#သားဦးကလေး

#သားဦး

ရှေးစကားတခုရှိခဲ့တယ်။ 

အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး
ဤသုံးချက် မပိုင်လျှင် နောင်ပြင်ရန်ခက်တဲ့ အမျိုးတဲ့။

အဲဒီအထဲမှ အိမ်ထောင်ပြုတဲ့ ဆိုတဲ့ အကြောင်းပဲပြောချင်တာပါ။

အိမ်ထောင်ပြုတာက ရုပ်ရည် ပစ္စည်းဥစ္စာ ပညာထက် သူရဲ့ အကျင့်စာရိတ္တ အဓိကဆိုတာ လူတိုင်းလက်ခံမယ် ထင်ပါတယ်။

စိတ်ထားလေးဖြူစင် လှပမှပြီး နောက်ကြောင်းလေး ကင်းရှင်းပါလေမှ ဘဝတစ်သက်တာ တည်မြဲပြီး
အေးချမ်းသာယာချမ်းမြေ့သော မိသားစုဘဝကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီမှာ အိမ်ထောင်ဦးရဲ့ ပထမဦးဆုံးမွေးဖွားလာတဲ့ `သားဦး´ ကလေးဟာ အရမ်းအရေးကြီးပါတယ်။

ဒီ အကြောင်းကို အရင်တခါလည်း faceb၀၀kမှာ ကျွန်တော်တင်ခဲ့ပါတယ်။

လူ့ဘဝမှာ လူရယ်လို့ ဖြစ်လာရင် ရိုးသားမှုရှိတာဟာ အကောင်းဆုံးပါ။
 
ဒါပေမဲ့ လူ့ဘဝမှာ ရိုးလွန်းတော့ `အ´ ဖြစ်နေမှာလည်းစိုးရိမ်ရပါတယ်။

အထူးသဖြင့် အိမ်ထောင်ဦးတည်ခါစ မွေးဖွားရရှိလာတဲ့ သားဦးကလေးရဲ့ ဘဝမှန်ကန်ဘို့ ပိုမိုအရေးကြီးပါတယ်။

ကိုယ့်အကြောင်းလည်း သူမသိ သူ့အကြောင်းလည်း ကိုယ်မသိ နဖူးစာရွာလည်လို့ အိမ်ထောင်ပြုကြသူတွေရှိပါတယ်။

 အဲဒီမှာ ရရှိလာတဲ့ သားဦးကလေးဟာ မိမိရင်သွေး သားရင်းစစ်စစ်ဖြစ်ဖို့ လိုပါတယ်။

မိမိ သွေးသားအရင်း စစ် မစစ်ကို အလွယ်တကူ ဘယ်လိုသိနိုင်သလဲ!

ဒါကြောင့် ဒီအကြောင်းလေးအတွက် ဇာတ်လမ်းလေး တခုအရင် ပြောပြချင်တာပါ။

တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါကုန်။

ဇာတ်လမ်းလေးက-

တောရွာလေး တစ်ရွာမှာ အလွန်ရိုးသားပြီး သူများပြောစကား အယုံလွယ်တဲ့ '" ဦးသာရိုး" နှင့်"မောင်ထူအ'' တို့ သား အဖ နှစ်ဦးရှိသတဲ့။

သူတို့ သားအဖဟာ နာမည်နှင့်လိုက်အောင် ရိုးသားပြီး ရိုးလွန်းတော့ ' အ" ဆိုသလိုများ ပြောရမလားမသိပါဘူး ။

"ရိုးအ"သည့်နေရာတွင် နှစ်ယောက်မရှိဟု ဆိုရပေမည်။

သား လူပျိုကြီး"မောင်ထူအ'"မှာ ကိုယ်က မစွမ်းသော်လည်း မိဘများရဲ့၏ ကောင်းမှုကြောင့် တနယ်တမြေခြားက မိန်းမပျို တစ်ဦး နှင့် အိမ်ထောင်ကျကာ သားယောကျ်ားကလေး တစ်ယောက်မွေးဖွား ရရှိခဲ့တယ်။

