ဖိနစ်လို စိတ်

ဖိနစ်ငှက်

ဆုံးရှုံးမှုများနေတဲ့အခါ ဖိနစ်ငှက်လိုစိတ်ထားပါ.. 

“ဖီနစ်ငှက်လိုစိတ်” ဆိုတာ

ဘယ်လောက်ပဲ နာကျင်ပြီး

 ပြိုလဲသွားပါစေ

အရှုံးမပေးဘဲ

ပြန်ထနိုင်တဲ့ စိတ်ဓာတ်ကို 

ဆိုလိုတာပါ။

လူတချို့ဟာ

အပြင်ပန်းမှာ ပြုံးနေပေမယ့်

နှလုံးသားထဲမှာတော့

မီးလောင်ပြာကျနေသလို 

ဝေဒနာတွေ ပြည့်နေတတ်တယ်။

ဒါပေမယ့်

ဖီနစ်ငှက်လိုစိတ်ရှိသူတွေက

မျက်ရည်တွေကို 

အားအဖြစ် ပြောင်းပြီး

နာကျင်မှုတွေကြားကနေ

ပြန်လည်ရှင်သန်ဖို့ ကြိုးစားတတ်ကြတယ်။

“လဲကျတာ အရှုံးမဟုတ်ဘူး…

ပြန်မထတော့မှ အရှုံးဖြစ်တာ…”

ဒါကြောင့်

ဖီနစ်ငှက်လိုစိတ်ရှိပါစေ။

မီးလောင်တဲ့ဘဝထဲကနေတောင်

အလင်းရောင်ကို ရှာနိုင်တဲ့

သန်မာတဲ့ နှလုံးသားတစ်စုံ ဖြစ်ပါစေ…။
              
                                 မောင်ဦး
Blogger-
http://maungkaw.blogspot.com

No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...