက ကိုယ်သေရင် ဘယ်ဘဝရောက်မယ် ဘယ်သွားမယ် ဆိုတာမေးတာကွ။ မင်း သိလား။
ဘယ်တော့ သွားမလဲ မေးတာက ဘယ်ချိန်သေမလဲ ဘယ်တော့ ဘဝတပါးသွား မလဲ မေးတာကွ ။
မင်းသိလား မင်းသေရမည့်အချိန်သိလား ဖြေစမ်း။
သွားရမယ်ကောသိသလား မေးတာက ကံကုန်ရင် သေမယ် ဆိုတာ သိလားမေးတာကွ။
မသိဘူးဆိုရင် မင်းငတုံးဘဲကွ ။
လူဆိုတာ အိပ်စားကာမ သိယုံတင်ဆို လူမဟုတ်ဘူးကွ။
လူ့ပြည်မှာနေတဲ့ လူပိုဘဲကွ။
မင်းကမှ တကယ့် အလကား လူကွ ဟားဟား ဟား.....
အဖိုးကြီးသည် ဟားတိုက်ရယ်မောရင် ကျွန်ုပ်အနားမှ ထွက်ခွာ သွားလေသည်။
အရှင် ဒေါက်တာနန္ဒမာလာ ဘိဝံသဆရာတော်၏ တရားကို မှီငြမ်းကိုးကားညွှန်းဖွဲ့သည်။
တိုဟူး တိုဟူး

No comments:
Post a Comment