အမေ.

 


 

 

 

အမေ... ဗျို့ အမေ...

 

အသံကုန်ဟစ်ပြီး ခေါ်ပါရစေဦး အမေ။


အမေ အမေ....ကျုပ်အမေ


 ဘယ်လိုဆိုးဆိုး၊ ဘယ်လိုမှားမှား သားသမီးတွေကို 


ကျွေးမွေးစောင့်ရှောက်ဖို့ မမေ့ခဲ့တဲ့ အမေ။

 

လောကဓံလှိုင်းတွေ ဘယ်လောက်ကြမ်းကြမ်း..


မုန်တိုင်းတွေ ဘယ်လောက်ရိုင်းရိုင်း ရင်ဆိုင်ပေးခဲ့တဲ့ အမေ။

 

သားသမီးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို 


မပြောရသေးခင် စိတ်က ကြိုတင်ခံစားတတ်ခဲ့တဲ့ အမေ။

 

အင်္ဂါစုံသည်ဖြစ်စေ၊ မစုံသည်ဖြစ်စေ...


ချမ်းသာ ဆင်းရဲ မခွဲဲခြားပဲ..


သဲသဲမဲမဲ ချစ်ပေးခဲ့တဲ့ အမေ။

 

ကလေးဘဝက ပုံပြင်‌တွေကို 


မရိုးနိုင်အောင် အိပ်မ လှလှ ပေးခဲ့တဲ့ အမေ..။

 

"အမေ့ကျေးဇူး သိကြရဲ့လား" လို့ ...


 တခွန်းမှ မပြောဖူးခဲ့တဲ့ အမေ။

 

သားသမီးတွေ  အရွယ်ရောက်ပြီဆိုပေမယ့်


 စိတ်မချသေးဘဲ ပူပန်နေတတ်တဲ့ အမေ...။

 

အမေ့ကျေးဇူး မြင့်မိုရ်တောင်ကြီးကို သိလာရတဲ့အချိန်မှာ...

 

"အမေ" လို့ ခေါ်ချင်တိုင်း ခေါ်နိုင်ခွင့် မရှိတော့ပါဘူး။

 

အမေ မရှိတော့တဲ့နေ့ကစပြီး...


သတိရမိတိုင်း မျက်ရည်တွေ ဝိုင်းလာတယ် အမေ။


တွေးမိတိုင်း ရင်ထဲမှာ တစိမ့်စိမ့် နာကျင်ရတယ် အမေ။ 


အမေ့ကို ပြန်မြင်ချင်တဲ့ မျက်လုံးတွေ...


အမေ့အသံကို ပြန်ကြားချင်တဲ့ နားတွေ...


အမေ့ကို "အမေ" လို့ ပြန်ခေါ်ချင်တဲ့ နှုတ်ခမ်းတွေ...


အားလုံးဟာ...တမ်းတမှုတွေအဖြစ်


ရင်ထဲမှာသာ ကျန်ရစ်ခဲ့ပါပြီ အမေ...။


ယနေ့ ကျွန်တော် ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုကို


အမေ ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေ...


အမေ့မေတ္တာကို အစဉ်ဦးညွှတ်လျက်...


ကျေးဇူးတင်ပါတယ် အမေ...


အရမ်းလည်း လွမ်းပါတယ် အမေ...။

(၈.၁၂.၂၀၁၆ ရက်နေ့တွင် ကွယ်လွန်သွားသော 

မိခင်ကြီးအား ရည်မှန်းသတိရစွာဖြင့်)

 

                                     မောင်ဦး(တိုဟူး)


 


 

 

 

 

No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...