##ပညာရေး



#ပညာရေး နိမ့်ကျတယ်ပြောတယ်----

နိမ့်ကျမှာပေါ့-စာမှ မဖတ်ကြတာလေ။

(မြန်မာပြည်လူဦးရေ သန်းငါးဆယ်ကျော်ရှိတယ်။ 

ထုတ်ဝေတဲ့ စာအုပ်စာတမ်းက ဖတ်တဲ့သူမရှိလို့ 

ထောင်ဂဏန်းတောင် မပြည့်ဘူး။)

#စီပွားရေး မတိုးတက်ဘူး ကျတယ် ပြောတယ်..

ကျမှာပေါ့- 

အချောင်လိုချင်စိတ်နဲ့ ဖြတ်လမ်းနည်းတွေ များနေတာလေ။

#ကျန်းမာရေး ရုပ်ပိုင်း ဆိုင်ရာများ တန်းမမှီ စံမဝင် ဘူးပြောလာတယ် . . .
စံမဝင်ဆို -ကျန်းမာရေး အသိနဲ့ အစားအစာမှ

 မစားတတ်ကြ တာလေ။

(အဟာရအကြောင်း A B C D ဆိုဝေး ဗိုက်ပြည့်ရင်ပြီးရော 

စားသောက်နေထိုင်ရတဲ့ဘဝတွေလေ။)

#စည်းကမ်းမဲ့ များလာတယ် ပြောတယ်...

များမှာပေါ့ -စည်းကမ်းမရှိတဲ့ အဖေအမေက မွေးခဲ့တာလေ။

 (သားသမီး မကောင်း မိဘခေါင်းဆိုတော့ ဒီလိုပြောမှ သိကြမယ်လေ)

#မေတ္တာတရားများ ခေါင်းပါးလာတယ် ပြောကြတယ်...

ခေါင်းပါးမှာပေါ့ -ကိုယ့်ကျိုး အတ္တတွေ များနေတာလေ။

#စည်းလုံးမှု အားနည်းတယ် ပြောကြတယ်...

နည်းမှာပေါ့ - ခေါင်းဆောင်မလုပ်ရရင် ပတ်မကြီး ထိုးဖေါက်မဲ့ စိတ်ဓါတ်တွေများနေတာလေ။

#ပြောချင်တာက ဘယ်သူ့မှ လက်ညှိး မထိုးနဲ့ ။

ကိုယ်သိရင် ကိုယ်ပြင်မယ်။

#ကိုယ် ပြင်ရင် ကိုယ့်မိသားစု ပြင်မယ်။

#ကိုယ့်မိသားစု ပြင်ရင် ကိုယ့်ရွာပြင်မယ်။

#ကိုယ့်ရွာ ပြင်ရင် ကိုယ့်မြို့ပြင်မယ်။

#ကိုယ့်မြို့ ပြင်ရင် ကိုယ့်ပြည် ကိုယ့်တိုင်းပြည်က 

ရွာဦးကျောင်းက အုန်းမောင်းခေါက်သလို..

 #ဒေါင်ဒေါင်မြည်လာမယ်ဟေ့။

#ဘယ်တော့စမလဲ အခုစရင် အခုကောင်း ....

အချိန်မနှောင်းခင် ပြု ပြင်ကြပါစို့။ ။

                                                        တိုဟူး


No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...