#ကောလင်းမြို့ သူပုန်ဝင်စီး
ဒီညနေ တွေ့မြင်ရတဲ့ နောက်ဆုံး သတင်းလေးပါ။
အမြဲတမ်း အေးချမ်းသာယာတဲ့ ကောလင်းမြို့သည် ယနေ့ညနေပိုင်း မှောင်ရီဖြိုးစ အချိန်မှစပြီး ဟိုဖက်ရပ်ကွက် ဒီဖက်ရပ်ကွက် ပေါက်ကွဲသံတွေ ဆက်တိုက်ကြား နေရပါတယ်။
ရဲစခန်းဖက်ကလည်း ပေါက်ကွဲသံကြားရတယ်။
ရှမ်းကုန်းဘုန်းကြီးကျောင်း ဖက်ကလည်း အဆက်မပြတ် ပေါက်ကွဲသံ ကြားရပါတယ်။
ဟွန်းရှည်ဆွဲမောင်းသွားတဲ့ နာရေးကားသံလည်း သဲ့သဲ့ကြားရပါတယ်။
တချက် တချက် စူးရှတဲ့ မီးကျဉ်များလည်း ကောလင်းမြို့ မိုးကောင်းကွင်မှာ လင်းထိန်နေပါတယ်။
ဒီနေ့ အိမ်တွင်ုးပုန်းနေမည်ဟု ဆုံးဖြတ်ထားပါမှ ထူးခြားဖြစ်စဉ်ဆိုသိချင်စိတ်က အစိုးမရလေတော့ အိမ်ပြင် ပြေးထွက်ကြည့်မိတယ်။
လမ်းတလျှောက် ယမ်းနံ့နှင့် မီးခိုးတွေ မွန်ထူနေတာပါဘဲဗျ။
ခတ်လှမ်းလှမ်းမှ ပေါက်ကွဲသံတွေကလည်း နားကွဲလုမခန့် အဆက်မပြတ် ကြားရဆဲပင်။
ခတ်ပြင်းပြင်းမောင်းသွားတဲ့ ဆိုင်ကယ်တွေလည်း တစ်စီးစ နှစ်စီးစ တွေ့ရတယ်။
ကြောက်လန့်ပြီး အမှောင်ထဲက ပြေးထွက်လာတဲ့ ခွေးတစ်ကောင်ကိုလည်း မနည်းရှောင်လိုက်ရတယ်။
ရက်ကွပ်ထိပ်ရောက်တော့ ကိုယ့်အနားကပ်ပြီးကျလာတဲ့ ပေါက်ကွဲသံပြင်းပြင်း တချက်ကြောင့် အရမ်းထိတ်လန့်သွားမိတယ်။
ရောယောင်ြ့ပီးခန္စာကိုယ်ကို မြေကြီးပေါ် ဒိုင်ဗင်ထိုးမိတော့ မလိုလိုဖြစ်မိတယ်။
နှလုံးရောဂါသည် ဆိုလျှင် တချက်တည်း ဂန့်ပေမည်။
ရှေ့တန်းတိုက်ပွဲကြား ယဉ်ပါးခဲ့သူမို့ တော်ပါသေးသည်။
တော်တော်တော့ ကြောက်စရာ ကောင်းပေသည်။
အနားရောက်လာတဲ့ လူနှစ်ယောက်က ဦးလေး တော်တော်လန့်သွားသလား မေးနေသေးသည်။
စတိတ်ရှိုးကနေတဲ့ ဈေးတောင်ဖက်မှာဆို ဒီထက် ဆိုးသေးတယ်ဟုဆက်ပြောတယ်။
သူပြောတာနဲ့ အခြေအနေမကောင်းဘူး ဆိုပြီး အိမ်ပြန်လစ်ခဲ့မိတယ်။
ဟိုနေရာကလည်း ဖုန်း ဒိုင်း--ဒိုင်း-- ဒီနေရာလည်း ဖုန်းဒိုင်း --ဒိုင်းးးး--နဲ့ ကောလင်း ဝါကျွတ်ရက်ကလည်း မြို့သူပုန်ဝင်စီးသလို ဖြစ်နေပါလားကွယ်။

No comments:
Post a Comment