" မမ "ရဲ့ဒေါက်တင်ပွဲ
==============
မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ ပြည်သူများ၏ အောင်ပွဲနှင့်အတူ အပြောင်းအရွေ့ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်မည်လို့ ပြင်ဆင်နေချိန်မှာ "မမ"ကတော့ ဒေါက်တင်ပွဲနဲ့အတူ အပြောင်းအလဲကို စတင်လိုက်ပါပြီ။
ဒေါက်တင်ပွဲ ဆိုလို့ ပျက်စီးနေသော သဘောၤအိုကြီးကို ပြန်လည်ပြင်ဆင်ရန် ဆိပ်ကမ်းကပ် ဒေါက်တင်ပွဲ ပြောတာမဟုတ်ပါဘူး။
"မမ "ဝန်ထမ်းများရဲ့ရာထူး အဆင့်ဆင့် အလိုက် ခွဲခြား သတ်မှတ်ထားတဲ့ ဘားများ အပွင့်အခတ်များကို ပုခုံးဒေါက်မှာ တင်ပွဲကို ဆိုလိုတာပါ။
တနည်းအားဖြင့် အဆောင်အယောင်အပ်နှင်းပွဲ ဖြစ်ပါတယ်။
၁၈၇၇ ခုနှစ် ရန်ကုန်-ပြည် ရထား စတင်ပြေးဆွဲသည်မှ စခဲ့သော "မမ" ခေါ် မြန်မာ့မီးရထားသည် ယနေ့ဆိုလျှင် ၁၃၈နှစ်ရှိပါပြီ။
"မမ" သည် နှစ်ကာလကြာရှည်စွာ ပြည်သူများ၏ သွားလာပိုဆောင်ရေး ဝန်ဆောင်မှုများကို မမောနိုင် မပမ်းနိုင် တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။
" မမ " အဖွဲ့အစည်းရဲ့ အခြေခံ အဆောက် အအုံဖြစ်သော ရထားလမ်းများ- တံတားများ- ဘူတာရုံများ- မီးရထားရုံးများ- ပြေးဆွဲနေသော ရထားများ-သည် အများလေးစား ဂုဏ်ယူဖွယ် ကောင်းလောက်အောင် ခံ့ညား ထယ်ဝါ ကျက်သရေ ရှိခဲ့ခြင်းနှင့်အတူ အစဉ်အလာ ကောင်းများလည်း ရှိခဲ့ပါတယ်။
အရှေ့တောင်အာရှမှာလည်း ထင်ပေါ်ခဲ့ပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း ဆယ်စုနှစ် သုံးစုခန့်က "မမ" ရထားပြေးဆွဲမှု သည် အချိန်မှန်ကန်တိကျ မှု များမှာလည်း အံ့မခမ်းရှိခဲ့တယ်။
မိမိအနီး ရောက်ရှိလာသော ရထား ဥသြဟွန်းသံကြားပြီ
-ဆွမ်း(စား)ဘုန်းပေးသော ရဟန်း သံဃံများ
-လုပ်ငန်းခွင်သွားသော အလုပ်သမားများ
- ကျောင်ဆင်း/တက်သွားသော ကျောင်းသူ ကျောင်းသားများ
-ကောက်စိုက်ရင်းဖြင့် အချိန်နာရီကို ခန့်မှန်း သိသွားသော ကောက်စိုက်သမများ
-စသည် စသည်ဖြင့် ရှိခဲ့တယ်လို့ပြောရင် ပုံပြင်လေးက နားထောင် ကောင်းလိုက်တာလို့ ပြောကြလေ မလား မသိ။
အဲဒီလောက်အထိ Smart ကျခဲ့သော " မမ "ပါ။
အင်္ဂလိပ် လက်ထက်မှာစတင်ကာ သန္ဓေတည် မွေးဖွားခဲ့တဲ့ "မမ "ဟာ စည်းစနစ် ကျနသော ကိုယ်ပိုင်စည်းမျဉ်းဥပဒေသ စနစ်များနှင့် အတူ ဝန်ထမ်းများ၏ smart ကျသော ဝတ်စား ဆင်ယင်မှု များလည်း တည်ရှိခဲ့ပါတယ်။
ကော့ပျံနေအောင် မီးကြွေတိုက်ထားတဲ့ ယူနီဖေါင်းကိုဝတ်။
ပီကက်ဦးထုပ်ကို စမက်ကျကျ ဆောင်းထားတဲ့ "မမ" ဝန်ထမ်းများကို မြင်ရတဲ့ ခရီးသွားပြည်သူတွေက အားကျ ဂုဏ်ယူ လေးစားသမှု ပြု ခဲ့တာလည်း ရှိခဲ့တယ်။
ပုခုံးဒေါက်ပေါ်မှ ဘားကိုကြည့်ပြီး အရာရှိ အရာခံအဆင့် များကိုလည်း အလွယ်တကူ ခွဲခြား သိမြင်ခဲ့ ရပါတယ်။
အဲဒီလို စည်းစနစ်ကျကျ ရှိခဲ့တဲ့ "မမ" ကို ၂၀၀၀ ခုနှစ်ဝန်းကျင်-မင်းစိုးရာဇာ ပွဲခင်းသဘင်တခုမှာ
"မင်းတို့ "မမ"ကလူတွေက ပုခုံးပေါ်မှာ အပွင့်အခက်တွေ ဘားတွေနဲ့ ဘာတွေလဲကွာ"
