လောကထဲမှာ နေထိုင်ကြသော လူတို့တွင် လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ နေ့စဉ်ကြုံတွေ့မှာဘဲ
၁။ “လာဘော” ကိုယ်လိုချင်တာ ရတယ် ...
၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူးးး
၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်...
၄။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူးးး
၅။ “နိန္ဒာ” ကဲ့ရဲ့မှုကိုခံရတယ် ...
၆။ “ပသံသာ” ချီးမွမ်းခံရတယ် ...
၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ် ... အဆင်ပြေတယ် ...
၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး ... ဆင်းရဲတယ် အဆင်မပြေဘူးးး
ဟော အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ လောကဓံရှစ်မျိုး တဲ့ ...
လောကမှာ သတ္တဝါ တွေကြုံ တွေ့နေ ရတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့ ဒီလိုပြောတာနော်။
အဲဒီ သဘာဝရှစ်မျိုးသည် သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ်၊ သတ္တလောက, ကလည်း အဲဒီရှစ်မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ်တဲ့ ...
အဲဒီလို အမြဲတမ်း ဆက်သွယ်မှုရှိနေတဲ့၊မတည်ငြိမ် တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ် တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့က အလုပ်ပဲနော် ...
လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပဲ ...
မကြုံ တွေ့တဲ့လူ မရှိဘူးးး
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ ...
အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပဲ ...
မည်သည့်ပုဂ္ဂိုလ်၊မည်သည့်သတ္တဝါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့သဘာဝနဲ့ဆက်စပ်နေမှာပဲလို့ ပြောတာနော် ...
အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်ရအောင် လုပ်လို့မရဘူးးး
ရပါ့မလား ???
အေး .... လောကရဲ့ သဘာဝတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူးးး
ကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့ စိတ်ထားရှိအောင် လုပ်ဖို့ပဲ ...
ဒါ ကိုယ်လုပ်လို့ ရတာပဲ ... အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ်လို့ဆိုလိုတယ် ...။
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)
No comments:
Post a Comment