ပြည်သူတွေ အသိချင်ဆုံးမေးခွန်း တစ်ခုရှိတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစား ဦးသန်းရွှေကြီး အနားယူတော့ ဘာလုပ်နေလဲတဲ့။
ပြည်တွင်းမက ပြည်ပက လူတွေပါ အသိချင်ဆုံးမေးခွန်းဖြစ်ပါတယ်။
ဟုတ်ကဲ့ ဒီနေ့ ကျုပ်သိသမျှ ဖြေပါမယ်။
မဖြေခင် ကျုပ် အကြောင်း အရင်ပြောပြပါရစေ။
ဒါမှ လိပ်ပတ်လည်မယ်။
ကျုပ်က နှစ်ပေါင်းများစွာ မမ၀န်ထမ်းလုပ်ပြီး
အနားယူကာ မွေးရပ်မြေကို ၂၀၁၇မှာ ပြန်လာခဲ့တယ်။
ပင်စင် စင်နာတယောက် ဘ၀ဟာ
ဘုန်းကြီးလူထွက်သလို ဟိုယောင်ယောင် ဒီယောင်ယောင်ပါပဲ၊၊
မလုပ်တတ်မကိုင်တတ် တကယ် ပင်စင်နာပါပဲ။
အလုပ်က စအနားယူသည့် ပင်စင်နာ တစ်ယောက် အတွက်
ပထမဆုံးသောနေ့ရက်များဟာ ယောင်ခြာခြာနဲ့
အချိန်တွေကုန်ဆုံးပြီး အထီးကျန်တဲ့ဝေဒနာကို အဖေါ်ပြုရတာပါပဲ။
အလုပ်ပေါ်က ရယူလိုမှု ခံစားလိုမှုထက် နှစ်ပေါင်းများစွာလုပ်ခဲ့ရတဲ့
ဌာနကိုသံယောဇဉ်ကြိုးက မပြတ်နိုင်လေဘူးပေါ့။
ဘဝတသက်တာအတွက် လုပ်ငန်းခွင်မှ အပြီးအပိုင်နှတ်ဆက်ခံရခြင်းနှင့်
အတူ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေ အပေါင်းအသင်းများရဲ့ ခွဲခွာခြင်းကို
တပြိုင်တည်း ဆုံရလေတော့ ပင်စင်နာတစ်ယောက်ဘဝဟာ
အမိမဲ့သား ရေနည်းငါးလိုပါပဲ။
မစိုပြေလေတော့ဘူးပေါဗျာ။
လက်ရှိနေထိုင်ရာ ပတ်ဝန်းကျင်ကလည်း နှစ်ပေါင်များစွာခွဲခွာခဲ့သည့်
ဒါဏ်ကြောင့် လူစိမ်းတွေများပြီး လေစိမ်းတွေ တိုက်နေသလိုပါပဲ။
ကုန်လွန်ခဲ့လေသောအချိန်များကို တွေးတောရင်း ဆည်းဆာဘဝအတွက်
စိတ်ဖိစီးမှုကလည်း ရင်ထဲမှာပေါ်လိုက် ပျောက်လိုက်ပါပဲ။
ဒီအချိန်မှာ အဖေဖြစ်သူရဲ့သောကကို ခြေရာခံမိတဲ့ သားက
ထူးထူးခြားခြား ခွင့်တစ်လယူပြီး ပြန်လာတယ်။
မိသားစုတွေဆုံရအောင်ပေါ့။
ကျောင်းတက်နေတဲ့သားကလည်း ကျောင်းကိစ္စမပြီးခင်
ခေတ္တ ခဏပြန်ခဲ့တယ်။
မိသားစု သိုက်သိုက်ဝန်းဝန်းဆုံရလေတော့
ပင်စင်နာတစ်ယောက်ရဲ့ သောကတွေ
ပြေပျောက်စေပါတယ်၊၊။
ပျော်လိုက်တာ အတိုင်းမသိပါပဲ။
ထိုထက်ပျော်ရွှင်ရတာက အဖေဖတ်ရန် အတွက်
သားရဲ့လက်ဆောင် စာအုပ်များပါပဲ၊၊
ကျေးဇူးတင်လိုက်တာ သားရယ်။
ဟုတ်တာပေါ့ဗျာ။
ပင်စင်နာတစ်ယောက်အတွက် ဒီအချိန်ဟာ
စာအုပ်ဟာ အကောင်းဆုံးအဖေါ်မွန်ပါပဲ။
စိတ်ရဲ့ထွက်ပေါက်ပဲ။
လောကဓံကို ခံနိုင်ရည်ရှိဖို့ စာဖတ်ရပါမယ်..
စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ စာဖတ်ရပါမယ်..
ကိုယ်ချင်းစာနာစိတ်တွေ ဖြစ်လာစေဖို့ စာဖတ်ရပါမယ်..
စိတ်အာဟာရတွေ ပြည့်၀စေဖို့ စာဖတ်ရပါမယ်..
လောကတိုက်ပွဲ မကျရှုံးဖို့ စာဖတ်ရပါမယ်...
- -- - -စာဖတ်ရပါမယ်
- -- - - စာဖတ်ရပါမယ်၊၊
ထို့ကြောင့်,,,,,,,
တိုဟူး တစ်ယောက် စာဖတ်နေပါတယ်၊၊
ထို့အတူ အငြိမ်းစား ဦးသန်းရွှေကြီး လည်း
ဟုတ်ကဲ့ ,,,,
သူလည်း စာဖတ်နေမယ်ထင်ပါတယ်။
တိုဟူး တိုဟူး 4.11.2018
No comments:
Post a Comment