စာရွက်ဖြူတစ်ရွက်
မောင်ဦး(To Hou)
စိတ်တွေ
တင်းကြပ်လာတဲ့အခါ…
ဖြေသိမ့်စရာက
စာရွက်ပေါ်မှာ ရေးခြစ်မိတယ်။
ပြောပြစရာ
လူမရှိတဲ့အခါ စာလုံးတွေက
နားထောင်ပေးတယ်။
မျက်ရည်မကျချင်တဲ့အခါ
မှင်စက်တွေက
ကိုယ်စားကျပေးတယ်။
နာကျင်မှုတွေကို စကားလုံးတွေအဖြစ်
ချရေးလိုက်တိုင်း
နာကျင်မှုက
မပျောက်သေးရင်တောင်
ရင်ထဲက
အလေးချိန်တော့
နည်းနည်းလျော့သွားတယ်။
တချို့လူတွေက
ငိုပြီး ဖြေသိမ့်ကြတယ်။
တချို့လူတွေက တိတ်တိတ်လေး ပြုံးပြီး ဖြေသိမ့်ကြတယ်။
ကျွန်တော်ကတော့… စာရွက်ဖြူတစ်ရွက်ပေါ်မှာ
ကိုယ့်စိတ်ကိုယ် ရေးခြစ်ရင်း ကိုယ့်ကိုယ်ကို
ပြန်ဖြေသိမ့်နေမိတယ်။
တစ်ခါတလေ… အကောင်းဆုံး နားလည်ပေးနိုင်တာက
လူတစ်ယောက် မဟုတ်ဘူး။
အသံမထွက်တဲ့ စာရွက်ဖြူတစ်ရွက်ပဲ....။
maungkawlin

1 comment:
👍👍👍👍👍💪💪💪💪
Post a Comment