Twitter

Image result for twitter

Twitter ရခိုင်အရေးကို Twitterသုံး၍ ကယ်တင်ကြပါစို့။

                           ============================  တိုဟူး တိုဟူး



ဒီနေ့ မြန်မာ့အလင်းသတင်းစာမှာ Twitter အကြောင်း ဆောင်းပါးတပုဒ်ဖတ်မိတယ်။

နိုင်ငံတကာမှာFacebook -Twitter-viber- Instagram တို့ဟာ လူသုံးများတဲ့ လူမှုကွန်ရက်တွေဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Facebook တစ်ခုတည်းကိုသာ လူသုံးများပြီး ကျန်တဲ့ဆိုရှယ်နက်ဝပ်တွေကိုတော့ အသုံးနည်းပါး တယ်တဲ့။

မှန်တာပေါ့ဗျာ။

facebookတောင် ဖုန်းထောင့်ငါးရာတန်ပေါ်လာလို့ လူတိုင်းသိလာတာ။

ဖုန်းတစ်လုံး နှစ်ဆယ် သုံးဆယ် အချိန်တုံးကဆို ဘာမှန်းတောင် မသိပါဘူး။

နားမျက်စိပိတ်ထားလိုက်တာ ဖင်တစ်ပေါက်ပဲ ကျန်တယ်။

ဒါတောင် အဲဒါပါ ပိတ်ရင် သူတို့အတွက် ယို ကုန်ကြမ်းပြတ်မှာစိုးလို့ ဟီးဟီး-ထားပါ။

Twitterဟာ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာမှာ facebookထက် ပိုပြီး အများဆုံး အသုံးပြုကြတယ် လို့ဆိုပါတယ်။

နိုင်ငံတကာမှာ အသုံးများတဲ့ Twitter ကိုတော့ မြန်မာနိုင်ငံကလူ တွေ အသုံးပြုနှုန်း အလွန်နည်းနေတဲ့ အကျိုးဆက်က နိုင်ငံတကာကလူတွေအနေနဲ့ Twitter ပေါ်က မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ မမှန်သတင်းတွေကို အမှန် ထင်နေကြတာသူတွေ များပြားနေပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ပြန့်နှံနေတဲ့ မမှန်သတင်းတွေကို ချေဖျက်ပြီး သတင်း အမှန်တွေ အစားထိုးနိုင်ဖို့ Twitter ကိုလည်း သုံးနိုင်သူတွေအနေနဲ့ သုံးကြဖို့ လိုအပ်နေပါပြီ။

တခုတော့ရှိတယ်။ twitterက facebookလို မြန်မာစာမရပါဘူး။
အင်္ဂလိပ်စာဘဲ ရေးသားရတယ်။ မပူပါနဲ့ ။

မီးကျိုးမောင်းပျက် အင်္ဂလိပ်စာ ရရင် ရပါပြီ။

မြန်မာပြည်မှာထမင်းစားရေသောက်အဆင့် ပေါမှပေါ။

ဘာဖြစ်လို့လည်း ဆိုတော့ စကားလုံး နည်းနည်းနဲ့ လိုရင်း တိုရှင်း(စာလုံးရေ ကန့်သတ်ထားလိ့ု) စာအတိုအစဘဲ တင်ခွင့်ရပါတယ်။

bbc .rfa .voa .aljazeera CNN သတင်းဌာနများကလည်း အဲဒီ twitter သတင်းတွေဘဲ အခြေခံပြီးရေးကြပါတယ်။

ထောက်ပံ့ကြေး နင့်နေတော့လည်း ဘက်လိုက်တာလည်း ပါတာပေါ့။

ကဲကဲ ဒါကြောင့် မုသာဝါဒ မမှန်သတင်းတွေကို ချေဖျက်ဖို့ ရခိုင်အရေးကို Twitterသုံး၍ ကယ်တင်ကြပါစို့။

                                

No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...