လို့ လက်ညှိုး ညွှန်ရာ ရေဖြစ်နေသူရဲ့ အလိုမကျသော စကားတခွန်းကြောင့် ပျက်ခဲ့ရတယ်။
တနည်းအားဖြင့် ဒေါက်ဖြုတ်လိုက်တယ်ပေါ့။
ဒေါက်ဖြုတ်ခံရခြင်းနဲ့ အတူ "မမ" ဟာ ပစ္စည်းသင်္ခါရ လူသင်္ခါရ သဘောတရားအရ အစစ အရာရာ ပျက်စီးယိုယွမ်းခဲ့ရပေသည်။
လမ်းတံတားများ အဆောက်အဦးများ အသစ်တိုးချဲ့တည်ဆောက်ခြင်းများရှိခဲ့သည် ဆိုသော်လည်း စီးပွားရေးတွက်ချေမကိုက်သော တိုးတက်မှု များသာဖြစ်ခဲ့ပါတယ်။
ခေတ်နှင့်အညီ တိုးတက်မှု ရှိမရှိ ဆိုတာ ပြည်ပရထား စီးဘူးသူတိုင်း သိပါတယ်။ ဘာတွေကွာဟ သွားသလဲ ဆိုတာလည်း သဘောပေါက်ကြ မှာပါ။
သူများဆီမှာ တနာရီမိုင်ရာကျော်နှန်း ပြေးနေချိန်မှာ "မမ "က သုံးဆယ် လေးဆယ် မနည်း ပြေးနေရဆဲ။
သူများဆီမှာ ဒစ်ဂျစ်စနစ်နဲ့ အချက်ပြနေချိန်မှာ မမက စစ်ကြိုခေတ်သုံး အချက်ပြစနစ် အဆင့် မကင်းကွာနိုင်သေးဘူး။
မည်တို့ပင်ဆိုစေ "မမ" သည် အခက်အခဲပေါင်းများစွာကြားမှ ပြည်သူ့များရဲ့သွားလာရေး ဝန်ဆောင်မှုများကို တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။
ယခုလည်း ထမ်းဆောင်နေဆဲ ဖြစ်သလို နောင်လည်း မညီးမညူ ဆက်လက် ထမ်းဆောင် နေဦးမှာပါ။
ယနေ့ မမရဲ့ပြုပြင်ပြောင်းလဲရေးအစ အဖြစ်
ပုခုံးပေါ်ကို အဆောင်အယောင် ဖြစ်တဲ့ ဘား တွေ တပ်ဆင်ပေးလိုက်ပါပြီ။
ထိုပုဂ္ဂိုလ်များသည် " မမ" ၏ ဦးစီး ဦးဆောင်ရမည့် ပုဂ္ဂိုလ်များဖြစ်ပေသည်။
ထူးခြားသည်မှာ ယခင်က အရာရှိအဆင့်မျာသာ ဘားများ တပ်ဆင်ခွင့်ပေးသော်လည်း ယခုအကြိမ်တွင် ကြီးကြပ်ရေးအဆင့် အမှုထမ်းများပါ တပ်ဆင်ခွင့်ပြုထားသည်မှာ နဲနဲ ပေါတောတော ဖြစ်နေသည်လား မသိ။
မည်သို့ပင်ဆိုစေ ဘားများတပ်ဆင်သူများသည် တနည်းအားဖြင့်"မမ"ရဲ့ ပဲ့ကိုင်ရှင်များ ဖြစ်ပေသည်။
ပဲ့ကိုင်ကောင်းမှ လိုချင်သောခရီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။
ခေါင်းဆောင်ရန် ပုခုံးပေါ်ဒေါက်တင် ထားခြင်းသည်
် -ခေါင်းရှောင်ရန်မဟုတ်
-မာန်မာန ထောင်လွှားရန် မဟုတ်။
-အောက်လက်ငယ်သား ဖိနှိတ်ရန် မဟုတ်။
-ဓါတ်ပုံ selfie ရိုက် အွန်လိုင်ပေါ်တက် ကြွားဝါရန် မဟုတ်။
- လုပ်ပိုင်ခွင့်အသုံးချ ကိုယ်ကျိုးရှာရန် မဟုတ်။
-"မမ" ရဲ့မြေလွတ် မြေကွက်လပ်မြင်တိုင်း ဆိုင်ခင်းဖွင့် အပိုင်စီး ငှားစားရန် မဟုတ်။
-အောက်ခြေ ခွဲတမ်း တောင်းရန် မဟုတ်။
----------------မဟုတ်။
----------------မဟုတ်။
----------------မဟုတ်။
အဆုံးသတ်ရရင်ဖြင့် ပုခုံးပေါ်ဒေါက်တင် ခြင်းသည်
-မိမိကိုယ်ကို တာဝန်ယူမှု /တာဝန်ရှိမှု ပိုလာပြီဟု မှတ်ပါ
-နိုင်ငံတကာ ရထားအဆင့်မှီ ဖြစ်အောင် လုပ်မည်ဟု သက်သေပြပါ
-ပြင်ပမှ ပုဂ္ဂလိကမှ အပွင့် အခက်ဘားများ တပ်ဆင်လေ့ရှိသော အဝေးပြေး ကားသမား ကဲ့သို့လည်းကောင်း
-စူပါမက်ကက် လုံခြုံရေးမှူးများ ကဲ့သို့လည်းကောင်း မိမိစိတ်ကို ချိုးနှိမ်ထားပါလို့။
မမကြီး အောင်မြင်ကြီးပွားပါစေလို့ ...လို့.....လို့....
No comments:
Post a Comment