သံပုရာသီးများသို့
===========
ကြီးလေ ချ ဉ်လေ ဖြစ်တဲ့ သံပုရာသီးတွေက
မြန်မာ.. မြန်မာလို မပြောရကောင်းလားလို့ ပြောတဲ့သူက ပြော...
ခေတ်သစ်စောလူးမင်းများသို့ အမျှအမျှ ဆိုပြီး မတန်မရာ သူတို့ကို သူတို့ ကျန်စစ်မင်း ဂိုက်ဖမ်းသူဖမ်း...
သမ္မတကြီးက မပြောလို့ဆိုပြီး.. ဟောင်တဲ့သူကဟောင်...နဲ့။
နေရာတကာ ကန့်လန့်တိုက်နေသူတွေဟာ ဘာနဲ့တူသလဲ သိလား?
အရိုးကျွေးထားတဲ့ သူသခင်ကလွဲပြီး ကျန်သမျှ လိုက်ဟောင်နေတဲ့ ရွာလည်က ဂုတ်ကျားနဲ့ တူနေပြီ။
ဂုတ်ကျားကမှ သခင်မျက်နာရိပ် မျက်နာကဲပြရင် အဟောင်ရပ်ပါသေးတယ်။
ဒီ သံပုရာသီး မျိုးတွေကတော့ ....သုံးစလောင်းကုန်တောင် ဂျ ုံ နှင့် ပြောင်း ခွဲခြားတတ်မယ် မထင်ပါဘူး။
ရခိုင်အရေး.. ကမ္ဘာ့နိုင်ငံအများစုက အမှန်တရားကို ဖုံးကွယ်ပြီး သူတို့အကျိုးအတွက် သူတို့လိုသလို ပုံဖေါ်နေချိန်မှာ ...
အများနဲ့တစ်ယောက်လို ဖြစ်နေချိန်မှာ...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်စုကြည်ရဲ့နောက်မှာ စုစီးပြီး ဝိုင်းရံမဲ့အစား သူခိုး ဓါးရိုးကမ်းတဲ့အလုပ်တွေ လုပ်ပြနေကြတယ်။
တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ သံပုရာသီးများပါဘဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲရင့်ပြတ်သားတဲ့ မိန့်ခွင်းဟာ နွားခြေရာခွက်ထဲက နားတဖက်ပေါက် နလပိန်းတွေ နားလည်းဖို့ထက် တဖက်သတ်စွတ်စွဲ အပြစ်တင်နေသူ ကမ္ဘာသူ ကမ္ဘာသားတွေ အဓိကသိစေချင်တဲ့ မက်ဆေ့ပေးပြီးပြောသွားတာပါ။
ရခိုင်အရေးဟာ ဘာသာရေးပြဿနာ မဟုတ်ဘူး။
လူမျိုးရေး ပြဿ နာမဟုတ်ဘူး။
အိမ်ရှင်အိပ်ပျော်နေတုံး ကိုယ့်အိမ်တွင်းကို ခိုးဝင်လာသူ သူခိုးက ဒါသူ့အိမ်ပါလို့ လူဗျို့လို့ ပြန်ဟစ်ခံနေရတဲ့ ကိစ္စ။
မရှိတဲ့လူမျိုး ဘန်းပြပြီး နယ်မြေတောင်းခံနေရတဲ့ ကိစ္စ။
မဆိုင်တဲ့လူမျိုးခြားက ကျူ းကျော်ကိစ္စ။
ရှင်းရှင်းပြောရင် ရခိုင်ကို ဂျင်းထည့်ပြီး မောင်ပိုင်စီးချင်နေတာ။
ရခိုင်ကို ဂျင်းထည့်ပြီးရင် ကျန်တဲ့ဟာ ရေတောင် ဆွတ်စရာ မလိုတော့ဘူး။
အဲဒါကြောင့် ခင်ဗျားတို့ရဲ့ ထမင်းကြမ်း ယက်ခပ်စားရင်း ဖုန်းပွတ်နိုင်ယုံအဆင့်က နိုးထွက်ကြစမ်းပါ။
ကိုယ်မစွမ်းဘဲနှင့်ရောက်တဲ့နေရာက ရန်စွာနေတာတွေ အရေးမပါဘဲ အရေးတစ်ခုပြုလုပ် နှောင့်ယှက်နေတာတွေ ရပ်ကြစမ်းပါဗျ ။
ကျုပ်တို့နိုင်ငံကြီး အခုလိုသရေး ရှင်ရေးဖြစ်နေချိန်မှာ သခွပ်ပင်က မီးတကျီ ကျီ မလုပ်ကြပါနဲ့ဗျာ။
ဒီအချိန်ဟာ နိုင်ငံတော်အတွက် တိုင်းပြည်နှင့်လူမျိုးအတွက် နိုင်ငံခေါင်းဆောင်ကောင်းရဲ့နောက်မှာ စုစီးရမဲ့ အချိန်။ ဝိုင်းဝန်းရမဲ့ အချိန်။
မင်းသား မလုပ်ရလို့ ပတ်မကြီး(ပန်းမကြီး) ထိုးဖေါက်ချင်တဲ့ ခင်ဗျားတို့ရဲ့ သံပုရာသီးစိတ်ဓါတ်တွေ ပြင်ကြစမ်းပါ။
စိတ်အချဉ်ပေါက်ပြီး ပြောလိုက်ရတာ တိုဟူး- မောလိုက်ပါဘိ သံပုရာသီးများရယ်....
No comments:
Post a Comment