တစ်ရက်မှာ ရွာကာလသား ခေါင်း တစ်ဦးနှင့် "မောင်ထူအ"တို့စကားလက်ဆုံကျတယ်။

အဲဒီမှာ ကာလသာခေါင်းက` မောင်ထူအ`ကို  သားဦး ကလေးဟာ ကိုယ့်သွေး ကိုယ့်သား အရင်း ဟုတ်မဟုတ်ဆိုတာ စိတ်မချရကြောင်း ကိုယ့်သွေး ကိုယ့်သားအရင်း စစ်မစစ် သိချင်ရင် မည်သို့မည်ပုံ ဆောင်ရွက်ရတဲ့ အကြောင်း ရှင်းပြတာပေါ့။

"မောင်ထူအ" လည်း ရွာကာလသား ခေါင်းရဲ့ ဟောပြောပို့ချမှုကို နာယူလာပြီး အိမ်ပြန်လာခဲ့တယ်။

အိမ်အပြန် စိတ်ထဲမှာလည်း ဇဝေဇဝါ ဖြစ်နေမိတယ်။

အိမ်ပြန်ရောက် တာနဲ့ စမ်းသတ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ပထမ
"မောင်ထူအ"ဟာ အိမ်ကိုရောက်ရောက်ခြင်း သူ့ဇနီးရဲ့ လက်ထဲမှ ကလေးအား ပွေ့ယူချီယူလိုက်တယ်။

ကလေးပါးကို မွေးမွေးပေးရင်း သူ့ဇနီးကို မသိမသာ ကြည့်လိုက်တယ်။

အဲဒီမှာ သူ့ဇနီးဟာ " မောင်ထူအ"တို့ သားအဖကို တချက်ကြည့်ကာ ပြုံးပြီးတဖက်လှည့် ထွက်သွားတာကို တွေ့လိုက်ရတယ်။

ဒီလို စမ်းသပ်တဲ့ အပြုအမူဟာ တကြိမ် မဟုတ် နှစ်ကြိမ်မဟုတ်တဲ့ ။

သေချာပြီ....

 သူ့ဇနီး၏ အပြုအမူ ကို ကြည့်ပြီး "မောင်ထူအ"ဟာ အလွန်စိတ်ဆိုး သွားတယ်။

သူ့ ဇနီးကိုလည်း ဘာမပြော ညာမပြော ထရိုက်တော့ တာပေါ့။

အဲဒီအချိန်မှာ ဦးသာရိုးက ပြေးလာပြီး

''ဟေ့ ကောင် ငါ့ချွေးမ ကို ဘာလို့ ရိုက်တာလဲ''လို့ မေးတယ်။

မောင်ထူအ က
''ကျွန်တော် ကလေးကို ကျွန်တော် နမ်းတယ် အဖေ။ အဲဒီလို ကလေးကို နမ်းတိုင်း နမ်းတိုင်း မိန်းမက ကျွန်တော့်ကိုကြည့်ပြီး ပြုံးစိ ပြုံးစိနဲ့ တဖက် လှည့်လှည့် ထွက်သွားတယ် အဖေ"

"ဟေ မပြုံးဘဲနဲ့ ငိုပြရ မလားကွ-အဲဒါ နဲ့ဘာဆိုင်လဲကွ "

" ဆိုင်တာပေါ့ အဖေရ အဲဒါ သူ့သား လည်း မဟုတ်ဘူး ဆိုတဲ့ သဘောနဲ့ ကျနော်ကို လှောင်ပြုံး ပြုံးပြီး ရယ် နေတာဗျ့တဲ့။

ဦးသာရိုဟာ သူ့သားရဲ့စကား အဆုံးတွင်မှာ ပြန် ပြောလိုက်သည်က့

''ဟေ့ မင်းငယ်ငယ်က မင်းကို ငါ နမ်းခဲ့ချိန်ကလည်း မင်းအမေက ပြုံးစိ ပြုံးစိ နဲ့ အိမ်အပြင်ထွက်သွားတယ်။
အော်.. ဒါကြောင့်ကို !
့အမယ်လေး သေပါပြီဗျာ့ !-- !---

သာယာချမ်းမြေ့သောမိသားစုများပိုင်ဆိုင်ပြီး လှောင်ပြုံး ဘဝမှ ကင်းလွှတ်ကြပါစေသော်-----။
                                             
                                                                            တိုဟူး တိုဟူး


No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...