သော့ချက်
မောင်ဦး(ကောလင်း)
လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သူစီးတဲ့ကားနဲ့
မတိုင်းတာနိုင်ဘူး။
လမ်းပေါ်မှာ သူဘယ်လိုမောင်းသလဲဆိုတာနဲ့
တိုင်းတာရင်သိတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း
အဆောက်အဦးအမြင့်တွေနဲ့ မတိုင်းတာနိုင်ဘူး။
ကလေးတစ်ယောက် လမ်းကူးနေချိန်မှာ
ကားတွေ ဘယ်လောက်အထိ စိတ်ရှည်
ပေးနိုင်သလဲဆိုတာနဲ့ တိုင်းတာရင်ရတယ်။
ချမ်းသာတဲ့နိုင်ငံတွေမှာ လူတွေက ငွေကြောင့်
စည်းကမ်းရှိတာ မဟုတ်ဘူး။
စည်းကမ်းရှိလို့ ချမ်းသာလာတာဖြစ်တယ်။
တချို့နေရာတွေမှာ ကားတွေက
အချိန်ကို အလေးထားတယ်။
တချို့နေရာတွေမှာတော့
လူ့အသက်ကို
အလေးထားတယ်။
နိုင်ငံအချို့မှာ ကျောင်းကားရပ်တော့
ကားအားလုံး ရပ်စောင့်ပေးကြတယ်။
ဟွန်းမတီးကြဘူး။
စိတ်မတိုကြဘူး။
"ငါအရင်သွားမယ်"
ဆိုတဲ့စိတ်ထက်
"ကလေးတွေ ဘေးကင်းဖို့ ပိုအရေးကြီးတယ်"
ဆိုတဲ့စိတ်က ပိုကြီးတယ်။
အဲဒီမြင်ကွင်းကို ကြည့်ပြီး
သဘောပေါက်လာတာတစ်ခုရှိတယ်။
ယဉ်ကျေးမှုဆိုတာ ဥပဒေစာအုပ်ထဲမှာ
မရှိဘူး။
လူတွေရဲ့ စိတ်ထဲမှာပဲ ရှိတယ်။
ဟုတ်ပါတယ်...
တိုင်းပြည်တစ်ပြည်ကို ပြောင်းလဲဖို့
အမြဲတမ်း သူရဲကောင်းတွေ မလိုပါဘူး။
အမှိုက်မပစ်တဲ့လူတစ်ယောက်၊
စည်းကမ်းလိုက်နာတဲ့လူတစ်ယောက်၊
တခြားသူအတွက် စက္ကန့်အနည်းငယ်
စောင့်ပေးနိုင်တဲ့လူတစ်ယောက်ကလည်း
တိုင်းပြည်တည်ဆောက်နေသူတစ်ယောက်ပါပဲ။
(ဒါပေမဲ့ ကျွန်တော်တို့ဆီမှာတော့
ကျောင်းကားရပ်တာမြင်ရင်
"ဘယ်လိုကျော်တက်ရမလဲ"
ဆိုတဲ့ အဆင့်ကို
သုတေသနလုပ်နေသူတချို့ ရှိသေးတယ်ထင်ပါတယ်။ 😄)
No comments:
Post a Comment