#**ပေးဆပ်ခြင်း** တိုဟူး
ညနေခင်းတစ်ခုမှာ မြို့လေးတစ်မြို့ရဲ့ ဆေးရုံ
တစ်ခုရှေ့မှာ မိန်းကလေးတစ်ယောက်
ထိုင်နေတယ်။
သူ့မျက်နှာပေါ်မှာ မျှော်လင့်ချက်နဲ့ ပင်ပန်းနွမ်းနယ်မှု
နှစ်ခုလုံးကို တပြိုင်နက်မြင်နေရတယ်။
သူ့အမေက အထဲမှာ အရေးပေါ်ခွဲစိတ်မှု
လုပ်ရမဲ့ပြဿနာရှိနေရတယ်။
“ခွဲစိတ်ခက မပေးနိုင်ရင် ခွဲစိတ်ဖို့မဖြစ်နိုင်ဘူး။
မိန်းကလေးက နွမ်းပါးသူမို့
ငွေကြေးက မပြည့်စုံ။
ဖခင်လည်းမရှိတော့ဘူး။
သူ့လက်ထဲမှာရှိတာက မိခင်တစ်ယောက်ရဲ့ အသက်ပဲ။
ငိုနေယုံကလွဲလို့ ဘာမှမတတ်နိုင်ချေ။
သူထိုင်နေတုန်းမှာ အနားက အသက်ကြီးတဲ့
အဘိုးတစ်ယောက်က သူ့ကို ကြည့်ပြီး မေးတယ်—
“သမီးလေး… ဘာဖြစ်လို့ ဒီလောက်ငိုနေသလဲ…”
မိန်းကလေးက အရာအားလုံးကို မဖုံးကွယ်ဘဲ
ပြောလိုက်တယ်။
သူ့အမေကိုကယ်ဖို့ ငွေမရှိတာ၊ အချိန်မရှိတာ၊
မျှော်လင့်ချက်မရှိတာ။
အဘိုးက တိတ်ဆိတ်သွားပြီး နောက်ဆုံး သူ့အိတ်ထဲက
ကျစ်ကျစ်လစ်လစ် ထုတ်ပိုးထားငွေစက္ကူတချို့ကို
ထုတ် ပေးလိုက်တယ်။
အဲဒီငွေက သူ့ဘဝတစ်လျှောက်လုံး စုဆောင်းထားတဲ့
ငွေပဲ။
သူပြုံးပြီး ပြောတယ်—
“ဒီငွေက အဖိုးရဲ့ နောက်ဆုံးအချိန်အတွက် စုထားတာပါ…
ဒါပေမဲ့ လူတစ်ယောက်ရဲ့ အသက်ထက် ပိုတန်ဖိုး
မရှိဘူးထင်လို့ သမီးယူသွားပါ…”တဲ့။
မိန်းကလေး အံ့သြပြီး မယူရဲဘူး။
ဒါပေမဲ့ အဘိုးက သူ့လက်ထဲကို အတင်းထည့်
ပေးလိုက်တယ်။
“တစ်ခါတလေ ဘဝဆိုတာ ကိုယ့်အတွက်မဟုတ်ဘဲ
တခြားတစ်ယောက်အတွက် အသက်ရှင်ရတာမျိုးလည်း
ရှိတယ်…”
အဲဒီငွေနဲ့ မိခင်ကို ခွဲစိတ်နိုင်ခဲ့တယ်။
မိခင်အသက်ကယ်နိုင်ခဲ့တယ်။
နောက်နှစ်အနည်းငယ်ကြာတော့ အဘိုးကို
သူမ ထပ်မတွေ့တော့ဘူး။
ဒါပေမဲ့ အဘိုးပြောခဲ့တဲ့ စကားတစ်ခွန်း
ကတော့ သူ့နှလုံးသားထဲမှာ ကျန်နေခဲ့တယ်။
“ပေးဆပ်ခြင်းဆိုတာ ဆုံးရှုံးခြင်းမဟုတ်ဘူး…
ကိုယ်တိုင်ကို လူသားတစ်ယောက်အဖြစ်
တန်ဖိုးတက်စေခြင်းပဲ" တဲ့။
**ရယူခြင်းထက် ပေးဆပ်သူနှလုံးသား
ပိုင်ရှင်များဖြစ်ကြပါစေ**
,
မောင်ဦး

1 comment:
👍👍👍✌✌✌✌👭👭👭👬👫
Post a Comment